facebook tracking image
Better Career Paths Await in Mandalay
Industry News

Better Career Paths Await in Mandalay

ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ မန္တလေး

ရန်ကုန်မြို့ရဲ့ နံပါတ်တစ် Recruitment Company တစ်ခုဖြစ်တဲ့ ကျွန်မတို့ MyWorld Careers အနေနဲ့ မန္တလေးမြို့ မှာ ရုံးခွဲဖွင့်လှစ်လိုက်ပြီဆိုတာ အားလုံးပဲသတိပြုမိကြမယ်လို့ထင်ပါတယ်။ မန္တလေးမြို့အနီးတဝိုက်မှာရှိတဲ့ အရည်အချင်းရှိလူငယ်တွေကို ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေ ရရှိစေဖို့၊ အပြန်အလှန်အနေနဲ့ လုပ်ငန်းရှင်ကြီးများကို ကျွမ်းကျင်ဝန်ထမ်းတွေ ရှာဖွေပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျွန်မတို့ခြေလှမ်းစခဲ့တာဖြစ်ပါတယ်။ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အခွင့်အရေးတွေအတွက် အဆင်သင့်ဖြစ်နေဖို့ အလုပ်ရှာဖွေနေကြတဲ့ မန္တလေးမြို့က လူငယ်၊ လူရွယ်များကို အသုံးဝင်မယ့် Tips လေးတွေ ပြောပြချင်ပါတယ်။ 

Fresh Graduate ပဲဖြစ်ဖြစ်၊ အတွေ့အကြုံအနည်းငယ်သာရှိတဲ့သူပဲဖြစ်ဖြစ် အလုပ်ရှင်မြင်တွေ့ရမယ့် ကိုယ့်ရဲ့ပထမဆုံးမျက်နှာလို့တင်စားရမယ့် CV ကို လှလှပပလေးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဖြစ်သလို ဘောပင်နဲ့ရေးပြီး ဓါတ်ပုံရိုက်မပို့ပါနဲ့။ ဒီဘက်ခေတ်လူငယ်တစ်ယောက်အနေနဲ့ ကွန်ပျူ တာကိုအသုံးပြုပြီး CV ရေးတာဟာ ခက်ခက်ခဲခဲဖြစ်မနေသင့်တော့ပါဘူး။ ဒါမှမဟုတ် မိတ္တူ ဆိုင်တွေမှာ စာစီခိုင်းဖို့ဆိုရင်လည်း ၁၅ မိနစ်လောက်ပဲကြာမှာပါ။ ဒီအတွက် ကုန်ကျငွေတွေကို ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားလိုက်ပါ။ အလွယ်ကူဆုံးကတော့ ဒီ https://www.myworld.com.mm/resources/resume-and-cover-letter ကို ဝင်ပြီး CV Template ကို Download ဆွဲပြီး အိမ်မှာဖြစ်ဖြစ်၊ ဆိုင်မှာဖြစ်ဖြစ်ဖြည့်ပြီး Stick ထဲမှာ၊ Phone ထဲမှာ သိမ်းထားပါ။ အချိန်မရွေး Attach တွဲပြီး ကိုယ်စိတ်ဝင်စားတဲ့ကုမ္ပဏီကို လွယ်လွယ်ကူကူအလုပ်လျှောက်နိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ အင်တာဗျူ းတွေဝင်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုက အလုပ်လျှောက်ထားတဲ့သူ တကယ်တတ်၊ မတတ်စမ်းသပ်အတည်ပြုတာပါ။ အဲဒီအခါကျရင် CV မှာ ပါတာတွေကို ရွတ်ပြတာအပြင် ဘယ်လိုလေးတော့လုပ်ရင်ကောင်းမယ်ဆိုတာမျိုး အကြံပြု နိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ မန္တလေးမြို့ မှာ Marketing Manager အလုပ်ကိုလုပ်မယ်ဆိုရင် မန္တလေး Market ကိုဖောက်ဖို့ လက်ရှိအောင်မြင်နေတဲ့နည်းလမ်းကဘာလဲဆိုတာ ပြောပြနိုင်တာမျိုးပေါ့။ ဝန်ထမ်းတွေခန့်တဲ့အခါ နယ်ခံတွေကို ဦးစားပေးရွေးချယ်တာ သတိထားမိပါလိမ့်မယ်။ ဒီအားသာချက်ကို အသုံးချပြီး အခွင့်အရေးရယူနိုင်ပါတယ်။ 

