Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

အလုပ်ခေါ်ကြော်ငြာတွေမှာ သင်မတွေ့နိုင်တဲ့ လုပ်ငန်းရှင်လိုအပ်တဲ့ အရည်အချင်း ၅ ခု

Posted on 2/11/2015 by

W1siziisijiwmtuvmtevmtcvmtivmzevntevotiwl2ludgvydmlldy0ixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

သင့်ဆီမှာ လုပ်ခေါ်စာတစ်ခုက ဖော်ပြတဲ့အရည်အချင်းများ အပြည့်အစုံရှိကောင်းရှိနေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို ယင်းအလုပ်ကို ရရှိလိမ့်မယ်လို့ မဆိုလိုပါဘူး။ နယူးယောက်၊ လော့အိမ်ဂျလစ်၊ ရှန်ဟိုင်း၊ ပေကျင်း သို့မဟုတ် လန်ဒန် အစရှိသဖြင့် ကြိုက်တဲ့မြို့က အမှုဆောင်အဆင့်ရှိ လူကြီးများကို သွားမေးကြည့်ပါ။ သူတို့ဆီမှာ တူညီတဲ့အဖြေတစ်ခု ရှိပါတယ်။ အဲ့ဒါဟာ ငွေကြေး၊ နည်းပညာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့ မဟုတ်ပါဘူး။ သူတို့လိုချင်တာဟာ ပင်ကိုယ်အရည်အချင်း ဖြစ်ပါတယ်။ ဘယ်လို ပင်ကိုယ်အရည်ချင်းလည်းလို့ တိတိကျကျ ပြောရရင် စီးပွားရေးနဲ့ အင်ဂျင်နီယာ သင်တန်းတွေမှာ မသင်ပေးနိုင်တဲ့၊ ယင်းထပ် ကျော်လွန်တဲ့ soft skill ဖြစ်ပါတယ်။ soft skill ဆိုတာ ညာဘက်အခြမ်း ဦးနှောက်ကို အသုံးချနိုင်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။ Soft skill ဟာ EQ ရဲ့ သက်ဆိုင်သော ခေါင်းစဉ် တစ်ခုလည်း ဖြစ်ပါတယ်။


ယင်းအဖြေဟာ University of Southern California ရဲ့ လက်အောက်ရှိ Annenberg School of Communication and Journalism တွင် ခေါင်းဆောင်များ ပညာရှင်များက သုံးနှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ် ဖြစ်ပါတယ်။ သုတေသနမှာ ဘက်ပေါင်းစုံ လုပ်ငန်းမှ နဲ့ Fortune တွင် ပါဝင်သော ကုမ္ဗဏီပေါင်း ၅၀ ကျော်မှသည် စီးပွားစတင် company များ အထိမှ အမှုဆောင် ပုဂ္ဂိုလ်များ၊ C-Suite အဆင့်ရှိ ပုဂ္ဂိုလ်များ ကို မေးမြန်းထားတဲ့ အင်တာဗျူးများလည်း ပါဝင်ပါတယ်။

Soft skill လို့ခေါ်တဲ့ အရာကို အမှုဆောင် (executive) တွေဟာ လိုချင်နေပြီး ယင်းအရည်အချင်းကို ၎င်းတို့ရဲက အဖွဲ့အစည်းတွေမှာ လက်တွေ့အသုံးချ စေလိုခြင်း ဖြစ်ပါတယ်။ ယင်း အရည်အချင်းကို ခေါင်းဆောင်ခန့်ထားဖို့ သက်သက်ချည်းသာ လိုချင်နေမှု မဟုတ်ပါဘူး။ ကုမ္ဗဏီမှာ တီထွင်ဆန်းသစ်မှု (innovation), ကုန်ထုတ်လုပ်မှုစက်ဝန်းကို ရှုံ့စေခြင်း၊ စက်ရုံနှင့် လုပ်ငန်းဆိုင်ရာ အတားအဆီးများအား ဖြေရှင်းခြင်း အစရှိသဖြင့် ခက်ခဲတဲ့ ရင်ဆိုင်ဖွယ်ရာများ၊ စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ် soft skill ရှိတဲ့ ပုဂ္ဂိုလ်များကို လိုအပ်နေခြင်း ဖြစ်ပါတယ်။

