facebook tracking image

Connecting...

Banner Default Image

Offer တစ်ခုလက်မခံခင် ထည့်သွင်းစဉ်းစားသင့်သောအချက်များ

Mobile Default Image

01 Nov 00:00 by Yamon Nyunt

အခုနောက်ပိုင်း Market အခြေအနေအရ အတွေ့အကြုံနဲ့အရည်အချင်းပြည့်စုံတဲ့ Talent ကို Demand ဖြစ်တဲ့ Company တွေကများလာပြီး Talent ဖြစ်တဲ့ Candidate တွေကရှားလာပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီတော်တော်များများက Skillful Candidate တွေကို ကိုယ့်ကုမ္ပဏီမှာ အလုပ်လုပ်ချင်လာအောင် Attractive ဖြစ်တဲ့ Offer အမျိုးမျိုးပေးလာကြပါတယ်။ အဲ့လိုဖြစ်လာတဲ့အခါ  နောက်ပိုင်း အဖြစ်များလာတာတွေက Candidate တွေဟာ Offer တစ်ခုကိုလက်ခံပြီး Confirm ဖြစ်ပြီးမှ နောက်ထပ် Offer တွေရလာတဲ့အခါ လွယ်လွယ်နဲ့ထပ်လက်ခံကြတာမျိုး၊ အလုပ်အသစ်ဝင်ပြီး ၂ရက်/၃ရက်နဲ့ နောက်အလုပ်တစ်ခုကူးသွားတဲ့ကိစ္စမျိုးတွေ အဖြစ်များလာပါတယ်။ ပိုပြီးဆိုးတာက Candidate တွေအနေနဲ့လည်း ဒါကိုသမားရု်ိးကျဖြစ်ရိုးဖြစ်စဉ်လို့ မြင်လာကြပါတယ်။ တကယ်ဆိုရင် ဒါဟာ Market ထဲမှာ သာမက Career Life မှာပါ Candidate အတွက်လည်း မကောင်းသလို ကိုယ် Offer လက်ခံပြီးပြီဖြစ်လို့ Onboard လုပ်မှာကိုစောင့်နေတဲ့ Company အနေနဲ့လည်း အချိန်/ငွေ စသည်ဖြင့်အများကြီးနစ်နာနိုင်ပါတယ်။ ဒါကြောင့် Offer လက်ခံပြီးမှ နှစ်ဦးနှစ်ဖက်နစ်နာစေတဲ့ ကိစ္စရပ်တွေရှောင်ရှားနိုင်ဖို့ Offer လက်ခံခါနီး ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တချို့ကိုဖော်ပြပေးချင်ပါတယ်။ 

၁။ Company ၏ တည်နေရာနှင့် မိမိအိမ်အကွာအဝေး

အလုပ်ရှာကြတဲ့အခါတစ်ချို့က အလုပ်ရလိုဇောနဲ့ Location ကိုထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။ အဲ့ဒီတော့ တကယ်အလုပ်လုပ်တဲ့အခါ အချိန်ခဏလေးနဲ့ Location ဝေးလို့၊ သွားရတာ ခရီးထောက်လို့ စသည်ဖြင့် အလုပ်ပြန်ထွက်တတ်ကြပါတယ်။ ၄င်းဖြစ်ရပ်က Company အတွက်လဲအကျိုးမရှိသလို Candidate အတွက်လည်း ခဏလေးနဲ့အလုပ်ပြောင်းတာကြောင့် Jumpy Candidate ဆိုပြီး ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြာင့် Offer တစ်ခုကိုလက်မခံခင် ဒီနေရာက ကိုယ့်အတွက် ကာလကြာရှည် နေ့စဉ် သွားလာရမယ်ဆိုရင်အဆင်ပြေနိုင်မလား၊ ကားလမ်းကြောထောက်မလား စသည်ဖြင့် ကြိုတင်စဉ်းစားသင့်ပါတယ်။ 

၂။ Position Title 

Offer တစ်ခုလက်ခံတော့မယ်ဆို Position Title ကလည်း လုံးဝထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ 
တချို့ Candidate တွေအတွက် Position Title က ကိုယ်လုပ်မယ့် ကုမ္ပဏီ Image, Salary Package တို့လောက် အရမ်းအရေးမကြီးပေမဲ့ တချို့က Position ကိုအရမ်းအလေးထားတတ်ကြပါတယ်။ တချို့ အခြေအနေတွေမှာ Company Size, Company Image အရ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု Position သတ်မှတ်ပုံချင်းကွာခြားနိုင်ပါတယ်။ သို့သော် Title Sensivity ရှိတဲ့သူအတွက် Offer ကိုမလက်ခံခင် Position ကို တကယ်စိတ်ကျေနပ်မှုရှိရဲ့လားဆိုတာ သုံးသပ်ရပါမယ်။ စိတ်ကျေနပ်မှုရှိပြီဆိုတာသေချာမှလက်ခံသင့်ပါတယ်။ 

