facebook tracking image

Connecting...

Banner Default Image

အလုပ်အင်တာဗျူးဖြေဆိုရာတွင် ရှောင်ရှားသင့်သော အချက်များ

Mobile Default Image

18 Jul 15:00 by Nora Kyaw

Interview

(Zawgyi Version)

အင္တာဗ်ဴးသြားေျဖတဲ့ အခ်ိန္မွာ ဘယ္လိုအရာေတြေျဖသင့္တယ္၊ လုပ္ေဆာင္သင့္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားသိရွိထားၿပီးျဖစ္ပါလိမ့္မယ္။ 

ဒီတစ္ခါမွာေတာ့ အင္တာဗ်ဴးသြားေျဖရာမွာ သတိမထားလိုက္မိတဲ့ အခ်က္ေလးေတြ၊ ေရွာင္ရွားသင့္တဲ့အေျခခံအခ်က္ေလးေတြကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ 

 

မိမိအင္တာဗ်ဴးေျဖဆိုရမည့္ကုမၼဏီ၏ အေၾကာင္းအရာမ်ားအား ေလ့လာမထားျခင္း

အလုပ္ရွင္ေတြဘက္က အင္တာဗ်ဴးလာေျဖသူသည္ မိမိတို႔ကုမၼဏီအေပၚ စိတ္ပါဂင္စားမႈဘယ္ေလာက္ ရွိမရွိသိခ်င္က်တဲ့အတြက္ ကုမၸဏီအေၾကာင္း၊ လုပ္ငန္းေတြအေၾကာင္းကို ေမးျမန္းတတ္ၾကစၿမဲျဖစ္ပါတယ္။ 

ထိုအခ်ိန္မွာမိမိဘက္က ကုမၸဏီရဲ႕အေျခခံအေၾကာင္းအရာေလးေတြကိုေတာင္ မေျပာျပႏိုင္ခဲ့ရင္ အထင္ေသးၾကမွာျဖစ္သလို တျခားသိရွိၿပီးသားသူမ်ားနဲ႔ႏိႈင္းယွဥ္တဲ႔အခါ ေနာက္ေကာက္က်က်န္ေနတတ္ပါတယ္။

မိမိကရာထူးအငယ္ေလၽွာက္တာမို႔လို႕ မလိုအပ္ဘူးမထင္ပါနဲ႔။ ကုမၸဏီအေၾကာင္းကို ေသခ်ာျပန္ရွင္းျပႏိုင္တာမ်ိဳးဟာ အင္တာဗ်ဴးေအာင္ဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။ အင္တာနက္ေခတ္ျဖစ္တာနဲ႔အညီ Facebook/Linkedln နဲ႔ ကုမၸဏီရဲ႕Website ေတြမွာ ေသခ်ာေလ့လာလို႔ရႏိုင္ပါတယ္။

 

သြားရမည့္ေနရပ္လိပ္စာကို ႀကိဳတင္ရွာေဖြမထားျခင္း

တိတိက်က်သြားရလြယ္ကူတဲ့ေနရာေတြဆို အခက္အခဲမရွိေပမဲ့ သြားေနက်မဟုတ္တဲ့ေနရာမ်ိဳးေတြ သြားရခက္ခဲတဲ့ေနရာမ်ိဳးေတြဆိုရင္ ဘယ္အခၽိန္ေလာက္ထြက္ရင္ေတာ႔အဆင္ေျပႏိုင္တယ္၊ ဘယ္လမ္းေၾကာင္းကသြားရင္ေတာ႔ျမန္ႏိုင္တယ္ စသျဖင္႔ႀကိဳတင္ရွာေဖြထားသင့္ပါတယ္။ မဟုတ္ရင္ မိမိနဲ႔စိမ္းတဲ့ေနရာမ်ိဳးေတြျဖစ္ေနတဲ႔အခါ အင္တာဗ်ဴးေျဖခါနီးစိတ္အေႏွာင့္အယွက္ျဖစ္ရတာမ်ိဳး၊  အခ်ိန္ေနာက္က်တာမ်ိဳးျဖစ္တတ္ပါတယ္။ 

 