သုတေသန လုပ်ငန်းစဉ်မှာ executive အဆင့် ပုဂ္ဂိုလ်ပေါင်း ၁၈၈၇ ဦးကို စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးခြင်း ယင်း Korn-Ferry data base မှ ပြန်ထုတ်၍ ဆန်းစစ်ခြင်းတို့ ပြုလုပ်ခဲ့ကြရာ ကုမ္ဗဏီတွေ လိုအပ်တဲ့ အဓိက အရေးကြီးသော အရည်အချင်း ငါးမျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းများကတော့ -


အသိပညာ၊ အတတ်ပညာ ဆိုင်ရာ စူးစမ်းခြင်း (Intellectual Curiosity)


လေ့လာဆည်းပူးရန်၊ ပိုမိုတိုးတက်လာရန် ဆာလွန်နေမှု၊ လေ့လာဆည်းပူးဖို့ရာ စမ်းသပ်မှု ပြုလုပ်ရန် စိတ်အားထက်သန်မှု တို့ ဖြစ်ပါတယ်။ ယင်းအချက်ဟာ ဝါရင့် စီနီယာ executive တွေကြားမှာ နည်းပါးနေတဲ့ အချက် ဖြစ်ကြောင်းလည်း သုတေသနမှ ဖော်ပြထားပါတယ်။

 
ဖြန့်ကျန့်တွေးခေါ်ခြင်း (360-Degree Thinking)

အကြောင်းအရာ ကိစ္စတစ်ခုခုကို တွေးတဲ့အခါ လုံးလုံးလျားလျား တွေါ်နိုင်ခြင်း၊ အစိတ်အပိုင်းများကို မှတ်သားနိုင်ခြင်း၊ ယင်း အစိတ်အပိုင်းများမှာပဲ စိတ်နဲ့ ခန့်မှန်းပြီးတော့ ပုံဖော် ဖန်တီးနိုင်ခြင်း အစရှိသဖြင့် အရည်အချင်းများ ဖြစ်ပါတယ်။ ယင်း အရည်အချင်းဟာ စီနီယာ အမှူဆောင်တွေအတွက် အရေးကြီးတဲ့ အရည်အချင်း တစ်ခု ဖြစ်ပြီး ဘယ်သူတွေမှာ အားနည်းနေတာလည်း ကြည့်လိုက်တော့ ကျောင်းပြီးတာ မကြာသေးသူတွေ၊ entry-level အဆင့် ဝင်လုပ်သူတွေမှာ အားနည်းနေကြောင်းကို စစ်တမ်းအရလည်း ဖော်ပြထားပါတယ်။

မတူညီသော ယဉ်ကျေးမှုအကြား ကျွမ်းကျင်လိမ္မာစွာ ကိုယ်တွယ်လုပ်ကိုင်နိုင်မှု (Cultural Competence)

အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုတွေ၊ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှုတွေ၊ လုပ်ဆောင်ချက်တွေရဲ့ စည်းမျဉ်းစည်းကမ်း ဘောင်တွေထဲမှာ တွေးခေါ်နိုင်တဲ့၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။ ယင်း အရည်အချင်းဟာ အလယ်အလတ်အဆင့် မန်နေဂျာတွေအတွက် အရေးကြီး လိုအပ်ပြီး သူတို့တွေ ကြားထဲမှာပဲ အားနည်းနေတဲ့အချက်လည်း ဖြစ်ပါတယ်။

ကိုယ်ချင်းစာနာမှု (Empathy)

ကိုယ်ချင်းစာမှုဆိုတာ လေးနက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဥာဏ် တစ်ခု ဖြစ်ပါတယ်။ သူဟာ Cultural competence နဲ့လည်း နီးစပ်ပါတယ်။ ယင်းအရည်အချင်းကို ပိုင်ဆိုင်ထားသူဟာ ကမ္ဘာကို အခြားလူတွေရဲ့ မျက်လုံးတွေ ကနေ ပြန်ကြည့်ပေးနိုင်ပြီး၊ သူတို့တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အမြင်၊ရှုထောင့်များကို နားလည် နိုင်ပါတယ်။ ယင်းဟာ အလယ်အလတ်အဆင့် မန်နေဂျာ နဲ့ စီနီယာအဆင့် အမှူဆောင်တို့မှာ အားနည်းနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲနိုင်မှု (Adaptability)

