(Zawgyi Version)
လုပ္ငန္းခြင္မွာ Motivation အျပည္႔နဲ႔အလုပ္လုပ္ႏိုင္ဖို႔က အေရးၾကီးတဲ႔အခၽက္တစ္ခၽက္ျဖစ္ပါတယ္။ သို႔ေပမယ္႔ေန႔စဥ္နဲ႔အမၽွ Motivation ေတြအၿမဲျပည္႔ေနဖို႔ကေတာ႔ မလြယ္ကူပါဘူး။ တစ္ခါတစ္ရံမွာ ေန႔တိုင္းတသမတ္တည္း ရုန္းကန္လႈပ္ရွားေနရတဲ႔ လုပ္ငန္းခြင္နဲ႔ လူမႈဘဝကို ၿငီးေငြ႔စိတ္ကုန္လာတာမၽိဳးျဖစ္တတ္ၾကပါတယ္။ ကိုယ္လုပ္ေနတဲ႔အလုပ္က စဝင္ခါစကလို စိတ္ဝင္စားစရာမေကာင္းေတာ႔တာမၽိဳး၊ အသစ္အဆန္းေတြမရွိေတာ႔တဲ႔အခါ ရိုးအီၿပီး Motivation ေတြကၽဆင္းလာတတ္ပါတယ္။
ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကုိယ္ကိုေတာင္မွ သန္႔စင္လန္းဆန္းေနေစဖို႔အတြက္ ေန႔တိုင္းေရခၽိဳးရပါတယ္။ စိတ္လည္း ဒီလိုပါပဲ။ ကိုယ္ဒီေန႔သြားရမယ္႔ အလုပ္ခြင္ေနရာမွာ ကိုယ္႔အတြက္ သင္ယူေလ႔လာစရာအသစ္ေတြ၊ စိတ္ဝင္စားဖန္တီးခၽင္စိတ္ေတြ၊ လုပ္ခ်င္ကိုင္ခၽင္စိတ္ေတြ အၿမဲျဖစ္ေပၚေနဖို႔လိုအပ္ပါတယ္။ ဒါေၾကာင္႔ လုပ္ငန္းခြင္ထဲမွာ Motivation ေတြရေနေစဖို႔အတြက္ အေထာက္အပံ႔ေပးႏုိင္မယ္႔ အခၽက္ေလးေတြကို ဒီေဆာင္းပါးမွာ မၽွေဝေပးခၽင္ပါတယ္။
1. သင္ဒီအလုပ္ကို ဘာေၾကာင့္လုပ္ခ်င္သလဲ ဆိုတာစဥ္းစားပါ။ တစ္ခါတစ္ရံမွာ ကၽြန္ေတာ္တို႔ဟာ ယခုအလုပ္ကိုလုပ္ဖို႔အတြက္ တြန္းအားတစ္ခုလိုအပ္ပါတယ္။ ဥပမာ ကၽြန္ေတာ္တို ့ Gym ေဆာ႔ျခင္းဟာ ၀ိတ္ခ် ခ်င္လို ့ ဒါမွမဟုတ္ က်န္းမာေရးေကာင္းဖို ့အစရွိသည္ၿဖင့္ ဦးတည္ခ်က္၊ ရည္မွန္းခ်က္ေၾကာင့္ Gym မွာပုံမွန္အားကစားလုပ္ၾကပါတယ္။ အလုပ္ခြင္မွာလည္း ထုိနည္းတူပဲ ကိုယ္ဘာလို ့ဒီအလုပ္ကိုလုပ္လဲ၊ ကိုယ္႔အတြက္ သင္ယူရမယ္႔စိတ္ဝင္စားဖို႔ေကာင္းတဲ႔အရာေတြေၾကာင္႔လား၊ လစာေကာင္းေကာင္းရတာေၾကာင္႔လား၊ ေရွ႕ဆက္ရာထူးတက္ဖို႔လား စသည္ၿဖင့္ ရည္မွန္းခ်က္တစ္ခုခုရွိဖို႔ႀကိဳးစားပါ။ မရွိေသးရင္လည္း ရွိလာဖို႔အတြက္အားထုတ္ပါ သိေအာင္လုပ္ပါ။
