Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

IT သမားေကာင္းတစ္ေယာက္ျဖစ္ဖို႔ဘာေတြလိုအပ္သလဲ။

Posted on 2/11/2016 by MyWorld Support

W1siziisijiwmtyvmtevmdivmdqvmzmvmtavmjy5l0lulmpwzyjdlfsiccisinrodw1iiiwimzawediymfx1mdazzsjdxq

(ZawGyi Version)

IT သမားေကာင္းတစ္ေယာက္ျဖစ္ဖို႔အတြက္ ဘယ္လိုအရည္အခ်င္းမ်ိဳးေတြရွိေနသင့္လဲဆိုတာသိဖို႔လိုပါတယ္။ မိမိအသက္ေမြးဝမ္းေျကာင္းျပဳလုပ္လိုေသာ IT Type ေပၚမူတည္ၿပီး မည္သို႔ေသာ IT Speciality မ်ိဳးကိုေလ့လာသင့္လဲ၊ ဘယ္လို Skill မ်ိဳးရွိသင့္သလဲဆိုတာ သိသင့္ပါတယ္။ လူသားတစ္ေယာက္အတြက္ ေပ်ာ္ရႊင္မႈတစ္ခုဆိုတာ မိမိဝါသနာပါေသာအလုပ္နွင့္ အသက္ေမြးဝမ္းေျကာင္းျပဳလုပ္နိုင္ျခင္းလဲပါဝင္ေနျပန္တယ္။ အဲ့ဒါေၾကာင့္ သင္ဟာ IT လုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေျကာင္းလုပ္မယ္ဆိုရင္ ဘယ္လို IT လုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေျကာင္းျပဳလုပ္လိုလဲစဥ္းစားပါ။

အေျခခံအားျဖင့္ IT ေခါင္းစဥ္ေအာက္တြင္ ေကာင္းမြန္စြာအသက္ေမြးဝမ္းေျကာင္းျပဳနိုင္ေသာ လမ္းေျကာင္းမ်ားကို ေဖာ္ျပထားပါတယ္။

(1) ပထမဆံုးအေျခခံအားျဖင့္ Speciality ကို စဥ္းစားေစခ်င္ပါတယ္ ဥပမာ - Software (Developing/Implementation) အပိုင္းကိုသြားမလား? Network (System/Security/Switching & Routing) အပိုင္းကိုသြားမလား? ဘယ္လိုအပိုင္းမ်ိဳးကိုို ပိုစိတ္ဝင္စားသလဲဆိုတာ ေသခ်ာစဥ္းစားပါ။

(2) သင္ေရြးခ်ယ္တဲ့ Speciality မွာ ႐ူးသြပ္ေနဖို႔လည္း လိုအပ္ပါတယ္။ ႐ူးသြပ္ဖို႔လိုတယ္ဆိုလို႔ တစ္မ်ိဳးေတာ့မထင္လိုက္ပါနဲ႔… သင္ေရြးခ်ယ္တဲ့အပိုင္းမွာ အာရံုပိုစိုက္ၿပီးျပင္းျပင္းထန္ထန္ၾကိဳးစားေစခ်င္တာပါ။

(3) သင္ေရြးခ်ယ္တဲ႕အပိုင္းမွာ Specialist တစ္ေယာက္ျဖစ္ၿပီဆိုရင္ ေနာက္ထပ္ေသခ်ာစဥ္စားဖို႔လိုလာတာက သင္ဟာ Technical အပိုင္းသီးသန္႔သြားရတာကို စိတ္ဝင္စားသူလား ဒါမွမဟုတ္ Technical (50%) Management (50%) အပိုင္းဘက္ကို ပိုစိတ္ဝင္စားသူလား (ဒါမွမဟုတ္) Management အပိုင္းကိုပဲ စိတ္ဝင္စားတဲ့သူလား ဆိုတာေသခ်ာစဥ္းစားေစခ်င္ပါတယ္။

ဒါေတြသိၿပီဆိုရင္ သင္ဘယ္လို IT သမားေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္မလဲ ဆိုတာသိလာမွာပါ။ IT သမားေတာ္ေတာ္မ်ားမ်ားအတြက္ ဘြဲ႕ေတြ Diploma ေတြ Certificate ေတြထက္ မိမိမွာရွိတဲ့ IT Skills ကပိုျပီးအေရးၾကီးတဲ့ တစ္ပိုင္းတစ္ေနရာကေန ပါဝင္ေနတာကို တခါတေလ ၾကံဳေတြ႕ရမွာပါ။ ဒါေၾကာင့္ တစ္ခုခုကိုေလ့လာတဲ့အခါမွာ ခေရစိတြင္းက်အေသးစိတ္သိေအာင္ ဂရုစိုက္သင္ယူေစခ်င္ပါတယ္။

- ဘယ္လိုေလ့လာသင္ယူမလဲ?