စိတ်ပိုင်းဆိုင်ရာ သွက်လက်ချက်ချာမှု၊ ထွေပြားတဲ့အနက်တွေကြား သက်သောင့်သက်သာဖြင့်အောင် နေနိုင်မှု နဲ့ သက်သေအထောက်အထားပေါ် အခြေခံလို့ အကျင့်စရိုက်ဟောင်းများကို ပြုပြင်ပြောင်းလဲနိုင်မှုတို့ဟာ Adaptability ဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ ဝင်ပါတယ်။ စီနီယာ အမှုဆောင်များရဲ့ ပြောဆိုချက်အရ ယင်း အရည်အချင်းဟာ အလယ်အလတ်အဆင့် မန်နေဂျာတွေကြားမှာ အားနည်းနေပြီး ကျောင်းပြီးစ သူတွေမှာ တွေ့ရှိနိုင်ကြောင်း ဆိုပါတယ်။
အခြေခံအားဖြင့် ပြောရမယ်ဆိုင် ယင်းအချက်များဟာ ဆက်ဆံရေးဆိုင်ရာ အချင်းအချင်းများ ဖြစ်ပြီး ဘာတွေ ပါသလဲဆိုတော့ ဘယ်လို စည်းမျဉ်းတွေ၊ ယဉ်ကျေးမှုတွေ၊ လူတွေကြားထဲမှာတင် ဖြစ်စေ မှတ်သားမှတ်တမ်းတင်နိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်း၊ ပြန်လည်တင်ပြပေးနိုင်ခြင်း၊ ဘောင်အတော်တွင်းမှာ အချက်အလက်များအား မျှဝေနိုင်ခြင်း တို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်း ကျွမ်းကျင်လိမ္မာမှုဟာ စီးပွားရေးနဲ့ အင်ဂျင်နီယာ/နည်းပညာ ဆိုင်ရာ အခန်းကဣ (space) အရေးကြီးပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေမှာ သူတို့နဲ့အတူတူ အရေးကြီးတဲ့ တတိယ အခန်းကဣ (space) ဖြစ်လာကြောင်း သိသာထင်းရှားလာပါတယ်။ ယင်းကို third space thinking လို့လည်း ခေါ်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ hard skill လို့ခေါ်တဲ့ ဘယ်ဘက်ဦးနှောက်အသုံးပြုမှုနဲ့ soft skill လို့ခေါ်တဲ့ ညာဘက်ဦးနှောက် အသုံးပြုမှုကိုလိုသလို ပြောင်းလဲ အသုံးချနိုင်ရန်၊ Third space thinking ကို ဖန်တီးနိုင်ရင် ဒါဟာ အင်မတန် တန်ဖိုးရှိတဲ့ အမှူဆောင်ဖြစ်ပါလိမ့်မယ်။

