facebook tracking image

Connecting...

Banner Default Image

ဘာအတွက်ကြောင့်အလုပ်ပြောင်းသင့်လဲ? အလုပ်ပြောင်းတဲ့အခါမှာ ဘာတွေသိထားသင့်လဲ?

Mobile Default Image

08 Aug 15:00 by Eric Min

Success 2697951 1920

(Zawgyi Version)

 

ဒီအေၾကာင္းအရာနဲ႔ပတ္သက္လာရင္ တစ္ေယာက္နဲ႔တစ္ေယာက္တစ္ေယာက္ နားလည္လက္ခံထားၾကပံုျခင္း မတူၾကပါဘူး။ Recruitment Consultant တစ္ေယာက္အေနနဲ႔ေတာင္မွတိက်တဲ့ ပုံေသနည္းတစ္ခုလိုအေျဖသတ္မွတ္ေပးဖို႔ခက္ခဲလွပါတယ္။ ဘယ္လိုပဲနားလည္လက္ခံထားပုံျခင္းမတူသည္ျဖစ္ေစ အလုပ္လုပ္ေနတဲ့လူတိုင္းအတြက္ ဒီေမးခြန္းကေတာ့ အၿမဲလိုလုိရွိေနမွာပါပဲ။ ဒီေတာ့အမ်ားစုအလုပ္ေျပာင္းျဖစ္တဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အလုပ္ေျပာင္းတဲ့အခါဘာေတြသိသင့္လဲ ဆိုတာနည္းနည္းေလာက္ေလ့လာၾကည့္ရေအာင္...

 

1)  Salary

အလုပ္ေျပာင္းျဖစ္တဲ့ အေၾကာင္းအရင္းေတြထဲကတစ္ခုျဖစ္ပါတယ္။ လစာေၾကာင့္အလုပ္ေျပာင္းတဲ့ေနရာမွာ ကိုယ္လုပ္ေနရတဲ့ Responsibilities, Job Scope ေတြနဲ႔ကိုယ္ရေနတဲ့လစာ ကိုက္ညီရဲ႕လား? ကုိယ့္ရဲ႕လုပ္သက္နဲ႔ ကိုယ္ရေနတဲ့လစာ ကိုက္ညီရဲ႕လား? Market ထဲမွာ ကိုယ္နဲ႔ တန္းတူေတြထက္ ကိုယ့္ရဲ႕လစာကနည္းေနလား ဒီလိိုေမးခြန္းေတြအတြက္ လံုေလာက္ေက်နပ္တဲ့အေျဖမထြက္လာေတာ့ဘူးဆိုရင္ေတာ့ အလုပ္ေျပာင္းဖို႔ စတင္သင့္ပါျပီ။ ဒီေနရာမွာတစ္ခုသိထားသင့့္တာက ကိုယ့္လက္ရွိလစာရဲ႕ ၃၀% ပိုၿပီးလစာတုိုးဖို႔ေမ်ွာ္မွန္းထားသင့္ပါတယ္။ဘာေၾကာင့္ဆို ဒီရာခို္င္ႏႈန္းက Market ထဲမွာရွိေနတဲ့ ပံုမွန္ႏႈန္းထားတစ္ခုျဖစ္ေနလို႔ပါ။ အေျခအေနေပးလာရင္ေတာ့ ၃၀% ထက္ပိုတဲ့လစာကုိရနိင္ပါတယ္။ ဒါေပမယ့္ ကိုယ့္လစာထက္ ၃၀% တုိးၿပီးေမ်ွာ္မွန္းထားျခင္းဟာ အသင့္ေတာ္ဆံုးျဖစ္ျပီး Recruitment Agency ေတြကတစ္ဆင့္ အလုပ္ရွာခ်င္သူေတြအတြက္လည္း ပိုျပီးအဆင္ေျပေစနိုင္ပါတယ္။

 