2. မနက္စာကို ေသခၽာစားပါ။ လူတစ္ေယာက္အတြက္ အေရးအႀကီးဆံုးကမနက္စာပါပဲ။ သင္ဟာ သင့္ရဲ႕အလုပ္ေပၚ တိုးတက္မႈအားေကာင္းေစခ်င္ရင္ မနက္စာေကာင္းေကာင္းစားထားၿပီး Energy ေတြျပည္႔ေနဖို႔လုိအပ္ပါတယ္။ အလုပ္ေနာက္ကၽေအာင္ မစားဖို႔ေတာ႔သတိရွိပါ။ ဝီရိယရွိစြာ ေစာေစာ ထစားနုိင္ဖို႔လိုအပ္ပါတယ္။ မနက္စာေကာင္းမြန္စြာစားၿခင္းက သင္ရဲ႕အလုပ္လုပ္နိုင္စြမ္းကို ေကာ္ဖီထက္ပို ၿပီးအေထာက္အကူၿပဳေပးႏိုင္ပါတယ္။
3. မနက္ပိုင္းကစလို ့သင္လုပ္ရမည့္အလုပ္မ်ားကို ေသခၽာခြဲျခားပါ။ အေရးႀကီးေသာအလုပ္မ်ား၊ အေရးႀကီးေသာအလုပ္မၽားကို ေသခၽာခြဲၿခားပါ။ မိမိ ပထမဦးဆံုးလုပ္ေဆာင္သင့္သည္မၽားကို ၿပီးေျမာက္ေအာင္လုပ္ပါ။ လြယ္ကူတာကေန ခက္ခဲတာ ဒါမွမဟုတ္ ခက္ခဲတာကေနလြယ္ကူရာ ကိုယ္႔ရဲ႕လုပ္နိုင္စြမ္းေပၚမူတည္ၿပီး အစီအစဥ္ခ်မွတ္လုပ္ေဆာင္သင့္ပါတယ္။
4. သင့္ရဲ႕အစီအစဥ္တိုင္းလုပ္ရာကေန အလုပ္တစ္ခုကိုေအာင္ေအာင္ျမင္ျမင္ၿပီးဆံုးသြားတဲ႔အခါ သင့္ကိုသင္ ဆုတစ္ခုခုေပးၾကည္႔ပါ။ ဥပမာ - ဒီတစ္ခုၿပီးေတာ႔ ၅ မိနစ္နားလိုက္မယ္... ဒါမွမဟုတ္ ေကာ္ဖီေကာင္းေကာင္းတစ္ခြက္မွာေသာက္လိုက္မယ္ စသည္ၿဖင့္ ဆုတစ္ခုေပးတတ္တဲ႔ အေလ႔အကၽင္႔မၽိဳးထားၾကည္႔ပါ။
5. အလုပ္ခြင္သို႔ေရာက္တဲ႔အခါ အေကာင္းျမင္စိတ္နွင့္လူရွိသလို မေကာင္းျမင္စိတ္ႏွင့္လူေတြကိုလည္း ႀကံဳ ေတြ႔႔ရတတ္ပါတယ္။ သင့္အလုပ္မွာေအာင္ျမင္ဖို႔ဆိုရင္ အေကာင္းၿမင္စိတ္နွင့္သာေနထုိင္ပါ။ အခက္အခဲမ်ားစြာရင္ဆုိင္ရေသာ္လည္း အလုပ္မွာ Positive Thinking နွင့္ ရင္ဆိုင္ၿခင္းအားၿဖင့္ သင့္ အတြက္မ်ားစြာအေထာက္အကူၿပဳပါတယ္။
6. အလုပ္ၾကိဳးစားသူ၊ အေကာင္းျမင္ဝါဒရွိသူ၊ ကူညီေဖးမသူမ်ားၿဖင့္သာ အလုပ္ခြင္တြင္ေပါင္းသင္းဆက္ဆံပါ။ မေကာင္းၿမင္စိတ္မ်ားသူေတြဟာ သင့္ရဲ႕ရည္မွန္းခ်က္ေတြကို အေမွာင္ဖံုးေစပါတယ္။ သင့္အား အားေပးသူ ကူညီေထာက္ပံ့ေပးတဲ႔သူ အေကာင္းၿမင္သူမ်ားႏွင့္သာ ေပါင္းသင္းဆက္ဆံပါ။
ေဖာ္ျပပါအခ်က္မ်ားကို လိုက္နာျခင္းအားျဖင့္ လုပ္ငန္းခြင္မွာသာမကဘဲ မိမိဘဝမွာလည္းရည္မွန္းသမၽွ ျဖစ္ထြန္းၿပီး အစစအရာရာအဆင္ေျပေစဖို႔ေတာင္းဆုျပဳလိုက္ပါတယ္။
(Unicode Version)
