Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

Sales သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ ??

Posted on 19/10/2016 by Haymar SuSuSan

W1siziisijiwmtyvmtavmtkvmdivmzavmjqvmji3lzu1njnlyjrmmtqwymewzti1zde2ywixzl93b21hbi1jzwxslxbob25llteymdqwni5qcgcixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

(Zaw Gyi Version)

Sales သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ ??

စီးပွားရေးလုပ်ငန်း အားလုံးနီးပါးမှာ ‘Sales’ ဟာ အရေးကြီးတဲ့ အခန်းဏ္ဍမှာ ပါဝင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ကုမ္ပဏီမှာ Sales သမားကောင်းကောင်းတွေ ရှိဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်တတ်ကြပါတယ်။ အလုပ်ရှင် အနေနဲ့ပဲဖြစ်ဖြစ် ဝန်ထမ်းအနေနဲ့ပဲ ဖြစ်ဖြစ် Sales သမားကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေသင့်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ နောက်ဆုံး ကိုယ့်ရဲ့ Career က Sales Professional မဟုတ်ရင်တောင် Interview တွေ ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လို ရောင်းရမလဲ (တစ်နည်း) ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ထုတ်ပြနိုင်မလဲ ဆိုတာကို အောက်ပါ အခြေခံအချက်တွေက ပြောပြနိုင်ပါလိမ့်မယ်။

Ethic (ကျင့်ဝတ်) ရှိပါ။

ဒါဟာ စီးပွားရေး လုပ်ငန်းခွင်မှာသာမက လှုမှုရေးမှာပါ လိုအပ်တဲ့ အခြေခံ အချက်တစ်ခု ဖြစ်ပါတယ်။ Sales သမား တစ်ယောက် အတွက်ဆိုရင်တော့ ပိုလို့တောင် အရေးတကြီး လိုက်နာရမယ့် အချက်ပါ။ Ethic ဆိုတဲ့နေရာမှာ အပြုအမူသာမက အပြောအဆိုပါ ပါဝင်ပါတယ်။ ကိုယ့်ဘက်က Ethically နဲ့ Professionally ကျကျ ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူရဲ့ ယုံကြည်အားကိုးမှုကို အလွယ်တကူ ရယူနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ထောက်ခံ ယုံကြည်မှုကို ရပြီးတဲ့နောက်တော့ ကျန်တဲ့ ကိစ္စတွေဟာ လွယ်ကူချောမွေ့နေမှာ သေချာပါတယ်။

လွှမ်းမိုးပါ။

အပြောအဆို ချိုသာ ညက်ညောခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် Sales သမားတစ်ယောက်ရဲ့ တာဝန်ဟာ ကိုယ့်ရဲ့အပြောအဆိုကို လူတွေ နှစ်သက်ဖို့ထက် ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို လူတွေ ဝယ်ယူ အသုံးပြုဖို့ပါပဲ။ လူတိုင်းကို တသမတ်တည်း ပုံသေဆက်ဆံလို့ မရပါဘူး။ သေချာတဲ့အချက်တစ်ခုကတော့ ကိုယ်က လွှမ်းမိုးတဲ့သူ ဖြစ်နေပါစေ။ ‘သူက ဒီပစ္စည်းအကြောင်းကို သေချာသိတာပဲ၊ သူက ဒီနယ်ပယ်မှာ ကျွမ်းကျင်လိုက်တာ၊ သူပြောတာ လက်ခံသင့်တဲ့ ကိစ္စပဲ’ စသဖြင့် မှတ်ချက်ပြုမိလောက်အောင် ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံး၊ တင်ပြပုံ နဲ့ စကားလုံးရွေးချယ်မှုတွေဟာ တစ်ဖက်လူကို အကောင်းဆုံး လွှမ်းမိုးနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

