facebook tracking image

Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

အလုပ္ရွင္ေတြ သေဘာက်တတ္တဲ့ အရည္အခ်င္းမ်ား

Posted on 1/02/2017 by Haymar SuSuSan

W1siziisijiwmtcvmdivmdevmdgvmjuvmtgvnjqylzeucg5nil0swyjwiiwidgh1bwiilcizmdb4mjiwxhuwmdnlil1d

အလုပ္ရွင္ေတြ သေဘာက်တတ္တဲ့ အရည္အခ်င္းမ်ား

လုပ္ငန္းခြင္ထဲေရာက္တဲ့အခါ အလုပ္ရွင္ေတြရဲ႕ Favorite ဆိုတဲ့သူေတြကို ၾကံဳေတြ႕ဖူးေကာင္း ၾကံဳေတြ႕ဖူးပါလိမ့္မယ္။ သူတို႔မွာလည္း အဲဒီလို Favorite ျဖစ္ရတဲ့အေၾကာင္းျပခ်က္ေတြ ကိုယ္စီ ရိွၾကပါလိမ့္မယ္။ ဒီလိုမတူညီတဲ့ အေၾကာင္းရင္းေတြထဲကမွ အမ်ားစုမွာေတြ႕ရေလ့ရိွတဲ့ အရည္အခ်င္းေတြကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

Personality

ဒါဟာ လူတိုင္းအတြက္ ဘယ္အလုပ္မွာမဆို စကားေျပာတဲ့အရည္အခ်င္းတစ္ခုျဖစ္ပါတယ္။ Personality ေကာင္းတယ္ဆိုတဲ့သူေတြဟာ သူတို႕ရဲ႕ Life ကို ေက်နပ္လက္ခံျပီး ကိစၥတိုင္းကို Balance ျဖစ္ေအာင္ ေနထိုင္ျပဳမႈတတ္တဲ့သူေတြျဖစ္ပါတယ္။ သူတို႔ဟာ ကိုယ့္ကိုယ္ကို အရမ္းေတာ္တယ္၊ အရမ္းညံ့တယ္လို႔ထင္တတ္ၾကတဲ့ အစြန္းနွစ္ဖက္ကေနလြတ္ေျမာက္တဲ့သူေတြျဖစ္ၾကပါတယ္။ လူခ်စ္၊ လူခင္မ်ားျပီး အလုပ္ကို ေစတနာပါပါလုပ္ေလ့ရိွတဲ့အတြက္ အလုပ္ရွင္ေတြက သေဘာက်ၾကပါတယ္။

Professionalism

သူက ‘Professional’ ဆန္တယ္၊ သူကေတာ့ လံုး၀ ‘Professional’ မဆန္ဘူး စသျဖင့္ လူေတြေျပာဆိုတာ ၾကားဖူးၾကပါလိမ့္မယ္။ လုပ္ငန္းကြ်မ္းက်င္မႈအျပင္ ကိုယ္လုပ္တဲ့အလုပ္အေပၚတာ၀န္ယူတတ္တဲ့စိတ္ကလည္း Professional ဆန္တာပါပဲ။ တစ္နည္းေျပာရရင္ ကိုယ္လုပ္လိုက္တဲ့အမွားတစ္ခုေပၚ တာ၀န္ယူ ေျဖရွင္းရဲတာမ်ိဳး၊ ကိုယ့္လက္ေအာက္ငယ္သားေတြအေပၚ Personal အရမဟုတ္ပဲ Performance ကိုၾကည့္ျပီး အကဲျဖတ္တာမ်ိဳး၊ Company ကခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြကို လိုက္နာတတ္တာမ်ိဳးေတြကလည္း Professional ဆန္တာပါပဲ။ ဒီလိုလူမ်ိဳးေတြကို ဘာေၾကာင့္အလုပ္ရွင္္ေတြသေဘာက်သလဲဆိုေတာ့ အထူးေျပာစရာလိုမယ္မထင္ပါဘူး။

