facebook tracking image

Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

လစာ ဘယ္ေလာက္ ေတာင္းသင့္သလဲ? Let’s figure out what you’re worth.

Posted on 14/12/2016 by Haymar SuSuSan

W1siziisijiwmtyvmtivmtqvmdqvmjevmzyvnjg3l0rvbgxhciaylmpwzyjdlfsiccisinrodw1iiiwimzawediymfx1mdazzsjdxq

(Zaw Gyi Version)

လစာ ဘယ္ေလာက္ ေတာင္းသင့္သလဲ? Let’s figure out what you’re worth.

‘အလုပ္ရဖို႕ ခက္လိုက္တာ…’ ဆိုတဲ့ ညည္းသံအမ်ားစုရဲ႕တရားခံက ဒီအေၾကာင္းေၾကာင့္ျဖစ္နိုင္ပါတယ္။ ဒီနိုင္ငံမွာ နိုင္ငံျခားကုမၸဏီေတြက ရင္းနီွးျမွဳပ္နံွမႈေတြ အရိွန္ရလာတဲ့အတြက္ အလုပ္ရွင္၊ အလုပ္သမားေစ်းကြက္ဟာ အေျပာင္းအလဲၾကီးတစ္ခုျဖစ္လာပါတယ္။ ဒါဟာ ေကာင္းတဲ့သက္ေရာက္မႈရိွသလို၊ မေကာင္းတဲ့အခ်က္ေတြလည္း ရိွပါတယ္။ ဥပမာ၊ ကုမၸဏီတစ္ခုမွာ အလုပ္ေလွ်ာက္တဲ့အခါ လစာဘယ္ေလာက္ေတာင္းသင့္သလဲဆိုတဲ့အခ်က္က အစ ဆံုးျဖတ္ဖို႕ မလြယ္ကူေတာ့တာေတြ႕ရမွာပါ။ ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေတြက ကိုယ္လစာ ဘယ္ေလာက္ေတာင္းသင့္သလဲဆိုတဲ့ ေမးခြန္းအတြက္ အေထာက္အကူျဖစ္ပါလိမ့္မယ္။

၁။ ေစ်းကြက္ကို ေလ့လာပါ။

ဘယ္ကုမၸဏီမဆို ၀န္ထမ္းေတြကို ထိုက္သင့္တဲ့လစာေပးဖို႔ စဥ္းစားတဲ့အခါ ေစ်းကြက္မွာ ဘယ္ေလာက္ ရိွေနသလဲဆိုတာ အရင္ေလ့လာၾကပါတယ္။ အျဖစ္နိုင္ဆံုးက ကိုယ့္ရဲ႕ Competitor ျပိဳင္ဘက္ကုမၸဏီက ဘယ္ေလာက္ေပးေနသလဲဆိုတာ ၾကည့္တတ္ၾကပါတယ္။ ကိုယ္က သူတို႔အတြက္ မမွ်တတဲ့ လစာကို ေတာင္းဆိုလိုက္မယ္ဆိုရင္ အလုပ္အင္တာဗ်ဴး၀င္နိုင္မယ့္ အခြင့္အေရးက နည္းသြားပါလိမ့္မယ္။ CV ျပင္တဲ့အခါ၊ အလုပ္ေလွ်ာက္တဲ့အခါ အခ်ိန္ယူရပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ေရာ၊ သူတို႔အတြက္ေရာ အလကားအခ်ိန္ကုန္တာမ်ိဳးမျဖစ္ရေအာင္ အစကတည္းက Company အေနအထားကိုၾကည့္ျပီး လစာကို ေတာင္းဆိုသင့္ပါတယ္။