ခ်ိန္းဆိုသည့္အခ်ိန္ထက္ ေနာက္က်မွေရာက္ျခင္း

အခ်ိန္ေနာက္က်တာဟာ တစ္ဘက္ကခ်ိန္းဆိုထားတဲ့သူကို မေလးမစားျဖစ္တာမ်ိဳးျဖစ္တတ္ၿပီး First Impression လည္း Down သြားတတ္ပါတယ္။ အထက္ကအခ်က္လိုပဲ လာရာလမ္းမွာျဖစ္ျဖစ္ မေမၽွာ္လင့္တဲ့ကိစၥေတြလည္းေပၚေပါက္ႏို္င္တတ္တဲ့အတြက္ အတတ္ႏိုင္ဆံုး ၁၅ မိနစ္ေလာက္ ခ်ိန္းထားတဲ့ေနရာကိုႀကိဳေရာက္ေနျခင္းက စိတ္ေအးလက္ေအးအခက္အခဲမရွိနဲ႔ အင္တာဗ်ဴးကိုအေကာင္းဆံုးေျဖဆိုဖို႔ပဲ ေသခ်ာအာရံုစိုက္ႏိုင္ပါလိမ္႔မယ္။ 

 

က်ပ္လြန္း တိုလြန္းတဲ့ အဝတ္အစားမ်ားဝတ္ဆင္ျခင္း

ေတာင္းမွအကြပ္ လူမွာအဝတ္ဆိုတဲ့ အတိုင္း အဝတ္အစားသည္ လူတစ္ေယာက္ရဲ႕ အျပင္ပန္းပံုသ႑ာန္ကို အဆံုးအျဖတ္ေပးပါတယ္။ က်ပ္လြန္း တိုလြန္းတဲ့ အဝတ္အစားေတြဝတ္ဆင္သြားျခင္းဟာ Professional မဆန္ရာေရာက္သလို မိမိကိုယ္တိုင္မွာလည္း အဝတ္အစားေၾကာင့္သက္ေတာင့္သက္သာမျဖစ္တာမ်ိဳးေတြ၊  အင္တာဗ်ဴးကို အျပည္႔အဝအာရံုမစိုက္ႏိုင္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ 

 

ဘာေမးခြန္းမွ ျပန္မေမးပဲ ျပန္လာျခင္း

အလုပ္ရွင္ဘက္က အင္တာဗ်ဴးၿပီးခါနီးအခ်ိန္ေတြမွာ "ဘာေမးစရာရွိေသးလဲ/သိခ်င္တာမ်ား ရွိေသးလား" ဆိုၿပီးေမးေလ့ေမးထရွိတတ္ပါတယ္။ အင္တာဗ်ဴးေျဖတဲ့သူဘက္ကလည္း ေျဖၾကားေနစဥ္တစ္ေလၽွာက္ျဖစ္ေစ၊ အင္တာဗ်ဴးမလာခင္ထဲကျဖစ္ေစ ၾကိဳတင္စဥ္းစားထားၿပီး ေမးခ်င္ေနတဲ့ေမးခြန္းေတြရွိတတ္ၾကပါတယ္။

အဲ့ဒီအခ်ိန္မွာ ကၽြန္မတို႔ေတာ္ေတာ္မ်ားမ်ားရဲ႕အက်င့္က "ေတာ္ပါၿပီ ေနာက္မွပဲေမးေတာ့မယ္" ဆိုတာမ်ိဳး "ေအးဂ်င့္ကိုပဲ ေမးခိုင္းလိုက္ေတာ့မယ္" ဆိုတာမ်ိဳးေတြ ျဖစ္တတ္က်တာမ်ားပါတယ္။ အဲ့လိုမ်ိဳး ေမးသင့္ေမးထိုက္တာမ်ိဳးေတြကို မေမးလိုက္မိတာေတြဟာ ကုမၸဏီကကိုယ့္ကို အလုပ္ Offer ေပးတဲ႔အခ်ိန္မ်ိဳးေရာက္တဲ႔အခါမွာ စိတ္ထဲမွာမတက္မက်ျဖစ္ရတာမ်ိဳးေတြ၊ လြယ္လြယ္ကူကူၿပီးၿပီးေရာ လက္ခံၿပီးခါမွ ကုမၸဏီမွာတကယ္အလုပ္စဆင္းတဲ့အခ်ိန္လည္ေရာက္ေရာ သေဘာမက်တဲ့အခ်က္ေတြေတြ႕လာၿပီး ခဏေလးနဲ႔အလုပ္ထြက္ျဖစ္တာမ်ိဳးေတြအထိျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင္႔ေမးခြန္းျပန္ေမးဖို႔ကို တြန္႔ဆုတ္မေနပါနဲ႔။ 

