facebook tracking image

Connecting...

Banner Default Image

လက်ရှိ Career က မိမိနဲ့ရေရှည်မှာမကိုက်ညီနိုင်ဘူးလို့ ခံစားမိနေပြီလား?

Mobile Default Image

04 Jul 15:00 by Klaus Min San

7692 Min

(Zawgyi Version)

ကၽြန္ေတာ္အခုေျပာခ်င္တဲ့အေၾကာင္းအရာေလးကေတာ့ မိမိလက္ရွိလုပ္ေနတဲ့ Career ဟာ မိမိနဲ႔ကိုက္ညီမႈမရွိဘူးလို႔ ခံစားလာမိတဲ့အခါ ၊ ဒီအလုပ္လုပ္ကို လုပ္ေနရတာကို မေပ်ာ္ဘူး၊ မလုပ္ခ်င္ဘူး လို႔ ခံစားလာမိတဲ့အခါ မိမိစိတ္ဝင္စားတဲ့ ေနာက္ career တစ္ခုကို ရွာေဖြဖို႔ပါ။ 

ကၽြန္ေတာ္တို႔ေတြ အလုပ္တစ္ခုခုကို စိတ္ဝင္စား၍ျဖစ္ေစ၊ စိတ္မဝင္စားပဲျဖစ္ေစ စားဝတ္ေနေရးအရ ကမူးရူးထိုး ဝင္လုပ္လိုက္ရတာမ်ိဳးရွိပါတယ္။ တစ္ခ်ိဳ႕ကံေကာင္းတဲ့သူေတြကေတာ့ မိမိနဲ႔ကိုက္ညီမယ့္အလုပ္နဲ႔တန္းတိုးၿပီး အဆင္ေျပသြားၾကတယ္ေပါ့။ တစ္ခ်ိဳ႕ကေတာ့ အစပိုင္းမွာစိတ္ဝင္စားသလို ရွိေပမယ့္လည္း အခ်ိန္အတိုင္းအတာ တစ္ခုေရာက္လာတဲ့အခါမွာေတာ့ ၿငီးေငြ႕လာမယ္၊ စိတ္ဝင္စားမႈမရွိေတာ့တာျဖစ္လာမယ္ မိမိအတြက္ တိုးတက္မႈ မရွိေတာ့ဘူးလို႔ထင္လာမယ္။ ေနာက္ပီး ငါက ဘယ္လိုေလးလုပ္ခ်င္တာဆိုတဲ့ အေတြးေတြရွိလာမယ္။ 

အဲ့ဒီလုိစိတ္ခံစားမႈျဖစ္ေပၚလာၿပီး ေနာက္အလုပ္တစ္ခုေျပာင္းလုပ္ခ်င္ပါေသာ္လည္း မၽားေသာအားျဖင္႔ ေတြေဝၾကတတ္ပါတယ္။ ဘာကိုေတြေဝလဲဆိုေတာ့  လက္ရွိမွာ ငါကအရာရာ အသားက်ၿပီးသား... ဒါေပမယ့္ေနာက္အလုပ္တစ္ခုေျပာင္းရင္ အစကျပန္စရမယ္… လုပ္ေဖာ္ကိုင္ဖက္အသစ္ေတြနဲ႔ေတြ႕ရမယ္... အဲ႔ဒီ႔အခါကၽ သူတို႔ကငါ့ကိုႀကိဳဆိုပါ့မလား… ငါကေရာသူတို႔ကို သေဘာက်ပါ့မလား… လုပ္ငန္းခြင္သစ္မွာ လိုက္ေလ်ာညီေထြျဖစ္ပါ့မလား… စတဲ့ အေတြးေတြ အနည္းနဲ႔အမ်ားရွိေနတတ္ၾကပါတယ္။ လက္ရွိေနရာမွာအသားက် သြားတဲ့အခါ ကိုယ္မသိတဲ့အရာတစ္ခုကို စလုပ္ရမွာေၾကာက္ၾကတယ္။ 

