facebook tracking image

Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

အင္ဂ်င္နီယာႏွင့္အလုပ္အကိုင္အခြင့္အလမ္း (Telecom Industry)

Posted on 8/02/2017 by Naung Thu Oo

W1siziisijiwmtcvmdivmdgvmdqvmjuvmtuvms9daxzpbcbfbmdpbmvlcmluzyaxmi5wbmcixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

(ZawGyi Version)

အင္ဂ်င္နီယာႏွင့္အလုပ္အကိုင္အခြင့္အလမ္း (Telecom Industry)

ပထမဆံုးအခ်က္အေနနဲ႔ ဒီ Article က ကၽြန္ေတာ္ရဲ႕ကိုယ္ပိုင္အျမင္နဲ႔ ထင္ျမင္ယူဆခ်က္ေတြအေပၚအေျခခံထားတာျဖစ္တဲ့အတြက္ လိုအပ္ခ်က္ေတြရိွခဲ့မယ္ဆိုရင္ အျပဳသေဘာဆန္တဲ့အၾကံျပဳခ်က္ေတြကို ၾကိဳဆိုပါတယ္။

ကၽြန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ ဖြံျဖိဳးဆဲကာလေတြမွာ အေတာ္ေလး အရိွန္ယူခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈနဲ႔အတူ အလုပ္အကိုင္အခြင့္အလမ္းေတြ ေတာ္ေတာ္ေလးမ်ားျပားလာတာကိုေတြ႔ရပါတယ္။

အလုပ္အကိုင္အခြင့္အလမ္းေတြ မ်ားျပားလာတဲ့အညီ အင္ဂ်င္နီယာေတာ္ေတာ္မ်ားမ်ားေလၽွာက္ခ်င္ၾကတဲ့ Industry သံုးခုရွိပါတယ္။ အဲဒါေတြကေတာ့

၁) Telecom Industry

၂) Construction Industry

၃) Manufacturing Industry တို႔ျဖစ္ပါတယ္။

အင္ဂ်င္နီယာေတြအေနနဲ႔ ျပီးခဲ့တဲ့ႏွစ္ေတြတုန္းကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ေခတ္စားတာနဲ႔အညီ Construction အပိုင္းကို ဦးစားေပးေလွ်ာက္ၾကတဲ့အေျခအေနေတြကို ေတြ႔ခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္နဲ႔အျပိဳင္ တျခားေသာေရြးခ်ယ္စရာအလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ေပါမ်ားလာေနျပီျဖစ္ပါတယ္။

တျခားအရာေတြကို ၾကည့္စရာမလိုပဲ ကၽြန္ေတာ္တို႔ေန႔စဥ္လူေနမႈဘဝေတြရဲ႕ မရိွမျဖစ္အစိတ္အပိုင္းျဖစ္လာတဲ့ မိုဘိုင္းဖုန္းေတြရဲ႕ ေအာ္ပေရတာေတြကသက္ေသပဲျဖစ္ပါတယ္။

ယခုလက္ရိွအခိ်န္အထိမွာေတာ့ (၁) MPT (၂) Ooredoo (၃) Telenor ဆိုတဲ့ Telecom Operator ၃ ခုဟာ ေစ်းကြက္ထဲမွာ အျပိဳင္အဆိုင္ဝန္ေဆာင္မႈေပးလွ်က္ရိွပါတယ္။ ၄ ခုေျမာက္ျဖစ္လာမယ့္ Mytel ကလည္း လုပ္ငန္းေတြစတင္လုပ္ကိုင္ေနျပီျဖစ္တဲ့အတြက္ သိပ္မၾကာေတာ့တဲ့အခိ်န္ကာလေတြမွာ ေစ်းကြက္ထဲမွာ ေတြ႔ရေတာ့မွာျဖစ္ပါတယ္။ ယေန႔ေခတ္မွာေတာ့ အင္ဂ်င္နီယာအလုပ္အကိုင္ေတြထဲမွာ ေရပန္းအစားဆံုးျဖစ္လို႔လာတာက Telecom Industry ျဖစ္လာတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။

