Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

ေအာင္ျမင္သူေတြ လိုက္နာက်င့္သံုးတဲ့ အေလ့အက်င့္ (၇) ခု

Posted on 5/08/2016 by May Soe Lwin

W1siziisijiwmtyvmdgvmduvmdmvmtivndavndmzl2l0x3jlc3vtzv9qb2jfc2vhcmnoltewmdm0mdqwmc1vcmlnlmpwzyjdlfsiccisinrodw1iiiwimzawediymfx1mdazzsjdxq

​(Zaw Gyi Version)

ဒီတုိင္းထုိင္ေနရုံနဲ႔ေတာ့ အလုပ္ခြင္မွာေအာင္ျမင္တဲ့လူျဖစ္လာမွာမဟုတ္ပါဘူး.. ထီေပါက္ခ်င္တယ္ဆုိရင္ အနည္းဆုံးေတာ့ ထီထုိးရမွာေပါ့ေနာ္.... ေကာင္းမြန္တဲ့အေလ့အက်င့္ေလးေတြက Professional ဆန္ဆန္ေအာင္ျမင္မႈရရွိလာအာင္ပံ့ပိုးေပးႏုိင္တယ္ဆုိတာ  လက္ခံပါသလား? လက္ခံတယ္ဆိုရင္ လုပ္ငန္းခြင္မွာ ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖုိ႔အတြက္ လုပ္ကိုလုပ္ရမယ့္ ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္း (၇) ခုေပးမယ္ေနာ္.. ေန႔စဥ္ၾကိဳးစားျပီးလုပ္မယ္ဆုိရင္ အေလ့အက်င့္တစ္ခုလိုျဖစ္သြားပါလိမ့္မယ္.. ကဲ... Ready ျဖစ္ျပီဆုိ.. စလုိက္ရေအာင္..

ေလ႔က်င့္ခန္း ၁ - အိပ္ရာေစာေစာထပါ..

ဒါေလးမ်ား စာေရးျပီးေျပာေနရေသးတယ္ဆုိျပီး ထင္ေကာင္းထင္ႏုိင္တယ္ေနာ္.. ဒါေပမဲ့ တစ္ရက္ေလာက္အိပ္ရာေစာေစာေလာက္ထၾကည့္လုိက္ပါ.. မထင္မွတ္ထားေလာက္ေအာင္ Productive ျဖစ္တာကိုျမင္ရပါလိမ့္မယ္.. ဆုိပါေတာ့ ပုံမွန္ မနက္ ၇ နာရီအိပ္ရာထတတ္တဲ့သူဆုိရင္ တစ္ရက္ေလာက္ မနက္ ၆း၃၀ ေလာက္အိပ္ရာထျပီး  ရုံးသြားဖုိ႔ျပင္ဆင္လုိက္ပါ.. မနက္ ၇း၄၅ မိနစ္အခ်ိန္က Traffic နဲ႔ မနက္ ၈ နာရီအခ်ိန္က Traffic ကေတာ္ေတာ္ကြာတာကို ျမင္ရပါလိမ့္မယ္.. ၁၅ မိနစ္ေလာက္ဆုိေပမယ့္ ၇း၄၅ မိနစ္က Traffic က ေတာ္ေတာ္ကိုကားလမ္းရွင္းတာကို ေတြ႔ရပါလိမ့္မယ္... ရုံးကိုအခ်ိန္မွန္ေရာက္ေအာင္သြားတာက ကိုယ့္ရဲ႕ Time Management Skill ကို သြယ္ဝုိက္ေသာအားျဖင့္တုိးတက္ေအာင္ေလ့က်င့္ေပးတာပါ.. ဘာျပီးရင္ ဘာလုပ္မယ္.. ဘယ္ေလာက္အခိ်န္ယူျပီး ဘယ္လုိလုပ္ရမယ္ဆုိတဲ့ အေသးစားစီမံခန္႔ခြဲမႈအတတ္ပညာကို အလုိလုိတတ္ေျမာက္လာပါလိမ့္မယ္..အနည္းဆုံးေတာ့ ရုံးေနာက္က်လုိ႔ Boss ဆီက ပြစိပြစိအေျပာေတြမခံရေတာ့ဘူးေပါ့..

