facebook tracking image

Connecting...

Banner Default Image

ေခတ္လူငယ္မ်ားႏွင့္ ထား႐ွိသင့္ေသာကိုယ္ပိုင္ Plan မၽား

Mobile Default Image

11 Apr 09:00 by Htet Naing Toe Oo

9159

(Zawgyi Version)

 

ကၽြန္ေတာ္တို႔ေနထိုင္တဲ့ကမၻာေပၚမွာ နွစ္ေတြေျပာင္းလဲလာတာနဲ႕အမၽွ နည္းပညာေတြလည္း ဖံြ႕ၿဖိဳးတိုးတက္လာပါတယ္။ နည္းပညာတစ္ခုတည္းသာမကပဲ ပညာေရးနဲ႕အလုပ္အကိုင္အခြင့္အလမ္းေတြ၊ လူမႈေရးနဲ႔စီးပြားေရးက႑နယ္ပယ္အသီးသီးဟာလည္း လူငယ္ေတြကို စိန္ေခၚမႈအသစ္ေတြနဲ႔ ႀကိဳဆိုလ်က္ရိွပါတယ္။ ဒီအေျပာင္းအလဲေတြကို အမီွလိုက္နိုင္ဖို႕အတြက္ လိုအပ္တဲ႔အရည္အေသြးေတြ၊ Skills Set ေတြနဲ႔အတူ အသင့္ျပင္ဆင္ထားဖို႔လည္း လိုအပ္ပါတယ္။ အထူးသျဖင့္ ဘဲြ႕ရၿပီးတာနဲ႔ လုပ္ငန္းခြင္ဝင္ဖို႔စဥ္းစားေနတဲ့ လူငယ္ေတြအေနနဲ႔ ကိုယ့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကိုအေရာက္သြားဖို႔ဆိုရင္ ျပင္ဆင္မႈေတြအမၽားႀကီးလိုအပ္ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး ေကာင္းမြန္တဲ့အလုပ္အကိုင္လမ္းေၾကာင္းေပၚသြားတဲ့ေနရာမွာ အေထာက္အကူရေစႏိုင္ဖို႔ ေအာက္မွာေဖာ္ျပထားတဲ့အႀကံေပးခ်က္ေလးေတြကိုဆက္ၿပီးဖတ္ၾကည္႔ေပးပါဦး...

 

၁။ Find your passion

ဘာကိုမွစမလုပ္ခင္ အရင္ဆံုးအေျဖရွာရမွာတစ္ခုက ကိုယ္ဘယ္အရာကိုတကယ္၀ါသနာပါလဲ၊ ဘာလုပ္ခ်င္တာလဲ၊ ဘာျဖစ္ခ်င္တာလဲဆိုတာပါပဲ။ ဥပမာ ကိုယ္ကသြက္သြက္လက္လက္ေနတတ္ၿပီး စကားေျပာေကာင္းတဲ့သူ၊ ေဖာ္ေရြတတ္တဲ့သူဆိုရင္ ေန႔စဥ္လူအမၽားနဲ႔ေျပာဆိုဆက္ဆံရျခင္းမၽိဳးမရွိတဲ႔အလုပ္မ်ိဳးကိုေရြးမိတဲ့အခါ ေရရွည္မွာ ဘယ္နည္းနဲ႔မွေပ်ာ္နိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္အခ်ိန္တစ္ခုေပးၿပီး ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကိုခ်မွတ္ဖို႔ရာ အရင္ဆံုးႀကိဳးစားသင့္ပါတယ္။ ခ်က္ခ်င္းႀကီးကိုယ္ဘာျဖစ္ခၽင္တယ္ဆိုတာ မသိနိုင္ေသးဘူးဆိုလည္း စိတ္ဓာတ္ကၽရာမလိုပါဘူး။ လုပ္ရင္းနဲ႔ဝါသနာပါသြားတာမ်ိဳးလည္းျဖစ္နိုင္တဲ့အတြက္ ဒီတိုင္းထိုင္မေနဘဲ တစ္ခုခုကို စလုပ္ၾကည့္ဖို႔ေတာ႔အႀကံေပးခ်င္ပါတယ္။