ဒီနေရာမှာမေ့ထားလို့မရတာက Language ပါ။ Foreign Investment တွေ များလာတဲ့အလျောက် နိုင်ငံခြားသားတွေ ဦးဆောင်နေတဲ့ကုမ္ပဏီကြီးတွေကို ဝင်တိုးတဲ့အခါ “သူတို့က မန္တလေးမှာမှမဟုတ်တာ၊ စကားပြောဖို့မလိုအပ်ပါဘူး” လို့မထင်ပါနဲ့။ ရာထူးကြီးရင်ကြီးသလို Report တင်ရတဲ့အခါ Email တွေရေးရတာ၊ တိုက်ရိုက်ဖုန်းပြောတဲ့အခါမျိုးတွေမှာ Language ကောင်းဖို့ပိုပြီးလိုအပ်တာ၊ Meeting တွေကို Conference Call တွေနဲ့လုပ်တဲ့အခါ မဖြစ်မနေပြောရတာမျိုးတွေ ပိုပြီးမြင်တွေ့လာနေရပါတယ်။ ဒါကြောင့် ရာထူးကောင်းကောင်းနဲ့ လစာများများရဖို့ ရည်မှန်းချက်ရှိတယ်ဆိုရင် Language ကို အထူးသဖြင့် English ကို ပိုပြီးလေ့လာပါ။ ဒီအခက်အခဲကို ကျော်လွှားနိုင်ပြီဆိုရင် ကိုယ့် Career ပန်းတိုင်နဲ့မဝေးတော့ဘူးဆိုတာ သေချာပါတယ်။

နောက်ဆုံးအနေနဲ့ မန္တလေးမြို့က လူငယ်တွေကို လက်ဆောင်ပေးချင်တဲ့ Tip တစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ “Confidence” ပါ။ အလုပ်လျှောက်တဲ့အခါ ဘယ်တိုင်း၊ ဘယ်ဒေသကလူပဲဖြစ်နေပါစေ အရေးမကြီးပါဘူး။ “ရန်ကုန်ကလူပဲတော်တယ်၊ မန္တလေးကလူဆိုရင်မတော်ဘူး” စသဖြင့်မရှိပါဘူး။ ဒီလူ “မိမိကိုယ်ကို ယုံကြည်မှု” ရှိ၊ မရှိကတော့ အရေးကြီးပါတယ်။ Confidence ဆိုတာ Experience ကနေ လာတာပါ။ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ဒီလက်နက်ဟာ ကိုယ့်အတွက် သိပ်အသုံးဝင်တယ်ဆိုတာ အင်တာဗျူ းတွေဖြေတဲ့အခါ ပိုပြီးသဘောပေါက်လာပါလိမ့်မယ်။ 

မန္တလေးဟာ ရိုးရာယဉ်ကျေးမှုတွေနဲ့ အစဉ်အလာကြီးမားတဲ့ မြို့ တည်၊ နန်းတည်ရတနာပုံ မင်းနေပြည်တော်ဖြစ်ခဲ့ပါတယ်။ ဒီလို ဂုဏ်ပုဒ်တွေနဲ့ မန္တလေးမြို့ကို ပိုပြီးရွှေရောင်တောက်ပတဲ့နေ့ရက်တွေ ဖန်တီးဖို့ MyWorld Careers က တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားမှာဖြစ်ပါတယ်။ အချိန်မရွေး CV တွေ ပေးပို့ထားလို့ရသလို၊ အလုပ်အကိုင်သစ်တွေသိရှိချင်တယ်ဆိုရင် MyWorld Office Email ဖြစ်တဲ့ support@myworld.com.mm ကို ပို့ပြီးတော့ဖြစ်ဖြစ်၊ ဖုန်း +95 94 5021 4921 ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်…