ေလ့က်င့္ခန္း ၂ - မနက္စာစားတဲ့အက်င့္လုပ္ပါ..

ရုံးမသြားခင္ မနက္စာစားသြားပါ.. ဗိုက္ေဟာင္းေလာင္းနဲ႔ရုံးသြားတာထက္စာရင္ မနက္စာစားျပီးမွရုံးသြားတာက ပုိျပီးစိတ္ၾကည္ျပီး သည္းခံႏုိင္စြမ္းလည္းပိုပါတယ္.. က်န္းမာေရးနဲ႔ညီညြတ္တဲ့မနက္စာျဖစ္ရင္ ပိုေကာင္းတာေပါ့ေနာ္..

ေလ့က်င့္ခန္း ၃ - Email ရွင္းပါ..

ဒါက အရမ္းကိုအေရးၾကီးတဲ့အခ်က္ပါ.. ဒါကေတာ့ သူေျပာမွလား.. လူတုိင္းကေတာ့ Email စစ္တာေပါ့လုိ႔ ျပန္ေျပာစရာရွိတာေပါ့ေနာ္.. ကိုယ့္ဆီကိုဝင္လာတဲ့ Business Email ေတြကို တတ္ႏုိင္သေလာက္ ခ်က္ခ်င္းဖတ္ပါ.. ျပီးရင္ Reply ျပန္ပါ.. ကိုယ့္အထက္လူၾကီးဆီက Approve ျဖစ္မွ ပို႔ရမယ္႔ Email ဆုိရင္လည္း အထက္လူၾကီးကို Report လုပ္ပါ.. ကိုယ္ဖတ္ျပီးတဲ့ Email ကို Archive လုပ္ပါ.. Delete လုပ္ခိုင္းတာ မဟုတ္ဘူးေနာ္.. Archive လုပ္တယ္ဆုိတာက ကိုယ့္ရဲ႕ Email Inbox ကေနဖယ္လုိက္တာပါ.. Archive လုပ္လုိက္တဲ့ Email ေတြကို Search Box မွာအလြယ္တကူျပန္ရွာလုိ႔ရပါတယ္.. ဒီလုိပုံမွန္ Email စစ္ျပီး ရွင္းလုိက္ရင္ ကိုယ္လုပ္စရာက်န္ေသးတဲ့အလုပ္ေတြဘယ္ေလာက္က်န္ေသးတယ္ဆုိတာ Email Inbox ကိုၾကည့္လိုက္တာနဲ႔ လြယ္လြယ္ကူကူသိႏုိင္ပါတယ္.. Email ကို အေလးထားျပီး Reply လုပ္တတ္တဲ့အက်င့္ၾကာင့္ တစ္ဖက္ကကိုယ့္ကို Email ပို႔တဲ့လူအျမင္မွာလည္း ကိုယ္ဟာအလုပ္တစ္ခုကို Professional ဆန္ဆန္အလုပ္လုပ္တတ္တဲ့လူဆုိျပီး ေလးစားပါတယ္..

ေလ့က်င့္္ခန္း ၄ - To Do List ျပဳလုပ္ပါ..

