facebook tracking image

Connecting...

Banner Default Image

မြန်မာပြည်မှာခေတ်စားလာတဲ့ PEO Services ဆိုတာဘာလဲ?

Mobile Default Image

23 Nov 00:00 by Hsu Yee Lin

​PEO ဆိုတာက Professional Employer Organisation (PEO) လို့ခေါ်တဲ့ ကျွမ်းကျင်သောအလုပ်ရှင် အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် ပြည့်စုံသောလူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုများကိုပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုဝန်ဆောင်မှုတွေ လဲဆိုရင် ဝန်ထမ်းက Client ရဲ့ ကုမ္ပဏီ မှာအလုပ်လုပ်ပေမယ့် Employer of Record အနေနဲ့ခန့်ထားပြီးနောက် On-board ပြုလုပ်ခြင်းကနေစပြီး အလုပ်ထွက်/ထုတ်တဲ့အထိ မိမိရဲ့အလုပ်သမားအနေနဲ့တာဝန်ယူထားခြင်းပဲဖြစ်ပါတယ်။ အဓိကအားဖြင့် စာရွက်စာတမ်းကိစ္စတွေ၊ လစာတွက်ပေးတာတွေ၊ အခွန်ကိစ္စတွေအပြင် တခြားသော HR တာဝန်များကို မြန်မာနိုင်ငံဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ကိုင်တွယ်ပေးခြင်းပဲဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုကိုများသောအားဖြင့် ဘယ်လို စီးပွားရေးလုပ်ငန်းတွေကအသုံးပြုသလဲဆိုရင်

🔸 မြန်မာပြည်မှာ Entity မရှိသေးတဲ့စီးပွားရေးလုပ်ငန်းတွေ

🔸 လိုင်စင်မရသေးသော်လည်း Operation စတင်ဖို့ ဝန်ထမ်းခန့်ထားဖို့လိုအပ်တဲ့လုပ်ငန်းတွေအပြင်

🔸 Start-up ကုမ္ပဏီ တွေမှာ အများဆုံးအသုံးပြုကြပါတယ်။

ကုမ္ပဏီတခုအနေနဲ့ ဥပဒေအရသတ်မှတ်ထားတဲ့ နိုင်ငံခြားသားဝန်ထမ်းအရေအတွက်အား အပြည့်ခန့်အပ်ပြီးသော်လည်း စီးပွားရေးလုပ်ငန်းတခုအနေနဲ့ ကုမ္ပဏီရဲ့အစီအစဉ်များနဲ့ရည်မှန်းချက်များကိုအောင်မြင်စေဖို့ သတ်မှတ်ထားသည့်လူဦးရေ စာရင်းထက် ကျော်လွန်ပြီးခန့်အပ်ချင်တဲ့အခါမျိုး မှာလည်း ဒီဝန်ဆောင်မှုကိုအသုံးပြုပီး ဝန်ထမ်းခန့်အပ်လေ့ရှိပါတယ်။

အမျိုးမျိုးသောစက်မှုလုပ်ငန်းတွေမှာလည်း PEO Services ကိုအသုံးပြုကြပါတယ်။ ဥပမာ - ထုတ်လုပ်သူတွေ နှင့် ဝန်ဆောင်မှုပေးသူတွေအပါအဝင် အဆင့်မြင့်နည်းပညာကုမ္ပဏီ၊ Telecom ကုမ္ပဏီတွေမှာလည်းအသုံးပြုကြပါတယ်။

ဒီဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရနိုင်သလဲဆိုရင်...

🔸 စီးပွားရေးလုပ်ငန်းများအနေနဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှု သို့မဟုတ် အချိန်ကုန်စေတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာ အချိန်ကုန်ခြင်းထက် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက်လာနိုင်မှာပဲဖြစ်ပါတယ်။

🔸 စီးပွားရေးလုပ်ငန်းတွေကြီးထွားလာတာနဲ့အမျှ လုပ်ငန်းရှင်များသည်လည်း လုပ်ခလစာတွက်ချက်ခြင်းနဲ့သက်ဆိုင်တာတွေကို မြန်မာနိုင်ငံဥပဒေ နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး။

🔸 ဝန်ဆောင်မှုပေးသူတွေဟာ ဒီနယ်ပယ်မှာကျွမ်းကျင်သူများဖြစ်တာကြောင့် ဝန်ဆောင်မှုအပေါ် မှာပဲဖြစ်ဖြစ် ဥပဒေအရပဲဖြစ်ဖြစ် စိတ်ပူစရာမရှိပါဘူး။

သင့်ရဲ့ လုပ်ငန်းအပေါ်မှ အခုထက်ပိုပြီးအာရုံစိုက်ချင်တယ်ဆိုရင်တော့ ဝန်ထမ်းလစာ Payroll တွက်ချက်ခြင်းနဲ့အတူ အခြားသော HR နဲ့သက်ဆိုင်လုပ်ငန်းဆောင်တာတွေအတွက် စိတ်ချယုံကြည်ရတဲ့ PEO Services အသုံးပြုဖို့အကြံပြုပါတယ်။

To Read More Articles -