facebook tracking image
The Importance of an Employment Contract After Getting Hired
HR / Payroll / PEO

The Importance of an Employment Contract After Getting Hired

အလုပ်ခန့်ပြီဆိုတာနဲ့ ဘာကြောင့်အလုပ်ခန့်စာချုပ် (Employment Contract) ရှိသင့်ပါသလဲ။

အရင်ဦးဆုံး Employment Contract ရဲ့အဓိပ္ပာယ်ကိုပြောပြပေးချင်ပါတယ်။ Employment Contract ဆိုတာက ဝန်ထမ်းတစ်ဦးချင်းနှင့် အလုပ်ရှင် ဒါမှမဟုတ် အလုပ်သမားသမဂ္ဂတစ်ခုအကြား တရားဝင် လက်မှတ်ရေးထိုးထားပြီး အလုပ်သမားရုံးမှာ Register လုပ်ထားတဲ့သဘောတူညီချက်စာချုပ် ပဲဖြစ်ပါတယ်။ Employment Contract မှာ နှစ်ဦးနှစ်ဘက်၏ ရပိုင်ခွင့်အခွင့်အရေးများ၊ လိုက်နာရမည့် စည်းကမ်းများ နှင့် လုပ်ဆောင်ရန် တာဝန်များ စသည်ဖြင့်ပါဝင်ပါတယ်။ ​

Employment Contract ရဲ့ရည်ရွယ်ချက်ကိုလည်းပြောပြပေးချင်ပါတယ်။ အလုပ်ခန့်ထားတဲ့ကာလအတွင်းမှာ ဝန်ထမ်းနှင့် အလုပ်ရှင် နှစ်ဦးနှစ်ဖက်လုံး မျှော်လင့်ထားသည့်အရာများကို ရှင်းလင်းစွာနားလည်သဘောပေါက်ရန် နှင့် လိုက်နာ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ အလုပ်ရှင်မှ ဝန်ထမ်းအားတရားဝင် ခန့်အပ်ထားကြောင်း သက်သေ အထောက်အထားတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးအတွက် Employment Contract ရှိဖို့က အရမ်းအရေးကြီးပါတယ်။  ​

ဒီ Employment Contract က နောက်ပိုင်းမှာပေါ်ပေါက်လာနိုင်တဲ့ အငြင်းပွားမှုများနှင့် အခြားကိစ္စရပ်များမှာ သက်သေတခု အဖြစ် တည်ရှိနေမှာဖြစ်ပြီး Employment နဲ့ ပက်သက်တဲ့ပြဿနာများကိုလည်း အလွယ်တကူ ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။ ဝန်ထမ်းများ၏ အခွင့်အရေးများကို ကာကွယ်ရန် သော့ချက်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် Employment Contract ရှိခြင်းအားဖြင့် အလုပ်ခန့်ထားသောကာလအတွင်းမှာ ဘယ်လိုအကျိုးကျေးဇူး များနှင့် ဘယ်လိုအခွင့်အရေးများ ရနိုင်မလဲဆိုတာ ဝန်ထမ်းများအနေဖြင့် နားလည်နိုင်မှာပဲ ဖြစ်ပါတယ်။ ​

အလုပ်ရှင်များအနေဖြင့်လည်း မိမိရဲ့ဝန်ထမ်းတစ်ဦးချင်းစီ နှင့် ချုပ်ဆိုထားတဲ့ Employment Contract တွင်ဖော်ပြထားသော မတူညီသည့် တာဝန်ဝတ္တရားများ နှင့် စည်းကမ်းများအတိုင်းလိုက်နာလုပ်ဆောင် ခြင်း ရှိမရှိ သေချာစေနိုင်မှာပဲဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦး အနေဖြင့် Company ကိုထိခိုက်စေမည့် စည်းကမ်းချက်များ ချိုးဖောက် ပါလည်း စာချုပ်တွင်ဖော်ပြချက်ဥပဒေအရအရေးယူနိုင်ပါတယ်။ ​

အကယ်၍ Employment Contract ကို အလုပ်သမားရုံးနှင့် တရားဝင်ချုပ်ဆိုထားခြင်းမရှိပါက အလုပ်ရှင် နှင့် ဝန်ထမ်းကြား ဘယ်လိုပြဿနာ တစုံတခု ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ပေါ်ပေါက်ပါက လည်း ဝန်ထမ်းအား တရားဝင် ခန့်ထားခြင်းမရှိဟု ဆိုတဲ့ တချက်နှင့်ပင် အလုပ်ရှင် ဘက်ကသာ ဆုံးရှုံးနှစ်နာမှု ရာခိုင်နှုန်းများပါတယ်။  ဒါကြောင့် Law နှင့်အညီ ဝန်ထမ်းအား အလုပ်စခန့်ပြီ ဆိုတာနဲ့ Employment Contract ကို သက်ဆိုင်ရာ မြို့နယ်လိုက် အလုပ်သမားရုံးမှာ သွားရောက် Register လုပ်ထားသင့်ကြောင်း  အကြံပြုပါတယ်နော်။