အျမန္ဆံုးေရကူးတက္ခ်င္ရင္ ေရကူးကန္ထဲကိုခုန္ခ်ျခင္းဟာ အေကာင္းဆံုးနည္းလမ္းပါပဲ။ အလားတူပဲ နည္းပညာတစ္ခုကိုေလ့လာမယ္ဆိုလ်ွင္လည္း အဆက္ခဲဆံုးအပိုင္းကို စမ္းၿပီးေလ့လာေစခ်င္ပါတယ္ ကိုယ့္ထက္ Senior က်ျပီး သက္ဆိုင္ရာ Speciality ေတြမွာ အားသာတဲ့သူေတြကို Follow လုပ္သင့္ပါတယ္။

- နည္းပညာကိုမွ်ေဝပါ။

သူမသိေသာ နည္းပညာနွင့္ ကိုယ္မသိေသာ နည္းပညာေတြကိုမွ်ေဝျခင္းျဖင့္ ဗဟုသုတတိုးပြားနိုင္ပါတယ္။

- မနိုင္ဝန္ထမ္းပါ။

ဥပမာ - ကိုယ္အရည္အခ်င္းမမွီတဲ့ အလုပ္ကိုေလ်ွာက္ပါ။ အလုပ္မရႏိုင္ေပမယ့္လည္း ဘယ္လိုအရာေတြကို ေလ့လာသင့္သလဲဆိုတာ Interview မွာ သင္သိနိုင္မွာပါ။

စာအုပ္ဖတ္လိုက္တဲ့အခါ ေတြ႔ရတဲ့အခ်က္မ်ားကို အလြတ္မမွတ္ဘဲ လက္ေတြ႕လုပ္ပါ။ ေတြးေခၚပါ။ သင္ဟာဒီအေျခအေနတစ္ခုတည္းမွာရပ္တန္႔ေနလို႔မရပါဘူး။ ဘယ္လိုအိုင္ဒီယာ အသစ္အဆန္းမ်ိဳး ျပဳလုပ္လိုလဲဆိုတာစဥ္းစားဖို႔လိုပါတယ္။ ဥပမာ Software ပိုင္းမွာ Coding ဟာ ဒုတိယဦးစားေပးအဆင့္ပါ။ ပထမဦးစားေပးအဆင့္ဟာ ဘယ္လိုပံုစံမ်ိဳးကို တီထြင္ခ်င္လဲဆိုတဲ့ အေတြးအေခၚမ်ိဳးေပၚတြင္သာမူတည္ပါတယ္။ ဒါေၾကာင့္ သင့္အိုင္ဒီယာဟာေကာင္းမြန္ျပီး လူၾကိဳက္မ်ားလ်ွင္ ေအာင္ျမင္တဲ့နယ္ပယ္တစ္ခုကိုေရာက္နိုင္ပါတယ္။

ဒီလိုအခ်က္ေလးေတြကို သတိထားျပီး ေလ့လာမယ္ဆိုရင္ ကၽြမ္းက်င္တဲ့ IT ပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ အေထာက္အကူျဖစ္မယ္လို႔ ယံုၾကည္ပါတယ္။ ေနာက္အပတ္ေတြမွာ IT ေလာကရဲ႕ လစာေကာင္းတဲ့အလုပ္ေတြ ဘယ္လို IT သမားကို ဘယ္လို Company ေတြက အလုပ္ေခၚေလ့ရွိသလဲ ဆိုတဲ့အေၾကာင္းေတြကို ေရးသားေဖာ္ျပေပးသြားမွာျဖစ္ပါတယ္…

(Unicode Version)

IT သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေရှိနေသင့်လဲဆိုတာသိဖို့လိုပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းပြုလုပ်လိုသော IT Type ပေါ်မူတည်ပြီး မည်သို့သော IT Speciality မျိုးကိုလေ့လာသင့်လဲ၊ ဘယ်လို Skill မျိုးရှိသင့်သလဲဆိုတာ သိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပျော်ရွှင်မှုတစ်ခုဆိုတာ မိမိဝါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ခြင်းလဲပါဝင်နေပြန်တယ်။ အဲ့ဒါကြောင့် သင်ဟာ IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် ဘယ်လို IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုလဲစဉ်းစားပါ။

အခြေခံအားဖြင့် IT ခေါင်းစဉ်အောက်တွင် ကောင်းမွန်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သော လမ်းကြောင်းများကို ဖော်ပြထားပါတယ်။

(1) ပထမဆုံးအခြေခံအားဖြင့် Speciality ကို စဉ်းစားစေချင်ပါတယ် ဥပမာ - Software (Developing/Implementation) အပိုင်းကိုသွားမလား? Network (System/Security/Switching & Routing) အပိုင်းကိုသွားမလား? ဘယ်လိုအပိုင်းမျိုးကိိုု ပိုစိတ်ဝင်စားသလဲဆိုတာ သေချာစဉ်းစားပါ။