၂။ ေနာက္ဆံုးရခဲ့တဲ့လစာနဲ႔နိုွင္းယွဥ္ပါ။

ႏိုင္ငံတကာစံႏႈန္းနဲ႔ တိုင္းတာရင္ပဲျဖစ္ျဖစ္၊ လက္ေတြ႕အက်ဆံုး လစာတိုးေတာင္းသင့္တဲ့အေနအထားကို စဥ္းစားရင္ပဲျဖစ္ျဖစ္ ၄၀% ဟာ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။ ဥပမာ၊ လက္ရိွကုမၸဏီမွာ ဆယ္သိန္းရေနတယ္ ဆိုပါစို႔။ အလုပ္သစ္ကိုေျပာင္းတဲ့အခါ ကိုယ့္ရဲ႕ေမွ်ာ္မွန္းလစာက ဆယ့္ေလးသိန္း၀န္းက်င္ဆိုရင္ ဒါဟာ အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ား လက္ခံစဥ္းစားနိုင္တဲ့ ပမာဏတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာ ပံုေသနည္း တစ္ခုမဟုတ္ပါဘူး။ ကိုယ္ေျပာင္းမယ့္ အလုပ္သစ္ေပၚမူတည္ျပီး အဆင္ေျပသလို Adjust လုပ္ျပီး စဥ္းစားသင့္ပါတယ္။

၃။ ကိုယ့္ရဲ႕ Flexibility ကိုၾကည့္ပါ။

Flexibility ဆိုတာ ကိုယ့္ရဲ႕စား၀တ္ေနေရးအေျခအေနအတြက္ လံုေလာက္မယ့္ ပမာဏတစ္ခုကို ပ်မ္းမွ်တြက္ခ်က္ၾကည့္ျပီး ေတာင္းဆိုရမယ့္ပမာဏကို ဆိုလိုခ်င္တာျဖစ္ပါတယ္။ ဥပမာ၊ ကိုယ္က စား၀တ္ေနေရးအတြက္ တစ္လကို သံုးသိန္းေလာက္ ကုန္က်တယ္ဆိုပါစို႔။ မိသားစုကို ေထာက္ပံ့တာ တစ္သိန္း၊ ျပီးရင္ က်န္းမာေရးနဲ႔ တျခားမျမင္နိုင္တဲ့ အေျခအေနအေၾကာင္းတရားေတြအတြက္ တစ္သိန္း ခ်န္ထားရမယ္ဆိုရင္ ကိုယ့္ရဲ႕တစ္လစာ၀င္ေငြဟာ ငါးသိန္းထက္နည္းေနရင္ အလုပ္ကို ေသခ်ာ အာရံုစိုက္နိုင္မွာ မဟုတ္ေတာ့ပါဘူး။ ကိုယ္ဘယ္ေလာက္ပဲ ၀ါသနာပါတဲ့ေပ်ာ္တဲ့အလုပ္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀ကို Balance ပ်က္သြားနိုင္တဲ့ အလုပ္မ်ိဳးဆိုရင္ နွစ္ခါျပန္စဥ္းစားသင့္ပါတယ္။

၄။ အလုပ္သစ္ရဲ႕Location (ေနရာ)၊ တျခား Benefits, Allowances နဲ႔ ကိုယ့္အတြက္ Career Development ေတြကို ၾကည့္ပါ။

လစာေတာင္းမယ့္ ပမာဏကို ဆံုးျဖတ္တဲ့အခါ မျဖစ္မေနထည့္ျပီး စဥ္းစားရမယ့္အခ်က္ေတြ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ေမွ်ာ္မွန္းလစာကို ေပးနိုင္ေပမယ့္ အလုပ္ေနရာက အရမ္းေ၀းေနတဲ့အခါ ကုန္က်မယ့္ သြားလာစရိတ္ဟာ ထည့္စဥ္းစားရမယ့္အခ်က္တစ္ခု ျဖစ္လာပါတယ္။ အထူးသျဖင့္ ရန္ကုန္လို Taxi ေတြနဲ႕ သြားလာရတဲ့ျမိဳ႕ဆိုရင္ ပိုျပီးေသခ်ာတြက္ခ်က္သင့္ပါတယ္။ ဒါမွမဟုတ္ ကိုယ့္ရဲ႕ ေမွ်ာ္မွန္းလစာကို မေပးနိုင္ေပမယ့္ ဖယ္ရီရိွတာမ်ိဳး၊ Saturday, Sunday ပိတ္တာမ်ိဳး စတဲ့ Facilities ေတြေပးနိုင္မယ္ဆိုရင္ေတာ့ ခုနကအခ်က္ကို ေလွ်ာ့ေပါ့စဥ္းစားနိုင္မွာျဖစ္ပါတယ္။