 

၂။ Know your limit

ကိုယ္ရဲ႕လုပ္ႏိုင္စြမ္းအားကို အၿမဲဆန္းစစ္ပါ။ တစ္ခါတစ္ေလကၽရင္ ကိုယ္က ၁၀ ေလာက္ပဲလုပ္ႏိုင္မယ္လို႔ ထင္ထားေပမယ့္ တကယ္တမ္းမျဖစ္မေနလုပ္ရတဲ့အခါ ၉၀၊ ၁၀၀ ေလာက္ထိလည္း လုပ္ႏိုင္တာမ်ိဳးလည္း ရိွတတ္ပါတယ္။ ဒါေၾကာင့္ “မျဖစ္ႏိုင္ပါဘူးေလ” ဆိုၿပီး စိတ္ေလၽွာ႔လိုက္မယ့္အစား အနည္းဆံုး တစ္ေခါက္ေလာက္ေတာ့ Try ၾကည့္သင့္ပါတယ္။ သတိထားရမွာတစ္ခုက အခြင့္အေရးေတြေပၚလာတဲ့အခါတိုင္း ကိုယ္ဒီတစ္ေခါက္ Reject ျဖစ္သြားခဲ့ရင္ ေနာက္ထပ္တစ္ေခါက္ထပ္ႀကိဳးစားတဲ့အခါ ကိုယ္ဘယ္ေနရာမွားေနလဲ၊ လိုအပ္ေနလဲဆိုတာေတြရွာၿပီး ပထမတစ္ေခါက္ထက္ပိုေကာင္းေအာင္ျပင္ဆင္ၿပီးမွ Try သင့္ပါတယ္။

 

၃။ Keep learning and developing

ကိုယ္ကဘယ္ေလာက္ပဲ စိတ္အားထက္သန္ေနသည္ျဖစ္ပါေစ၊ ကိုယ္မကၽြမ္းက်င္တဲ့နယ္ပယ္တစ္ခုကို၀င္ဖို႔ စဥ္းစားတဲ့အခါ ပထမဆံုးလုပ္ရမယ့္အလုပ္က သင္ယူဖို႔ပဲျဖစ္ပါတယ္။ တစ္ရက္ထက္တစ္ရက္၊ တစ္ႏွစ္ထက္ တစ္ႏွစ္ ကိုယ္ဘယ္ေလာက္ထိ Absorb လုပ္ႏိုင္သလဲဆိုတာေပၚမူတည္ၿပီး အခြင့္အေရးေတြကလည္းကြာသြားပါတယ္။ ဒီေန႕ေခတ္မွာဆိုရင္ ပိုက္ဆံမကုန္ပဲသင္လို႔ရတဲ႔နည္းေတြ အမၽားႀကီးပဲရိွေနပါၿပီ။ ဖုန္းထဲမွာအင္တာနက္ရိွရံုနဲ႔ YouTube မွာ၊ Facebook မွာ၊ Google မွာစသျဖင့္ လူေပါင္းမ်ားစြာက အေၾကာင္းအရာမ်ားစြာကို သူတို႕ရဲ႕ အေတြ႕အႀကံဳေတြအရ Sharing လုပ္ေပးထားတာေတြကို ရွာေဖြၾကည္႔လို႔ရပါတယ္။

 

