facebook tracking image

Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

Interview Preparation (အင္တာဗ်ဴးအတြက္ ျပင္ဆင္ျခင္း)

Posted on 8/12/2016 by Haymar SuSuSan

W1siziisijiwmtyvmtivmdgvmdmvmdmvmdgvmzg1l0ludgvydmlldya1lmpwzyjdlfsiccisinrodw1iiiwimzawediymfx1mdazzsjdxq

(Zaw Gyi Version)

Interview Preparation (အင္တာဗ်ဴးအတြက္ ျပင္ဆင္ျခင္း)

(မိမိတို႕ရဲ႕ကိုယ္ပိုင္လုပ္ငန္းသာမဟုတ္ခဲ့ဘူးဆိုရင္) လုပ္ငန္းခြင္၀င္တဲ့အခါ ပထမဆံုးၾကံဳေတြ႕ရမယ့္အရာကအင္တာဗ်ဴးပဲျဖစ္ပါတယ္။ အလုပ္ရွင္ေတြအေနနဲ႔လည္းအရည္အခ်င္း၊ အရည္အေသြးမတိမ္းမယိမ္းနဲ႔ အလုပ္ေလွ်ာက္သူေတြမ်ားလာတဲ့ ဒီေန႔ေခတ္မွာ သူတိို႔အတြက္ အမွန္တကယ္လိုအပ္ေနတဲ့၀န္ထမ္းမ်ိဳးကိုရဖို႔အတြက္ ေသခ်ာစီစစ္ျပီး ေရြးခ်ယ္လာၾကပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အလုပ္အင္တာဗ်ဴးေျဖရမယ့္ ၀န္ထမ္းေတြအေနနဲ႕ တစ္ဖက္ကေမးနိုင္မယ့္ ေမးခြန္း၊ ကိုယ့္ရဲ႕အေျဖေတြနဲ႕ ေျဖဆိုမယ့္ပံုစံေတြကို ၾကိဳတင္ျပင္ဆင္ေလ့က်င့္ထားသင့္ပါတယ္။ အင္တာဗ်ဴးေျဖတဲ့ အေတြ႕အၾကံဳမ်ားတဲ့သူေတြအေနနဲ႔ေတာင္ ေခ်ာေခ်ာေမြ႕ေမြ႕ေျဖဆိုနိုင္ဖို႔ျပင္ဆင္မႈေတြလိုအပ္ပါတယ္။
ဘာေတြအဓိကထားျပီး ျပင္ဆင္ထားသင့္လဲဆိုတာကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။

၁။ ကိုယ့္အေၾကာင္းကိုယ္မိတ္ဆက္တဲ့ Introduction ကို ျမန္မာလိုသာမက English လိုပါ ျပင္ဆင္ထားသင့္ပါတယ္။ အဓိကေျပာရမယ့္ အေၾကာင္းအရာက ကိုယ္လုပ္ခဲ့ဖူးတဲ့ လုပ္ငန္းအေတြ႕အၾကံဳေတြအေၾကာင္းျဖစ္ျပီး ၾကာခ်ိန္က ၃ မိနစ္ကေန ၅ မိနစ္အထိသာ ျဖစ္သင့္ပါတယ္။

၂။ ကိုယ့္ရဲ႕အားနည္းခ်က္၊ အားသာခ်က္ေတြကို ၃ ခ်က္စီေလာက္ စဥ္းစားထားသင့္ပါတယ္။ အားသာခ်က္က ျပႆနာမရိွေပမယ့္ အားနည္းခ်က္ကိုေျပာတဲ့အခါ ျပႆနာရိွလာပါတယ္။ ဥပမာ ကိုယ္က Sales (အေရာင္း) နဲ႔ ပတ္သက္တဲ့ Position မ်ိဳးကို ေလွ်ာက္တယ္ ဆိုပါစို႔။ အဲ့ဒါကို ကိုယ့္အားနည္းခ်က္အေၾကာင္းေျပာတဲ့အခါ “ကြ်န္ေတာ္/ကြ်န္မက စကားနည္းပါတယ္၊ သိပ္ျပီး သြက္သြက္လက္လက္ မေနတတ္ဘူး” လို႔မ်ား ေျပာလိုက္မိရင္ အလုပ္ရနိုင္မယ့္ ရာခိုင္ႏႈန္းက နည္းသြားပါလိမ့္မယ္။ အားနည္းခ်က္ကို လိမ္ညာခိုင္းတာမဟုတ္ပါဘူး။ အဓိကက ကိုယ္ေျဖလိုက္တဲ့ အားနည္းခ်က္ေတြက ကိုယ္ေလွ်ာက္တဲ့အလုပ္ကို တိုက္ရိုက္ထိခိုက္ျခင္းမရိွတဲ့ဟာမ်ိဳးေတြဆို ပိုအဆင္ေျပပါလိမ့္မယ္။ လိမ္မာပါးနပ္ဖို႕ လိုအပ္ပါတယ္။