၃။ Offer Salary

Salary ကိစ္စကို ဥပမာအနေဖြင့် ပြောပြရရင် ကျွန်မရဲ့ Recruiter Life မှာအရမ်းလေးစားခဲ့ရတဲ့ Candidate တစ်ယောက်ရှိခဲ့ပါတယ်။ သူက Offer လက်ခံခါနီးမှာ သူ့အတွက်ကို Current Company ကပေးတဲ့ Facilities, Sponsership စတဲ့ အရာအကုန်လုံးကိုထည့်သွင်းစဉ်းစားပါတယ်။ ပြီးတော့ ဒီဘက်ကုမ္ပဏီကို Join ရင် ဘယ်လို Salary Range/ Facilities/ Career Opportunities တွေကသူ့ရဲ့ Needs ကို Cover ဖြစ်မယ်ဆိုတာကို သေချာတွက်ချက်ပါတယ်။ ပြီးမှ ဒီဘက် Offer က သူ့ Needs ကို Cover ဖြစ်ပြီဆိုတာသေချာမှ လက်ခံခဲ့ပါတယ်။ လက်ခံပြီးတဲ့အခါမှာလည်း ဒီထက်ပို Attractive ဖြစ်တဲ့ Offer ထပ်လာတာတောင်မှ ဒွ်ိဟမဖြစ်ဘဲ ငြင်းပယ်နိုင်ခဲ့ပါတယ်။ Offer တစ်ခုလက်ခံခါနီးမှာအစစအရာရာစဉ်းစားပြီး ကိုယ့်ရဲ့ Needs ကိုတကယ်ပြည့်နိုင်ပြီဆိုတာသေချာမှ လက်ခံတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးအတွက်လဲအဆင်ပြေနိုင်ပါတယ်။ ကိုယ့်ရဲ့ Needs ကလည်း Market ထဲမှာ ဖြစ်နေတဲ့ Current Situation နဲ့အရမ်းမကွာဟနေဖို့လိုအပ်ပါသေးတယ်။ 

၄။ Counter Offer

Offer တစ်ခုလက်ခံခါနီးမှာ Counter Offer ကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။ ကုမ္ပဏီတော်တော်များများကလည်း ဝန်ထမ်းကောင်းဟာ Scarce Resource ဖြစ်တဲ့အတွက် ကိုယ့်ဆီကနေအလုပ်မထွက်အောင်ပြန်ဆွဲဆောင်တတ်ပါတယ်။ ထိုအခါ ကိုယ်အဓိကအလုပ်ပြောင်းဖို့ စဉ်းစားခဲ့ရတဲ့ Reason ရယ် အလုပ်အသစ်မှာရနိုင်တဲ့ Opportunity အကုန်ထည့်သွင်းစဉ်းစားပါ။ ထိုကဲ့သို့စဉ်းစားပါက Offer လက်ခံပြီးမှ Counter Offer ကြောင့် ဒွိဟဖြစ်ရတာတွေလည်း နည်းလာမှာပါ။ 

၅။ Family Issues

အသစ်လုပ်မယ့် အလုပ်/ကုမ္ပဏီကို မိမိ မိသားစုကရောလက်ခံလားဆိုတာ သေချာအောင်တိုင်ပင်ဆွေးနွေးပါ။ မြန်မာနိုင်ငံမှာတော်တော်များများက မိဘ၊ ဆွေမျိုးတို့နဲ့အတူတူနေတာများတဲ့အတွက်သူတို့ရဲ့ Influence ကလည်းရာခိုင်နှုန်းတော်တော်များများထိအရေးပါပါတယ်။ ဥပမာ...Tobacco, Alcohol စတဲ့ကုမ္ပဏီတွေကို မိသားစုကမကြိုက်လို့ လက်မခံလို့ လုပ်လို့မရတာတွေရှိပါတယ်။ အဲ့ဒါကြောင့် Offer လက်မခံခင်အရင်ဆွေးနွေးပါ...တိုင်ပင်ပါ။ ပြီးမှဆုံးဖြတ်ချက်ချပါ။ 

၆။ Work Environment / Organisation Culture

Offer လက်မခံခင် Working Environment ကိုလည်းလေ့လာပါ။ ကိုယ်တကယ်လက်ခံနိုင်တဲ့ Working Environment ဟုတ်မဟုတ်ဆန်းစစ်ပါ။ Organisation ရဲ့ Culture ကိုအသိမိတ်ဆွေတွေကိုမေးကြည့်ပါ။ အကြံဉာဏ်တောင်းပါ။ ကိုယ်နဲ့တကယ် Fit ဖြစ်နိုင် မဖြစ်နိုင်ကို တကယ်မလုပ်ကြည့်ခင် ၁၀၀% တော့ မသိနိုင်ပေမယ့် အနည်းနဲ့အများသူတို့ပြောတဲ့ Feedback ကနေ Organisation Culture ကိုခန့်မှန်းနိုင်မှာပါ။ 

အခုဖော်ပြခဲ့သောအချက်တွေက Offer တစ်ခုလက်မခံခင် ထည့်သွင်းစဉ်းစားသင့်တဲ့ အရေးပါတဲ့အချက်လေးတွေမို့ ဒီ Blog လေးကိုဖတ်ကြည့်ခြင်းဖြင့် အလုပ်ရွေးချယ်ချိန်မှာ အများကြီးအထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်...