facebook tracking image

Connecting...

Banner Default Image

Career တစ္ခုမွာႀကိဳးစားေနေပမယ္႔ ေအာင္ျမင္သင္႔သေလာက္ မေအာင္ျမင္တဲ႔သူေတြရဲ႕ Personality Trait မၽား

Mobile Default Image

13 Jun 00:00 by Yamon Nyunt

54 Min

တစ္ခါတေလမွာ ကိုယ္ကေတာ႔ေသခၽွာၾကိဳးစားေပမဲ့ ကိုယ့္ရဲ႕ Career မွာ ေရာက္သင့္သေလာက္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ဘူးလို႔ ခံစားရတာမ်ိဳး ၾကံဳဖူးပါသလား? အျခားသူေတြက အခြင့္အလမ္းေကာင္းတစ္ခု၊ ေနရာေကာင္းတစ္ခု ရသြားတဲ့အခါ သူကေတာ့ကံေကာင္းလိုက္တာ၊ သူကေတာ့ အဆင္ေျပလိုက္တာ ဆိုၿပီး ကိုယ့္ကိုကုိယ္အားငယ္မိတာမ်ိဳးေရာ ျဖစ္ဖူးပါသလား? အဲ့သည္လို ျဖစ္ေနၿပီဆိုရင္ေတာ႔ တျခားသူေတြက ဘယ္ေနရာေတြမွာ ကိုယ့္ထက္ပိုသာျပီး ကိုယ္ကဘယ္ေနရာေတြမွာ ျပဳျပင္သင့္ေနသလဲဆိုတာ စဥ္းစားၾကည့္သင့္ပါတယ္။ အမ်ားအားျဖင့္ ၾကိဳးစားေပမယ့္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္တတ္တဲ့ သူေတြရဲ႕ Personality Trait ေလးေတြကို တစ္ခ်က္ ေလ့လာၾကည့္ရေအာင္ေနာ္။

 

1. Having Too Much Dilemma

ၾကိဳးစားေပမဲ့လည္း ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ရတဲ့အေၾကာင္းမွာ ဆံုးျဖတ္ခ်က္ေတြ မျပတ္သားေဝဝါးတာေၾကာင့္လည္း ပါပါတယ္ေနာ္။ လုပ္စရာအလုပ္ ႏွစ္ခုရွိတယ္ဆိုၾကပါစို႕။ Priority ထားၿပီး ပိုအေရးႀကီးတာကို အရင္လုပ္တဲ့သူထက္ ဟိုလိုလို သည္လိုလိုနဲ႔ ဘာစလုပ္ရမွန္းေဝခြဲမရတဲ့သူက ေသခ်ာေပါက္ အလုပ္မျပီးတဲ႔အျပင္ ေရြးခ်ယ္စရာရွိလာတဲ့အခါ ေႏွာင့္ေႏွးမႈေတြနဲ႔ႀကံဳရမွာပါ။

 

2. Can't Grab A Good Opportunity & Afraid To Get Out Of Comfort Zone

Dilemma မ်ားတဲ့ သူေတြမွာ ေတြ႔ရတတ္တဲ့ အခ်က္ပါ။ အထူးသျဖင့္ အခြင့္အေရးေကာင္းေပၚလာတဲ႔အခ်ိန္မွာ အဆင္ေျပပါ႔မလား လုပ္ႏိုင္ပါ႔မလားဆိုၿပီး တြန္႔ဆုတ္ေဝခြဲမရျဖစ္ေနတာနဲ႔ အခြင့္အေရးေကာင္းေတြ လြတ္သြားတတ္ပါတယ္။ ေအာင္ျမင္တဲ့သူေတြဟာ အခြင့္အေရးကိုအမိအရအသံုးခ်ျပီး Comfort Zone က ရုန္းထြက္ႏိုင္တဲ႔ သူေတြပဲျဖစ္ပါတယ္။ အခြင့္အေရးေကာင္းဆိုတာ ဘယ္ေတာ့မွႏွစ္ခါျပန္မလာတတ္ပါဘူးေနာ္။

 

3. Not Knowing Your Strength & Weakness

ကိုယ့္ဘာသာကိုယ္ SWOT Analysis လုပ္ဖူးၾကပါသလား။ SWOT Analysis ဆိုတာ မိမိရဲ႕ အားသာခ်က္ အားနည္းခ်က္ကို Analysis လုပ္ျပီး ဘယ္အရာကို Opportunities အျဖစ္ဖန္တီးျပီး ဘယ္ဟာကေတာ့ ကုိယ့္ရဲ႕ Strength ျဖစ္တယ္ဆိုတာကို သိေအာင္လုပ္တာပါ။ ဥပမာ ကိုယ္က လူေတြနဲ႔ Social Dealing လုပ္ရတာ ၾကိဳက္တဲ့သူ ဆိုပါစို႔။ ကိုယ့္ရဲ႕ Career ကို Sale/Marketing or PR ပိုင္းသြားျခင္းက ပိုျပီးသင္႔ေတာ္ကိုက္ညီမႈရွိတယ္လို႔ ျမင္မိတာမၽိဳးျဖစ္ပါတယ္။