၃။ တကယ့္ Professional ဆန္တဲ့ အင္တာဗ်ဴးေမးသူအမ်ားစုက သူတို႔ကပဲ ေမးျမန္းေနတာမ်ိဳးမဟုတ္ပဲ စကား အျပန္အလွန္ေျပာ၊ ေဆြးေႏြးတဲ့ အေနအထားမ်ိဳးျဖစ္ေအာင္ ဖန္တီးတတ္ၾကပါတယ္။ အဲ့ဒီအခါ သူတို႔က သူတို႔လုပ္ငန္းအေၾကာင္း၊ အဲဒီအလုပ္အတြက္ ဘယ္လိုလူမ်ိဳး ရွာေနပါတယ္၊ ဘာေတြလိုအပ္ပါတယ္ ဆိုတဲ့အေၾကာင္း  ေျပာျပေလ့ရိွၾကပါတယ္။ အဲဒီအခ်ိန္မွာ ကိုယ္က ေသခ်ာနားေထာင္ျပီး သူေျပာလိုက္တဲ့ လိုအပ္ခ်က္ေတြက ကိုယ့္မွာရိွေနျပီးသားျဖစ္ေနခဲ့ရင္ ဒါေတြကိုျပန္အသံုးခ်လို႔ရပါတယ္။ ဥပမာ မင္းနဲ႔ဒီအလုပ္ ဘာေၾကာင့္သင့္ေတာ္တယ္လို႔ထင္တာလဲဆိုတဲ့ ေမးခြန္းမ်ိဳးအတြက္ေပါ့။

၄။ ကိုယ္အလုပ္ေလွ်ာက္မယ့္ Company အေၾကာင္းနဲ႔ Job Descriptions (လုပ္ငန္းလိုအပ္ခ်က္ေတြ) အေၾကာင္း ၾကိဳတင္ေလ့လာထားဖို႔ လိုအပ္ပါတယ္။ အနည္းဆံုးေတာ့ Company Website ကို ၀င္ၾကည့္ထားသင့္ပါတယ္။ ျပီးေတာ့ သူတို႔ရဲ႕ Update အျဖစ္ဆံုးသတင္းေတြကို သိထားသင့္ပါတယ္။ တကယ္ဆိုရင္ ဒါဟာ အလုပ္မေလွ်ာက္ခင္ကတည္းက လုပ္သင့္တဲ့အရာတစ္ခုျဖစ္ပါတယ္။ ဘာမွန္း ညာမွန္း မသိပဲေလွ်ာက္လိုက္ျပီး ရသြားတဲ့အလုပ္ဟာ ေရရွည္ခံေလ့မရိွပါဘူး။ လုပ္ငန္းအေၾကာင္း၊ Company အေၾကာင္း မသိ၊ နားမလည္ထားတဲ့သူဟာ အလုပ္၀င္ျပီး တစ္လ၊ နွစ္လ အတြင္း အလုပ္သစ္ရွာဖို႕ စဥ္းစားတတ္ၾကပါတယ္။

၅။ ေနာက္ဆံုးအေနနဲ႔ ကိုယ့္ဘက္က ျပန္ျပီးေမးမယ့္ ေမးခြန္းေတြ စဥ္းစားထားသင့္ပါတယ္။ အင္တာဗ်ဴးေမးတဲ့သူေတြအေနနဲ႔လည္း အလုပ္လာေလွ်ာက္တဲ့သူေတြကို သူတို႔ေမးခြန္းေတြကို ျပန္ေျဖဖို႕ အခ်ိန္တစ္ခုေပးထားသင့္ပါတယ္။ ဒီက Culture အရ အလုပ္ေလွ်ာက္တဲ့သူေတြက အလုပ္ရွင္ေတြကို နဂိုကတည္းက ေၾကာက္ေန၊ အားနာေန တတ္ၾကပါတယ္။ အဲဒီအခါ ကိုယ့္မွာ ေမးခြန္းေတြရိွရဲ႕သားနဲ႕ မေမးျဖစ္ၾကေတာ့ပါဘူး။ ထိုအက်င့္ေတြကို ေဖ်ာက္ထားသင့္ပါတယ္။ ကိုယ္သိခ်င္တဲ့၊ မရွင္းလိုက္တဲ့ ကိစၥေတြအတြက္ ေမးခြန္းေတြ ျပန္ေမးတာကို ဘယ္သူမွ ျငိဳျငင္မွာမဟုတ္ပါဘူး။

