facebook tracking image
Things to Consider When Starting with an Outsourcing Service
HR / Payroll / PEO

Things to Consider When Starting with an Outsourcing Service

Outsourcing Service ကို စသုံးတော့မယ်ဆိုရင် Company ကိုဘာတွေမေးပြီး ဘာတွေစဉ်းစားသင့်လဲ?

​သင့်ကုမ္ပဏီအတွက် Outsourcing Services အသုံးပြုဖို့လိုအပ်လာပြီဆိုရင် ကိုယ်အသုံးပြုမယ့် Outsourcing Company ကိုမေးမြန်းသင့်တဲ့မေးခွန်းတွေနဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေရှိပါတယ်။

Outsourcing Company အဖြစ်ရပ်တည်နေတာဘယ်လောက်ရှိပြီလဲ?
Company Profile ကို Website, Facebook, LinkedIn, Instagram အစရှိတဲ့ Social Media Account ကနေသွားရောက်လေ့လာနိုင်သော်ငြားလည်း Company အကြောင်းကို မေးခြင်းက Company နဲ့ပတ်သတ်ပြီးပိုသိနိုင်တဲ့အပြင် Service ပေးမယ့် Staffတွေရဲ့အကြောင်းကို လည်းလေ့လာနိုင်ပါတယ်။ ဒါတွေကိုသိရဖို့အတွက် Company ရဲ့ Market ထဲမှာ ရပ်တည်နေတဲ့အချိန်ကာလကနေ စမေးတာ အကောင်းဆုံးပါ။

ဘယ်လို Service မျိုး ပေးသလဲ?
ဥပမာ Myanmar Payroll & Outsourcing Company မှာဆိုရင် Payroll, PEO, Contract Staffing အစရှိတဲ့ အပြင် Clients တွေတကယ်လိုအပ်နေတဲ့အပေါ် ဆွေးနွေးပေးပြီး လိုအပ်တဲ့အပိုင်းကို ညှိပေးတဲ့ အတွက် Clients တွေအနေနဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်ကိုလျော့ချနိုင်တယ်။ ဒါကြောင့် ဘယ်လို မျိုး Service တွေပေးလဲဆိုတာ ကိုအရင်ဆုံးမေးပြီးမှသာ မိမိ Company အတွက်တကယ် ကိုက်ညီတဲ့ Service မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Testimonial ရှိသလား၊ Clients တွေဘယ်လောက်စိတ်ကျေနပ်မှုရှိလဲ?
Testimonial တောင်းကြည့်ခြင်းဖြင့် Company ရဲ့အားသာချက် အားနည်းချက် ကို ပိုပြီးမြင်သာစေပါတယ်။ လက်ရှိ Clients တွေရဲ့စိတ်ကျေနပ်မှုကို အမြောက်အများရရှိထားရင် သင်နဲ့အဆင်ပြေနိုင်မယ့် ရာခိုင်နှုန်းဟာလည်းမြင့်နိုင်ပါတယ်။ Company Website, Facebook အစရှိတဲ့ Social Media Account များတွင်လည်းသွားရောက်ပြီး Review, Rating တို့တွင်လည်းကြည့်ရှုနိုင်ပါတယ်။

ဘယ်လို Company တွေကလက်ရှိအသုံးပြုနေလဲ?
ဥပမာအားဖြင့် Headcount, နေရာဒေသ, Company အမျိုးအစားအစရှိသဖြင့်မေးမြန်းသင့်ပါတယ်။ မိမိ Company နဲ့ပုံစံချင်း အဆင်တူဆုံး Client မျိုးကို လက်ရှိ Service ပေးနေတာ သို့မဟုတ် Company အမျိုးအစားတော်တော်များများကို Service ပေးဖူးတဲ့ Outsourcing Company မျိုးကို ရွှေးချယ်ချင်းက သင့် Company ရဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့အချိန်ကို ပိုမြန်ဆန်စေပါတယ်။


Data ပိုင်းနဲ့ပတ်သတ်ပြီးဘယ်လောက်စိတ်ချရလဲ?
ဥပမာ Company Information, Employee’s Information, လစာ အစရှိတဲ့ Data အချက်အလက်တွေကို Outsourcing Company ကိုပေးဆောင်ရမည့်အတွက် မိမိ ရဲ့ Outsourcing Company ရဲ့ Data Security အပိုင်းနဲ့ပတ်သက်ပြီး တစ်ရာ ရာခိုင်နှုန်း နီးပါးစိတ်ချရတဲ့ Outsourcing Company မျိုးကိုသာရွေးချယ်သင့်ပါတယ်။

အထက်ပါအချက်အလက်များကိုအရင်ဆုံးလေ့လာပြီးမှသာ Service Fees ကိုမေးမြန်းသင့်ပါတယ်။ ပုံမှန်အားဖြင့် Service Fees အရင်ဆုံးကြည့်တတ်တာများသော်လည်း Basic, General အဆန်ဆုံးအကြောင်းအရာများကို အရင်မေးမြန်းသင့်ပါတယ်။ များသောအားဖြင့် Service Fees အဆင်ပြေတာကို ရွေးမိသွားတတ်တာမျိူးဖြစ်နိုင်ပါတယ်။

ဖော်ပြထားတဲ့မေးခွန်းတွေနဲ့ မိမိ Company ရဲ့ အခက်အခဲ လိုအပ်ချက်များကိုသေချာတိုင်ပင်ဆွေးနွေးပြီး မိမိ Company အတွက်သေချာစွာ ကူညီဆောင်ရွက်ပေးနိုင်တဲ့ Outsourcing Company ကိုသာ ရွှေးချယ်ပါ။

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024