IBM ရဲ့ Smart Planet ဆိုတဲ့ စတင်မှု မွေးဖွားလာပုံကို လေ့လာ ကြည့်ရအောင်

IBM ဟာ ဒီဂျစ်တယ်ခေတ်ဘက်ကို ရောက်လာတဲ့အခါ Post-PC era လို့ခေါ်တဲ့ ခေတ်ကို ရင်ဆိုင်ရန် ခက်ခဲလာပါတယ်။ PC ကွန်ပြူတာ တီထွင်ဖန်တီးပြီးတော့ ဘာဆက်တီထွင်ရမလဲဆိုတာကို ခေါင်းစားနေ တဲ့ အချန်ကာလ တစ်ခုပေါ့။ ကုမ္ဗဏီမှ ပညာရှင်များဟာ ယင်းအတွက် ရှာဖွေနေခဲ့ပါတယ်။ ဒီတော့ IBM ရဲ့ စီနီယာ ဒုတိယ ဥက္ကဌလည်း ဖြစ်၊ marketing နဲ့ communication ကို တာဝန်ယူထားသူ ဖြစ်တဲ့ Jon Iwata ဟာ သူ့ရဲ့ အဖွဲ့ဝင်တွေကိုမေးတယ်။ ယနေ့ခတ်မှာ IBM ဟာ သာမန် ကွန်ပြူတာ အဆင့်ကနေ ကျော်လွန်လို့ ဘယ်လို နည်းပညာနဲ့ လူတွေကို ကူညီအကျိုးပြုနေသလဲပေါ့။ IBM ဟာ ကွန်ပြူတာ chip များသာမက ကွန်ပြူတာမှာ လိုအပ်တဲ့ အခြားသော ဟာ့ဒ်ဝဲ၊ ဆော့ဝဲ အပြင် အခြားသော နည်းပညာ ဆိုင်ရာ ထုတ်ကုန်များကို ထုတ်လုပ်နေတဲ့ ကုမ္ဗဏီ ဖြစ်ပါတယ်။ ကွန်ပြူတာခေတ်ကို ကျော်လွန်လာချိန် သူ ဘာလုပ်သင့်တယ်ဆိုတာ ခေါင်းစားခဲ့တဲ့ ကာလ တစ်ခုသို့ ရောက်ခဲ့စဉ် အချိန်က မေးမြန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြန်ဖြေသူများက ကြက်တွေ စူးစမ်းလေ့လာ၊ ထိန်းချုပ်ကွပ်ကဲတဲ့ radio frequency identification (RFID) တွေကော၊ တက္ကဆက်မြို့က မီးပေးကွန်ရက်မှာ အာရုံခံ ကိရိယာ တပ်ဆင်မှုတွေရော၊ လိုင်စင်နံပါတ်တွေကို ဖတ်နိုင်တဲ့ ဒီဂျစ်တကယ် ကင်မရာ တွေကော တစ်ယောက်တစ်မျိုးစီ အဖြေပေးကြ ပါတယ်။

Iwata နဲ့ သူ့အဖွဲ့ဝင်တွေဟာ တစ်ဆင့်ပြီး တစ်ဆင့် လေ့လာကြည့်တဲ့အခါ သတင်းအချက်အလက်ဆိုင်ရာ စနစ် လို့ခေါ်တဲ့ Information system ဟာ ဘယ်အရာမှာမဆို ပါဝင်လာတဲ့အထိ ဖြစ်လာပြီး အင်တာနက်နဲ့ ချိတ်လိုက်တဲ့အခါ အချက်အလက်များစွာကို ပိုမို ထုတ်လုပ်နိုင်လာပါတယ်။  မြို့တစ်ခုချင်းစီကနေ ကြည့်လိုက်ရင်၊ source တစ်ခုစီကနေ ကြည့်လိုက်ရင် ထွက်လာတဲ့ အချက်အလက်တွေဟာ မနည်းတာကြောင့် သူ့ကို big data လို့ခေါ်ပြီး ဒါကို ဘယ်လို အသုံးကျ အသုံးချစေမယ်ဆိုတဲ့ အချက်ကို စိတ်ဝင်စားလာကြပါတယ်။

ဒါကြောင့်မို့ IBM အဖွဲ့ဟာ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ မြို့ဝန်များနဲ့ စကားပြောကြည့်ပြီး သူတို့ရဲ့ ဒေသဆိုင်ရာ အခက်အခဲများကို နားထောင်ပါတယ်။ ဥပဒေ စိုးမိုးရေးမှာလား၊ ရေနဲ့ ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာမှာလား၊ အများဆိုင် လုပ်ငန်းတွေမှာလား၊ မီးအားပေး ကွန်ရက်တွေမှာလား၊ သို့တည်းမဟုတ် အခြားသော ရှုပ်ထွေးတဲ့ စနစ်တွေမှာလားပေါ့။ နောက်ဆုံးတော့ ရလာတဲ့အဖြေပေါ်မူတည်လို့ industry ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ နဲ့ ကုမ္ဗဏီတွင်းနဲ့ ကုမ္ဗဏီပြင်ပမှာ အတွေးအမြင်အသစ်အဆန်းရှိသူများနဲ့ အတူထိုင်လို့ ကုန်ပစ္စည်းတစ်ခု စဉ်းစားပါတယ်။ နောက်တော့ ဘယ်လို concept ထွက်လာသလဲဆို war room ဆန်ဆန် မြို့တွေမှာ အသုံးဝင်မယ့် အချက်အလက် စင်တာကို ဖန်တီးရန် ဖြစ်ပါတယ်။ ယင်း စင်တာဟာ အေဂျင်စီပေါင်းမြောက်များစွာ၊ ဌာနပေါင်း မြောက်များစွာမှ အချက်အလက်များကို အမြဲမပျက်၊ ချက်ချင်း အချက်အလက် ရယူနိုင်အောင် ဖန်တီးထားပြီး အချက်အလက်များကိုလည်း လိုသလို ပြန်ပေးသွားနိုင်မယ့် စင်တာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ centralized operations center များကို ယနေ့မှာဆိုရင် ကမ္ဘာတစ်လွှားက နိုင်ငံအတော် များများမှာ မြင်တွေ့ နေရပါပြီ။