အထက္ပါ အခ်က္ေတြဟာ အဓိကက်တဲ့အေၾကာင္းအရာ တစ္ခ်ိဳ႕ကိုပဲ ေဖာ္ျပထားတာျဖစ္ျပီး တကယ္တမ္း အင္တာဗ်ဴးအတြက္ျပင္ဆင္ျခင္းဟာ ဒီထက္မက ျပည့္စံုေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ ဒီအခ်က္ေတြကို ျပင္ဆင္ရင္း အင္တာဗ်ဴးေတြေျဖဆိုတဲ့ေနရာမွာ အဆင္ေျပေခ်ာေမြ႕ျပီး ေအာင္ျမင္ၾကပါေစ။

(Unicode Version)

Interview Preparation (အင်တာဗျူးအတွက် ပြင်ဆင်ခြင်း)

(မိမိတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းသာမဟုတ်ခဲ့ဘူးဆိုရင်) လုပ်ငန်းခွင်ဝင်တဲ့အခါ ပထမဆုံးကြုံတွေ့ရမယ့်အရာကအင်တာဗျူးပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်းအရည်အချင်း၊ အရည်အသွေးမတိမ်းမယိမ်းနဲ့ အလုပ်လျှောက်သူတွေများလာတဲ့ ဒီနေ့ခေတ်မှာ သူတိို့အတွက် အမှန်တကယ်လိုအပ်နေတဲ့ဝန်ထမ်းမျိုးကိုရဖို့အတွက် သေချာစီစစ်ပြီး ရွေးချယ်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်အင်တာဗျူးဖြေရမယ့် ၀န်ထမ်းတွေအနေနဲ့ တစ်ဖက်ကမေးနိုင်မယ့် မေးခွန်း၊ ကိုယ့်ရဲ့အဖြေတွေနဲ့ ဖြေဆိုမယ့်ပုံစံတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသင့်ပါတယ်။ အင်တာဗျူးဖြေတဲ့ အတွေ့အကြံုများတဲ့သူတွေအနေနဲ့တောင် ချောချောမွေ့မွေ့ဖြေဆိုနိုင်ဖို့ပြင်ဆင်မှုတွေလိုအပ်ပါတယ်။
ဘာတွေအဓိကထားပြီး ပြင်ဆင်ထားသင့်လဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ ကိုယ့်အကြောင်းကိုယ်မိတ်ဆက်တဲ့ Introduction ကို မြန်မာလိုသာမက English လိုပါ ပြင်ဆင်ထားသင့်ပါတယ်။ အဓိကပြောရမယ့် အကြောင်းအရာက ကိုယ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းအတွေ့အကြံုတွေအကြောင်းဖြစ်ပြီး ကြာချိန်က ၃ မိနစ်ကနေ ၅ မိနစ်အထိသာ ဖြစ်သင့်ပါတယ်။

၂။ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို ၃ ချက်စီလောက် စဉ်းစားထားသင့်ပါတယ်။ အားသာချက်က ပြဿနာမရှိပေမယ့် အားနည်းချက်ကိုပြောတဲ့အခါ ပြဿနာရှိလာပါတယ်။ ဥပမာ ကိုယ်က Sales (အရောင်း) နဲ့ ပတ်သက်တဲ့ Position မျိုးကို လျှောက်တယ် ဆိုပါစို့။ အဲ့ဒါကို ကိုယ့်အားနည်းချက်အကြောင်းပြောတဲ့အခါ “ကျွန်တော်/ကျွန်မက စကားနည်းပါတယ်၊ သိပ်ပြီး သွက်သွက်လက်လက် မနေတတ်ဘူး” လို့များ ပြောလိုက်မိရင် အလုပ်ရနိုင်မယ့် ရာခိုင်နှုန်းက နည်းသွားပါလိမ့်မယ်။ အားနည်းချက်ကို လိမ်ညာခိုင်းတာမဟုတ်ပါဘူး။ အဓိကက ကိုယ်ဖြေလိုက်တဲ့ အားနည်းချက်တွေက ကိုယ်လျှောက်တဲ့အလုပ်ကို တိုက်ရိုက်ထိခိုက်ခြင်းမရှိတဲ့ဟာမျိုးတွေဆို ပိုအဆင်ပြေပါလိမ့်မယ်။ လိမ်မာပါးနပ်ဖို့ လိုအပ်ပါတယ်။