To Do List ဆုိတာက ကိုယ္လုပ္စရာရွိတဲ့ အလုပ္ေတြကိုခ်ေရးထားတဲ့စာရင္းကိုေျပာတာပါ.. အဂၤါေန႔လုပ္ရမယ့္လုပ္ငန္းေတြကို တနလၤာေန႔ညေန ရုံးမျပန္ခင္ ကိုယ့္ Notebook (ဒါမွမဟုတ္) ကိုယ့္ Computer မွာ Sticky Note ေလးဖြင့္ျပီးခ်ေရးပါ.. တစ္ခုရွိရင္ တစ္ခုခ်ေရးပါ.. မနက္ရုံးေရာက္ျပီဆိုရင္ ကိုယ္ေရးခဲ့တဲ့ To Do List ေလးက ဒီေန႔အတြက္ အျပီးလုပ္ရမယ့္ Target ေပါ့ေနာ္.. လုပ္ၾကည့္လုိက္ပါ.. ပုံမွန္အလုပ္လုပ္တာထက္စာရင္ ဒီလုိ Goal ေလးေတြထားျပီးအလုပ္လုပ္ရတာ အလုပ္ျပီးသြားရင္စိတ္ေက်နပ္မႈတစ္ခုရရွိျပီး ကိုယ္လုပ္ေနတဲ့အလုပ္ေပၚမွာလည္း ပိုျပီးေပ်ာ္ရႊင္လာတာကိုခံစားရပါလိမ့္မယ္.. 

ေလ့က်င့္ခန္း ၅ - ၂ နာရီျခားတစ္ခါ ၅ မိနစ္စာ ေလ့က်င့္ခန္းလုပ္ပါ..

ကိုယ္ဟာ Computer ေရွ႕မွာထုိင္ျပီး တစ္ကုပ္ကုပ္အလုပ္လုပ္ေနရတဲ့သူဆုိရင္ အခုခ်က္ခ်င္းထုိင္ေနရာကထျပီး ရုံးအျပင္ခဏထြက္လုိက္ပါ.. အျပင္ေရာက္ျပီဆုိ ငါးမိနစ္ေလာက္အသက္ရႈေလ့က်င့္ခန္းလုပ္ျပီး အေညာင္းဆန္႔လုိက္ပါ.. ဒီလုိလုပ္လုိက္ျခင္းအားျဖင့္ ဦးေႏွာက္ထဲကို လတ္ဆတ္တဲ့ေအာက္စီဂ်င္ေရာက္သြားျပီး လန္းဆန္းသြားပါလိမ့္မယ္... ျပီးရင္ ဟိုၾကည့္ ဒီၾကည့္ေလွ်ာက္ၾကည့္ေပါ့.. မ်က္လုံးအေညာင္းလည္းေျပ ကိုယ့္ပတ္ဝန္းက်င္မွာဘာေတြေျပာင္းလဲသြားတာရွိတယ္ဆုိတာ သတိထားၾကည့္တတ္တဲ့ Observation Skill လည္းတုိးတက္လာပါလိမ့္မယ္ေနာ္..

ေလ့က်င့္ခန္း ၆ - Meeting တစ္ခုျပီးတိုင္း ကိုယ္လုပ္ရမယ့္အပိုင္းကိုေသခ်ာမွတ္သားပါ..

မွတ္သားျပီးရင္ေတာ့ အလုပ္ျပီးေအာင္လုပ္ရမွာေပါ့ေနာ္.. ဆုိပါေတာ့ ဒီေန႔ Meeting မွာ ကိုယ့္ Manager က ကိုယ့္ကို Survey တစ္ခုေကာက္ခုိင္းတယ္.. Meeting ကို တနလၤာေန႔မွာလုပ္တယ္.. Manager က ေသာၾကာေန႔အျပီးတင္ရမယ္လုိ႔ Deadline သတ္မွတ္လုိက္တယ္ေပါ့ေနာ္.. ဒါဆုိရင္ ကိုယ္က ဒီ Survey ေကာက္တဲ့အလုပ္ကို ၾကာသပေတးေန႔မနက္ပိုင္းမွာ အကုန္ျပီးေအာင္လုပ္ရမယ္ဆုိျပီး ကိုယ့္ဟာကိုသတ္မွတ္ထားလုိက္ျပီး အလုပ္ျပီးေအာင္လုပ္ပါ.. ကိုယ့္ Manager ေျပာတဲ့ Deadline ထက္ကို တစ္ရက္ေစာျပီး အလုပ္ျပီးေအာင္လုပ္တဲ့အက်င့္ကို ေမြးျမဴပါ.. ဒီလုိလုပ္ျခင္းအားျဖင့္ ကိုယ္လုပ္ထားတဲ့အလုပ္က အမွားေတြပါေနတယ္ဆုိရင္ Manager အေနနဲ႔ ကိုယ့္ Project ကို Review လုပ္ဖုိ႔အခ်ိန္ ပိုထြက္လာပါတယ္.. Deadline မတုိင္ခင္အလုပ္ျပီး Manager အျမင္မွာလည္း ကိုယ္ဟာကိုယ္လုပ္ေနတဲ့အလုပ္အေပၚကိုအေလးထားတယ္ဆုိျပီး မွတ္ခ်က္ေကာင္းရသြားပါလိမ့္မယ္..