၄။ Be consistent

တစ္ခုကို စမ္းလုပ္ၾကည့္လိုက္တယ္။ မျဖစ္ဘူး။ လက္ေလၽွာ႔ၿပီးေနာက္ထပ္တစ္ခုထပ္လုပ္ၾကည့္တယ္။ မျဖစ္လာျပန္ဘူး။ အဲဒီလိုကိစၥေတြဟာ လူတိုင္းနီးပါးေလာက္ ႀကံဳေတြ႕ေနရတာျဖစ္ပါတယ္။ ကိုယ္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ဘာျဖစ္လို႔လူအမ်ားစုကေနာက္မွာက်န္ခဲ့ၿပီး အနည္းစုကသာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေရွ႕ကိုဆက္သြားႏိုင္တာလဲဆိုရင္ သူတို႕ကလြယ္လြယ္နဲ႔လက္မေလၽွာ႔လို႕ပါ။ အဲဒီတစ္ခုဆိုရင္တစ္ခုကို ျဖစ္ေအာင္ လုပ္ခ်င္တဲ့စိတ္၊ ဇဲြမေလၽွာ႔တဲ့စိတ္၊ မေျပာင္းလဲတဲ့စိတ္တစ္ခုက သူတို႕ကိုတျခားသူေတြကေန ကဲြျပားေနေစတာ ျဖစ္ပါတယ္။

 

အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကို ႀကိဳၿပီးစဥ္းစားထားမယ္၊ ျပင္ဆင္ထားမယ္ဆိုရင္ အလုပ္အကိုင္ အခြင့္အလမ္းအတြက္သာမက တျခားေသာကိစၥေတြကို ေဆာင္ရြက္တဲ့ေနရာမွာလည္း ပိုၿပီး လြယ္ကူစြာနဲ႔ေအာင္ျမင္ႏိုင္တာကို ေသခ်ာေပါက္ႀကံဳေတြ႕ရမွာျဖစ္ပါတယ္။

 

(Unicode Version)

 

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ နည်းပညာတွေလည်း ဖွံ့ဖြိုးတိုးတက်လာပါတယ်။ နည်းပညာတစ်ခုတည်းသာမကပဲ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမှုရေးနဲ့စီးပွားရေးကဏ္ဍနယ်ပယ်အသီးသီးဟာလည်း လူငယ်တွေကို စိန်ခေါ်မှုအသစ်တွေနဲ့ ကြိုဆိုလျက်ရှိပါတယ်။ ဒီအပြောင်းအလဲတွေကို အမှီလိုက်နိုင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေ၊ Skills Set တွေနဲ့အတူ အသင့်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့စဉ်းစားနေတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုအရောက်သွားဖို့ဆိုရင် ပြင်ဆင်မှုတွေအများကြီးလိုအပ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အလုပ်အကိုင်လမ်းကြောင်းပေါ်သွားတဲ့နေရာမှာ အထောက်အကူရစေနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့အကြံပေးချက်လေးတွေကိုဆက်ပြီးဖတ်ကြည့်ပေးပါဦး...

 

၁။ Find your passion

ဘာကိုမှစမလုပ်ခင် အရင်ဆုံးအဖြေရှာရမှာတစ်ခုက ကိုယ်ဘယ်အရာကိုတကယ်ဝါသနာပါလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာပါပဲ။ ဥပမာ ကိုယ်ကသွက်သွက်လက်လက်နေတတ်ပြီး စကားပြောကောင်းတဲ့သူ၊ ဖော်ရွေတတ်တဲ့သူဆိုရင် နေ့စဉ်လူအများနဲ့ပြောဆိုဆက်ဆံရခြင်းမျိုးမရှိတဲ့အလုပ်မျိုးကိုရွေးမိတဲ့အခါ ရေရှည်မှာ ဘယ်နည်းနဲ့မှပျော်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အချိန်တစ်ခုပေးပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုချမှတ်ဖို့ရာ အရင်ဆုံးကြိုးစားသင့်ပါတယ်။ ချက်ချင်းကြီးကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မသိနိုင်သေးဘူးဆိုလည်း စိတ်ဓာတ်ကျရာမလိုပါဘူး။ လုပ်ရင်းနဲ့ဝါသနာပါသွားတာမျိုးလည်းဖြစ်နိုင်တဲ့အတွက် ဒီတိုင်းထိုင်မနေဘဲ တစ်ခုခုကို စလုပ်ကြည့်ဖို့တော့အကြံပေးချင်ပါတယ်။

 