2)  Career Development

ဒါဟာလည္း အလုပ္ေျပာင္းျဖစ္တဲ့ အထဲက အမ်ားစု ၾကံဳေတြ႕ရတဲ့ အေၾကာင္းျပခ်က္တစ္ခုပဲျဖစ္ပါတယ္။ သင့္တင့္တဲ့လစာကိုရရွိေနေပမယ့္ ကိုယ့္အတြက္ Development မရွိတဲ့ Organization ထဲမွာရွိေနျခင္းဟာလည္း ေရရွည္မွာ ကိုယ့္အတြက္ Bad Impact ေတြရွိလာနိုင္ပါတယ္။ ေနာက္ျပီး ကိုယ့္အတြက္တိုးတက္မႈရွိေပမယ့္ ေနရာတစ္ခုထဲမွာပဲ အရမ္းၾကာေအာင္အလုပ္လုပ္တဲ့အခါ Institutionalized ျဖစ္လာတတ္ပါတယ္။ Challenge နည္းလာျပီး ေန႔စဥ္လုပ္စရာေတြက ထပ္တလဲလဲ ျဖစ္လာတဲ့ အေျခအေနကို Comfort Zone လုိ႔ေခၚပါတယ္။ ဒီလုိမ်ိဳးအေျခအေနကိုေတာ့ အမ်ားစုၾကံဳဖူးၾကမွာပါ။ ဒါဆိုရင္ေတာ့ အလုပ္ေျပာင္းဖို႔အတြက္ စတင္ျပင္ဆင္သင့္ပါျပီ။ ဒီေနရာမွာအလ်င္္စလိုမရွာပဲ ကိုယ္စိတ္ဝင္စားတဲ့ အလုပ္တစ္ခုကို ကိုယ့္နဲ႔သင့္ေတာ္မယ့္ Organization မွာရဖို႔အတြက္ အခ်ိန္ေပးျပီးရွာ ဖို႔ေတာ့လိုပါတယ္။

ကိုယ္နဲ႔အဆင္မေျပတာနဲ႔ ခ်က္ျခင္း အလုပ္ေျပာင္းတာမ်ိဳးကိုေတာ့ ေရွာင္ရွားေစလိုပါတယ္။ အလုပ္တစ္ခု မလုပ္ခင္ Interview ေတြဝင္ထဲက ကိုယ္အလုပ္ေလ်ာက္တဲ့ Company ရဲ႕ Culture, Organization Structure အစရွိတာေတြကို ေသေသခ်ာခ်ာ ၾကိဳတင္ေလ့လာထားျပီး ကုုိယ္နဲ႔ အမွန္တကယ္သင့္ေတာ္ျပီလို႔ယူဆမွ အလုပ္တစ္ခုကုိေျပာင္းသင့္ပါတယ္။

 

3)  Probation Period

Probation Period ဆိုတာကေတာ့ Company ဘက္ကေန ေစာင့္ၾကည့္တဲ့ကာလ ျဖစ္သလို Employee ဘက္ကေနလည္း Company ဘက္ကို ေစာင့္ၾကည့္တဲ့ကာလလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ အလုပ္ေျပာင္းျပီးမွ အဆင္မေျပဘူးလို႔ယူဆရင္ေတာင္မွ Probation Period အတြင္းမွာ အေျပာင္းအလဲ လုပ္လို႔ရနိုင္ပါတယ္။ ဒါေပမယ့္အျမဲတမ္းေတာ့ ထြက္ဖို႔မစဥ္းစားသင့္ပါဘူး။ အလုပ္ေျပာင္းျပီးခါစ ပတ္ဝန္းက်င္ အသစ္တစ္ခုမွာ အသားက်ဖို႔ အခ်ိန္ယူဖို႔လိုတာကိုလည္း သတိျပဳေစခ်င္ပါတယ္။ Probation Period ေက်ာ္သြားျပီးရင္ေတာ့ Company တစ္ခုမွာ အနည္းဆံုး ၁ နွစ္ခြဲကေန ၃ နွစ္ အထိေတာ့လုပ္သင့္ပါတယ္။  Global Standard အေနနဲ႔ဆုိရင္ေတာ့ အနည္းဆံုး ၅ ႏွစ္ကေန ၇ ႏွစ္ အထိလုပ္မွ Stable ျဖစ္တယ္လို႔ယူဆနုိင္ပါတယ္။ ကိုယ္ တကယ္ေပ်ာ္ျပီး တိုးတက္မွဳလည္းရွိတယ္ သင္ယူစရာေတြလည္းရွိတယ္လို႔ ယူဆရတဲ့ Organization မ်ိဳးမွာေတာ့ ေရရွည္လုပ္တာအေကာင္းဆံုးပါ။