တာဝန်ယူပါ။

‘ကတိ’ ဆိုတာ ပေးဖို့လွယ်သလောက် တည်ဖို့ခက်ပါတယ်။ Sales သမားတစ်ယောက်အနေနဲ့ ယုံကြည်စိတ်ချရတဲ့ ကတိတစ်ခုပေးခြင်းဟာ ဝယ်သူကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုပါပဲ။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့၊ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်းသိထားတဲ့အခါ အဲဒီပစ္စည်းကို ရောင်းထွက်နိုင်ဖို့ ၅ဝ ရာခိုင်နှုန်း သေချာနေပါလိမ့်မယ်။ Closing Sales လုပ်ဖို့အတွက် ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းဟာ တာဝန်ယူမှုပါပဲ။ After Sales ဆိုတဲ့ Service ဟာ Sales သမားတစ်ယောက်နဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ အရေးကြီးတဲ့ Responsibility တစ်ခုပါပဲ။ ကိုယ့်ရဲ့ တာဝန်ယူနိုင်မှုအပေါ်မှာ မူတည်ပြီး ကုန်ပစ္စည်းရဲ့ အရောင်း ရာခိုင်နှုန်းဟာ တက်လာသလား၊ ကျသွားသလား ဆိုတာကို ကောင်းကောင်းတိုင်းတာနိုင်ပါတယ်။

ပန်းတိုင်ကို သေချာသိပါ။

ကိုယ်သွားနေတဲ့ခရီး တစ်ခုရဲ့အဆုံးသတ်ပန်းတိုင်ကို ကိုယ်ကိုယ်တိုင်က သေချာသိဖို့ အရေးကြီးပါတယ်။ Sales Target တွေဟာ ကြောက်လန့်စရာမဖြစ်သင့်ပဲ တွန်းအားသာ ဖြစ်သင့်ပါတယ်။ အောင်မြင်မှုတွေ အားလုံးဟာ ‘မဖြစ်နိုင်လောက်ပါဘူး’ ဆိုတဲ့ စကားကနေ စခဲ့ကြတာပါ။ ကိုယ်ရဲ့ ၀ါသနာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဟာ တစ်ထပ်တည်းကျဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒါဟာ အောင်မြင်မှုရဲ့အတားအဆီးတစ်ခု မဖြစ်သင့်ပါဘူး။ Sales သမားတစ်ယောက်အတွက်ဆိုရင် သူ့ရဲ့ ပန်းတိုင်ဟာ Commission မဟုတ်ပါဘူး။ ဝယ်သူရဲ့ စိတ်ကျေနပ်မှုသာ ဖြစ်ပါတယ်။ ဒီ Mindset ကို ထည့်ထားနိုင်တဲ့သူတွေကပဲ အခက်အခဲတွေ၊ Complaint တွေ တွေ့ကြံုတဲ့အခါ စိတ်ဓာတ်မကျပဲ အကောင်းဆုံး ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။

(Unicode Version)

Sales သမားေကာင္းတစ္ေယာက္ျဖစ္ဖို႕ ဘာေတြ လိုအပ္သလဲ ??

စီးပြားေရးလုပ္ငန္း အားလံုးနီးပါးမွာ ‘Sales’ ဟာ အေရးၾကီးတဲ့ အခန္း႑မွာ ပါဝင္ပါတယ္။ ဒီအတြက္ ကိုယ့္ရဲ႕ ကုမၸဏီမွာ Sales သမားေကာင္းေကာင္းေတြ ရိွဖို႕ လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္တတ္ၾကပါတယ္။ အလုပ္ရွင္ အေနနဲ႕ပဲျဖစ္ျဖစ္ ဝန္ထမ္းအေနနဲ႕ပဲ ျဖစ္ျဖစ္ Sales သမားေကာင္းတစ္ေယာက္မွာ ဘယ္လိုအရည္အေသြးေတြ ရိွေနသင့္သလဲဆိုတာ သိထားဖို႕ လိုအပ္ပါတယ္။ ေနာက္ဆံုး ကိုယ့္ရဲ႕ Career က Sales Professional မဟုတ္ရင္ေတာင္ Interview ေတြ ေျဖတဲ့အခါ ကိုယ့္ကိုယ္ကို ဘယ္လို ေရာင္းရမလဲ (တစ္နည္း) ကိုယ့္မွာရိွတဲ့ အရည္အေသြးေတြကို ဘယ္လိုနည္းနဲ႕ အေကာင္းဆံုး ထုတ္ျပနိုင္မလဲ ဆိုတာကို ေအာက္ပါ အေျခခံအခ်က္ေတြက ေျပာျပနိုင္ပါလိမ့္မယ္။