ယခု Article မွာေတာ့ Telecom Industry မွာ လုပ္ကိုင္ေနၾကတဲ့ အင္ဂ်င္နီယာေတြအတြက္ Engineering Recruitment Consultant အေနနဲ႔ ကၽြန္ေတာ္သိထားတဲ့ အခ်က္အလက္ေလးေတြအနည္းငယ္ကို ေဝမွ်ေပးခ်င္ပါတယ္။

၁) ရည္မွန္းခ်က္ ပန္းတိုင္

Telecom Industry မွာ လုပ္ေနၾကတဲ့ အင္ဂ်င္နီယာေတြအေနနဲ႔ Telecom Operator Level အထိအေရာက္လွမ္းႏိုင္ဖို႔ကို ဦးစားေပးလာၾကပါတယ္။ Telecom Operator တစ္ေယာက္အတြက္ လိုအပ္တဲ့ လုပ္ငန္းအေတြ႔အၾကံဳေတြကို Telecom Operator ေတြရဲ႕ Vendor ေတြဆီမွာအဓိကသင္ယူသြားၾကတာကိုေတြ႔ရပါတယ္။ Telecom Vendor ေတြဆီမွာကေတာ့ Technical ပိုင္းနဲ႔ ပတ္သက္တဲ့အေတြ႔အၾကံဳေတြကိုေလ့လာဆည္းပူးႏိုင္ျပီး Telecom Operator ေတြမွာေတာ့ Management ပိုင္းနဲ႔ ပတ္သက္တဲ့ အေတြ႔အၾကံဳေတြကို ရယူႏိုင္မွာျဖစ္ပါတယ္။

၂) လုပ္ငန္းခြင္တည္ျမဲမႈ

အလုပ္ရွင္ေတြဘက္က အခုေနာက္ပိုင္း အဓိက  ၾကည့္လာၾကတဲ့အခ်က္တစ္ခ်က္ကေတာ့ အလုပ္တစ္ခုနဲ႔တစ္ခုကို မၾကာခဏ ကူးေျပာင္းေလ့ရိွတဲ့သူေတြကို သူတို႔ကုမၸဏီမွာအလုပ္ခန္႔ဖို႔ မေရြးခ်ယ္ခ်င္ၾကတာကို ကြ်န္ေတာ္ေတြ႔လာရပါတယ္။

တစ္ခိ်ဳ႕႔ေသာသူေတြဟာ လုပ္ငန္းခြင္စြမ္းေဆာင္မႈအပိုင္း၊ Technical အပိုင္းေတြမွာ ေတာ္ေတာ္ေလး Strong ျဖစ္ေပမယ့္ လုပ္ငန္းတစ္ခုနဲ႔တစ္ခုအကူးအေျပာင္းက အရမ္းကို ျမန္ဆန္လြန္းတာကိုေတြ႔ရပါတယ္။ လက္ရိွေရာက္ေနတဲ့ ေနရာတစ္ခုထက္ ျမင့္တဲ့ေနရာကို ေရာက္ဖို႔ကိုခုန္ရမွာျဖစ္ေပမယ့္ ခဏခဏခုန္ေနျခင္းက ကိုယ့္ရဲ႕ Resume ထဲမွာလည္း သိပ္မေကာင္းတဲ့အခ်က္တစ္ခုလိုျဖစ္လာပါလိမ့္မယ္။