Iwata ဟာ ဆက်ဆံရေး ပရော်ဖက်ရှင် တစ်ဦးဖြစ်ပေမယ့် IBM အတွက် သစ်ဆန်းစေမယ့် စီးပွားရေးနဲ့ နည်းပညာ cmapaign များ ဦးဆောင်ဖန်တီးပေးနိုင်ခဲ့ပြီး ယင်းအရာများကို ပြန်လည် အသုံးချရာ ကုမ္ဗဏီကို ပြန်လည် သစ်ဆန်းအောင်မြင်စေခဲ့ပါတယ်။ သူ့ဆီမှာ Third space thiking တွင် ပါဝင်တဲ့ ပြုပြင်ပြောင်းလဲနိုင်မှု (Adaptability), မိမိနဲ့မကျွမ်းဝင်တဲ့ အကြောင်းအရာ ပညာကို စူးစမ်းလေ့လာလိုတဲ့ Intellectural curiosity, 360 degree thinking လို့ခေါ်တဲ့ ဖြန့်ကျန့်တွေးခေါ်နိုင်မှု၊ ကမ္ဘာတစ်လွှားစည်းမျဉ်းတွေကြား ဆက်ဆံ၊ လုပ်ဆောင်သွားနိုင်တဲ့ cultural comptence အရည်အချင်း၊ အစိုးရ၊ စီးပွားရေး၊ အင်ဂျင်နီယာနဲ့ လိုအပ်တဲ့ ဘယ်လူမျိုးမဆိုတို့ဆီကနေ စဉ်းစားတွေးခေါ်ပေးတဲ့ ကိုယ်ချင်းစာနာမှု (empathy) တို့ရှိပြီး ယင်းအချက်များကိုပဲ ကောင်းကောင်း အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။

company ဟာ third space thinking အတွက် နေရာကို ဒီဇိုင်းဖန်တီးခဲ့ပြီး မဟန်တန် (Manhanttan) မျာ ရှိတဲ့ IBM ရုံးရဲ့ အထပ်တစ်ထပ်လုံးကို design studio အဖြစ် ပြောင်းလဲလိုက်ပါပြီ။ ယင်းစတူဒီယိုမှာ မျိုးဆက်သစ် ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲတွေ၊ App တွေ ဖန်တီးရန် ဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ နဲ့ communication နဲ့ collaboration ကို ပိုမို အလေးထား အသားပေးတဲ့ နည်းစနစ်ကို နည်းနာယူ မွေးယူပြီး လက်ရှိ ကုန်ပစ္စည်း တီထွင်မှု စက်ဝန်းကို သေးငယ်သွားစေရန် ဖြစ်ပါတယ်။

IBM မှာ Marketing, Product Development, Chief Informational Officer ရဲ့ departmen တို့မှာ ဝန်ထမ်းများ ခန့်အပ်ပြီး IBM ရဲ့ Marketing အေဂျင်စီအတွက် အရေးကြီးတဲ့ ဝန်ထမ်းများ အထိပါ ပါဝင်ပြီး ကုန်ပစ္စည်းသစ်များ တွေးခေါ်ရှုမြင်ခြင်း၊ ဖန်တီးခြင်း၊ စမ်းသပ်ခြင်း၊ ကုန်ပစ္စည်းအသစ် မိတ်ဆက်ခြင်း တို့ကို အလေးထားလာခဲ့ပါတယ်။ ယင်းအတွက်ကိုလည်း IBM ဟာ သီးသန့် စည်းမျဉ်း၊ function များဖြင့် ထားရှိပါတယ်။ စမ်းသပ်မှု အောင်မြင်တာကြောင့် ကမ္ဘာတစ်လွှားမှာ သုတေသနဓာတ်ခွဲခန်း (Lab) ပေါင်း ၂၀ ကျော် ကို တည်ထောင်ခဲ့ပြီး Third space thinking ကိုပဲ ဘဝတစ်ခုပမာ အလေးထား လုပ်ဆောင်စေပါတယ်။