Ethic (က်င့္ဝတ္) ရိွပါ။

ဒါဟာ စီးပြားေရး လုပ္ငန္းခြင္မွာသာမက လႈမႈေရးမွာပါ လိုအပ္တဲ့ အေျခခံ အခ်က္တစ္ခု ျဖစ္ပါတယ္။ Sales သမား တစ္ေယာက္ အတြက္ဆိုရင္ေတာ့ ပိုလို႕ေတာင္ အေရးတၾကီး လိုက္နာရမယ့္ အခ်က္ပါ။ Ethic ဆိုတဲ့ေနရာမွာ အျပဳအမူသာမက အေျပာအဆိုပါ ပါဝင္ပါတယ္။ ကိုယ့္ဘက္က Ethically နဲ႕ Professionally က်က် ေျပာဆိုဆက္ဆံတဲ့အခါ တစ္ဖက္လူရဲ႕ ယံုၾကည္အားကိုးမႈကို အလြယ္တကူ ရယူနိုင္ပါတယ္။ လူတစ္ေယာက္ရဲ႕ ေထာက္ခံ ယံုၾကည္မႈကို ရျပီးတဲ့ေနာက္ေတာ့ က်န္တဲ့ ကိစၥေတြဟာ လြယ္ကူေခ်ာေမြ႕ေနမွာ ေသခ်ာပါတယ္။

လႊမ္းမိုးပါ။

အေျပာအဆို ခ်ိဳသာ ညက္ေညာျခင္းကို လူတိုင္း နွစ္သက္ၾကပါတယ္။ ဒါေပမယ့္ Sales သမားတစ္ေယာက္ရဲ႕ တာဝန္ဟာ ကိုယ့္ရဲ႕အေျပာအဆိုကို လူေတြ နွစ္သက္ဖို႕ထက္ ကိုယ္ေရာင္းတဲ့ ကုန္ပစၥည္း (သို႕) ဝန္ေဆာင္မႈကို လူေတြ ဝယ္ယူ အသံုးျပဳဖို႕ပါပဲ။ လူတိုင္းကို တသမတ္တည္း ပံုေသဆက္ဆံလို႕ မရပါဘူး။ ေသခ်ာတဲ့အခ်က္တစ္ခုကေတာ့ ကိုယ္က လႊမ္းမိုးတဲ့သူ ျဖစ္ေနပါေစ။ ‘သူက ဒီပစၥည္းအေၾကာင္းကို ေသခ်ာသိတာပဲ၊ သူက ဒီနယ္ပယ္မွာ ကြ်မ္းက်င္လိုက္တာ၊ သူေျပာတာ လက္ခံသင့္တဲ့ ကိစၥပဲ’ စသျဖင့္ မွတ္ခ်က္ျပဳမိေလာက္ေအာင္ ေျပာဆိုနိုင္ဖို႕ လိုအပ္ပါတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရိွတဲ့ အျပံဳး၊ တင္ျပပံု နဲ႕ စကားလံုးေရြးခ်ယ္မႈေတြဟာ တစ္ဖက္လူကို အေကာင္းဆံုး လႊမ္းမိုးနိုင္တဲ့ အရာေတြ ျဖစ္ပါတယ္။