၃) လုပ္ငန္းခြင္နဲ႔ Flexible ျဖစ္မႈ

Telecom Industry မွာ လုပ္ကိုင္ေနၾကတဲ့သူေတြအတြက္ကေတာ့ လူေပါင္းစံုနဲ႔ထိေတြ႔ရမွာျဖစ္သလို လုပ္ငန္းအခ်ိန္၊ လုပ္ငန္းေနရာမိ်ဳးစံုကိုလည္း အဆင္ေျပေျပသြားႏိုင္၊ လုပ္ႏိုင္ဖို႔လိုအပ္ပါတယ္။ အလုပ္ရဲ႕လိုအပ္ခ်က္အရ ခရီးသြားရျခင္း၊ အလုပ္အနည္းအမ်ားေပၚမူတည္ျပီး သတ္မွတ္ထားေသာ Working Hour ထက္ပိုျပီး အလုပ္လုပ္ရျခင္းတို႔လည္း ရိွလာႏိုင္တဲ့အတြက္ အဆင္ေျပစြာ ပူးေပါင္းလုပ္ကိုင္သြားႏိုင္ဖို႔အတြက္လည္း ေမွ်ာ္မွန္းထားသင့္ပါတယ္။

၄) လိုအပ္တဲ့ျဖည့္စြက္ခ်က္မ်ား

မိမိရဲ႕လက္ရိွ Skills ထက္ ပိုတက္လာေစဖို႔အတြက္ကို လုပ္ငန္းခြင္အေတြ႔အၾကံဳေတြအျပင္ ဘာသာစကားကြ်မ္းက်င္မႈကလည္း အေရးပါလို႔လာပါျပီ။ ႏိုင္ငံျခားရင္းႏီွးျမဳပ္ႏံွမႈေတြ ေတာ္ေတာ္မ်ားမ်ားဝင္လာတဲ့ အကိ်ဳးဆက္ကေတာ့ လုပ္ငန္းရွင္မ်ားက English ဘာသာစကားကၽြမ္းက်င္တဲ့ ပညာရွင္ေတြကိုသာ သူတို႔ Company မွာ ခန္႔အပ္လိုတဲ့ ဆႏၵရွိၾကပါတယ္။ လုပ္ငန္းခြင္ျပင္ပအခိ်န္ေတြမွာလည္း ကိုယ့္ဘဝတက္လွမ္းဖို႔အတြက္ လိုအပ္မယ့္ ဘာသာစကားသင္တန္းမ်ား၊ လုပ္ငန္းခြင္မွာ လက္ေတြ႔အသံုးခ်ႏိုင္မယ့္ ဆက္စပ္သင္တန္းမ်ားကိုလည္း တက္ထားသင့္ပါတယ္။

၅) ေကာင္းမြန္ေသာ ေပါင္းသင္းဆက္ဆံေရးစြမ္းရည္

ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ျခင္းဟာလည္း လုပ္ငန္းခြင္မွာသာမက လုပ္ငန္းခြင္ျပင္ပျဖစ္တဲ့ လူေနမႈဘ၀ကိုပါ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ရေစႏိုင္မွာျဖစ္ပါတယ္။ ေပ်ာ္ရႊင္တဲ့ လုပ္ငန္းခြင္အေျခအေနတစ္ခု ျဖစ္လာဖို႔အတြက္ ကိုယ္တိုင္လည္း ပူးေပါင္းပါ၀င္ ဖန္တီးသင့္တာျဖစ္သလို လုပ္ငန္းခြင္မွာေပ်ာ္ရႊင္မွသာ လုပ္ငန္းခြင္စြမ္းေဆာင္ရည္ Performance ပိုမိုတိုးတက္လာေစမွာလည္း ျဖစ္ပါတယ္။

အထက္ပါအခ်က္အလက္ေတြကို ေသေသခ်ာခ်ာသိရွိနားလည္ထားရင္ေတာ့ သိပ္မၾကာခင္အခိ်န္ကာလမွာ အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက လိုခ်င္လာၾကတဲ့ အင္ဂ်င္နီယာပညာရွင္ေကာင္းတစ္ေယာက္ျဖစ္လာမွာပါ။

(Unicode Version)

အင်ဂျင်နီယာနှင့်အလုပ်အကိုင်အခွင့်အလမ်း (Telecom Industry)