 

4) Jumpy Career

Probation Period ေက်ာ္သြားျပီး ခိုင္မာတဲ့ အေၾကာင္းျပခ်က္တစ္စံုတစ္ရာမရွိပဲ လပိုင္းနဲ႔ အလုပ္ ခဏခဏေျပာင္းတတ္တဲ့ Candidate ေတြကို jumpy ျဖစ္တယ္လို႔သတ္မွတ္ပါတယ္။ အဲ့ဒီလိုမ်ိဳး Candidate ေတြဟာ ကိုယ္တိုင္အလုပ္ရွာတာပဲျဖစ္ျဖစ္ Recruitment Agency ကေန ရွာတာမ်ိဳးပဲျဖစ္ျဖစ္ အခက္အခဲရွိႏုိင္ပါတယ္။ ကိုယ့္ရဲ႕Profile ကို ကိုယ္ ကိုယ္တိုင္ပဲ ဖန္တီးရတာျဖစ္လို႔ အလုပ္ခဏခဏ ေျပာင္းတဲ့ Jumpy Profile မ်ိဳးမျဖစ္ေစခ်င္ပါဘူး။ ေနာက္ျပီးအဆင္မေျပလို႔ အလုပ္အရင္ထြက္မယ္ ျပီးမွေအးေအးေဆးေဆး ျပန္ရွာမယ္ဆိုတာမ်ိဳးကိုလည္းေရွာင္ရွားသင့္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ အလုပ္ထြက္တဲ့ သူေတြအတြက္ကေတာ့ ဒီအခ်က္ကျပႆနာမရွိေပမယ့္ Company Life ထဲျပန္ဝင္မယ့္သူေတြအတြက္ အခက္အခဲျဖစ္နုိင္ပါတယ္။ ဘာေၾကာင့္ဆုိ ကိုယ္္တကယ္စိတ္ဝင္စားတဲ့ အလုပ္တစ္ခုရဖိုိ႔အတြက္ အခ်ိန္ဘယ္ေလာက္ေပးရမယ္ဆိုတာခန္႔မွန္းဖို႔ခက္ခဲလို႔ပါ။

 

အခုေလာက္ဆို အလုပ္ေျပာင္းဖို႔စဥ္းစားေနတဲ့သူေတြ ဘယ္အခ်ိန္မွာ အလုပ္ေျပာင္းသင့္လဲဆိုတာ သိိခ်င္ေနတဲ့ သူငယ္ခ်င္းေတြ မိတ္ေဆြေတြအတြက္ အခုေရးထားတဲ့ Article ေလးက အေထာက္အကူျဖစ္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။

 

 

(Unicode Version)

 

ဒီအကြောင်းအရာနဲ့ပတ်သက်လာရင် တစ်ယောက်နဲ့တစ်ယောက်တစ်ယောက် နားလည်လက်ခံထားကြပုံခြင်း မတူကြပါဘူး။ Recruitment Consultant တစ်ယောက်အနေနဲ့တောင်မှတိကျတဲ့ ပုံသေနည်းတစ်ခုလိုအဖြေသတ်မှတ်ပေးဖို့ခက်ခဲလှပါတယ်။ ဘယ်လိုပဲနားလည်လက်ခံထားပုံခြင်းမတူသည်ဖြစ်စေ အလုပ်လုပ်နေတဲ့လူတိုင်းအတွက် ဒီမေးခွန်းကတော့ အမြဲလိုလိုရှိနေမှာပါပဲ။ ဒီတော့အများစုအလုပ်ပြောင်းဖြစ်တဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်ပြောင်းတဲ့အခါဘာတွေသိသင့်လဲ ဆိုတာနည်းနည်းလောက်လေ့လာကြည့်ရအောင်...

