facebook tracking image
When Should You Consider Using Payroll Outsourcing Services?
HR / Payroll / PEO

When Should You Consider Using Payroll Outsourcing Services?

​ဘယ်လိုအခြေအနေတွေမှာ Payroll Outsourcing Services ကို သုံးသင့်သလဲ?

ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလည်ပတ်တဲ့နေရာမှာ အဓိကလိုအပ်တဲ့အရာကတော့ လူ့စွမ်းအားအရင်းအမြစ်လို့ ခေါ်တဲ့ Human Resources ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားခြင်းဟာ ကုမ္ပဏီတိုးတက်နှုန်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အဲဒီလောက်ထိ အရေးကြီးတဲ့ မိမိဝန်ထမ်းတွေအနေနဲ့ အလုပ်တစ်ခုတည်းမှာ အာရုံစိုက်ပြီး လုပ်နိုင်စေဖို့၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့၊ Continuous Learning and Development ဖြစ်စေဖို့ စတဲ့အချက်တွေကို ကုမ္ပဏီအနေနဲ့လည်း ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ ထို့အတူပဲ မျှတသင့်တော်တဲ့ လုပ်ခလစာ၊ ခံစားခွင့်တွေနဲ့အတူ လစာအချိန်မီ၊ အချိန်မှန်ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် ဒါတွေအားလုံးကို တာဝန်ယူဆောင်ရွက်ဖို့အတွက် ကုမ္ပဏီတွေမှာ Human Resources Department ဆိုတာ မဖြစ်မနေရှိဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ကုမ္ပဏီ Size နဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ချို့ရုံးမှာဆို HR တစ်ယောက်တည်း ဒါမှမဟုတ် ၂ ယောက်၊ ၃ ယောက် စသဖြင့်ထားလေ့ရှိကြပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို အာရုံစိုက်နေရတဲ့ HR တွေအနေနဲ့ လစာပေးအပ်တဲ့ကိစ္စကိုလည်း လျစ်လျူရှုထားလို့ မရပြန်ပါဘူး။ ဒါကြောင့် ကုမ္ပဏီတွေသာမက HR တွေအနေနဲ့ရော ဘယ်လိုအခြေအနေတွေမှာ Payroll Outsourcing Services ကို သုံးဖို့ စဉ်းစားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လစာတွက်ဖို့နဲ့ Payslip ပို့ဖို့အတွက် Payroll Software ကိုလည်း Solution တစ်ခုအနေနဲ့ အသုံးပြုလာကြတာ ရှိပါတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ ဒီ Software ကို User Friendly ဖြစ်ဖို့အတွက် မသုံးရသေးခင်မှာ လေ့လာဖို့ အချိန်ပေးရတာ ရှိပါမယ်။ တစ်ခုခု Error တက်တဲ့အခါ Resolve လုပ်ဖို့အတွက် Software Company ဆက်သွယ်ပြီး ဖြေရှင်းတာစောင့်ဖို့ အချိန်ပေးရတာလည်း ရှိပါမယ်။ အဓိကကတော့ Software က တွက်ပြီးသားအဆင်သင့်ထွက်လာတာ မှန်ပေမယ့် တွက်ထားတဲ့ အဆင့်တွေကို မှန်၊ မမှန် Excel လို စစ်လို့မရပါဘူး။ ဒီတော့ ဒီအဆင့်တွေကို ကိုယ်တိုင်ပြန်တွက်ပြီး ကိုက်မကိုက် ပြန်တိုက်ဖို့ အချိန်ပေးရတာ ရှိပါတယ်။

နောက်တစ်ချက်အနေနဲ့ ဝင်ငွေခွန်တွက်တဲ့အခါ ဒီနိုင်ငံရဲ့ ဝင်ငွေခွန်တွက်ချက်မှုပုံစံဝင်ပြီး တိတိကျကျ မှန်ကန်ဖို့အတွက် တစ်ခါတစ်လေ Customize လုပ်လို့မရတာ ရှိကောင်းရှိပါမယ်။ ဥပမာ Tax on Tax ပုံစံမျိုးတွက်ရတဲ့အခါ Software နဲ့အဆင်မပြေတဲ့အတွက် Excel ကို ပြန်ပြီး အားကိုးရတာမျိုး ရှိပါမယ်။ နောက်ပြီး Software ဝယ်ဖို့ ကုန်ကျစရိတ်နဲ့ HR တစ်ယောက်နဲ့တစ်ယောက် အပြောင်းအလဲရှိတဲ့အခါမှာ အသစ်ဝင်တဲ့တစ်ယောက်က ဒီ Software နဲ့ရင်းနှီးဖို့ ကြိုးစားရတာမျိုး လည်းရှိတတ်ပါတယ်။

