facebook tracking image
​How HR Calculates Leave When You Take Days Off Around Public Holidays
HR / Payroll / PEO

​How HR Calculates Leave When You Take Days Off Around Public Holidays

ပြက္ခဒိန်မှာ ပိတ်ရက်ကို ရှေ့ပိတ်နောက်ပိတ်ခွင့်ယူမယ်ဆို HR တွေ ခွင့်ဘယ်လိုဖြတ်မလဲ?

အလုပ်ပိတ်ရက်တွေကြားထဲ ရုံးတက်ရက်တွေရှိတဲ့အခါ ဝန်ထမ်းတွေခွင့်ယူမယ်ဆို HR တွေအမြဲကိုင်တွယ်ဖြေရှင်းရတဲ့ကိစ္စကတော့ ခွင့်နဲ့ပိတ်ရက် ခွဲခြားသတ်မှတ်ပြီး လစာတွက်ချက်ရတာပဲဖြစ်ပါတယ်။

HR တွေ အနေနဲ့ မသိမဖြစ်သိထားသင့်တဲ ပိတ်ရက်တွေကြား ခွင့်ယူတဲ့အခါ ခွင့်ရက်ဥပဒေအရ ‘’အလုပ်ပိတ်ရက်နှင့်ခွင့်ရက်’’ ခွဲခြားသတ်မှတ်ပုံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

  1. အပတ်စဉ်အလုပ်ပိတ်ရက်၏ ရှေ့တွင်ဖြစ်စေ၊ နောက်တွင်ဖြစ်စေ ခွင့်ယူခြင်းရက်သတ္တပတ်ရဲ့ ပထမဆုံးရုံးဖွင့်ရက်ကိုခွင့်ယူလိုက်တယ် သို့မဟုတ် ခွင့်ယူထားပြီးနောက်တစ်ရက်က ရုံးပိတ်ရက်ဖြစ်နေမယ် ဆိုရင် ကြားထဲက ရုံးပိတ်ရက်တွေကို ဥပဒေအရ ခွင့်အဖြစ်သတ်မှတ်လို့မရပါဘူး။
  2. အပတ်စဉ်အလုပ်ပိတ်ရက်ကို ထိပ်ပိတ်နောက်ပိတ်ခွင့်ယူခြင်းဒီကိစ္စဟာ HR နဲ့ ဝန်ထမ်းတွေကြား အမြဲကြုံတွေရလေ့ရှိတဲ့ ဒွိဟဖြစ်စရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အပတ်စဉ်အလုပ်ပိတ်ရက်မတိုင်ခင်ကစတင်ပြီး အလုပ်ပိတ်ရက်ပြီးနောက်တစ်ရက်အထိ ခွင့်ယူတယ်ဆိုရင် ကြားထဲမှာ ရှိနေတဲ့အလုပ်ပိတ်ရက်တွေကိုပါ ဥပဒေအရ ခွင့်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ဥပမာ - ပိတ်ရက်က စနေ၊ တနင်္ဂနွေဆိုရင် သောကြာနဲ့ တနင်္လာကိုခွင့်ယူတဲ့အခါ လေးရက်ခွင့်ဖြစ်သွားမှာဖြစ်ပါတယ်။
  3. အပတ်စဉ်အလုပ်ပိတ်ရက်ကြားထဲခွင့်ယူခြင်းအပတ်စဉ်ရုံးပိတ်ရက်အပြီး နောက်တနင်္လာနေ့ကစပြီး နောက်အပတ်ရုံးပိတ်ရက်အထိ ခွင့်ယူမယ်ဆိုပါက နောက်အပတ်ရုံးပိတ်ရက်ကို ဥပဒေအရ ခွင့်အဖြစ်သတ်မှတ်မှာ ဖြစ်ပါတယ်။
  4. အများပြည်သူအလုပ်ပိတ်ရက်၏ ရှေ့ရက်(သို့မဟုတ်)နောက်ရက်တွင်ခွင့်ယူခြင်းအများပြည်သူအလုပ်ပိတ်ရက်ရဲ့မတိုင်ခင်ရက် သို့မဟုတ် အများပြည်သူအလုပ်ပိတ်ရက်ပြီး နောက်တစ်ရက်မှာ ခွင့်ယူတယ်ဆိုရင် အများပြည်သူအလုပ်ပိတ်ရက်ကို ဥပဒေအရခွင့်အဖြစ်သတ်မှတ်လို့မရပါဘူး။
  5. အများပြည်သူအလုပ်ပိတ်ရက်ကို ရှေ့နောက်ပိတ်၍ခွင့်ယူခြင်းအများပြည်သူအလုပ်ပိတ်ရက်မတိုင်ခင်ကစပြီး အများပြည်သူအလုပ်ပိတ်ရက်ပြီးနောက်တစ်ရက်အထိ ရှေ့နောက်ပိတ်ခွင့်ယူထားတယ်ဆိုရင်တော့ ကြားထဲကအများပြည်သူအလုပ်ပိတ်ရက်ကို ဥပဒေအရခွင့်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ဒါဆိုရင် HR တွေနဲ့ ဝန်ထမ်းတွေကြား ဒွိဟဖြစ်စေတဲ့ ပိတ်ရက်တွေကြားထဲက ရုံးတက်ရက်တွေကိုခွင့်ယူမယ်ဆို ခွင့်သတ်မှတ်တဲ့ပုံစံ အားလုံးပဲသိသွားကြမယ် ထင်ပါတယ်။