facebook tracking image
Holidays, Leaves, and Days Off Everyone Should Know
HR / Payroll / PEO

Holidays, Leaves, and Days Off Everyone Should Know

ဝန်ထမ်းတိုင်းသိထားသင့်သည့် ပိတ်ရက်၊ ခွင့် အမျိုးအစားများနှင့်ရရှိနိုင်သည့်အခွင့်အရေးများ

လုပ်ငန်းခွင် ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့မသိမဖြစ်သိထားသင့်တဲ့ ပိတ်ရက်၊ " ခွင့် " အမျိုးအစားတွေနဲ့ ရရှိန်ိုင်တဲ့ အခွင့်အရေးတွေကို ဗဟုသုတရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ ခွင့်ရက်လို့ဆိုရာမှာ

1. Earned Leave (Annual Leave) - လုပ်သက်ခွင့်

2. Casual Leave - ရှောင်တခင်ခွင့်

3. Medical Leave - ဆေးလက်မှတ်ခွင့်

4. Maternity Leave - မီးဖွားခွင့် တို့ပါဝင်ပါတယ်။

ပိတ်ရက် 

အလုပ်ရှင်သည် ဝန်ထမ်းများအတွက် ရက်သတ္တပတ် ၁ ပတ်လျှင် အနည်းဆုံး ၁ ရက် ကို လစာငွေ အပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ခွင့်ပြုပေးရပါတယ်။ ဗုဒ္ဒဘာသာဝင်မဟုတ်သည့် ဝန်ထမ်းများအတွက် ထိုဝန်ထမ်းများနှင့် အလုပ်ရှင် သဘောတူညီချက်အတိုင်း သက်ဆိုင်ရာ ဘာသာရေးအခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ် ခွင့်ပြုနိုင်ပါတယ်။

1. Earned Leave (Annual Leave) - လုပ်သက်ခွင့်

ဝန်ထမ်းသည် မိမိ၏အလုပ်တွင် အနည်းဆုံးလုပ်သက် ၁ နှစ်ရှိလျှင် လစာငွေဖြတ်တောက်ခြင်းမရှိဘဲ ဥပဒေအရ လုပ်သက်ခွင့် ၁၀ ရက် တစ်ဆက်တည်းခံစားခွင့်ရှိပါတယ်။ သို့သော် ဝန်ထမ်းသည် ၁၂လ(၁နှစ်) လုပ်သက်တွင် လတိုင်း အနည်းဆုံး ရက် ၂၀ ပြည့်အောင် အလုပ်ဆင်းရမှာဖြစ်ပြီး ရက် ၂၀ မပြည့်သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်မှ တစ်ရက်ကျစီအဖြတ်ခံရမှာ ဖြစ်ပါတယ်။ လုပ်သက်ခွင့်ကို အလုပ်ရှင်၊ အလုပ်သမား သဘောတူရင်လျှင် (၃) နှစ်အထိစုထားလို့ရပါတယ်။

အကယ်၍ လုပ်သက်ခွင့်ရ ဝန်ထမ်းသည် လုပ်သက်ခွင့်မရယူရသေးခင် အလုပ်ထွက်ခြင်း (သို့မဟုတ်) အလုပ်မှထုတ်ပယ်ခံရခြင်း (သို့မဟုတ််) သေဆုံးပါက အလုပ်ရှင်မှ ငွေကြေးအနေနဲ့ပြန်ထုတ်ပေးရမှာ ဖြစ်ပါတယ်။

2. Casual Leave - ရှောင်တခင်ခွင့်

ဝန်ထမ်းတိုင်း အလုပ်စဝင်တာနဲ့ ဥပဒေအရ လစာငွေဖြတ်တောက်ခြင်းမရှိဘဲ ရှောင်တခင်ခွင့် တစ်နှစ်လျှင်စုစုပေါင်း ၆ ရက်ရရှိပါတယ်။ သို့သော် ဝန်ထမ်းသည် ခရီးဝေးသွားရန်အကြောင်း (သို့မဟုတ်) မိမိကိုးကွယ်သည့် ဘာသာဓလေ့အစဉ်အလာရ အကြောင်းထူးမှတပါး တစ်ကြိမ်လျှင် အများဆုံး ၃ ရက် ထက်ပိုယူ၍ မရပါ။ ရှောင််တခင်ခွင့်ကို အခြားမည်သည့်ခွင့်ရက်အမျိုးမျိုးနှင့်မှ ပေါင်းစပ်၍မရပါ။

ထူးခြားချက်အနေနဲ့ဝန်ထမ်းသည် ရှောင်တခင်ခွင့်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ထိုခွင့်ရက်ပျက်ပြယ်မှာဖြစ်ပါတယ်။

3. Medical Leave - ဆေးလက်မှတ်ခွင့်

ဆေးလက်မှတ်ခွင့်ကို ဝန်ထမ်းတိုင်း တစ်နှစ်လျှင် ရက်ပေါင်း ၃၀ ရရှိမှာ ဖြစ်ပြီး လုပ်သက် ၆ လမပြည့်သေးပါက ဆေးလက်မှတ်ခွင့် ရက်ပေါင်း ၃၀ သည် လစာမဲ့ဖြစ်ပါတယ်။ သတိပြုရမယ့်အချက်အနေနဲ့ ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ထိုခွင့်ရက်ပျက်ပြယ်မှာဖြစ်ပါတယ်။ ဥပဒေအရ ဆေးလက်မှတ် ခွင့်ကို လုပ်သက်ခွင့်ရက်နဲ့ တစ််ဆက်တည်း ခံစားခွင့်ရှိပါတယ်။

4. Maternity Leave or Paternity Leave - မီးဖွားခွင့်

ဥပဒေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးဝန်ထမ်းတွေအနေနဲ့ မီးမဖွားမီ ရက်သတ္တပတ် ၆ ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ် ၈ ပတ် ကို လစာငွေဖြတ်တောက်ခြင်းမရှိဘဲ မီးဖွားခွင့်ရရှိမှာ ဖြစ်ပါတယ်။  ဥပဒေအရ မီးဖွားခွင့်ရက် ကို ဆေးလက်မှတ်ခွင့်ရက်နဲ့ ဆက်စပ်ခံစားခွင့်ပြုထားပါတယ်။ 

လူမှုဖူလုံရေး (SSB) ပေးဆောင်ခြင်း မရှိတဲ့ ဝန်ထမ်းတွေလည်း ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေပါ ခွင့်တွေကို ခံစားခွင့်ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ ဝန်ထမ်းတိုင်း ခွင့်အမျိုးအစားအသီးသီးကို မိမိတို့လုပ်သက်ရဲ့ အချိုးကျအတိုင်း ခံစားရရှိနိင်ဖို့ ခွင့်ရက်အမျိုးအစားတွေနဲ့ ခံစားခွင့်ဥပဒေတွေကို ဗဟုသုတအနေနဲ့ သိထားဖို့လိုအပ်ပါတယ်။

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024