facebook tracking image

Connecting...

Banner Default Image

လက်ရှိအလုပ်မှာ လစာ (သို့) ရာထူးဘယ်လိုတိုးတောင်းကြမလဲ?

Mobile Default Image

29 Aug 00:00 by Chan Nyein Thura

ကျွန်တော်ဒီမေးခွန်းနဲ့ ပတ်သက်ပြီးအမေးခံရတာများလို့ ကျွန်တော့်ရဲ့ Personal point of view အရ အရေးကြီးမယ့်အချက်တစ်ချို့ကို သေချာ List လုပ်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။ပထမဦးဆုံးအနေနဲ့ လစာ (သို့) ရာထူးတိုးတောင်းတော့မယ်ဆိုရင် အရင်ဦးဆုံး ပြင်ဆင်စရာရှိတာဦးစွာပြင်ဆင်ထားဖို့လိုပါတယ်။ ဘာတွေပြင်ဆင်ထားရမလည်းဆိုတာတွေကို Dos and Don'ts tips လေးတွေနဲ့ရှင်းပြပေးထားပါတယ်။ 


Dos

၁ ။ Market ထဲမှာ မိမိ Current ရနေတဲ့ Salary က နည်းနေလား၊ များနေလား ဒါမှမဟုတ် ပုံမှန်ပဲလားဆိုတာကို Analysis အရင်လုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Realistic ဖြစ်တဲ့ Salary Increment Rate ကို သိဖို့လိုအပ်လို့ပါ။

၂ ။ ဘာကြောင့် လစာ (သို့) ရာထူးတိုးပေးဖို့ ထိုက်တန်တယ်ဆိုတာကို တိကျသေချာတဲ့ Reason ရှိဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ဒါကြောင့် ကိုယ့်ဘက်မှာ သင့်တော်တဲ့အကြောင်းအရင်း ရှိနေဖို့လိုပါတယ်။ 

၃ ။ တင်ပြတဲ့အခါ လှည့်ပတ်ပြောနေတာထက် Elevator Talk လိုမျိုး ထိထိရောက်ရောက်ကျစ်ကျစ်လစ်လစ်နဲ့ Confidence အပြည့်နဲ့တင်ပြနိုင်ဖို့လည်းလိုပါတယ်။

၄ ။ No ဆိုတဲ့အဖြေကို မျှော်လင့်ထားပါ။ အကယ်၍ No ဆိုတဲ့အဖြေရခဲ့ရင်တောင် မိမိရဲ့ Emotion ကို Control လုပ်ပါ။ Professional ဆန်ဆန်ပဲ မိမိရဲ့လိုအပ်ချက်တွေကို မေးဖို့အခွင့်အရေးရှိရင်ကြိုးစားမေးပါ။ တစ်ခါတစ်လေ မိမိရဲ့လိုအပ်ချက်ကို မိမိရဲ့ Peers တွေထက် Superior တွေကပိုမြင်နိုင်လို့ပါ။ 



Don'ts

၁ ။ လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အရိပ်၃ပါးနားလည်ဖို့အရမ်းအရေးကြီးပါတယ် ကိုယ့်ရဲ့ Superior က Stress များနေတဲ့အချိန် တစ်နည်းအားဖြင့် Overworked ဖြစ်နေတဲ့အချိန်မှာ သွားမတောင်းဆိုတာအကောင်းဆုံးပါပဲ

၂ ။ နောက်တစ်တစ်ချက်အရေးကြီးတဲ့အချက်က တစ်ခြား Colleague တွေရဲ့ Salary နဲ့နှိုင်းယှဉ်ပြီးတိုးတောင်းရပါတယ်ဆိုတဲ့ Reason မပြုလုပ်မိဖို့ပါပဲ။ Company တိုင်းမှာ Salary information ဆိုတာ Highly Confidential တစ်ခုအနေနဲ့ သတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက် တိကျတဲ့ Reason မဟုတ်တဲ့အပြင် ကံမကောင်းရင် မိမိရဲ့ Colleague အတွက်ပါထိခိုက်စေနိုင်ပါတယ်

၃ ။ Face to Face Discussion လုပ်ရမှာကြောက်လို့ Email ကနေပို့တာတို့ Letter ရေးပြီးပို့တာတို့ဆိုတာတွေလည်းရှောင်ကျဉ်သင့်ပါတယ်။ Office တစ်ခုထဲမှာ အတူတူလုပ်နေသူအဖို့ Lack Of Confidence ဖြစ်တယ်လို့ပဲ ယူဆပါတယ်။

Extra Tips အနေနဲ့ မိမိ Company က ဘယ်လိုအချိန်တွေမှာ လစာ (သို့) ရာထူးတိုးပေးလေ့ရှိလည်းဆိုတာသိထားဖို့လိုအပ်ပါတယ်။ အများအားဖြင့် Company တွေရဲ့ New Fiscal Year တစ်နည်းအားဖြင့် နှစ်တစ်နှစ်ရဲ့ Financial year အစမှာ ဝန်ထမ်းတွေအတွက် Appraisal ထိုင်လေ့ရှိပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ " If you don't ask..the only thing you can get is No, at least when you ask you can get a chance of Yes " ဒီစကားလေးအတိုင်းပါပဲ…