နောက်တစ်ချက်ကတော့ Confidentiality ပါ။ ဝန်ထမ်းဦးရေများလာတဲ့အခါ HR တစ်ယောက်တည်းက Payroll တွက်ဖို့ မလွယ်ကူတော့ပါဘူး။ ပြီးတော့ လူသားတစ်ယောက်ဖြစ်တဲ့အတွက် နေထိုင်မကောင်းလို့ ခွင့်ယူရတာ၊ အရေးပေါ်ကိစ္စတစ်စုံတစ်ရာ ပေါ်လာတာမျိုးတွေ ရှိခဲ့ရင် ကိုယ်စားတာဝန်ယူပြီး တွက်ပေးဖို့ Assistant တို့၊ Executive တို့ထားဖို့ လိုအပ်လာပါမယ်။ အလားတူပဲ အခွန်သွားဆောင်တဲ့အခါ လစာ Information တွေပါတဲ့အတွက် ဆောင်ပေးမယ့်ဝန်ထမ်းက ဒီလစာတွေကို သိနိုင်ပါတယ်။ ဒီလိုမျိုး ကုမ္ပဏီက ဝန်ထမ်းတွေက အခြားဝန်ထမ်းတွေရဲ့ လစာကို သိနေခြင်းဟာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာစေနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ Tax Calculations ပါ။ ဝင်ငွေခွန်ကို တွက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်သုံးတဲ့ Formula ကွဲပြားမှုရှိနိုင်ပါတယ်။ Tax Law ကို ဘယ်လောက်ထိ သိရှိနားလည်ထားသလဲဆိုတဲ့ အချက်ကလည်း အရေးကြီးပါတယ်။ ဝင်ငွေခွန်တွက်တဲ့ပုံစံနဲ့ Law ကို ဝန်ထမ်းအားလုံးက အလုံးစုံသိရှိနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကိုယ့်ရုံးက လစာတွက်တဲ့သူ၊ အခွန်တွက်တဲ့သူကိုပဲ 100% ပုံအပ်ထားရတာ ဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့ ဝင်ငွေခွန်တွက်တဲ့အပေါ် နားလည်မှုလွဲနေတာမျိုး၊ ပြောင်းလဲသွားတဲ့ Tax Announcement နဲ့ Updates တွေကို မသိလိုက်တာမျိုးဆိုရင် ဝန်ထမ်းတွေအတွက် အခွန်တွက်တဲ့နေရာမှာ နည်းနေတာ၊ များနေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူဟာ Tax ကို ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်ပြီး တွက်နိုင်တယ်ဆိုရင်တောင် အခုလို Crisis ကာလမှာ အခွန်ရုံးထိသွားပြီး လစဉ် အခွန်ဆောင်တဲ့ ကိစ္စတွေ ဆောင်ရွက်နေခြင်းက သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင် ကုမ္ပဏီတွေအနေနဲ့ အထက်ပါ အကြောင်းအရာတွေနဲ့ ကြုံတွေ့နေရတယ်ဆိုရင်တော့ Payroll Outsourcing Services ကို သုံးဖို့ အကြံပြုချင်ပါတယ်။ Payroll Outsourcing Service တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက https://www.myanmar-payroll-and-outsourcing.com.mm/services/ မှာဖြစ်စေ၊ Myanmar Payroll & Outsourcing Facebook Page https://www.facebook.com/MyanmarPayrollAndOutsourcing မှာဖြစ်စေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် +95 9 777 002 284 ကို ဖုန်းဆက်၍သော်လည်းကောင်း၊ contact@m-p-and-o.com.mm ကို အီးမေးလ်ပို့၍သော်လည်းကောင်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024