 

ဒီအခၽက္ေတြကိုသာ သတိထားၿပီးေရွာင္ရွားႏိုင္မယ္၊ ဆင္ျခင္ႏိုင္မယ္ဆိုရင္ Interview ေျဖတဲ႔အခါမွာ အခက္အခဲမရွိ အဆင္ေျပေခၽာ႔ေမြ႔ေစႏိုင္မွာပဲျဖစ္ပါတယ္။

 

(Unicode Version)

အင်တာဗျူးသွားဖြေတဲ့ အချိန်မှာ ဘယ်လိုအရာတွေဖြေသင့်တယ်၊ လုပ်ဆောင်သင့်တယ်ဆိုတာကို တော်တော်များများသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ 

ဒီတစ်ခါမှာတော့ အင်တာဗျူးသွားဖြေရာမှာ သတိမထားလိုက်မိတဲ့ အချက်လေးတွေ၊ ရှောင်ရှားသင့်တဲ့အခြေခံအချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

မိမိအင်တာဗျူးဖြေဆိုရမည့်ကုမ္မဏီ၏ အကြောင်းအရာများအား လေ့လာမထားခြင်း

အလုပ်ရှင်တွေဘက်က အင်တာဗျူးလာဖြေသူသည် မိမိတို့ကုမ္မဏီအပေါ် စိတ်ပါဂင်စားမှုဘယ်လောက် ရှိမရှိသိချင်ကျတဲ့အတွက် ကုမ္မဏီအကြောင်း၊ လုပ်ငန်းတွေအကြောင်းကို မေးမြန်းတတ်ကြစမြဲဖြစ်ပါတယ်။ 

ထိုအချိန်မှာမိမိဘက်က ကုမ္မဏီရဲ့အခြေခံအကြောင်းအရာလေးတွေကိုတောင် မပြောပြနိုင်ခဲ့ရင် အထင်သေးကြမှာဖြစ်သလို တခြားသိရှိပြီးသားသူများနဲ့နှိုင်းယှဉ်တဲ့အခါ နောက်ကောက်ကျကျန်နေတတ်ပါတယ်။

မိမိကရာထူးအငယ်လျှောက်တာမို့လို့ မလိုအပ်ဘူးမထင်ပါနဲ့။ ကုမ္မဏီအကြောင်းကို သေချာပြန်ရှင်းပြနိုင်တာမျိုးဟာ အင်တာဗျူးအောင်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ အင်တာနက်ခေတ်ဖြစ်တာနဲ့အညီ Facebook/Linkedln နဲ့ ကုမ္မဏီရဲ့Website တွေမှာ သေချာလေ့လာလို့ရနိုင်ပါတယ်။

 

သွားရမည့်နေရပ်လိပ်စာကို ကြိုတင်ရှာဖွေမထားခြင်း

တိတိကျကျသွားရလွယ်ကူတဲ့နေရာတွေဆို အခက်အခဲမရှိပေမဲ့ သွားနေကျမဟုတ်တဲ့နေရာမျိုးတွေ သွားရခက်ခဲတဲ့နေရာမျိုးတွေဆိုရင် ဘယ်အချိန်လောက်ထွက်ရင်တော့အဆင်ပြေနိုင်တယ်၊ ဘယ်လမ်းကြောင်းကသွားရင်တော့မြန်နိုင်တယ် စသဖြင့်ကြိုတင်ရှာဖွေထားသင့်ပါတယ်။ မဟုတ်ရင် မိမိနဲ့စိမ်းတဲ့နေရာမျိုးတွေဖြစ်နေတဲ့အခါ အင်တာဗျူးဖြေခါနီးစိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊  အချိန်နောက်ကျတာမျိုးဖြစ်တတ်ပါတယ်။ 

