facebook tracking image
Exploring Myanmar’s IT Industry and Job Prospects
Industry News

Exploring Myanmar’s IT Industry and Job Prospects

မြန်မာ့ IT ဈေးကွက်အပေါ်လေ့လာသုံးသပ်ချက်နှင့် အလုပ်အကိုင်အခွင့်အရေး

Information Technology အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီးတော့ Knowledge Sharing လုပ်ချင်နေတာကြာပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံမှာ IT ဟာ တစ်ဖြည်းဖြည်းကျယ်ပြန့်အသုံးဝင်လာတာကိုလည်း သိကြမှာပါ။ လူတစ်ဦးချင်းစီဟာလည်း IT နဲ့ ပတ်သက်ပြီး အသိပညာရော ရင်းနှီးကျွမ်းဝင်မှုပါ မြင့်မားလာတာကို တွေ့ရပါတယ်။ တချို့ ၇ နှစ် ၈နှစ် အရွယ်ကလေးများတောင်မှ Phone တွေ Tablet တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေပါပြီ။ ဒါဟာ နောက်ပိုင်း Generation တွေမှာ Technology Evolution မြန်ဆန်လာခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။ Information Technology ရဲ့ အသုံးတည့်ပုံ၊ အရေးပါပုံကိုလည်း လူတိုင်းနီးပါးနားလည်လက်ခံလာပါတယ်။ ထိုနည်းတူစွာ နိုင်ငံစီးပွါးရေးတိုးတက်လာသည်နှင့်အမျှ IT အလုပ်အကိုင်စျေးကွက်ဟာလည်း လုပ်ငန်းလိုအပ်ချက်တွေနဲ့အတူ တိုးတက်လျက်ရှိပါတယ်။ လတ်တလောခေတ်စားနေတဲ့ IT အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ Software Development, System Infrastructure, Network Infrastructure, Application Support, Operation ပိုင်းတွေမှာ လိုအပ်ချက်များပြီး Software ပိုင်းမှာဆိုရင် Web Development နဲ့ Mobile Application Development ပိုင်းတွေမှာ လိုအပ်ချက်များတာကို တွေ့ရပါတယ်။

2017 နောက်ပိုင်းမှာတော့ System Analysis, Business Analysis, System Architecture စတဲ့ Position မျိုးတွေ ခေတ်စားလာပါလိမ့်လို့ ခန့်မှန်းရပါတယ်။ ဥပမာအားဖြင့် Company တိုင်းမှာ Helpdesk လို Position တွေ မရှိမဖြစ်လိုအပ်သလို Management တွေအတွက်လည်း လိုအပ်တဲ့ Data နဲ့ Report တွေကို Analyze လုပ်ရမယ့် Business Analyst တွေ၊ System Analyst တွေ အများအပြားလိုအပ်လာမယ်လို့လည်း ခန့်မှန်းမိပါတယ်။ Recruiter တွေဘက်ကတော့ အရှေ့ မှာပြောခဲ့သလိုပဲ Software ပိုင်းနဲ့ Infrastructure ပိုင်းမှာ ကျွမ်းကျင်သူတွေကို လိုအပ်တာများပါတယ်။ သို့ပေမယ့်လည်း Junior နဲ့ Executive level ရှိတဲ့ Job seeker တွေကတော့ Network ပိုင်းနဲ့ ပတ်သက်တဲ့အလုပ်မျိုးတွေ အလျှောက်များပါတယ်။ ခေတ်ကာလကလည်း Mobile ခေတ်ဘက်ကို ပြောင်းလာတာနဲ့အမျှ Mobile Developer တွေလည်း လိုအပ်လာတာကို တွေ့ရမှာပါ။ လုပ်ငန်းလိုအပ်ချက်တွေနဲ့အတူ Professional Mobile Developer တွေကို လိုအပ်ချက်မြင့်မားလာပြီး Salary ပိုင်းလည်း ကောင်းလာပါတယ်။ အထူးသဖြင့် Professional iOS Developer တွေဆိုရင် စျေးကွက်မှာ Limit ဖြစ်တဲ့အထဲ ပါပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အတွေ့နည်းနေသေးတဲ့ UX Architect, Cloud Specialist လို Position တွေကလည်း အရေးပါတဲ့ကဏ္ဍမှာပါလာပြီ။ Organization တော်တော်များများမှာ Management Information System တွေကို အသုံးပြုလာကြသလို ဒီ System တွေကို အဓိကထားတဲ့ Service Provider တွေလည်း ပေါ်ပေါက်လာတာတွေ့ရပါတယ်။ ဒီ System တွေဟာ Organization တစ်ခု Structure ကျကျ Process မြန်မြန်နဲ့ သွားနိုင်ဖို့လည်း မရှိမဖြစ်လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် MIS ပိုင်းမှာ ရင်းနှီးကျွမ်းဝင်သူတွေမှာလည်း အခွင့်အလမ်းကောင်းအများအပြားရှိလာပါတယ် ။ SAP, ERP, CRM စတဲ့ Management System တွေအတွက်ခေါ်နေတဲ့ Position တွေဆိုရင်လည်း လစာကောင်းတတ်ပါတယ်။ အခုဖော်ပြထားခဲ့တဲ့ Position တွေကိုမှ လစာကောင်းတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ Field မှာ တကယ် Skillful ဖြစ်ပြီး Experience ကောင်းကောင်းရှိမယ်ဆိုရင် ကိုယ်နဲ့ထိုက်သင့်တဲ့လစာတစ်ခုကို ရမှာပါ။ IT သမားအားလုံးကို အကြံပေးချင်တာကတော့ မိမိကိုယ်ကို Updated Software/ System (Modern Technology) တွေနဲ့ အမြဲထိတွေ့လေ့လာစေချင်ပါတယ်။ ဒါ့အပြင် အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာတဲ့ အချိန်မှာ English, Chinese, Japanese စတဲ့ Second Language တွေကို သင်ယူလေ့ကျင့်ထားသင့်ပါတယ်။ အခွင့်အလမ်းကောင်းတွေဟာ သင်နဲ့လက်တစ်ကမ်းမှာသာရှိပြီး ကိုယ့်ဘက်ကသာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ရောက်လာသမျှ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးမှာမဟုတ်ဘူးလို့ အကြံပေးချင်ပါတယ်။

Share this blog

A Look at the 2020 Job Market
A Look at the 2020 Job Market
Published 19 December 2019
Better Career Paths Await in Mandalay
Better Career Paths Await in Mandalay
Published 3 October 2017
Brighter future ahead for Hospitality Industry in Myanmar
Brighter future ahead for Hospitality Industry in Myanmar
Published 12 October 2016