 

 1) Salary

အလုပ်ပြောင်းဖြစ်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ လစာကြောင့်အလုပ်ပြောင်းတဲ့နေရာမှာ ကိုယ်လုပ်နေရတဲ့ Responsibilities, Job Scope တွေနဲ့ကိုယ်ရနေတဲ့လစာ ကိုက်ညီရဲ့လား? ကိုယ့်ရဲ့လုပ်သက်နဲ့ ကိုယ်ရနေတဲ့လစာ ကိုက်ညီရဲ့လား? Market ထဲမှာ ကိုယ်နဲ့ တန်းတူတွေထက် ကိုယ့်ရဲ့လစာကနည်းနေလား ဒီလိိုမေးခွန်းတွေအတွက် လုံလောက်ကျေနပ်တဲ့အဖြေမထွက်လာတော့ဘူးဆိုရင်တော့ အလုပ်ပြောင်းဖို့ စတင်သင့်ပါပြီ။ ဒီနေရာမှာတစ်ခုသိထားသင့့်တာက ကိုယ့်လက်ရှိလစာရဲ့ ၃၀% ပိုပြီးလစာတိုုးဖို့မျှော်မှန်းထားသင့်ပါတယ်။ဘာကြောင့်ဆို ဒီရာခို်င်နှုန်းက Market ထဲမှာရှိနေတဲ့ ပုံမှန်နှုန်းထားတစ်ခုဖြစ်နေလို့ပါ။ အခြေအနေပေးလာရင်တော့ ၃၀% ထက်ပိုတဲ့လစာကိုရနိင်ပါတယ်။ ဒါပေမယ့် ကိုယ့်လစာထက် ၃၀% တိုးပြီးမျှော်မှန်းထားခြင်းဟာ အသင့်တော်ဆုံးဖြစ်ပြီး Recruitment Agency တွေကတစ်ဆင့် အလုပ်ရှာချင်သူတွေအတွက်လည်း ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။

 

 2) Career Development

ဒါဟာလည်း အလုပ်ပြောင်းဖြစ်တဲ့ အထဲက အများစု ကြုံတွေ့ရတဲ့ အကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်တင့်တဲ့လစာကိုရရှိနေပေမယ့် ကိုယ့်အတွက် Development မရှိတဲ့ Organization ထဲမှာရှိနေခြင်းဟာလည်း ရေရှည်မှာ ကိုယ့်အတွက် Bad Impact တွေရှိလာနိုင်ပါတယ်။ နောက်ပြီး ကိုယ့်အတွက်တိုးတက်မှုရှိပေမယ့် နေရာတစ်ခုထဲမှာပဲ အရမ်းကြာအောင်အလုပ်လုပ်တဲ့အခါ Institutionalized ဖြစ်လာတတ်ပါတယ်။ Challenge နည်းလာပြီး နေ့စဉ်လုပ်စရာတွေက ထပ်တလဲလဲ ဖြစ်လာတဲ့ အခြေအနေကို Comfort Zone လို့ခေါ်ပါတယ်။ ဒီလိုမျိုးအခြေအနေကိုတော့ အများစုကြုံဖူးကြမှာပါ။ ဒါဆိုရင်တော့ အလုပ်ပြောင်းဖို့အတွက် စတင်ပြင်ဆင်သင့်ပါပြီ။ ဒီနေရာမှာအလျင််စလိုမရှာပဲ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို ကိုယ့်နဲ့သင့်တော်မယ့် Organization မှာရဖို့အတွက် အချိန်ပေးပြီးရှာ ဖို့တော့လိုပါတယ်။