ေလ့က်င့္ခန္း ၇ - ျပံဳးပါ..

အတတ္ႏုိင္ဆုံး အလွဆုံးျဖစ္ေအာင္ျပံဳးပါ.. ကိုယ့္တစ္ေန႔တာက Stress ေတြပိလုိ႔ စိတ္မၾကည္မလင္ျဖစ္ေနရင္ေတာင္ အတတ္ႏုိင္ဆုံးျပံဳးၾကည့္ပါ.. ျပံဳးရင္း ျပဳံးရင္းနဲ႔ စိတ္ၾကည္လာပါလိမ့္မယ္...ကိုယ့္မ်က္ႏွာက စူပုပ္ပုပ္ျဖစ္ေနတာထက္စာရင္ Positive Attitude ေဆာင္တဲ့အျပဳံးမ်က္ႏွာနဲ႔ျမင္ရတာက ပိုေကာင္းပါတယ္.. ကိုယ္ဟာေလာကၾကီးကိုအေကာင္းျမင္တတ္တဲ့အျပဳသေဘာရွိတယ္ဆုိရင္ လုပ္ငန္းလုပ္တဲ့ေနရာမွာလည္း ျငိဳျငင္မႈေတြအစား အေကာင္းျမင္စိတ္နဲ႔အလုပ္လုပ္ေနတဲ့လူက သူမ်ားထက္ပိုေအးခ်မ္းျပီး အလုပ္လုပ္တဲ့ေနရာမွာလည္းပုံမွန္ထက္ပိုျပီးအလုပ္ျမန္ျမန္ျပီးပါတယ္..


ဒီေလ့က်င့္ခန္းေလးကိုပုံမွန္ေန႕စဥ္လုပ္ေပးမယ္ဆုိရင္ ကိုယ့္အလုပ္ခြင္မွာသိသာတဲ့ေအာင္ျမင္မႈေတြရရွိလာပါလိမ့္မယ္... အားလုံးပဲအလုပ္ခြင္မွာအဆင္ေျပေခ်ာေမြ႔ျပီး ကိုယ္လုိခ်င္တဲ့ Life Goal ကိုအျမန္ဆုံးေရာက္ႏုိင္ပါေစ..

(Unicode Version)

ဒီတိုင်းထိုင်နေရုံနဲ့တော့ အလုပ်ခွင်မှာအောင်မြင်တဲ့လူဖြစ်လာမှာမဟုတ်ပါဘူး.. ထီပေါက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ထီထိုးရမှာပေါ့နော်.... ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေက Professional ဆန်ဆန်အောင်မြင်မှုရရှိလာအာင်ပံ့ပိုးပေးနိုင်တယ်ဆိုတာ  လက်ခံပါသလား? လက်ခံတယ်ဆိုရင် လုပ်ငန်းခွင်မှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် လုပ်ကိုလုပ်ရမယ့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း (၇) ခုပေးမယ်နော်.. နေ့စဉ်ကြိုးစားပြီးလုပ်မယ်ဆိုရင် အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်.. ကဲ... Ready ဖြစ်ပြီဆို.. စလိုက်ရအောင်..