၃။ တကယ့် Professional ဆန်တဲ့ အင်တာဗျူးမေးသူအများစုက သူတို့ကပဲ မေးမြန်းနေတာမျိုးမဟုတ်ပဲ စကား အပြန်အလှန်ပြော၊ ဆွေးနွေးတဲ့ အနေအထားမျိုးဖြစ်အောင် ဖန်တီးတတ်ကြပါတယ်။ အဲ့ဒီအခါ သူတို့က သူတို့လုပ်ငန်းအကြောင်း၊ အဲဒီအလုပ်အတွက် ဘယ်လိုလူမျိုး ရှာနေပါတယ်၊ ဘာတွေလိုအပ်ပါတယ် ဆိုတဲ့အကြောင်း  ပြောပြလေ့ရှိကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က သေချာနားထောင်ပြီး သူပြောလိုက်တဲ့ လိုအပ်ချက်တွေက ကိုယ့်မှာရှိနေပြီးသားဖြစ်နေခဲ့ရင် ဒါတွေကိုပြန်အသုံးချလို့ရပါတယ်။ ဥပမာ မင်းနဲ့ဒီအလုပ် ဘာကြောင့်သင့်တော်တယ်လို့ထင်တာလဲဆိုတဲ့ မေးခွန်းမျိုးအတွက်ပေါ့။

၄။ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်းနဲ့ Job Descriptions (လုပ်ငန်းလိုအပ်ချက်တွေ) အကြောင်း ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ Company Website ကို ၀င်ကြည့်ထားသင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့ Update အဖြစ်ဆုံးသတင်းတွေကို သိထားသင့်ပါတယ်။ တကယ်ဆိုရင် ဒါဟာ အလုပ်မလျှောက်ခင်ကတည်းက လုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘာမှန်း ညာမှန်း မသိပဲလျှောက်လိုက်ပြီး ရသွားတဲ့အလုပ်ဟာ ရေရှည်ခံလေ့မရှိပါဘူး။ လုပ်ငန်းအကြောင်း၊ Company အကြောင်း မသိ၊ နားမလည်ထားတဲ့သူဟာ အလုပ်ဝင်ပြီး တစ်လ၊ နှစ်လ အတွင်း အလုပ်သစ်ရှာဖို့ စဉ်းစားတတ်ကြပါတယ်။

၅။ နောက်ဆုံးအနေနဲ့ ကိုယ့်ဘက်က ပြန်ပြီးမေးမယ့် မေးခွန်းတွေ စဉ်းစားထားသင့်ပါတယ်။ အင်တာဗျူးမေးတဲ့သူတွေအနေနဲ့လည်း အလုပ်လာလျှောက်တဲ့သူတွေကို သူတို့မေးခွန်းတွေကို ပြန်ဖြေဖို့ အချိန်တစ်ခုပေးထားသင့်ပါတယ်။ ဒီက Culture အရ အလုပ်လျှောက်တဲ့သူတွေက အလုပ်ရှင်တွေကို နဂိုကတည်းက ကြောက်နေ၊ အားနာနေ တတ်ကြပါတယ်။ အဲဒီအခါ ကိုယ့်မှာ မေးခွန်းတွေရှိရဲ့သားနဲ့ မမေးဖြစ်ကြတော့ပါဘူး။ ထိုအကျင့်တွေကို ဖျောက်ထားသင့်ပါတယ်။ ကိုယ်သိချင်တဲ့၊ မရှင်းလိုက်တဲ့ ကိစ္စတွေအတွက် မေးခွန်းတွေ ပြန်မေးတာကို ဘယ်သူမှ ငြိုငြင်မှာမဟုတ်ပါဘူး။

အထက်ပါ အချက်တွေဟာ အဓိကကျတဲ့အကြောင်းအရာ တစ်ချို့ကိုပဲ ဖော်ပြထားတာဖြစ်ပြီး တကယ်တမ်း အင်တာဗျူးအတွက်ပြင်ဆင်ခြင်းဟာ ဒီထက်မက ပြည့်စုံကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို ပြင်ဆင်ရင်း အင်တာဗျူးတွေဖြေဆိုတဲ့နေရာမှာ အဆင်ပြေချောမွေ့ပြီး အောင်မြင်ကြပါစေ။