အမွန္ေတာ့ ဒီအေၾကာက္တရားကို ရင္ဆိုင္ႏိုင္မွ ကၽြန္ေတာ္တို႔အနာဂတ္အတြက္လဲပိုေကာင္းမွာပါ။ ကိုယ္လုပ္ေနက် အလုပ္ကို စိတ္ပါပါမပါပါ အၿမဲလုပ္သြားတဲ့အခါ ကိုယ္တစ္ျခားအသစ္ေတြလုပ္ဖို႔ လက္လႊတ္ရပါေတာ့တယ္။ အဲ့ဒီေတာ့ ကိုယ္ရဲ႕တိုးတက္မႈမရွိေတာ့ပဲျဖစ္လာပါတယ္။ အဲ့ေတာ့ မိမိလက္ရွိအလုပ္ေပၚ စိတ္ဝင္စားမႈလည္းမရွိေတာ့ပါဘူး။ ကိုယ္စိတ္ဝင္စားတဲ့အျခားတစ္ခုကိုလည္း ေတြ႕ထားၿပီဆိုရင္ ဆံုးျဖတ္ခ်က္ျပတ္ျပတ္သားသားခ်ၿပီး ကူးေျပာင္းလိုက္ပါ။ 

ကၽြန္ေတာ္တို႔တစ္ေန႔တာရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ လုပ္ငန္းခြင္မွာ ကုန္ဆံုးရတာပါ။ ဒါေၾကာင့္ ကိုယ္လုပ္ငန္းခြင္ကေန ကိုယ့္ကို ေပ်ာ္ရႊင္မႈ ၊ စိတ္ဓာတ္တက္ၾကြမႈ ၊ စိတ္ပါဝင္စားေစမႈ ေတြ ရရွိဖို႔လိုအပ္ပါတယ္။ ဟုတ္ပါတယ္ အလုပ္သစ္တစ္ခုခုစလုပ္တဲ့အခါ ရုန္းကန္ရပါတယ္။ ေလ့လာရပါတယ္။ “The beginning is always the hardest” ဆိုတဲ့စကားပံုေလးလည္းရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အမွန္တကယ္တိုးတက္ခ်င္တဲ့အခါ အသစ္ေတြကိုသိခ်င္တဲ့အခါ ဒီအခက္အခဲေတြကိုရင္ဆိုင္ရပါတယ္။ ေလွာင္အိမ္ထဲမွာေနတဲ့ငွက္က သဘာဝရဲ႕အလွတရားျမင္ဖူးမွာမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ ေလွာင္အိမ္ထဲကေန ထြက္ၿပီး ေဝဟင္မွာပ်ံသန္းေနတဲ့ငွက္ကို ဥပမာယူဖို႔ အႀကံေပးခ်င္ပါတယ္။ အခုေၿပာခဲ့တာေတြကေတာ့ ကၽြန္ေတာ္႔အေတြ႕အၾကဳံအရနဲ႔ ေတြးေခၚမႈသက္သက္သာၿဖစ္ပါတယ္ေၾကာင္႔ မွန္ေကာင္းမွန္နိုင္သလို  မွားေကာင္းလည္းမွားနိင္ပါတယ္။ အမွားပါခဲ့ပါက စာဖတ္သူတို႔အေနနဲ႔ သေဘာထားၾကီးစြာ နားလည္ေပးဖို႔ ေမၽွာ္လင့္ပါတယ္။

 
(Unicode Version)
 

ကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိမိလက်ရှိလုပ်နေတဲ့ Career ဟာ မိမိနဲ့ကိုက်ညီမှုမရှိဘူးလို့ ခံစားလာမိတဲ့အခါ ၊ ဒီအလုပ်လုပ်ကို လုပ်နေရတာကို မပျော်ဘူး၊ မလုပ်ချင်ဘူး လို့ ခံစားလာမိတဲ့အခါ မိမိစိတ်ဝင်စားတဲ့ နောက် career တစ်ခုကို ရှာဖွေဖို့ပါ။ 

ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို စိတ်ဝင်စား၍ဖြစ်စေ၊ စိတ်မဝင်စားပဲဖြစ်စေ စားဝတ်နေရေးအရ ကမူးရူးထိုး ဝင်လုပ်လိုက်ရတာမျိုးရှိပါတယ်။ တစ်ချို့ကံကောင်းတဲ့သူတွေကတော့ မိမိနဲ့ကိုက်ညီမယ့်အလုပ်နဲ့တန်းတိုးပြီး အဆင်ပြေသွားကြတယ်ပေါ့။ တစ်ချို့ကတော့ အစပိုင်းမှာစိတ်ဝင်စားသလို ရှိပေမယ့်လည်း အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာတော့ ငြီးငွေ့လာမယ်၊ စိတ်ဝင်စားမှုမရှိတော့တာဖြစ်လာမယ် မိမိအတွက် တိုးတက်မှု မရှိတော့ဘူးလို့ထင်လာမယ်။ နောက်ပီး ငါက ဘယ်လိုလေးလုပ်ချင်တာဆိုတဲ့ အတွေးတွေရှိလာမယ်။ 