လေ့ကျင့်ခန်း ၁ - အိပ်ရာစောစောထပါ..

ဒါလေးများ စာရေးပြီးပြောနေရသေးတယ်ဆိုပြီး ထင်ကောင်းထင်နိုင်တယ်နော်.. ဒါပေမဲ့ တစ်ရက်လောက်အိပ်ရာစောစောလောက်ထကြည့်လိုက်ပါ.. မထင်မှတ်ထားလောက်အေmင် Productive ဖြစ်တာကိုမြင်ရပါလိမ့်မယ်.. ဆိုပါတော့ ပုံမှန် မနက် ရ နာရီအိပ်ရာထတတ်တဲ့သူဆိုရင် တစ်ရက်လောက် မနက် ၆း၃၀ လောက်အိပ်ရာထပြီး  ရုံးသွားဖို့ပြင်ဆင်လိုက်ပါ.. မနက် ရး၄၅ မိနစ်အချိန်က Traffic နဲ့ မနက် ၈ နာရီအချိန်က Traffic ကတော်တော်ကွာတာကို မြင်ရပါလိမ့်မယ်.. ၁၅ မိနစ်လောက်ဆိုပေမယ့် ရး၄၅ မိနစ်က Traffic က တော်တော်ကိုကားလမ်းရှင်းတာကို တွေ့ရပါလိမ့်မယ်... ရုံးကိုအချိန်မှန်ရောက်အောင်သွားတာက ကိုယ့်ရဲ့ Time Management Skill ကို သွယ်ဝိုက်သောအားဖြင့်တိုးတက်အောင်လေ့ကျင့်ပေးတာပါ.. ဘာပြီးရင် ဘာလုပ်မယ်.. ဘယ်လောက်အချိန်ယူပြီး ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အသေးစားစီမံခန့်ခွဲမှုအတတ်ပညာကို အလိုလိုတတ်မြောက်လာပါလိမ့်မယ်..အနည်းဆုံးတော့ ရုံးနောက်ကျလို့ Boss ဆီက ပွစိပွစိအပြောတွေမခံရတော့ဘူးပေါ့..

လေ့ကျင့်ခန်း ၂ - မနက်စာစားတဲ့အကျင့်လုပ်ပါ..

ရုံးမသွားခင် မနက်စာစားသွားပါ.. ဗိုက်ဟောင်းလောင်းနဲ့ရုံးသွားတာထက်စာရင် မနက်စာစားပြီးမှရုံးသွားတာက ပိုပြီးစိတ်ကြည်ပြီး သည်းခံနိုင်စွမ်းလည်းပိုပါတယ်.. ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာဖြစ်ရင် ပိုကောင်းတာပေါ့နော်..

လေ့ကျင့်ခန်း ၃ - Email ရှင်းပါ..