 

4. Manage Your Emotion

သင္ဟာ ေတာ္သေလာက္ Emotional ျဖစ္လြယ္တဲ႔သူလား။ အဲ့သည္လိုျဖစ္ေနရင္ အခုကစျပီး Emotional မျဖစ္ေအာင္ တတ္ႏိုင္သေလာက္ ထိန္းဖို႔အႀကံေပးခ်င္ပါတယ္။ တခ်ိဳ႕ကိစၥေတြမွာ စိတ္ခံစားမႈကိုေရွ႕တန္းတင္မိတာေၾကာင့္ မွားယြင္းတဲ့ဆံုးျဖတ္ခ်က္ေတြခ်မိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

 

5. Listening To Other People's Opinions Too Much

မ်ားေသာအားျဖင့္ ကိုယ့္ဘာသာကိုယ္ ယံုၾကည္မႈနည္းတဲ့သူေတြဟာ တျခားသူေတြရဲ႕အႀကံဉာဏ္ကို အရမ္းယူတတ္ၾကပါတယ္။ ကိုယ့္အေၾကာင္းကို ကိုယ္သာအသိဆံုးျဖစ္တဲ့အတြက္ တစ္ခါတေလ ေပးတဲ့အႀကံတိုင္းကလညး္ ကိုယ့္အတြက္အသံုးမ၀င္ႏိုင္တာကို သိထားသင့္ပါတယ္ေနာ္။

 

6. Not observing your surrounding?

တခ်ိဳ႕သူေတြက သူတို႔လုပ္ငန္းတာ၀န္မွာ ကြၽမ္းက်င္ပါေသာ္လည္း အျခားအရာေတြမွာ မ်က္စိပိတ္နားပိတ္ ျဖစ္တတ္ပါတယ္။ အဲ့လိုျဖစ္တတ္တဲ့သူေတြဟာ အခြင့္အေရးသစ္တစ္ခုရတဲ့အခါ ပတ္၀န္းက်င္ေလ့လာမႈအားေကာင္းတဲ့ သူေတြလိုမဟုတ္ဘဲ အခြင့္အလမ္းေကာင္းေတြကို ဆံုးရႈံးႏိုင္ပါတယ္။

 

အခု ေျပာတဲ့အရာေတာ္ေတာ္မ်ားမ်ား ဟာ ၾကိဳးစားေပမဲ့ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္တဲ့သူေတြရဲ႕ Trait ေတြပဲ ျဖစ္ျပီး ကိုယ္လည္းဒီလိုမၽိဳးေတြပါေနၿပီဆိုရင္ ဆန္းစစ္ၾကည့္ျပီး ၾကိဳးစားျပင္ဆင္ၾကရေအာင္ေနာ္...

 

(Unicode Version)

 

တစ်ခါတလေမှာ ကိုယ်ကတော့သေချှာကြိုးစားပေမဲ့ ကိုယ့်ရဲ့ Career မှာ ရောက်သင့်သလောက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ခံစားရတာမျိုး ကြုံဖူးပါသလား? အခြားသူတွေက အခွင့်အလမ်းကောင်းတစ်ခု၊ နေရာကောင်းတစ်ခု ရသွားတဲ့အခါ သူကတော့ကံကောင်းလိုက်တာ၊ သူကတော့ အဆင်ပြေလိုက်တာ ဆိုပြီး ကိုယ့်ကိုကိုယ်အားငယ်မိတာမျိုးရော ဖြစ်ဖူးပါသလား? အဲ့သည်လို ဖြစ်နေပြီဆိုရင်တော့ တခြားသူတွေက ဘယ်နေရာတွေမှာ ကိုယ့်ထက်ပိုသာပြီး ကိုယ်ကဘယ်နေရာတွေမှာ ပြုပြင်သင့်နေသလဲဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ အများအားဖြင့် ကြိုးစားပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်တတ်တဲ့ သူတွေရဲ့ Personality Trait လေးတွေကို တစ်ချက် လေ့လာကြည့်ရအောင်နော်။

 

1. Having Too Much Dilemma

 