အဲ့ဒီလိုစိတ်ခံစားမှုဖြစ်ပေါ်လာပြီး နောက်အလုပ်တစ်ခုပြောင်းလုပ်ချင်ပါသော်လည်း များသောအားဖြင့် တွေဝေကြတတ်ပါတယ်။ ဘာကိုတွေဝေလဲဆိုတော့  လက်ရှိမှာ ငါကအရာရာ အသားကျပြီးသား... ဒါပေမယ့်နောက်အလုပ်တစ်ခုပြောင်းရင် အစကပြန်စရမယ်… လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့တွေ့ရမယ်... အဲ့ဒီ့အခါကျ သူတို့ကငါ့ကိုကြိုဆိုပါ့မလား… ငါကရောသူတို့ကို သဘောကျပါ့မလား… လုပ်ငန်းခွင်သစ်မှာ လိုက်လျောညီထွေဖြစ်ပါ့မလား… စတဲ့ အတွေးတွေ အနည်းနဲ့အများရှိနေတတ်ကြပါတယ်။ လက်ရှိနေရာမှာအသားကျ သွားတဲ့အခါ ကိုယ်မသိတဲ့အရာတစ်ခုကို စလုပ်ရမှာကြောက်ကြတယ်။ 

အမှန်တော့ ဒီအကြောက်တရားကို ရင်ဆိုင်နိုင်မှ ကျွန်တော်တို့အနာဂတ်အတွက်လဲပိုကောင်းမှာပါ။ ကိုယ်လုပ်နေကျ အလုပ်ကို စိတ်ပါပါမပါပါ အမြဲလုပ်သွားတဲ့အခါ ကိုယ်တစ်ခြားအသစ်တွေလုပ်ဖို့ လက်လွှတ်ရပါတော့တယ်။ အဲ့ဒီတော့ ကိုယ်ရဲ့တိုးတက်မှုမရှိတော့ပဲဖြစ်လာပါတယ်။ အဲ့တော့ မိမိလက်ရှိအလုပ်ပေါ် စိတ်ဝင်စားမှုလည်းမရှိတော့ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့အခြားတစ်ခုကိုလည်း တွေ့ထားပြီဆိုရင် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး ကူးပြောင်းလိုက်ပါ။ 

ကျွန်တော်တို့တစ်နေ့တာရဲ့ အချိန်တော်တော်များများဟာ လုပ်ငန်းခွင်မှာ ကုန်ဆုံးရတာပါ။ ဒါကြောင့် ကိုယ်လုပ်ငန်းခွင်ကနေ ကိုယ့်ကို ပျော်ရွှင်မှု ၊ စိတ်ဓာတ်တက်ကြွမှု ၊ စိတ်ပါဝင်စားစေမှု တွေ ရရှိဖို့လိုအပ်ပါတယ်။ ဟုတ်ပါတယ် အလုပ်သစ်တစ်ခုခုစလုပ်တဲ့အခါ ရုန်းကန်ရပါတယ်။ လေ့လာရပါတယ်။ “The beginning is always the hardest” ဆိုတဲ့စကားပုံလေးလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမှန်တကယ်တိုးတက်ချင်တဲ့အခါ အသစ်တွေကိုသိချင်တဲ့အခါ ဒီအခက်အခဲတွေကိုရင်ဆိုင်ရပါတယ်။ လှောင်အိမ်ထဲမှာနေတဲ့ငှက်က သဘာဝရဲ့အလှတရားမြင်ဖူးမှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ လှောင်အိမ်ထဲကနေ ထွက်ပြီး ဝေဟင်မှာပျံသန်းနေတဲ့ငှက်ကို ဥပမာယူဖို့ အကြံပေးချင်ပါတယ်။ အခုပြောခဲ့တာတွေကတော့ ကျွန်တော့်အတွေ့အကြုံအရနဲ့ တွေးခေါ်မှုသက်သက်သာဖြစ်ပါတယ်ကြောင့် မှန်ကောင်းမှန်နိုင်သလို  မှားကောင်းလည်းမှားနိင်ပါတယ်။ အမှားပါခဲ့ပါက စာဖတ်သူတို့အနေနဲ့ သဘောထားကြီးစွာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။