ယင်း တွေးခေါ်မှုဆိုင်ရာကို လိုအပ်လာမှုဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက်ကော၊ ပညာသင်ပေးသူတွေအတွက်ကော၊ company ဦးဆောင်သူများအတွက်အထိကော ဖြစ်လာပါတယ်။ Third space talent ရှိသူတွေဟာလည်း အခြားသူများနဲ့ မတူညီတဲ့ career လမ်းကြောင်းတွေ၊ အလားအလာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်း ယင်း တွေးခေါ်မှု ဆိုင်ရာ ပညာရပ်ကိုလည်း စီးပွားရေး ကျောင်းတွေ၊ အင်ဂျင်နီယာ၊ နည်းပညာ နဲ့ ဆက်ဆံရေးဆိုင်ရာ ကျောင်းတွေရဲ့ သင်ကြားမှုတွေထဲမှာလည်း မတွေ့ရသေးတာကြောင့် သာမန် မြင်နေကျ အတတ်ပညာ သင်ကြားပေးမျု သင်တန်းတွေမှာ ဖော်ပြပါ skill တွေကို ရရှိသွားအောင် သင်ကြားပေးမယ့် ဆန်းသစ်တဲ့ နည်းလမ်းများလည်း ရှိလာသင့်ပါတယ်။


ဒီတော့ မေးခွန်းက သင့်အနေနဲ့ Third space talent ကို မြေတောင်မြောက်စေမယ့် course တွေ လိုအပ်သလားပေါ့။ တကယ်တန်းကျတော့ မလိုအပ်ပါ။ ယင်း အရည်အချင်းများဟာ သင်ယူဖို့လည်း ခက်ခဲသလို၊ သင်ကြားပေးဖို့ကလည်း အတော်လေး အချိန်ယူရပါတယ်။ အချို့သော လူအနည်းငယ်သာ အထပ် ဖော်ပြပါ အရည်အချင်း ငါးချက်စလုံးကို အပြည့်အစုံ ရှိခြင်း ဖြစ်ပါတ်။ ဒီတော့ မိမိလုပ်ရမှာက မိမိမှ အားနည်းပါတယ်ဆိုတဲ့အချက်အပေါ်မှာ အားသာတဲ့ သူတွေကို ခေါ်ယူ ဝန်းရံစေလို့ လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ခန့်အပ် ခေါ်မယ့် လက်တွဲမယ့် သူက စီးစပွားရေးနဲ့ အင်ဂျင်နီယာ ဆိုင်ရာ ဘောင်တွေကြား ဆက်ဆံရေးကောင်းသူလည်း ဖြစ်ကောင်းဖြစ်မယ်။ တီထွင်ဆန်းသစ်သူ၊ ပူးပေါင်းလုပ်ကိုင်နိုင်သူ လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ Third Space talnet ကို အသုံးပြုပြီး ဈေးကွက်ထဲမှာ တကယ် ထူးခြား ကွဲပြားတဲ့ အရာ များကို ဖန်တီးဖော်ဆောင်ပေးနိုင်သူ ဖြစ်ရပါလိမ့်မယ်။

မူရင်းရေးသားသူ Ernest J. Wilson III ဟာ Walter Annenberg companyရဲ့ လူမှုဆက်ဆံရေး ဥက္ကဌ ဖြစ်ပြီး University of Southern California လက်အောင်ရှိ Annenberg School for Communication and Journalism မှ လက်ထောက် တာဝန်ခံ တစ်ဦးလည်း ဖြစ်ပါတယ်။


Ref: Fortune.com