Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

Procurement သမားေကာင္းတစ္ေယာက္ျဖစ္ေစဖို႔ ဘယ္လိုအေျခခံအခ်က္ေတြ လိုအပ္သလဲ။

Posted on 16/11/2016 by Hsu Pyae Hnin

W1siziisijiwmtyvmtevmtyvmdqvmdqvmdcvnzaxl3byb2n1cmvtzw50ig1ndc5wbmcixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

(Zaw Gyi Version)

Procurement သမားေကာင္းတစ္ေယာက္ျဖစ္ေစဖို႔ ဘယ္လိုအေျခခံအခ်က္ေတြ လိုအပ္သလဲ။

Supply Chain and Logistics business လုပ္္္ငန္းမ်ားဟာ ျမန္မာေစ်းကြက္မွာ တျဖည္းျဖည္းက်ယ္ျပန႔္စြာ လုပ္ကိုင္လာၾကၿပီျဖစ္ပါတယ္... ထို႔အတူ လုပ္ငန္းရွင္မ်ားဘက္မွလဲ ကၽြမ္းက်င္ေသာ Procurement ဝန္ထမ္းေကာင္းမ်ားကို ပိုမိုအလိုရွိလာၾကပါတယ္။ ထို႔ေၾကာင့္ Professional Procurement သမားေကာင္းတစ္ေယာက္ျဖစ္ေစဖို႔ရန္အတြက္ အေျခခံလိုအပ္တဲ့အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Supplier မ်ားႏွင့္ ခင္မင္ရင္းႏွီးမွု တည္ေဆာက္ျခင္း။ (Building Relationship with Suppliers)
Procurement အလုပ္တစ္ခုတြင္ Supplier ေတြနဲ႔ ခိုင္မာတဲ့ ရင္းႏွီးမွုတည္ေဆာက္နိုင္ျခင္းသည္ အေရးပါေသာ အခန္းက႑မွာ ပါဝင္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး ခိုင္မာတဲ့ Relationship ရွိမွသာ မိမိလုပ္ငန္းအတြက္လိုအပ္တဲ့ကုန္ပစၥည္းေတြကို  ပိုမိုေလၽွာ့ေပါ့တဲ့ေစ်းႏွုန္းေတြနဲ႔ ရရွိနိုင္မွာျဖစ္ပါတယ္။

 ေစ့စပ္ညႇိုႏွိုင္းျခင္း။ (Negotiation)

ေစ့စပ္ညႇိုႏွိုိုင္းျခင္းဆိုင္ရာ အတတ္ပညာသည္ Procurement လုပ္ငန္းရဲ့ အဓိကက်တဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ အက်ိဳးအျမတ္ရနိုင္မည့္ Supplier မ်ားကို မွန္ကန္စြာ ေရြးခ်ယ္ရွာေဖြနိုင္ျခင္း၊ မိမိလိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာ Supplier အခ်က္အလက္မ်ား ရွာေဖြစုေဆာင္းျခင္း ႏွင့္ စိစစ္ေရြးခ်ယ္ျခင္း စသည္တို႔သည္ Procurement နယ္ပယ္တြင္ အဓိက ၾကဳံေတြ႕ရေလ့ရွိေသာ အခက္အခဲမ်ားပဲ ျဖစ္ပါတယ္။ ထို႔ေၾကာင့္ Procurement အလုပ္ကို ကၽြမ္းက်င္စြာ လုပ္ေဆာင္နိုင္သူတစ္ေယာက္အေနနဲ႔ ကုန္က်စရိတ္မ်ားကို အက်ိဳးရွိရွိ စီမံခန႔္ခြဲနိုင္ျခင္း၊ Supplier မ်ားႏွင့္ အျပန္အလွန္ သေဘာတူညီမွုရယူနိုင္ျခင္း စသည့္ ေစ့စပ္ညႇိုႏွိုင္းနိုင္ျခင္းဆိုင္ရာအတတ္ပညာမ်ားကို မျဖစ္မေနတတ္ေျမာက္ထားသင့္ပါတယ္။