ပထမဆုံးအချက်အနေနဲ့ ဒီ Article က ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်နဲ့ ထင်မြင်ယူဆချက်တွေအပေါ်အခြေခံထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိခဲ့မယ်ဆိုရင် အပြုသဘောဆန်တဲ့အကြံပြုချက်တွေကို ကြိုဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖွံဖြိုးဆဲကာလတွေမှာ အတော်လေး အရှိန်ယူခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်လေးများပြားလာတာကိုတွေ့ရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာတဲ့အညီ အင်ဂျင်နီယာတော်တော်များများလျှောက်ချင်ကြတဲ့ Industry သုံးခုရှိပါတယ်။ အဲဒါတွေကတော့

၁) Telecom Industry

၂) Construction Industry

၃) Manufacturing Industry တို့ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ်စားတာနဲ့အညီ Construction အပိုင်းကို ဦးစားပေးလျှောက်ကြတဲ့အခြေအနေတွေကို တွေ့ခဲ့ရပေမယ့် အခုအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့အပြိုင် တခြားသောရွေးချယ်စရာအလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာနေပြီဖြစ်ပါတယ်။

တခြားအရာတွေကို ကြည့်စရာမလိုပဲ ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝတွေရဲ့ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာတဲ့ မိုဘိုင်းဖုန်းတွေရဲ့ အော်ပရေတာတွေကသက်သေပဲဖြစ်ပါတယ်။

ယခုလက်ရှိအချိန်အထိမှာတော့ (၁) MPT (၂) Ooredoo (၃) Telenor ဆိုတဲ့ Telecom Operator ၃ ခုဟာ စျေးကွက်ထဲမှာ အပြိုင်အဆိုင်ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ ၄ ခုမြောက်ဖြစ်လာမယ့် Mytel ကလည်း လုပ်ငန်းတွေစတင်လုပ်ကိုင်နေပြီဖြစ်တဲ့အတွက် သိပ်မကြာတော့တဲ့အချိန်ကာလတွေမှာ စျေးကွက်ထဲမှာ တွေ့ရတော့မှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အင်ဂျင်နီယာအလုပ်အကိုင်တွေထဲမှာ ရေပန်းအစားဆုံးဖြစ်လို့လာတာက Telecom Industry ဖြစ်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။

ယခု Article မှာတော့ Telecom Industry မှာ လုပ်ကိုင်နေကြတဲ့ အင်ဂျင်နီယာတွေအတွက် Engineering Recruitment Consultant အနေနဲ့ ကျွန်တော်သိထားတဲ့ အချက်အလက်လေးတွေအနည်းငယ်ကို ဝေမျှပေးချင်ပါတယ်။

၁) ရည်မှန်းချက် ပန်းတိုင်

Telecom Industry မှာ လုပ်နေကြတဲ့ အင်ဂျင်နီယာတွေအနေနဲ့ Telecom Operator Level အထိအရောက်လှမ်းနိုင်ဖို့ကို ဦးစားပေးလာကြပါတယ်။ Telecom Operator တစ်ယောက်အတွက် လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို Telecom Operator တွေရဲ့ Vendor တွေဆီမှာအဓိကသင်ယူသွားကြတာကိုတွေ့ရပါတယ်။ Telecom Vendor တွေဆီမှာကတော့ Technical ပိုင်းနဲ့ ပတ်သက်တဲ့အတွေ့အကြံုတွေကိုလေ့လာဆည်းပူးနိုင်ပြီး Telecom Operator တွေမှာတော့ Management ပိုင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြံုတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

၂) လုပ်ငန်းခွင်တည်မြဲမှု

အလုပ်ရှင်တွေဘက်က အခုနောက်ပိုင်း အဓိက  ကြည့်လာကြတဲ့အချက်တစ်ချက်ကတော့ အလုပ်တစ်ခုနဲ့တစ်ခုကို မကြာခဏ ကူးပြောင်းလေ့ရှိတဲ့သူတွေကို သူတို့ကုမ္ပဏီမှာအလုပ်ခန့်ဖို့ မရွေးချယ်ချင်ကြတာကို ကျွန်တော်တွေ့လာရပါတယ်။