Common Sense

ျပႆနာအေသးေလးပဲျဖစ္ျဖစ္၊ အၾကီးၾကီးပဲျဖစ္ျဖစ္ၾကံဳလာတဲ့အခါ ဘယ္ေလာက္ထိေကာင္းေကာင္း ေျဖရွင္းနိုင္တယ္ဆိုတဲ့အေျခအေနက ဒီအရည္အေသြးေပၚမွာ ေတာ္ေတာ္ေလးမူတည္ပါတယ္။ ဒါဟာ သင္ယူလို႔မရနိုင္တဲ့ အရည္အေသြးလို႔ေျပာၾကပါတယ္။ မဟုတ္ပါဘူး။ သင္ယူလို႔မရေပမယ့္ ေလ့့က်င့္ယူလို႔ရပါတယ္။ ဆက္စပ္ေတြးေခၚျပီး စဥ္းစားဆင္ျခင္တတ္တဲ့အေလ့အထရယ္၊ စာဖတ္ျခင္းရယ္ေၾကာင့္ ဒီအရည္အေသြးေတြ တိုးတက္လာနိုင္ပါတယ္။ အလုပ္ရွင္ေတြက သူတို႔ေခါင္းကိုက္ရမယ့္ ျပႆနာေတာ္ေတာ္မ်ားမ်ားကို ဒီလိုလူမ်ိဳးေတြက ေအးေအးေဆးေဆး ေျဖရွင္းနိုင္ၾကလို႔ သူတို႔သေဘာက်ၾကပါတယ္။

Creativity

ကြ်န္ေတာ္/ကြ်န္မတို႔အလုပ္က Design လုပ္ငန္းမွမဟုတ္တာ ဒါလိုအပ္လို႕လား လို႔ ေတြးေကာင္းေတြးနိုင္ပါတယ္။ တကယ္ေတာ့ ဒီအရည္အခ်င္းဟာ အလုပ္မေရြး၊ အခ်ိန္ေနရာမေရြး လိုအပ္တဲ့အရာတစ္ခုျဖစ္ပါတယ္။ ဥပမာ၊ ကိုယ္ေရြးခ်ယ္ထားတဲ့ ကိုယ့္ခ်စ္သူရည္းစားကို Creative ျဖစ္တဲ့ Anniversary အထိမ္းအမွတ္မ်ိဳး၊ Creative ျဖစ္တဲ့ လက္ေဆာင္မ်ိဳးစီစဥ္ေပးတာကို ဘယ္သူမဆို သေဘာက် နွစ္ျခိဳက္ၾကပါတယ္။ ဒီလိုပဲအလုပ္ရွင္ေတြကလည္း သူတို႔အလုပ္မွာ သမာရိုးက်လက္ရိွအေတြးအျမင္ထက္ စာရင္ သူမ်ားနဲ႔မတူတဲ့ Idea အသစ္အဆန္းေတြရိွတဲ့သူေတြကို ပိုသေဘာက်ၾကပါတယ္။


လက္ရိွေခတ္ဟာ လြန္ခဲ့တဲ့ဆယ္စုနွစ္ေတြဆီကလိုမဟုတ္ေတာ့ပဲ လူေတြရဲ႕အေတြးအေခၚေတြက အေကာင္းျမင္တဲ့ဘက္ကို ပိုျပီးေျပာင္းလဲလာၾကပါတယ္။ သူက ေတာ္တယ္ဆိုရင္ သူ႕လို ေတာ္ေအာင္ ဘယ္လိုလုပ္မလဲဆိုျပီး စဥ္းစားလာတတ္ၾကပါတယ္။ အထက္က အခ်က္ေတြကို ဖတ္ျပီး ကိုယ့္မွာလိုအပ္ေနတဲ့ အရည္အခ်င္းေတြကို ျပင္ဆင္ေလ့က်င့္နိုင္မယ္ဆိုရင္ အလုပ္ရွင္သာမက လူတိုင္းက သေဘာက် နွစ္သက္တဲ့သူ ျဖစ္လာမွာ အေသအခ်ာပါပဲ။


(Unicode Version)

အလုပ်ရှင်တွေ သဘောကျတတ်တဲ့ အရည်အချင်းများ

လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အလုပ်ရှင်တွေရဲ့ Favorite ဆိုတဲ့သူတွေကို ကြုံတွေ့ဖူးကောင်း ကြံုတွေ့ဖူးပါလိမ့်မယ်။ သူတို့မှာလည်း အဲဒီလို Favorite ဖြစ်ရတဲ့အကြောင်းပြချက်တွေ ကိုယ်စီ ရှိကြပါလိမ့်မယ်။ ဒီလိုမတူညီတဲ့ အကြောင်းရင်းတွေထဲကမှ အများစုမှာတွေ့ရလေ့ရှိတဲ့ အရည်အချင်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Personality