အထက္ပါအခ်က္ေတြဟာ အလုပ္အေတြ႕အၾကံဳရိွျပီးသား ၀န္ထမ္းေတြကို ရည္ရြယ္တာျဖစ္ျပီး ေယဘုယ် သေဘာ ေဖာ္ျပထားတာျဖစ္ပါတယ္။ တကယ္လို႔ အလုပ္မလုပ္ဖူးေသးတဲ့ ဘဲြ႕ရကာစလူငယ္ေတြဆိုရင္ေတာ့ ကို္ယ့္ပတ္၀န္းက်င္မွာရိွတဲ့ ၀န္ထမ္းေတြနဲ႔ ကိုယ္အလုပ္ေလွ်ာက္ခ်င္တဲ့ Company က ၀န္ထမ္းေတြရဲ႕ အေျခခံလစာကို ေလ့လာျပီးမွ ေတာင္းဆိုတာမ်ိဳး ျဖစ္သင့္ပါတယ္။

(Unicode Version)

လစာ ဘယ်လောက် တောင်းသင့်သလဲ? Let’s figure out what you’re worth.

‘အလုပ်ရဖို့ ခက်လိုက်တာ…’ ဆိုတဲ့ ညည်းသံအများစုရဲ့တရားခံက ဒီအကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်ရလာတဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားစျေးကွက်ဟာ အပြောင်းအလဲကြီးတစ်ခုဖြစ်လာပါတယ်။ ဒါဟာ ကောင်းတဲ့သက်ရောက်မှုရှိသလို၊ မကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဥပမာ၊ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တဲ့အခါ လစာဘယ်လောက်တောင်းသင့်သလဲဆိုတဲ့အချက်က အစ ဆုံးဖြတ်ဖို့ မလွယ်ကူတော့တာတွေ့ရမှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်တွေက ကိုယ်လစာ ဘယ်လောက်တောင်းသင့်သလဲဆိုတဲ့ မေးခွန်းအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

၁။ စျေးကွက်ကို လေ့လာပါ။

ဘယ်ကုမ္ပဏီမဆို ၀န်ထမ်းတွေကို ထိုက်သင့်တဲ့လစာပေးဖို့ စဉ်းစားတဲ့အခါ စျေးကွက်မှာ ဘယ်လောက် ရှိနေသလဲဆိုတာ အရင်လေ့လာကြပါတယ်။ အဖြစ်နိုင်ဆုံးက ကိုယ့်ရဲ့ Competitor ပြိုင်ဘက်ကုမ္ပဏီက ဘယ်လောက်ပေးနေသလဲဆိုတာ ကြည့်တတ်ကြပါတယ်။ ကိုယ်က သူတို့အတွက် မမျှတတဲ့ လစာကို တောင်းဆိုလိုက်မယ်ဆိုရင် အလုပ်အင်တာဗျူးဝင်နိုင်မယ့် အခွင့်အရေးက နည်းသွားပါလိမ့်မယ်။ CV ပြင်တဲ့အခါ၊ အလုပ်လျှောက်တဲ့အခါ အချိန်ယူရပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ရော၊ သူတို့အတွက်ရော အလကားအချိန်ကုန်တာမျိုးမဖြစ်ရအောင် အစကတည်းက Company အနေအထားကိုကြည့်ပြီး လစာကို တောင်းဆိုသင့်ပါတယ်။

၂။ နောက်ဆုံးရခဲ့တဲ့လစာနဲ့နိုှင်းယှဉ်ပါ။

နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာရင်ပဲဖြစ်ဖြစ်၊ လက်တွေ့အကျဆုံး လစာတိုးတောင်းသင့်တဲ့အနေအထားကို စဉ်းစားရင်ပဲဖြစ်ဖြစ် ၄၀% ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဥပမာ၊ လက်ရှိကုမ္ပဏီမှာ ဆယ်သိန်းရနေတယ် ဆိုပါစို့။ အလုပ်သစ်ကိုပြောင်းတဲ့အခါ ကိုယ့်ရဲ့မျှော်မှန်းလစာက ဆယ့်လေးသိန်းဝန်းကျင်ဆိုရင် ဒါဟာ အလုပ်ရှင်တော်တော်များများ လက်ခံစဉ်းစားနိုင်တဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပုံသေနည်း တစ်ခုမဟုတ်ပါဘူး။ ကိုယ်ပြောင်းမယ့် အလုပ်သစ်ပေါ်မူတည်ပြီး အဆင်ပြေသလို Adjust လုပ်ပြီး စဉ်းစားသင့်ပါတယ်။