လုပ်ငန်းခွင်မှာ Motivation အပြည့်နဲ့အလုပ်လုပ်နိုင်ဖို့က အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သို့ပေမယ့်နေ့စဉ်နဲ့အမျှ Motivation တွေအမြဲပြည့်နေဖို့ကတော့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ နေ့တိုင်းတသမတ်တည်း ရုန်းကန်လှုပ်ရှားနေရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဘဝကို ငြီးငွေ့စိတ်ကုန်လာတာမျိုးဖြစ်တတ်ကြပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က စဝင်ခါစကလို စိတ်ဝင်စားစရာမကောင်းတော့တာမျိုး၊ အသစ်အဆန်းတွေမရှိတော့တဲ့အခါ ရိုးအီပြီး Motivation တွေကျဆင်းလာတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကိုတောင်မှ သန့်စင်လန်းဆန်းနေစေဖို့အတွက် နေ့တိုင်းရေချိုးရပါတယ်။ စိတ်လည်း ဒီလိုပါပဲ။ ကိုယ်ဒီနေ့သွားရမယ့် အလုပ်ခွင်နေရာမှာ ကိုယ့်အတွက် သင်ယူလေ့လာစရာအသစ်တွေ၊ စိတ်ဝင်စားဖန်တီးချင်စိတ်တွေ၊ လုပ်ချင်ကိုင်ချင်စိတ်တွေ အမြဲဖြစ်ပေါ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ Motivation တွေရနေစေဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် အချက်လေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးချင်ပါတယ်။
1. သင်ဒီအလုပ်ကို ဘာကြောင့်လုပ်ချင်သလဲ ဆိုတာစဉ်းစားပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ယခုအလုပ်ကိုလုပ်ဖို့အတွက် တွန်းအားတစ်ခုလိုအပ်ပါတယ်။ ဥပမာ ကျွန်တော်တို ့ Gym ဆော့ခြင်းဟာ ၀ိတ်ချ ချင်လို ့ ဒါမှမဟုတ် ကျန်းမာရေးကောင်းဖို ့အစရှိသည်ဖြင့် ဦးတည်ချက်၊ ရည်မှန်းချက်ကြောင့် Gym မှာပုံမှန်အားကစားလုပ်ကြပါတယ်။ အလုပ်ခွင်မှာလည်း ထိုနည်းတူပဲ ကိုယ်ဘာလို ့ဒီအလုပ်ကိုလုပ်လဲ၊ ကိုယ့်အတွက် သင်ယူရမယ့်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကြောင့်လား၊ လစာကောင်းကောင်းရတာကြောင့်လား၊ ရှေ့ဆက်ရာထူးတက်ဖို့လား စသည်ဖြင့် ရည်မှန်းချက်တစ်ခုခုရှိဖို့ကြိုးစားပါ။ မရှိသေးရင်လည်း ရှိလာဖို့အတွက်အားထုတ်ပါ သိအောင်လုပ်ပါ။