ဒါဟာ လူတိုင်းအတွက် ဘယ်အလုပ်မှာမဆို စကားပြောတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ Personality ကောင်းတယ်ဆိုတဲ့သူတွေဟာ သူတို့ရဲ့ Life ကို ကျေနပ်လက်ခံပြီး ကိစ္စတိုင်းကို Balance ဖြစ်အောင် နေထိုင်ပြုမှုတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို အရမ်းတော်တယ်၊ အရမ်းညံ့တယ်လို့ထင်တတ်ကြတဲ့ အစွန်းနှစ်ဖက်ကနေလွတ်မြောက်တဲ့သူတွေဖြစ်ကြပါတယ်။ လူချစ်၊ လူခင်များပြီး အလုပ်ကို စေတနာပါပါလုပ်လေ့ရှိတဲ့အတွက် အလုပ်ရှင်တွေက သဘောကျကြပါတယ်။

Professionalism

သူက ‘Professional’ ဆန်တယ်၊ သူကတော့ လုံးဝ ‘Professional’ မဆန်ဘူး စသဖြင့် လူတွေပြောဆိုတာ ကြားဖူးကြပါလိမ့်မယ်။ လုပ်ငန်းကျွမ်းကျင်မှုအပြင် ကိုယ်လုပ်တဲ့အလုပ်အပေါ်တာဝန်ယူတတ်တဲ့စိတ်ကလည်း Professional ဆန်တာပါပဲ။ တစ်နည်းပြောရရင် ကိုယ်လုပ်လိုက်တဲ့အမှားတစ်ခုပေါ် တာဝန်ယူ ဖြေရှင်းရဲတာမျိုး၊ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် Personal အရမဟုတ်ပဲ Performance ကိုကြည့်ပြီး အကဲဖြတ်တာမျိုး၊ Company ကချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာတတ်တာမျိုးတွေကလည်း Professional ဆန်တာပါပဲ။ ဒီလိုလူမျိုးတွေကို ဘာကြောင့်အလုပ်ရှင််တွေသဘောကျသလဲဆိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။

Common Sense

ပြဿနာအသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ်ကြံုလာတဲ့အခါ ဘယ်လောက်ထိကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတဲ့အခြေအနေက ဒီအရည်အသွေးပေါ်မှာ တော်တော်လေးမူတည်ပါတယ်။ ဒါဟာ သင်ယူလို့မရနိုင်တဲ့ အရည်အသွေးလို့ပြောကြပါတယ်။ မဟုတ်ပါဘူး။ သင်ယူလို့မရပေမယ့် လေ့့ကျင့်ယူလို့ရပါတယ်။ ဆက်စပ်တွေးခေါ်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့အလေ့အထရယ်၊ စာဖတ်ခြင်းရယ်ကြောင့် ဒီအရည်အသွေးတွေ တိုးတက်လာနိုင်ပါတယ်။ အလုပ်ရှင်တွေက သူတို့ခေါင်းကိုက်ရမယ့် ပြဿနာတော်တော်များများကို ဒီလိုလူမျိုးတွေက အေးအေးဆေးဆေး ဖြေရှင်းနိုင်ကြလို့ သူတို့သဘောကျကြပါတယ်။

Creativity

ကျွန်တော်/ကျွန်မတို့အလုပ်က Design လုပ်ငန်းမှမဟုတ်တာ ဒါလိုအပ်လို့လား လို့ တွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တော့ ဒီအရည်အချင်းဟာ အလုပ်မရွေး၊ အချိန်နေရာမရွေး လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဥပမာ၊ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်ချစ်သူရည်းစားကို Creative ဖြစ်တဲ့ Anniversary အထိမ်းအမှတ်မျိုး၊ Creative ဖြစ်တဲ့ လက်ဆောင်မျိုးစီစဉ်ပေးတာကို ဘယ်သူမဆို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီလိုပဲအလုပ်ရှင်တွေကလည်း သူတို့အလုပ်မှာ သမာရိုးကျလက်ရှိအတွေးအမြင်ထက် စာရင် သူများနဲ့မတူတဲ့ Idea အသစ်အဆန်းတွေရှိတဲ့သူတွေကို ပိုသဘောကျကြပါတယ်။


လက်ရှိခေတ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေဆီကလိုမဟုတ်တော့ပဲ လူတွေရဲ့အတွေးအခေါ်တွေက အကောင်းမြင်တဲ့ဘက်ကို ပိုပြီးပြောင်းလဲလာကြပါတယ်။ သူက တော်တယ်ဆိုရင် သူ့လို တော်အောင် ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားလာတတ်ကြပါတယ်။ အထက်က အချက်တွေကို ဖတ်ပြီး ကိုယ့်မှာလိုအပ်နေတဲ့ အရည်အချင်းတွေကို ပြင်ဆင်လေ့ကျင့်နိုင်မယ်ဆိုရင် အလုပ်ရှင်သာမက လူတိုင်းက သဘောကျ နှစ်သက်တဲ့သူ ဖြစ်လာမှာ အသေအချာပါပဲ။