facebook tracking image

Connecting...

Banner Default Image

Monday Blues တွေကို ဘယ်လိုကျော်လွှားကြမလဲ?

Mobile Default Image

20 Jun 11:00 by Yunn Kyi Pyar

Ovwnue0

(Zawgyi Version)

 


 




 



 



 



 



 

 

(Unicode Version)

 

ရုံးပြန်တက်ရမယ့် တနင်္လာနေ့မနက်တွေဆို တော်တော်နဲ့ အိပ်ယာကမထချင်ကြတာမျိုး၊  ရုံးပိတ်ရက်တွေကမြန်လိုက်တာဆိုတာမျိုး၊ ရုံးသွားဖို့ကိုစိတ်မပါလိုက်တာ ဆိုတဲ့ Monday Blues တွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဆိုရင် ရုံးစရောက်ရောက်ချင်းမနက်ကနေ ညနေရုံးဆင်းတဲ့အချိန်ထိ Energy အပြည့်နဲ့ ဖြစ်နေဖို့ အောက်ကအချက်လေးတွေ လုပ်ကြည့်နိုင်ပါတယ်။

 

- တနင်္ဂနွေညမှာ စောစောအိပ်ယာဝင်ပါ။

TGIF/TGIS တွေပြီးသွားပြီးတဲ့နောက် တနင်္ဂနွေညမှာတော့ တတ်နိုင်သလောက် စောစောအိပ်ယာဝင်ပါ။

စောစောထရပေမဲ့ အိပ်ရေးဝဝနဲ့ နှိုးလာရတဲ့အတွက် ခေါင်းနောက်တာ ခေါင်းကိုက်တာတွေကြေညင့် စိတ်မကြည်တာကိုပါ ရှောင်ရှားပြီးသားဖြစ်ပါတယ်။

 

- တနင်္ဂနွေညမှာတည်းက မနက်ဝတ်မယ့်အဝတ်အစားကို ကြိုထုတ်ထားပါ။

မနက်ရောက်လို့ မထချင်လို့ အိပ်ယာထဲမှာ အချိန်ဆွဲနေတာနဲ့ အဝတ်အစားရွေးနေလို့်ဆိုတာတွေပါင်းပြီး ရုံးနောက်ကျတယ်တာမျိုး မဖြစ်ရအောင် ညဘက်ထဲက ကြိုတင်ပြင်ဆင်ထားပါ။ နေ့တိုင်းကြိုပြင်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်အကြိုက်ဆုံး Outfit လေးကို တနင်္လာနေ့မှာဝတ်သွားတာမျိုးကလည်း ရုံးစသွားတာနဲ့ စိတ်ကိုတက်ကြွစေပြီး Positive Vibe ရအောင် အထောက်အကူဖြစ်စေပါတယ်။

 

- Positive Mindset လေးနဲ့တစ်နေ့တာကိုစတင်ပါ။

တနင်္လာနေ့ကစပြီး ရက်သတ္တပတ်လုံးကို “Attitude of Gratitude” ဆိုတဲ့ Mindset နဲ့ဖြတ်သန်းကြည့်လိုက်ပါ။ ရုံးကိုလာတဲ့လမ်းမှာ ကိုယ်အရမ်းကြိုက်တဲ့သီချင်းတွေကို နားထောင်လာတာမျိုးက အလုပ်ခွင်ထဲမှာပါ စိတ်ကိုပျော်ရွင်တက်ကြွစေပြီး Monday Energy ကိုလည်းတက်လာစေပါတယ်။ ဒါ့အပြင်အလုပ်မှာ ကိုယ်စိတ်အားထက်သန်စွာနဲ့လုပ်ချင်တဲ့အရာတွေ၊ ကိုယ့်အတွက် စိတ်ဓာတ်တက်ကြွစေမယ့်၊ ပျော်ရွှင်စေနိုင်မယ့်အရာလေးတွေလုပ်ကြည့်ရင်း တစ်နေ့တာကိုဖြတ်သန်းနိုင်ပါသေးတယ်။

 

- To-Do-List ကြိုပြင်ထားပါ။

သုတေသနတွေအရ တနင်္လာနေ့ဆိုတာ Energy အမြင့်ဆုံးဖြစ်ပေမယ့် Motivation အနိမ့်ဆုံးဖြစ်တတ်ပါတယ်တဲ့။ ဒါပေမယ့် ရုံးစရောက်ရောက်ခြင်း ဘယ်နားကဘယ်လိုစလုပ်ရမှန်းမသိအောင် အလုပ်တွေအစီစဉ်တကျမရှိတာမျိုး ဖြစ်တတ်တယ်မလား? အဲ့တာမျိုးတွေမဖြစ်အောင် သောကြာနေ့ထဲက သတိရသလောက် Calendar မှာကြိုထည့်ထားတာမျိုး၊ Noteထဲမှာ လုပ်ရမှာတွေကို တန်းစီပြီးရေးထားတာမျိုးတွေနဲ့ တတ်နိုင်သလောက် Monday Schedule ကိုညှိထားသင့်ပါတယ်။

 

- ရုံးဆင်းတဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ မုန့်ဆိုင်သွားစားပါ။

အလုပ်တွေပြီးလို့ ညနေရုံးဆင်းရင် ဘယ်ဆိုင်မှာဘာသွားစားမယ်ဆိုပြီး ကြိုတင် Plan လေးလုပ်ထားကြည့်ပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို motivateလုပ်တာပေါ့နော်။ ရုံးဆင်းရင် ကိုယ်ကြိုက်တာလေး စားရတော့မယ်လို့တွေးတာနဲ့တင် အလုပ်လုပ်ရတာတတ်ကြွနေမှာပါပဲ။