facebook tracking image
The Rights and Benefits Gained from Paying Taxes
HR / Payroll / PEO

The Rights and Benefits Gained from Paying Taxes

အခွန်ဆောင်ခြင်းကြောင့်ရရှိလာမည့်အခွင့်အရေးများ

လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ ဝင်ငွေခွန်တွေသာ တစ်လတစ်လဆောင်နေကြတယ်။ အခွန်ဆောင်တဲ့အတွက် ဘယ်လိုအခွင့်အရေးတွေရရှိနိုင်မလဲဆိုတာကိုတော့ အသေးစိတ်သိကြတဲ့သူတွေ နည်းပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ဝင်ငွေခွန် (Income Tax) အကြမ်းဖျင်းတွက်ကြည့်လို့ရမယ့်နည်းလမ်းနဲ့ အခွန်ဆောင်တဲ့အတွက် ဘယ်လိုအခွင့်အရေးတွေ၊ သက်သာခွင့်တွေရရှိမလဲဆိုတဲ့အကြောင်းအရာတွေကို Share ပေးချင်ပါတယ်။ ​

အောက်ပါအချက်အလက်များသည် မြန်မာနိုင်ငံ Internal Revenue Department မှ တရားဝင်သတ်မှတ်ထားသော အချက်အလက်များဖြစ်ပါသည်။

ဝင်ငွေနှင့်တာဝန်​

တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့်​

  • လစာဝင်ငွေရရှိလျှင် (ဝင်ငွေခွန်)                  
  • မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှဝင်ငွေရရှိလျှင် (ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)
  • အခြေပစ္စည်းတစ်ခုခုရောင်းချ၍ မြတ်စွန်းငွေရရှိလျှင်(ဝင်ငွေခွန်)
  • အိမ်ခြံမြေ၊ အဆောက်အဦး၊ မော်တော်ယာဉ်၊ ရေယာဉ်များ ဝယ်ယူတည်ဆောက်ခြင်းနှင့် အစုရှယ်ယာထည့်ဝင်ခြင်းတို့အတွက် ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိလျှင် (ဝင်ငွေခွန်) အသီးသီး ပေးဆောင်ရပါမှာဖြစ်ပါတယ်။

အခွန်ကျသင့်ခြင်းနှင့် အခွန်တွက်ချက်ခန့်မှန်းခြင်း (Taxation & Calculation)​

လစာဝင်ငွေခွန် တွက်ချက်ခြင်း​

နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ် ၄၈ သိန်း အထက်ရရှိပါက အဆိုပါ စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များကိုနုတ်ပယ်ပြီးနောက် ကျန်ငွေအပေါ် အောက်ပါ ဝင်ငွေအလွှာလိုက်နှုန်းထားအတိုင်း ဝင်ငွေခွန်ကျသင့်မှာဖြစ်ပါတယ်။

စည်းကြပ်ရန်ဝင်ငွေအလွှာ စည်းကြပ်ရန်ဝင်ငွေနှုန်း  
မှ (ကျပ်) ထိ (ကျပ်)  
၂,၀၀၀,၀၀ ၀%
၂,၀၀၀,၀၀၁ ၅,၀၀၀,၀၀၀ ၅%
၅,၀၀၀,၀၀၁ ၁၀,၀၀၀,၀၀၀ ၁၀%
၁၀,၀၀၀,၀၀၁ ၂၀,၀၀၀,၀၀၀ ၁၅%
၂၀,၀၀၀,၀၀၁ ၃၀,၀၀၀,၀၀၀ ၂၀%
၃၀,၀၀၀,၀၀၁ နှင့်အထက် ၂၅%

အခွန်ဆောင်ခြင်းကြောင့်ရရှိမည့်အခွင့်အရေးများ

သက်သာခွင့် (Relief)