ကိုယ်နဲ့အဆင်မပြေတာနဲ့ ချက်ခြင်း အလုပ်ပြောင်းတာမျိုးကိုတော့ ရှောင်ရှားစေလိုပါတယ်။ အလုပ်တစ်ခု မလုပ်ခင် Interview တွေဝင်ထဲက ကိုယ်အလုပ်လျောက်တဲ့ Company ရဲ့ Culture, Organization Structure အစရှိတာတွေကို သေသေချာချာ ကြိုတင်လေ့လာထားပြီး ကုုိယ်နဲ့ အမှန်တကယ်သင့်တော်ပြီလို့ယူဆမှ အလုပ်တစ်ခုကိုပြောင်းသင့်ပါတယ်။

 

 3)  Probation Period

Probation Period ဆိုတာကတော့ Company ဘက်ကနေ စောင့်ကြည့်တဲ့ကာလ ဖြစ်သလို Employee ဘက်ကနေလည်း Company ဘက်ကို စောင့်ကြည့်တဲ့ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပြောင်းပြီးမှ အဆင်မပြေဘူးလို့ယူဆရင်တောင်မှ Probation Period အတွင်းမှာ အပြောင်းအလဲ လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့်အမြဲတမ်းတော့ ထွက်ဖို့မစဉ်းစားသင့်ပါဘူး။ အလုပ်ပြောင်းပြီးခါစ ပတ်ဝန်းကျင် အသစ်တစ်ခုမှာ အသားကျဖို့ အချိန်ယူဖို့လိုတာကိုလည်း သတိပြုစေချင်ပါတယ်။ Probation Period ကျော်သွားပြီးရင်တော့ Company တစ်ခုမှာ အနည်းဆုံး ၁ နှစ်ခွဲကနေ ၃ နှစ် အထိတော့လုပ်သင့်ပါတယ်။  Global Standard အနေနဲ့ဆိုရင်တော့ အနည်းဆုံး ၅ နှစ်ကနေ ၇ နှစ် အထိလုပ်မှ Stable ဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ကိုယ် တကယ်ပျော်ပြီး တိုးတက်မှုလည်းရှိတယ် သင်ယူစရာတွေလည်းရှိတယ်လို့ ယူဆရတဲ့ Organization မျိုးမှာတော့ ရေရှည်လုပ်တာအကောင်းဆုံးပါ။

 

 4) Jumpy Career

Probation Period ကျော်သွားပြီး ခိုင်မာတဲ့ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ လပိုင်းနဲ့ အလုပ် ခဏခဏပြောင်းတတ်တဲ့ Candidate တွေကို jumpy ဖြစ်တယ်လို့သတ်မှတ်ပါတယ်။ အဲ့ဒီလိုမျိုး Candidate တွေဟာ ကိုယ်တိုင်အလုပ်ရှာတာပဲဖြစ်ဖြစ် Recruitment Agency ကနေ ရှာတာမျိုးပဲဖြစ်ဖြစ် အခက်အခဲရှိနိုင်ပါတယ်။ ကိုယ့်ရဲ့Profile ကို ကိုယ် ကိုယ်တိုင်ပဲ ဖန်တီးရတာဖြစ်လို့ အလုပ်ခဏခဏ ပြောင်းတဲ့ Jumpy Profile မျိုးမဖြစ်စေချင်ပါဘူး။ နောက်ပြီးအဆင်မပြေလို့ အလုပ်အရင်ထွက်မယ် ပြီးမှအေးအေးဆေးဆေး ပြန်ရှာမယ်ဆိုတာမျိုးကိုလည်းရှောင်ရှားသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အလုပ်ထွက်တဲ့ သူတွေအတွက်ကတော့ ဒီအချက်ကပြဿနာမရှိပေမယ့် Company Life ထဲပြန်ဝင်မယ့်သူတွေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ကိုယ််တကယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုရဖိို့အတွက် အချိန်ဘယ်လောက်ပေးရမယ်ဆိုတာခန့်မှန်းဖို့ခက်ခဲလို့ပါ။

 

အခုလောက်ဆို အလုပ်ပြောင်းဖို့စဉ်းစားနေတဲ့သူတွေ ဘယ်အချိန်မှာ အလုပ်ပြောင်းသင့်လဲဆိုတာ သိိချင်နေတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် အခုရေးထားတဲ့ Article လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။