တစ်ချို့့သောသူတွေဟာ လုပ်ငန်းခွင်စွမ်းဆောင်မှုအပိုင်း၊ Technical အပိုင်းတွေမှာ တော်တော်လေး Strong ဖြစ်ပေမယ့် လုပ်ငန်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းက အရမ်းကို မြန်ဆန်လွန်းတာကိုတွေ့ရပါတယ်။ လက်ရှိရောက်နေတဲ့ နေရာတစ်ခုထက် မြင့်တဲ့နေရာကို ရောက်ဖို့ကိုခုန်ရမှာဖြစ်ပေမယ့် ခဏခဏခုန်နေခြင်းက ကိုယ့်ရဲ့ Resume ထဲမှာလည်း သိပ်မကောင်းတဲ့အချက်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။

၃) လုပ်ငန်းခွင်နဲ့ Flexible ဖြစ်မှု

Telecom Industry မှာ လုပ်ကိုင်နေကြတဲ့သူတွေအတွက်ကတော့ လူပေါင်းစုံနဲ့ထိတွေ့ရမှာဖြစ်သလို လုပ်ငန်းအချိန်၊ လုပ်ငန်းနေရာမျိုးစုံကိုလည်း အဆင်ပြေပြေသွားနိုင်၊ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ အလုပ်ရဲ့လိုအပ်ချက်အရ ခရီးသွားရခြင်း၊ အလုပ်အနည်းအများပေါ်မူတည်ပြီး သတ်မှတ်ထားသော Working Hour ထက်ပိုပြီး အလုပ်လုပ်ရခြင်းတို့လည်း ရှိလာနိုင်တဲ့အတွက် အဆင်ပြေစွာ ပူးပေါင်းလုပ်ကိုင်သွားနိုင်ဖို့အတွက်လည်း မျှော်မှန်းထားသင့်ပါတယ်။

၄) လိုအပ်တဲ့ဖြည့်စွက်ချက်များ

မိမိရဲ့လက်ရှိ Skills ထက် ပိုတက်လာစေဖို့အတွက်ကို လုပ်ငန်းခွင်အတွေ့အကြံုတွေအပြင် ဘာသာစကားကျွမ်းကျင်မှုကလည်း အရေးပါလို့လာပါပြီ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ တော်တော်များများဝင်လာတဲ့ အကျိုးဆက်ကတော့ လုပ်ငန်းရှင်များက English ဘာသာစကားကျွမ်းကျင်တဲ့ ပညာရှင်တွေကိုသာ သူတို့ Company မှာ ခန့်အပ်လိုတဲ့ ဆန္ဒရှိကြပါတယ်။ လုပ်ငန်းခွင်ပြင်ပအချိန်တွေမှာလည်း ကိုယ့်ဘဝတက်လှမ်းဖို့အတွက် လိုအပ်မယ့် ဘာသာစကားသင်တန်းများ၊ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မယ့် ဆက်စပ်သင်တန်းများကိုလည်း တက်ထားသင့်ပါတယ်။

၅) ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးစွမ်းရည်

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟာလည်း လုပ်ငန်းခွင်မှာသာမက လုပ်ငန်းခွင်ပြင်ပဖြစ်တဲ့ လူနေမှုဘဝကိုပါ ကောင်းမွန်တဲ့ ရလဒ်တွေကို ရစေနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်အခြေအနေတစ်ခု ဖြစ်လာဖို့အတွက် ကိုယ်တိုင်လည်း ပူးပေါင်းပါ၀င် ဖန်တီးသင့်တာဖြစ်သလို လုပ်ငန်းခွင်မှာပျော်ရွှင်မှသာ လုပ်ငန်းခွင်စွမ်းဆောင်ရည် Performance ပိုမိုတိုးတက်လာစေမှာလည်း ဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေကို သေသေချာချာသိရှိနားလည်ထားရင်တော့ သိပ်မကြာခင်အချိန်ကာလမှာ အလုပ်ရှင်တော်တော်များများက လိုချင်လာကြတဲ့ အင်ဂျင်နီယာပညာရှင်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။