ဒါက အရမ်းကိုအရေးကြီးတဲ့အချက်ပါ.. ဒါကတော့ သူပြောမှလား.. လူတိုင်းကတော့ Email စစ်တာပေါ့လို့ ပြန်ပြောစရာရှိတာပေါ့နော်.. ကိုယ့်ဆီကိုဝင်လာတဲ့ Business Email တွေကို တတ်နိုင်သလောက် ချက်ချင်းဖတ်ပါ.. ပြီးရင် Reply ပြန်ပါ.. ကိုယ့်အထက်လူကြီးဆီက Approve ဖြစ်မှ ပို့ရမယ့် Email ဆိုရင်လည်း အထက်လူကြီးကို Report လုပ်ပါ.. ကိုယ်ဖတ်ပြီးတဲ့ Email ကို Archive လုပ်ပါ.. Delete လုပ်ခိုင်းတာ မဟုတ်ဘူးနော်.. Archive လုပ်တယ်ဆိုတာက ကိုယ့်ရဲ့ Email Inbox ကနေဖယ်လိုက်တာပါ.. Archive လုပ်လိုက်တဲ့ Email တွေကို Search Box မှာအလွယ်တကူပြန်ရှာလို့ရပါတယ်.. ဒီလိုပုံမှန် Email စစ်ပြီး ရှင်းလိုက်ရင် ကိုယ်လုပ်စရာကျန်သေးတဲ့အလုပ်တွေဘယ်လောက်ကျန်သေးတယ်ဆိုတာ Email Inbox ကိုကြည့်လိုက်တာနဲ့ လွယ်လွယ်ကူကူသိနိုင်ပါတယ်.. Email ကို အလေးထားပြီး Reply လုပ်တတ်တဲ့အကျင့်ကြာင့် တစ်ဖက်ကကိုယ့်ကို Email ပို့တဲ့လူအမြင်မှာလည်း ကိုယ်ဟာအလုပ်တစ်ခုကို Professional ဆန်ဆန်အလုပ်လုပ်တတ်တဲ့လူဆိုပြီး လေးစားပါတယ်..

လေ့ကျင့််ခန်း ၄ - To Do List ပြုလုပ်ပါ..

To Do List ဆိုတာက ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကိုချရေးထားတဲ့စာရင်းကိုပြောတာပါ.. အင်္ဂါနေ့လုပ်ရမယ့်လုပ်ငန်းတွေကို တနင်္လာနေ့ညနေ ရုံးမပြန်ခင် ကိုယ့် Notebook (ဒါမှမဟုတ်) ကိုယ့် Computer မှာ Sticky Note လေးဖွင့်ပြီးချရေးပါ.. တစ်ခုရှိရင် တစ်ခုချရေးပါ.. မနက်ရုံးရောက်ပြီဆိုရင် ကိုယ်ရေးခဲ့တဲ့ To Do List လေးက ဒီနေ့အတွက် အပြီးလုပ်ရမယ့် Target ပေါ့နော်.. လုပ်ကြည့်လိုက်ပါ.. ပုံမှန်အလုပ်လုပ်တာထက်စာရင် ဒီလို Goal လေးတွေထားပြီးအလုပ်လုပ်ရတာ အလုပ်ပြီးသွားရင်စိတ်ကျေနပ်မှုတစ်ခုရရှိပြီး ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာလည်း ပိုပြီးပျော်ရွှင်လာတာကိုခံစားရပါလိမ့်မယ်.. 

လေ့ကျင့်ခန်း ၅ - ၂ နာရီခြားတစ်ခါ ၅ မိနစ်စာ လေ့ကျင့်ခန်းလုပ်ပါ..

ကိုယ်ဟာ Computer ရှေ့မှာထိုင်ပြီး တစ်ကုပ်ကုပ်အလုပ်လုပ်နေရတဲ့သူဆိုရင် အခုချက်ချင်းထိုင်နေရာကထပြီး ရုံးအပြင်ခဏထွက်လိုက်ပါ.. အပြင်ရောက်ပြီဆို ငါးမိနစ်လောက်အသက်ရှုလေ့ကျင့်ခန်းလုပ်ပြီး အညောင်းဆန့်လိုက်ပါ.. ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဦးနှောက်ထဲကို လတ်ဆတ်တဲ့အောက်စီဂျင်ရောက်သွားပြီး လန်းဆန်းသွားပါလိမ့်မယ်... ပြီးရင် ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ပေါ့.. မျက်လုံးအညောင်းလည်းပြေ ကိုယ့်ပတ်ဝန်းကျင်မှာဘာတွေပြောင်းလဲသွားတာရှိတယ်ဆိုတာ သတိထားကြည့်တတ်တဲ့ Observation Skill လည်းတိုးတက်လာပါလိမ့်မယ်နော်..