၂။ Know your limit

ကိုယ်ရဲ့လုပ်နိုင်စွမ်းအားကို အမြဲဆန်းစစ်ပါ။ တစ်ခါတစ်လေကျရင် ကိုယ်က ၁၀ လောက်ပဲလုပ်နိုင်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်းမဖြစ်မနေလုပ်ရတဲ့အခါ ၉၀၊ ၁၀၀ လောက်ထိလည်း လုပ်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် “မဖြစ်နိုင်ပါဘူးလေ” ဆိုပြီး စိတ်လျှော့လိုက်မယ့်အစား အနည်းဆုံး တစ်ခေါက်လောက်တော့ Try ကြည့်သင့်ပါတယ်။ သတိထားရမှာတစ်ခုက အခွင့်အရေးတွေပေါ်လာတဲ့အခါတိုင်း ကိုယ်ဒီတစ်ခေါက် Reject ဖြစ်သွားခဲ့ရင် နောက်ထပ်တစ်ခေါက်ထပ်ကြိုးစားတဲ့အခါ ကိုယ်ဘယ်နေရာမှားနေလဲ၊ လိုအပ်နေလဲဆိုတာတွေရှာပြီး ပထမတစ်ခေါက်ထက်ပိုကောင်းအောင်ပြင်ဆင်ပြီးမှ Try သင့်ပါတယ်။

 

၃။ Keep learning and developing

ကိုယ်ကဘယ်လောက်ပဲ စိတ်အားထက်သန်နေသည်ဖြစ်ပါစေ၊ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုကိုဝင်ဖို့ စဉ်းစားတဲ့အခါ ပထမဆုံးလုပ်ရမယ့်အလုပ်က သင်ယူဖို့ပဲဖြစ်ပါတယ်။ တစ်ရက်ထက်တစ်ရက်၊ တစ်နှစ်ထက် တစ်နှစ် ကိုယ်ဘယ်လောက်ထိ Absorb လုပ်နိုင်သလဲဆိုတာပေါ်မူတည်ပြီး အခွင့်အရေးတွေကလည်းကွာသွားပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် ပိုက်ဆံမကုန်ပဲသင်လို့ရတဲ့နည်းတွေ အများကြီးပဲရှိနေပါပြီ။ ဖုန်းထဲမှာအင်တာနက်ရှိရုံနဲ့ YouTube မှာ၊ Facebook မှာ၊ Google မှာစသဖြင့် လူပေါင်းများစွာက အကြောင်းအရာများစွာကို သူတို့ရဲ့ အတွေ့အကြုံတွေအရ Sharing လုပ်ပေးထားတာတွေကို ရှာဖွေကြည့်လို့ရပါတယ်။

 

၄။ Be consistent

တစ်ခုကို စမ်းလုပ်ကြည့်လိုက်တယ်။ မဖြစ်ဘူး။ လက်လျှော့ပြီးနောက်ထပ်တစ်ခုထပ်လုပ်ကြည့်တယ်။ မဖြစ်လာပြန်ဘူး။ အဲဒီလိုကိစ္စတွေဟာ လူတိုင်းနီးပါးလောက် ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့လူအများစုကနောက်မှာကျန်ခဲ့ပြီး အနည်းစုကသာ အောင်အောင်မြင်မြင်နဲ့ ရှေ့ကိုဆက်သွားနိုင်တာလဲဆိုရင် သူတို့ကလွယ်လွယ်နဲ့လက်မလျှော့လို့ပါ။ အဲဒီတစ်ခုဆိုရင်တစ်ခုကို ဖြစ်အောင် လုပ်ချင်တဲ့စိတ်၊ ဇွဲမလျှော့တဲ့စိတ်၊ မပြောင်းလဲတဲ့စိတ်တစ်ခုက သူတို့ကိုတခြားသူတွေကနေ ကွဲပြားနေစေတာ ဖြစ်ပါတယ်။

 

အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကို ကြိုပြီးစဉ်းစားထားမယ်၊ ပြင်ဆင်ထားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းအတွက်သာမက တခြားသောကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာလည်း ပိုပြီး လွယ်ကူစွာနဲ့အောင်မြင်နိုင်တာကို သေချာပေါက်ကြုံတွေ့ရမှာဖြစ်ပါတယ်။