facebook tracking image
Resignation and Severance Pay: What You Need to Know
HR / Payroll / PEO

Resignation and Severance Pay: What You Need to Know

အလုပ်မှနုတ်ထွက်ခြင်းနှင့်အလုပ်ထုတ်နစ်နာကြေးအကြောင်းသိကောင်းစရာများ

ဝန်ထမ်းတွေအနေနဲ့ အကြောင်းကြောင်းကြောင့် အလုပ်ထွက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အလုပ်ကထုတ်ခံရတာပဲဖြစ်ဖြစ် ဥပဒေအရ မိမိတို့ရသင့်တဲ့အခွင့်အရေးတွေမဆုံးရှုံးစေဖို့ သိထားရမယ့်အချက်တွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

အလုပ်မှနုတ်ထွက်ခြင်း

ဝန်ထမ်းအနေနဲ့ အစမ်းခန့်ကာလမှာ အလုပ်ကနုတ်ထွက်လိုပါက အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားပြီး နုတ်ထွက်နိုင်ပါတယ်။

အမြဲတမ်းဝန်ထမ်းအဖြစ်မှ နုတ်ထွက်လိုပါက ၁ လကြိုတင်ပြီး နုတ်ထွက်စာတင်ရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းသည် ၁ လကြိုတင်ပြီး နုတ်ထွက်စာတင်တာဖြစ်တဲ့အတွက် အလုပ်ရှင်မှ အလုပ်ရပ်စဲမှု နစ်နာကြေးပေးရန်မလိုဘဲ အလုပ်လုပ်ခဲ့သည့်ရက်များအတွက် လုပ်ခလစာနှင့် လုပ်သက်ခွင့်ကို ခံစားပေးပြီး နုတ်ထွက်ခွင့်ပြုရပါမယ်။

အလုပ်မှရပ်စဲခြင်း

အလုပ်ရှင်အနေနဲ့ အလုပ်စတင်ဝင်ရောက်တဲ့ ဝန်ထမ်းအသစ်တစ်ယောက်အား အစမ်းခန့်ကာလမှာ အလုပ်ကရပ်စဲလိုပါက တိကျသောအကြောင်းပြချက်ဖြင့် တစ်ပတ်ကြိုတင် နို့တစ်စာပေးပို့ရမှာဖြစ်ပါတယ်။ 

အမြဲတမ်းဝန်ထမ်းအဖြစ်မှရပ်စဲလိုပါက တစ်လကြိုတင်နို့တစ်စာပေးပို့ရမှာဖြစ်ပါတယ်။

သတ််မှတ်ထားသောစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့်ဝန်ထမ်းများကို ပထမအကြိမ်စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း၊ တတိယကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း စသည်တို့ပြုလုပ်စေပြီးနောက် ၁၂ လအတွင်းထပ်မံကျူးလွန်ခဲ့ပါက အလုပ်ရှင်သည် နစ်နာကြေးပေးရန်မလိုဘဲ အလုပ်မှရပ်စဲနိုင်ပါတယ်။

စည်းကမ်းဖောက်ဖျက်ပြီးနောက် ၁၂ လအတွင်း ထပ်မံဖောက်ဖျက်ကျူးလွန်ခြငး်မရှိပါက ကျူးလွန်ခဲ့သောပြစ်မှုအားလုံးကို အလုပ်ရှင်မှ ချေဖျက်ပေးရပါမယ်။

အလုပ်ရှင်သည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်စဲမည်ဆိုပါက အလုပ်သမားဥပဒေအရ သတ်မှတ်နစ်နာကြေးပေးရမှာဖြစ်ပါတယ်။

နစ်နာကြေးနှုန်းထားများ 

အလုပ်ရှင်သည်အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဆက်တည်းလုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ(အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါနစ်နာကြေးများအတိုင်းပေးရပါမယ်။

(က) လုပ်သက် ၆ လပြည့်ပြီး ၁ နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ

(ခ) လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက နစ်နာကြေး ၁ လစာ

(ဂ) လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက နစ်နာကြေး ၁ လခွဲ လစာ

(ဃ) လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက နစ်နာကြေး ၃ လစာ

(င) လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက နစ်နာကြေး ၄ လစာ

(စ) လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက နစ်နာကြေး ၅ လစာ

(ဆ) လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက နစ်နာကြေး ၆ လစာ

(ဇ) လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက နစ်နာကြေး ၈ လစာ

(ဈ) လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက နစ်နာကြေး ၁၀ လစာ

(ည) လုပ်သက် ၂၅ နှစ်နှင့်အထက်ရှိပါက နစ်နာကြေး ၁၃ လစာ

ဒီလိုမျိုးနစ်နာကြေးဥပဒေတွေနဲ့ ဝန်ထမ်းစာချုပ်ချုပ်ဆိုမှုတွေကို HR နဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့ ဝန်ထမ်းတိုင်းသိထားသင့်ပါတယ်။

 

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024