၃။ ကိုယ့်ရဲ့ Flexibility ကိုကြည့်ပါ။

Flexibility ဆိုတာ ကိုယ့်ရဲ့စားဝတ်နေရေးအခြေအနေအတွက် လုံလောက်မယ့် ပမာဏတစ်ခုကို ပျမ်းမျှတွက်ချက်ကြည့်ပြီး တောင်းဆိုရမယ့်ပမာဏကို ဆိုလိုချင်တာဖြစ်ပါတယ်။ ဥပမာ၊ ကိုယ်က စားဝတ်နေရေးအတွက် တစ်လကို သုံးသိန်းလောက် ကုန်ကျတယ်ဆိုပါစို့။ မိသားစုကို ထောက်ပံ့တာ တစ်သိန်း၊ ပြီးရင် ကျန်းမာရေးနဲ့ တခြားမမြင်နိုင်တဲ့ အခြေအနေအကြောင်းတရားတွေအတွက် တစ်သိန်း ချန်ထားရမယ်ဆိုရင် ကိုယ့်ရဲ့တစ်လစာဝင်ငွေဟာ ငါးသိန်းထက်နည်းနေရင် အလုပ်ကို သေချာ အာရုံစိုက်နိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ်ဘယ်လောက်ပဲ ၀ါသနာပါတဲ့ပျော်တဲ့အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို Balance ပျက်သွားနိုင်တဲ့ အလုပ်မျိုးဆိုရင် နှစ်ခါပြန်စဉ်းစားသင့်ပါတယ်။

၄။ အလုပ်သစ်ရဲ့Location (နေရာ)၊ တခြား Benefits, Allowances နဲ့ ကိုယ့်အတွက် Career Development တွေကို ကြည့်ပါ။

လစာတောင်းမယ့် ပမာဏကို ဆုံးဖြတ်တဲ့အခါ မဖြစ်မနေထည့်ပြီး စဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့မျှော်မှန်းလစာကို ပေးနိုင်ပေမယ့် အလုပ်နေရာက အရမ်းဝေးနေတဲ့အခါ ကုန်ကျမယ့် သွားလာစရိတ်ဟာ ထည့်စဉ်းစားရမယ့်အချက်တစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ရန်ကုန်လို Taxi တွေနဲ့ သွားလာရတဲ့မြို့ဆိုရင် ပိုပြီးသေချာတွက်ချက်သင့်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ မျှော်မှန်းလစာကို မပေးနိုင်ပေမယ့် ဖယ်ရီရှိတာမျိုး၊ Saturday, Sunday ပိတ်တာမျိုး စတဲ့ Facilities တွေပေးနိုင်မယ်ဆိုရင်တော့ ခုနကအချက်ကို လျှော့ပေါ့စဉ်းစားနိုင်မှာဖြစ်ပါတယ်။

အထက်ပါအချက်တွေဟာ အလုပ်အတွေ့အကြုံရှိပြီးသား ၀န်ထမ်းတွေကို ရည်ရွယ်တာဖြစ်ပြီး ယေဘုယျ သဘော ဖော်ပြထားတာဖြစ်ပါတယ်။ တကယ်လို့ အလုပ်မလုပ်ဖူးသေးတဲ့ ဘွဲ့ရကာစလူငယ်တွေဆိုရင်တော့ ကို်ယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ၀န်ထမ်းတွေနဲ့ ကိုယ်အလုပ်လျှောက်ချင်တဲ့ Company က ၀န်ထမ်းတွေရဲ့ အခြေခံလစာကို လေ့လာပြီးမှ တောင်းဆိုတာမျိုး ဖြစ်သင့်ပါတယ်။