2. မနက်စာကို သေချာစားပါ။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးကမနက်စာပါပဲ။ သင်ဟာ သင့်ရဲ့အလုပ်ပေါ် တိုးတက်မှုအားကောင်းစေချင်ရင် မနက်စာကောင်းကောင်းစားထားပြီး Energy တွေပြည့်နေဖို့လိုအပ်ပါတယ်။ အလုပ်နောက်ကျအောင် မစားဖို့တော့သတိရှိပါ။ ဝီရိယရှိစွာ စောစော ထစားနိုင်ဖို့လိုအပ်ပါတယ်။ မနက်စာကောင်းမွန်စွာစားခြင်းက သင်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ကော်ဖီထက်ပို ပြီးအထောက်အကူပြုပေးနိုင်ပါတယ်။
3. မနက်ပိုင်းကစလို ့သင်လုပ်ရမည့်အလုပ်များကို သေချာခွဲခြားပါ။ အရေးကြီးသောအလုပ်များ၊ အရေးကြီးသောအလုပ်များကို သေချာခွဲခြားပါ။ မိမိ ပထမဦးဆုံးလုပ်ဆောင်သင့်သည်များကို ပြီးမြောက်အောင်လုပ်ပါ။ လွယ်ကူတာကနေ ခက်ခဲတာ ဒါမှမဟုတ် ခက်ခဲတာကနေလွယ်ကူရာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းပေါ်မူတည်ပြီး အစီအစဉ်ချမှတ်လုပ်ဆောင်သင့်ပါတယ်။
4. သင့်ရဲ့အစီအစဉ်တိုင်းလုပ်ရာကနေ အလုပ်တစ်ခုကိုအောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အခါ သင့်ကိုသင် ဆုတစ်ခုခုပေးကြည့်ပါ။ ဥပမာ - ဒီတစ်ခုပြီးတော့ ၅ မိနစ်နားလိုက်မယ်... ဒါမှမဟုတ် ကော်ဖီကောင်းကောင်းတစ်ခွက်မှာသောက်လိုက်မယ် စသည်ဖြင့် ဆုတစ်ခုပေးတတ်တဲ့ အလေ့အကျင့်မျိုးထားကြည့်ပါ။
5. အလုပ်ခွင်သို့ရောက်တဲ့အခါ အကောင်းမြင်စိတ်နှင့်လူရှိသလို မကောင်းမြင်စိတ်နှင့်လူတွေကိုလည်း ကြုံ တွေ့့ရတတ်ပါတယ်။ သင့်အလုပ်မှာအောင်မြင်ဖို့ဆိုရင် အကောင်းမြင်စိတ်နှင့်သာနေထိုင်ပါ။ အခက်အခဲများစွာရင်ဆိုင်ရသော်လည်း အလုပ်မှာ Positive Thinking နှင့် ရင်ဆိုင်ခြင်းအားဖြင့် သင့် အတွက်များစွာအထောက်အကူပြုပါတယ်။
6. အလုပ်ကြိုးစားသူ၊ အကောင်းမြင်ဝါဒရှိသူ၊ ကူညီဖေးမသူများဖြင့်သာ အလုပ်ခွင်တွင်ပေါင်းသင်းဆက်ဆံပါ။ မကောင်းမြင်စိတ်များသူတွေဟာ သင့်ရဲ့ရည်မှန်းချက်တွေကို အမှောင်ဖုံးစေပါတယ်။ သင့်အား အားပေးသူ ကူညီထောက်ပံ့ပေးတဲ့သူ အကောင်းမြင်သူများနှင့်သာ ပေါင်းသင်းဆက်ဆံပါ။
ဖော်ပြပါအချက်များကို လိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်မှာသာမကဘဲ မိမိဘဝမှာလည်းရည်မှန်းသမျှ ဖြစ်ထွန်းပြီး အစစအရာရာအဆင်ပြေစေဖို့တောင်းဆုပြုလိုက်ပါတယ်။