 

ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှရောက်ခြင်း

အချိန်နောက်ကျတာဟာ တစ်ဘက်ကချိန်းဆိုထားတဲ့သူကို မလေးမစားဖြစ်တာမျိုးဖြစ်တတ်ပြီး First Impression လည်း Down သွားတတ်ပါတယ်။ အထက်ကအချက်လိုပဲ လာရာလမ်းမှာဖြစ်ဖြစ် မမျှော်လင့်တဲ့ကိစ္စတွေလည်းပေါ်ပေါက်နို်င်တတ်တဲ့အတွက် အတတ်နိုင်ဆုံး ၁၅ မိနစ်လောက် ချိန်းထားတဲ့နေရာကိုကြိုရောက်နေခြင်းက စိတ်အေးလက်အေးအခက်အခဲမရှိနဲ့ အင်တာဗျူးကိုအကောင်းဆုံးဖြေဆိုဖို့ပဲ သေချာအာရုံစိုက်နိုင်ပါလိမ့်မယ်။ 

 

ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားများဝတ်ဆင်ခြင်း

တောင်းမှအကွပ် လူမှာအဝတ်ဆိုတဲ့ အတိုင်း အဝတ်အစားသည် လူတစ်ယောက်ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပေးပါတယ်။ ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားတွေဝတ်ဆင်သွားခြင်းဟာ Professional မဆန်ရာရောက်သလို မိမိကိုယ်တိုင်မှာလည်း အဝတ်အစားကြောင့်သက်တောင့်သက်သာမဖြစ်တာမျိုးတွေ၊  အင်တာဗျူးကို အပြည့်အဝအာရုံမစိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

 

ဘာမေးခွန်းမှ ပြန်မမေးပဲ ပြန်လာခြင်း

အလုပ်ရှင်ဘက်က အင်တာဗျူးပြီးခါနီးအချိန်တွေမှာ "ဘာမေးစရာရှိသေးလဲ/သိချင်တာများ ရှိသေးလား" ဆိုပြီးမေးလေ့မေးထရှိတတ်ပါတယ်။ အင်တာဗျူးဖြေတဲ့သူဘက်ကလည်း ဖြေကြားနေစဉ်တစ်လျှောက်ဖြစ်စေ၊ အင်တာဗျူးမလာခင်ထဲကဖြစ်စေ ကြိုတင်စဉ်းစားထားပြီး မေးချင်နေတဲ့မေးခွန်းတွေရှိတတ်ကြပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်မတို့တော်တော်များများရဲ့အကျင့်က "တော်ပါပြီ နောက်မှပဲမေးတော့မယ်" ဆိုတာမျိုး "အေးဂျင့်ကိုပဲ မေးခိုင်းလိုက်တော့မယ်" ဆိုတာမျိုးတွေ ဖြစ်တတ်ကျတာများပါတယ်။ အဲ့လိုမျိုး မေးသင့်မေးထိုက်တာမျိုးတွေကို မမေးလိုက်မိတာတွေဟာ ကုမ္မဏီကကိုယ့်ကို အလုပ် Offer ပေးတဲ့အချိန်မျိုးရောက်တဲ့အခါမှာ စိတ်ထဲမှာမတက်မကျဖြစ်ရတာမျိုးတွေ၊ လွယ်လွယ်ကူကူပြီးပြီးရော လက်ခံပြီးခါမှ ကုမ္မဏီမှာတကယ်အလုပ်စဆင်းတဲ့အချိန်လည်ရောက်ရော သဘောမကျတဲ့အချက်တွေတွေ့လာပြီး ခဏလေးနဲ့အလုပ်ထွက်ဖြစ်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်မေးခွန်းပြန်မေးဖို့ကို တွန့်ဆုတ်မနေပါနဲ့။ 

 

ဒီအချက်တွေကိုသာ သတိထားပြီးရှောင်ရှားနိုင်မယ်၊ ဆင်ခြင်နိုင်မယ်ဆိုရင် Interview ဖြေတဲ့အခါမှာ အခက်အခဲမရှိ အဆင်ပြေချော့မွေ့စေနိုင်မှာပဲဖြစ်ပါတယ်။