(2) သင်ရွေးချယ်တဲ့ Speciality မှာ ရူးသွပ်နေဖို့လည်း လိုအပ်ပါတယ်။ ရူးသွပ်ဖို့လိုတယ်ဆိုလို့ တစ်မျိုးတော့မထင်လိုက်ပါနဲ့… သင်ရွေးချယ်တဲ့အပိုင်းမှာ အာရုံပိုစိုက်ပြီးပြင်းပြင်းထန်ထန်ကြိုးစားစေချင်တာပါ။

(3) သင်ရွေးချယ်တဲ့အပိုင်းမှာ Specialist တစ်ယောက်ဖြစ်ပြီဆိုရင် နောက်ထပ်သေချာစဉ်စားဖို့လိုလာတာက သင်ဟာ Technical အပိုင်းသီးသန့်သွားရတာကို စိတ်ဝင်စားသူလား ဒါမှမဟုတ် Technical (50%) Management (50%) အပိုင်းဘက်ကို ပိုစိတ်ဝင်စားသူလား (ဒါမှမဟုတ်) Management အပိုင်းကိုပဲ စိတ်ဝင်စားတဲ့သူလား ဆိုတာသေချာစဉ်းစားစေချင်ပါတယ်။

ဒါတွေသိပြီဆိုရင် သင်ဘယ်လို IT သမားကောင်းတစ်ယောက် ဖြစ်လာနိုင်မလဲ ဆိုတာသိလာမှာပါ။ IT သမားတော်တော်များများအတွက် ဘွဲ့တွေ Diploma တွေ Certificate တွေထက် မိမိမှာရှိတဲ့ IT Skills ကပိုပြီးအရေးကြီးတဲ့ တစ်ပိုင်းတစ်နေရာကနေ ပါဝင်နေတာကို တခါတလေ ကြုံတွေ့ရမှာပါ။ ဒါကြောင့် တစ်ခုခုကိုလေ့လာတဲ့အခါမှာ ခရေစိတွင်းကျအသေးစိတ်သိအောင် ဂရုစိုက်သင်ယူစေချင်ပါတယ်။

- ဘယ်လိုလေ့လာသင်ယူမလဲ?

အမြန်ဆုံးရေကူးတက်ချင်ရင် ရေကူးကန်ထဲကိုခုန်ချခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အလားတူပဲ နည်းပညာတစ်ခုကိုလေ့လာမယ်ဆိုလျှင်လည်း အဆက်ခဲဆုံးအပိုင်းကို စမ်းပြီးလေ့လာစေချင်ပါတယ် ကိုယ့်ထက် Senior ကျပြီး သက်ဆိုင်ရာ Speciality တွေမှာ အားသာတဲ့သူတွေကို Follow လုပ်သင့်ပါတယ်။

- နည်းပညာကိုမျှဝေပါ။

သူမသိသော နည်းပညာနှင့် ကိုယ်မသိသော နည်းပညာတွေကိုမျှဝေခြင်းဖြင့် ဗဟုသုတတိုးပွားနိုင်ပါတယ်။

- မနိုင်ဝန်ထမ်းပါ။

ဥပမာ - ကိုယ်အရည်အချင်းမမှီတဲ့ အလုပ်ကိုလျှောက်ပါ။ အလုပ်မရနိုင်ပေမယ့်လည်း ဘယ်လိုအရာတွေကို လေ့လာသင့်သလဲဆိုတာ Interview မှာ သင်သိနိုင်မှာပါ။

စာအုပ်ဖတ်လိုက်တဲ့အခါ တွေ့ရတဲ့အချက်များကို အလွတ်မမှတ်ဘဲ လက်တွေ့လုပ်ပါ။ တွေးခေါ်ပါ။ သင်ဟာဒီအခြေအနေတစ်ခုတည်းမှာရပ်တန့်နေလို့မရပါဘူး။ ဘယ်လိုအိုင်ဒီယာ အသစ်အဆန်းမျိုး ပြုလုပ်လိုလဲဆိုတာစဉ်းစားဖို့လိုပါတယ်။ ဥပမာ Software ပိုင်းမှာ Coding ဟာ ဒုတိယဦးစားပေးအဆင့်ပါ။ ပထမဦးစားပေးအဆင့်ဟာ ဘယ်လိုပုံစံမျိုးကို တီထွင်ချင်လဲဆိုတဲ့ အတွေးအခေါ်မျိုးပေါ်တွင်သာမူတည်ပါတယ်။ ဒါကြောင့် သင့်အိုင်ဒီယာဟာကောင်းမွန်ပြီး လူကြိုက်များလျှင် အောင်မြင်တဲ့နယ်ပယ်တစ်ခုကိုရောက်နိုင်ပါတယ်။

ဒီလိုအချက်လေးတွေကို သတိထားပြီး လေ့လာမယ်ဆိုရင် ကျွမ်းကျင်တဲ့ IT ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်တွေမှာ IT လောကရဲ့ လစာကောင်းတဲ့အလုပ်တွေ ဘယ်လို IT သမားကို ဘယ်လို Company တွေက အလုပ်ခေါ်လေ့ရှိသလဲ ဆိုတဲ့အကြောင်းတွေကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်…