 သေဘာတူညီမွု ရယူနိုင္ျခင္း။ (Agreements)
Procurement နယ္ပယ္တြင္ ကၽြမ္းက်င္သူတစ္ေယာက္အေနျဖင့္ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ Supplier မ်ား၊ ဌာနပိုင္းဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ ေန႔စဥ္ေျပာဆိုဆက္ဆံေနရတဲ့အတြက္ ရည္ရည္မြန္မြန္ႏွင့္ ယဥ္ေက်းပ်ဴငွါစြာေျပာဆိုဆက္ဆံတတ္သည့္အရည္အခ်င္းရွိသင့္ပါတယ္။ ဒါမွသာ အျပန္အလွန္ အက်ိဳးအျမတ္ရရွိနိုင္ေစမည့္ သေဘာတူညီမွုမ်ားကို အလြယ္တကူရယူညႇိုႏွိုင္းနိုင္မွာျဖစ္ပါတယ္။

 ခြဲျခမ္းစိတ္ျဖာ သုံးသပ္နိုင္ျခင္း။ (Analysis)
Market မွရရွိလာေသာ ေစ်းႏွုန္းအခ်က္အလက္မ်ားကို သုံးသပ္ေလ့လာျခင္း၊ သင့္တင့္ေသာ ေစ်းႏွုန္း အခ်က္အလက္မ်ားအား စိစစ္ေရြးခ်ယ္ျခင္း ႏွင့္ ေစ်းကြက္ေျပာင္းလဲမွုေၾကာင့္ ျဖစ္ေပၚလာနိုင္ေသာ အက်ိဳးသက္ေရာက္မွုမ်ားကို ႀကိဳတင္ခန႔္မွန္းျခင္းတို႔ ျပဳလုပ္နိုင္ရန္ ေစ်းကြက္ကို သုံးသပ္နိုင္စြမ္းသည္လည္း အရမ္းအေရးပါပါတယ္။

 Achievement ရရွိနိုင္ျခင္း။ (Achievements)
Procurement လုပ္ကိုင္ေနေသာ သူတစ္ေယာက္သည္ မိမိ၏ လုပ္ကိ္ုင္နိုင္စြမ္းကို ျပသဖို႔ရန္အတြက္ မိမိဘယ္ေလာက္အက်ိဳးအျမတ္မ်ားမ်ား ရရွိေအာင္ လုပ္ကိုင္နိုင္သည္ဆိုသည့္ အခ်က္အလက္မ်ားကို ျပသနိုင္ရန္ အေရးႀကီးပါသည္။ သို႔မွသာ မိမိသည္ လုပ္ငန္းတိုးတက္မွုအတြက္ မည္မၽွအေရးပါေၾကာင္း သက္ေသျပနိုင္မည္ျဖစ္ေပသည္။

ေဖာ္ျပပါအခ်က္အလက္ေတြက Procurement သမားတစ္ေယာက္အေနျဖင့္ သိသင့္သိထိုက္တဲ့ အေျခခံလိုအပ္ခ်က္ေတြပဲ ျဖစ္ပါတယ္။ အထက္ပါအခ်က္အလက္မ်ား ကိုႀကိဳးစားေလ့က်င့္ပါက ပိုမိုအရည္အခ်င္းျပည့္ဝတဲ့ Procurement သမားေကာင္းတစ္ေယာက္ျဖစ္လာမွာ ေသခ်ာပါတယ္။

(Unicode Version)

Procurement သမားကောင်းတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအခြေခံအချက်တွေ လိုအပ်သလဲ။

Supply Chain and Logistics business လုပ်််ငန်းများဟာ မြန်မာစျေးကွက်မှာ တဖြည်းဖြည်းကျယ်ပြန့်စွာ လုပ်ကိုင်လာကြပြီဖြစ်ပါတယ်... ထို့အတူ လုပ်ငန်းရှင်များဘက်မှလဲ ကျွမ်းကျင်သော Procurement ဝန်ထမ်းကောင်းများကို ပိုမိုအလိုရှိလာကြပါတယ်။ ထို့ကြောင့် Professional Procurement သမားကောင်းတစ်ယောက်ဖြစ်စေဖို့ရန်အတွက် အခြေခံလိုအပ်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
 