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ ​​

  • အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)
  • အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ၁၀ သိန်းစီ)
  • အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် သက်သာခွင့် (ကျပ် ၁၀ သိန်း)
  • သားသမီးအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၅ သိန်းစီ)
  • အသက်အာမခံအတွက်ပေးရသည့်ပရီမီယံ (အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)
  • လူမှုဖူလုံရေးရန်ပုံငွေသို့ထည့်ဝင်ငွေ (အခွန်ထမ်းအတွက်သာ)
  • အိမ်ခြံမြေ၊ အဆောက်အဦး၊ မော်တော်ယာဉ်၊ ရေယာဉ်များ ဝယ်ယူတည်ဆောက်ခြင်းနှင့် အစုရှယ်ယာထည့်ဝင်ခြင်းတို့အတွက် ဝင်ငွေခွန်ဆောင်ပြီးထားပြီဆိုရင် ထိုပမာဏအတိုင်း ဝင်ငွေခွန်သက်သာခွင့်
  • တစ်ဦးချင်းပုဂ္ဂိုလ် (ပြည်ပနေနိုင်ငံခြားသား) တွေကတော့ အထက်ပါသက်သာခွင့်တွေရရှိမှာ မဟုတ်ပါဘူး။

ကင်းလွတ်ခွင့် (Exemption)​

  • နှစ်တစ်နှစ်အတွက် လစာဝင်ငွေ (၄၈) သိန်းအထိ ဝင်ငွေခွန်ကင်းလွတ်ပါတယ်။
  • နှစ်တစ်နှစ်အတွင်း မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း ရငွေ ကျပ်သိန်း ၅၀၀ ထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိပါတယ်။
  • အခြေပစ္စည်းမှမြတ်စွန်းငွေရရှိသူအနေဖြင့် နှစ်တစ်နှစ်အတွင်းရောင်းချသည့်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၁၀၀ မကျော်လျှင် မြတ်စွန်းငွေပေါ်ပေါက်စေကာမူ ဝင်ငွေခွန်ကင်းလွတ်မှာဖြစ်ပါတယ်။

ပြန်အမ်းငွေတောင်းပိုင်ခွင့် (Refund)​

နှစ်အတွင်းပေးဆောင်ခဲ့သောအခွန်သည် ဥပဒေအရ အမှန်ပေးဆောင်ရမည့် အခွန်ထက်ပိုနေလျှင် အထောက်အထားပြသ၍ ပြန်အမ်းငွေလျှောက်ထားနိုင်သလို၊ ပေးဆောင်ရမည့်အခွန်တွင် ခုနှိမ်ပေးရန် (သို့မဟုတ်) ဝင်ငွေနှစ်အတွင်းပေးသွင်းသည့် ကြိုတင်ခွန်အဖြစ် သတ်မှတ်ပေးရန်တင်ပြနိုင်ပါတယ်။ ​

အယူခံနိုင်ခွင့် (Appeal)​

မိမိနှင့်သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို ကျေနပ်မှုမရှိလျှင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ အယူခံဝင်ပိုင်ခွင့်ရှိပါတယ်။

ဆောင်းပါးမှာထည့်သွင်းဖို့ အခြားမှန်ကန်တဲ့အချက်အလက်တွေ လိုအပ်မှုရှိတယ်ဆိုရင် ဖြည့်သွင်းပြင်ဆင်နိုင်ဖို့အတွက် Comment box / Chat box မှာအကြံပြုပေးပါရှင်။

ဝင်ငွေခွန်နှင့် လစာတွက်ချက်ခြင်း၊ ဝန်ထမ်းများအား တိကျမှန်ကန်သောလစာငွေအား အချိန်မီလစာပေးနိုင်ရင် ဆောင်ရွက်ပေးခြင်း၊ အစိုးရရုံးကို ပေးဆောင်ရမည့်အခွန်ငွေများအား တိကျစွာအခွန်ဆောင်ပေးကာ အခွန်စလစ်များအားကုမ္ပဏီအားအပ်နှံခြင်းစသည့် Payroll Outsourcing Services ကို ကျွန်မတို့ MP&O (Myanmar Payroll and Outsourcing) Company မှ တာဝန်ယူပေးပါရစေ… Payroll Outsourcing နဲ့ပတ်သက်ပြီး Free Consultation ရယူရန်အတွက် MyWorld Careers Facebook Page ကနေတစ်ဆင့်ဖြစ်စေ၊ contact@payroll-and-outsourcing.com သို့ Email ပို့ပြီးဖြစ်စေ Appointment ရယူနိုင်ပါတယ်။