လေ့ကျင့်ခန်း ၆ - Meeting တစ်ခုပြီးတိုင်း ကိုယ်လုပ်ရမယ့်အပိုင်းကိုသေချာမှတ်သားပါ..

မှတ်သားပြီးရင်တော့ အလုပ်ပြီးအောင်လုပ်ရမှာပေါ့နော်.. ဆိုပါတော့ ဒီနေ့ Meeting မှာ ကိုယ့် Manager က ကိုယ့်ကို Survey တစ်ခုကောက်ခိုင်းတယ်.. Meeting ကို တနင်္လာနေ့မှာလုပ်တယ်.. Manager က သောကြာနေ့အပြီးတင်ရမယ်လို့ Deadline သတ်မှတ်လိုက်တယ်ပေါ့နော်.. ဒါဆိုရင် ကိုယ်က ဒီ Survey ကောက်တဲ့အလုပ်ကို ကြာသပတေးနေ့မနက်ပိုင်းမှာ အကုန်ပြီးအောင်လုပ်ရမယ်ဆိုပြီး ကိုယ့်ဟာကိုသတ်မှတ်ထားလိုက်ပြီး အလုပ်ပြီးအောင်လုပ်ပါ.. ကိုယ့် Manager ပြောတဲ့ Deadline ထက်ကို တစ်ရက်စောပြီး အလုပ်ပြီးအောင်လုပ်တဲ့အကျင့်ကို မွေးမြူပါ.. ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်လုပ်ထားတဲ့အလုပ်က အမှားတွေပါနေတယ်ဆိုရင် Manager အနေနဲ့ ကိုယ့် Project ကို Review လုပ်ဖို့အချိန် ပိုထွက်လာပါတယ်.. Deadline မတိုင်ခင်အလုပ်ပြီး Manager အမြင်မှာလည်း ကိုယ်ဟာကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကိုအလေးထားတယ်ဆိုပြီး မှတ်ချက်ကောင်းရသွားပါလိမ့်မယ်..

လေ့ကျင့်ခန်း ရ - ပြုံးပါ..

အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင်ပြံုးပါ.. ကိုယ့်တစ်နေ့တာက Stress တွေပိလို့ စိတ်မကြည်မလင်ဖြစ်နေရင်တောင် အတတ်နိုင်ဆုံးပြံုးကြည့်ပါ.. ပြံုးရင်း ပြုံးရင်းနဲ့ စိတ်ကြည်လာပါလိမ့်မယ်...ကိုယ့်မျက်နှာက စူပုပ်ပုပ်ဖြစ်နေတာထက်စာရင် Positive Attitude ဆောင်တဲ့အပြုံးမျက်နှာနဲ့မြင်ရတာက ပိုကောင်းပါတယ်.. ကိုယ်ဟာလောကကြီးကိုအကောင်းမြင်တတ်တဲ့အပြုသဘောရှိတယ်ဆိုရင် လုပ်ငန်းလုပ်တဲ့နေရာမှာလည်း ငြိုငြင်မှုတွေအစား အကောင်းမြင်စိတ်နဲ့အလုပ်လုပ်နေတဲ့လူက သူများထက်ပိုအေးချမ်းပြီး အလုပ်လုပ်တဲ့နေရာမှာလည်းပုံမှန်ထက်ပိုပြီးအလုပ်မြန်မြန်ပြီးပါတယ်..


ဒီလေ့ကျင့်ခန်းလေးကိုပုံမှန်နေ့စဉ်လုပ်ပေးမယ်ဆိုရင် ကိုယ့်အလုပ်ခွင်မှာသိသာတဲ့အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်... အားလုံးပဲအလုပ်ခွင်မှာအဆင်ပြေချောမွေ့ပြီး ကိုယ်လိုချင်တဲ့ Life Goal ကိုအမြန်ဆုံးရောက်နိုင်ပါစေ..