ကြိုးစားပေမဲ့လည်း အောင်မြင်သင့်သလောက် မအောင်မြင်ရတဲ့အကြောင်းမှာ ဆုံးဖြတ်ချက်တွေ မပြတ်သားဝေဝါးတာကြောင့်လည်း ပါပါတယ်နော်။ လုပ်စရာအလုပ် နှစ်ခုရှိတယ်ဆိုကြပါစို့။ Priority ထားပြီး ပိုအရေးကြီးတာကို အရင်လုပ်တဲ့သူထက် ဟိုလိုလို သည်လိုလိုနဲ့ ဘာစလုပ်ရမှန်းဝေခွဲမရတဲ့သူက သေချာပေါက် အလုပ်မပြီးတဲ့အပြင် ရွေးချယ်စရာရှိလာတဲ့အခါ နှောင့်နှေးမှုတွေနဲ့ကြုံရမှာပါ။

 

2. Can't Grab A Good Opportunity & Afraid To Get Out Of Comfort Zone

 

Dilemma များတဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အချက်ပါ။ အထူးသဖြင့် အခွင့်အရေးကောင်းပေါ်လာတဲ့အချိန်မှာ အဆင်ပြေပါ့မလား လုပ်နိုင်ပါ့မလားဆိုပြီး တွန့်ဆုတ်ဝေခွဲမရဖြစ်နေတာနဲ့ အခွင့်အရေးကောင်းတွေ လွတ်သွားတတ်ပါတယ်။ အောင်မြင်တဲ့သူတွေဟာ အခွင့်အရေးကိုအမိအရအသုံးချပြီး Comfort Zone က ရုန်းထွက်နိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ အခွင့်အရေးကောင်းဆိုတာ ဘယ်တော့မှနှစ်ခါပြန်မလာတတ်ပါဘူးနော်။

 

3. Not Knowing Your Strength & Weakness

 

ကိုယ့်ဘာသာကိုယ် SWOT Analysis လုပ်ဖူးကြပါသလား။ SWOT Analysis ဆိုတာ မိမိရဲ့ အားသာချက် အားနည်းချက်ကို Analysis လုပ်ပြီး ဘယ်အရာကို Opportunities အဖြစ်ဖန်တီးပြီး ဘယ်ဟာကတော့ ကိုယ့်ရဲ့ Strength ဖြစ်တယ်ဆိုတာကို သိအောင်လုပ်တာပါ။ ဥပမာ ကိုယ်က လူတွေနဲ့ Social Dealing လုပ်ရတာ ကြိုက်တဲ့သူ ဆိုပါစို့။ ကိုယ့်ရဲ့ Career ကို Sale/Marketing or PR ပိုင်းသွားခြင်းက ပိုပြီးသင့်တော်ကိုက်ညီမှုရှိတယ်လို့ မြင်မိတာမျိုးဖြစ်ပါတယ်။

 

4. Manage Your Emotion

 

သင်ဟာ တော်သလောက် Emotional ဖြစ်လွယ်တဲ့သူလား။ အဲ့သည်လိုဖြစ်နေရင် အခုကစပြီး Emotional မဖြစ်အောင် တတ်နိုင်သလောက် ထိန်းဖို့အကြံပေးချင်ပါတယ်။ တချို့ကိစ္စတွေမှာ စိတ်ခံစားမှုကိုရှေ့တန်းတင်မိတာကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိတာမျိုး ဖြစ်နိုင်ပါတယ်။

 

5. Listening To Other People's Opinions Too Much

 

များသောအားဖြင့် ကိုယ့်ဘာသာကိုယ် ယုံကြည်မှုနည်းတဲ့သူတွေဟာ တခြားသူတွေရဲ့အကြံဉာဏ်ကို အရမ်းယူတတ်ကြပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်တဲ့အတွက် တစ်ခါတလေ ပေးတဲ့အကြံတိုင်းကလညး် ကိုယ့်အတွက်အသုံးမဝင်နိုင်တာကို သိထားသင့်ပါတယ်နော်။

 

6. Not observing your surrounding?

 

တချို့သူတွေက သူတို့လုပ်ငန်းတာဝန်မှာ ကျွမ်းကျင်ပါသော်လည်း အခြားအရာတွေမှာ မျက်စိပိတ်နားပိတ် ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တတ်တဲ့သူတွေဟာ အခွင့်အရေးသစ်တစ်ခုရတဲ့အခါ ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတဲ့ သူတွေလိုမဟုတ်ဘဲ အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးနိုင်ပါတယ်။

 

အခု ပြောတဲ့အရာတော်တော်များများ ဟာ ကြိုးစားပေမဲ့ အောင်မြင်သင့်သလောက် မအောင်မြင်တဲ့သူတွေရဲ့ Trait တွေပဲ ဖြစ်ပြီး ကိုယ်လည်းဒီလိုမျိုးတွေပါနေပြီဆိုရင် ဆန်းစစ်ကြည့်ပြီး ကြိုးစားပြင်ဆင်ကြရအောင်နော်...