တာဝန္ယူပါ။

‘ကတိ’ ဆိုတာ ေပးဖို႕လြယ္သေလာက္ တည္ဖို႕ခက္ပါတယ္။ Sales သမားတစ္ေယာက္အေနနဲ႕ ယံုၾကည္စိတ္ခ်ရတဲ့ ကတိတစ္ခုေပးျခင္းဟာ ဝယ္သူကို ေကာင္းေကာင္းဆဲြေဆာင္နိုင္တဲ့ အခ်က္တစ္ခုပါပဲ။ ကိုယ့္ရဲ႕ ကုန္ပစၥည္းနဲ႕၊ ဝန္ေဆာင္မႈနဲ႕ ပတ္သက္ျပီး အားသာခ်က္၊ အားနည္းခ်က္ေတြကို ရွင္းရွင္းလင္းလင္းသိထားတဲ့အခါ အဲဒီပစၥည္းကို ေရာင္းထြက္နိုင္ဖို႕ ၅ဝ ရာခိုင္နွဳန္း ေသခ်ာေနပါလိမ့္မယ္။ Closing Sales လုပ္ဖို႕အတြက္ က်န္တဲ့ ၅ဝ ရာခိုင္နွဳန္းဟာ တာဝန္ယူမႈပါပဲ။ After Sales ဆိုတဲ့ Service ဟာ Sales သမားတစ္ေယာက္နဲ႕ ဘယ္လိုမွ ခဲြျခားလို႕မရတဲ့ အေရးၾကီးတဲ့ Responsibility တစ္ခုပါပဲ။ ကိုယ့္ရဲ႕ တာဝန္ယူနိုင္မႈအေပၚမွာ မူတည္ျပီး ကုန္ပစၥည္းရဲ႕ အေရာင္း ရာခိုင္နွဳန္းဟာ တက္လာသလား၊ က်သြားသလား ဆိုတာကို ေကာင္းေကာင္းတိုင္းတာနိုင္ပါတယ္။

ပန္းတိုင္ကို ေသခ်ာသိပါ။

ကိုယ္သြားေနတဲ့ခရီး တစ္ခုရဲ႕အဆံုးသတ္ပန္းတိုင္ကို ကိုယ္ကိုယ္တိုင္က ေသခ်ာသိဖို႕ အေရးၾကီးပါတယ္။ Sales Target ေတြဟာ ေၾကာက္လန္႕စရာမျဖစ္သင့္ပဲ တြန္းအားသာ ျဖစ္သင့္ပါတယ္။ ေအာင္ျမင္မႈေတြ အားလံုးဟာ ‘မျဖစ္နိုင္ေလာက္ပါဘူး’ ဆိုတဲ့ စကားကေန စခဲ့ၾကတာပါ။ ကိုယ္ရဲ႕ ၀ါသနာနဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ဟာ တစ္ထပ္တည္းက်ဖို႕ ခက္ခဲပါတယ္။ ဒါေပမယ့္ ဒါဟာ ေအာင္ျမင္မႈရဲ႕အတားအဆီးတစ္ခု မျဖစ္သင့္ပါဘူး။ Sales သမားတစ္ေယာက္အတြက္ဆိုရင္ သူ႕ရဲ႕ ပန္းတိုင္ဟာ Commission မဟုတ္ပါဘူး။ ဝယ္သူရဲ႕ စိတ္ေက်နပ္မႈသာ ျဖစ္ပါတယ္။ ဒီ Mindset ကို ထည့္ထားနိုင္တဲ့သူေတြကပဲ အခက္အခဲေတြ၊ Complaint ေတြ ေတြ႕ၾကံဳတဲ့အခါ စိတ္ဓာတ္မက်ပဲ အေကာင္းဆံုး ျဖတ္ေက်ာ္နိုင္မွာျဖစ္ပါတယ္။