Supplier များနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်ခြင်း။ (Building Relationship with Suppliers)
Procurement အလုပ်တစ်ခုတွင် Supplier တွေနဲ့ ခိုင်မာတဲ့ ရင်းနှီးမှုတည်ဆောက်နိုင်ခြင်းသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခိုင်မာတဲ့ Relationship ရှိမှသာ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကို  ပိုမိုလျှော့ပေါ့တဲ့စျေးနှုန်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

စေ့စပ်ညှိုနှိုင်းခြင်း။ (Negotiation)

စေ့စပ်ညှိုနှိုိုင်းခြင်းဆိုင်ရာ အတတ်ပညာသည် Procurement လုပ်ငန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကျိုးအမြတ်ရနိုင်မည့် Supplier များကို မှန်ကန်စွာ ရွေးချယ်ရှာဖွေနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသော Supplier အချက်အလက်များ ရှာဖွေစုဆောင်းခြင်း နှင့် စိစစ်ရွေးချယ်ခြင်း စသည်တို့သည် Procurement နယ်ပယ်တွင် အဓိက ကြုံတွေ့ရလေ့ရှိသော အခက်အခဲများပဲ ဖြစ်ပါတယ်။ ထို့ကြောင့် Procurement အလုပ်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သူတစ်ယောက်အနေနဲ့ ကုန်ကျစရိတ်များကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ခြင်း၊ Supplier များနှင့် အပြန်အလှန် သဘောတူညီမှုရယူနိုင်ခြင်း စသည့် စေ့စပ်ညှိုနှိုင်းနိုင်ခြင်းဆိုင်ရာအတတ်ပညာများကို မဖြစ်မနေတတ်မြောက်ထားသင့်ပါတယ်။

သဘောတူညီမှု ရယူနိုင်ခြင်း။ (Agreements)
Procurement နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ၊ Supplier များ၊ ဌာနပိုင်းဆိုင်ရာ အကြီးအကဲများနှင့် နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့အတွက် ရည်ရည်မွန်မွန်နှင့် ယဉ်ကျေးပျူငှါစွာပြောဆိုဆက်ဆံတတ်သည့်အရည်အချင်းရှိသင့်ပါတယ်။ ဒါမှသာ အပြန်အလှန် အကျိုးအမြတ်ရရှိနိုင်စေမည့် သဘောတူညီမှုများကို အလွယ်တကူရယူညှိုနှိုင်းနိုင်မှာဖြစ်ပါတယ်။

 ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်ခြင်း။ (Analysis)
Market မှရရှိလာသော စျေးနှုန်းအချက်အလက်များကို သုံးသပ်လေ့လာခြင်း၊ သင့်တင့်သော စျေးနှုန်း အချက်အလက်များအား စိစစ်ရွေးချယ်ခြင်း နှင့် စျေးကွက်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ကြိုတင်ခန့်မှန်းခြင်းတို့ ပြုလုပ်နိုင်ရန် စျေးကွက်ကို သုံးသပ်နိုင်စွမ်းသည်လည်း အရမ်းအရေးပါပါတယ်။

 Achievement ရရှိနိုင်ခြင်း။ (Achievements)
Procurement လုပ်ကိုင်နေသော သူတစ်ယောက်သည် မိမိ၏ လုပ်ကိ်ုင်နိုင်စွမ်းကို ပြသဖို့ရန်အတွက် မိမိဘယ်လောက်အကျိုးအမြတ်များများ ရရှိအောင် လုပ်ကိုင်နိုင်သည်ဆိုသည့် အချက်အလက်များကို ပြသနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ မိမိသည် လုပ်ငန်းတိုးတက်မှုအတွက် မည်မျှအရေးပါကြောင်း သက်သေပြနိုင်မည်ဖြစ်ပေသည်။

ဖော်ပြပါအချက်အလက်တွေက Procurement သမားတစ်ယောက်အနေဖြင့် သိသင့်သိထိုက်တဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ အထက်ပါအချက်အလက်များ ကိုကြိုးစားလေ့ကျင့်ပါက ပိုမိုအရည်အချင်းပြည့်ဝတဲ့ Procurement သမားကောင်းတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။