facebook tracking image
Connecting...
Banner Default Image
လက်ရှိမြန်မာနိုင်ငံမှာ ဘယ်လို IT Professional များကိုလိုအပ်နေသလဲ?
Mobile Default Image
19 Sep 00:00 by Suh Nun Thang
(Zawgyi Version)
ပြောင်းလဲနေသော ကမ္ဘာလောကကြီးတွင် Information Technology (IT) ၏ တိုးတက်ပြောင်းလဲမှုသည် အလွန်ပင်အံ့သြစရာကောင်းလှသည်။ Industry တိုင်းတွင်ရှိသော လုပ်ငန်းများကလည်း Dynamic and Innovative ဖြစ်သော Technology များကို အသုံးပြုလာကြသည်။ Technology မပါဘဲ လုပ်ငန်းကို ဆက်လက်မောင်းနှင်ဖို့မဖြစ်နိုင်မှန်း အားလုံးသိထားပြီးသားဖြစ်ပါသည်။
Information Technology သည် အချိန်နှင့်အညီ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ IT Professional များသည် နေရာတိုင်းတွင်လိုအပ်လာပါသည်။ မြန်မာနိုင်ငံတွင်လည်း မည်သည့် IT Professional မျိုးမဆို (ဥပမာ - Infrastructure, Network Engineering, IT Management, Hardware/System Support and Maintenance, Software Development, IT Business Analyst, စသည်ဖြင့်) လိုအပ်သည်။ ထိုသို့ အရည်အချင်းပြည့်ဝသာ IT Professional များကိုလည်း လုပ်ငန်းရှင်များက အလိုရှိနေတာပဲ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံခြားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား IT Professional များကိုလည်း မြန်မာနိုင်ငံမှ ကြိုဆိုနေကြောင်း နိုင်ငံတော်တာဝန်ရှိသောသူများ၏ ပြောကြားချက်များကိုလည်း ကြားဖူးကြမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော IT Talents များ သာ၍လိုအပ်နေသည်ကို ကျွန်တော့်ရဲ့  IT Recruitment Industry တွင် လုပ်ဆောင်ခဲ့သော အတွေ့အကြုံနှင့် ကိုယ်ပိုင်ရှုထောင့်တွေဖြင့် အောက်ပါအတိုင်း ဖော်ပြလိုပါသည်။
Information ကို အဓိကထားလုပ်ဆောင်သော လုပ်ငန်းများက ဤသို့သော IT Talent ကို သာ၍ လိုအပ်သည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် Telecom Industry နှင့် Financial Services လုပ်ငန်းများ ပို၍ တွင်ကျယ်လာသည့်အခါ Cyber Security / Network Security ကျွမ်းကျင်သော IT professionals များ ပိုပြီး လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၏ Financial Service လုပ်ငန်းကြီးတစ်ခု၏ Technology ပိုင်း Chief တာဝန်ယူသောသူတစ်ဦးနှင့် တွေ့ဆုံသည့်အခါတွင်လည်း လက်ရှိ သူတို့၏ အဓိက Challenge ဖြစ်နေသော Talent သည် Cyber Security နှင့်ပတ်သက်သောအရာ ဖြစ်ကြောင်း ပြောခဲ့ဖူးပါသည်။
Innovative ဖြစ်ပြီး Software Development Team ကို ဦးဆောင်နိုင်သော ခေါင်းဆောင်မှုအရည်အချင်း ပြည့်မီသည့် IT talent များကိုလည်း မြန်မာနိုင်ငံမှ လိုအပ်လျက်ရှိနေပါသည်။ အောင်မြင်နေသော စီးပွားရေးလုပ်ငန်း တစ်ခု၏ MD တစ်ဦးနှင့် စကားပြောသည့်အခါ ထိုကဲ့သို့ IT talent ရှားပါးသောကြောင့် နိုင်ငံခြားသား (Expatriate) များကိုပင်ခေါ်ရန် စဉ်းစားနေကြောင်း ပြောခဲ့ဖူးပါသည်။ အရည်အချင်းရှိသော Software Development Manager များရှိသော်လည်း ဤကဲ့သို့သော IT Professionals များလည်း မြန်မာနိုင်ငံတွင် သာ၍များစွာလိုအပ်နေသေးသည်။
၃။ Mobile Development
Mobile Developers ဟုဆိုရာတွင် iOS နှင့် Android နှစ်မျိုးစလုံးကို ဆိုလိုခြင်း၏ဖြစ်ပါသည်။ လက်ရှိတွင် ထိုကဲ့သို့သော Talent နည်းနေပါသည်။ ထို့ကြောင့် အချို့သောကုမ္ဗဏီများက နိုင်ငံခြားသား (Expatriate) များကို ခေါ်နေကြောင်း သိရသည်။ Mobile Development ကို စိတ်ပါဝင်စားသော လူငယ်များအတွက် ဤလမ်းကြောင်းသည်လည်း အလားအလာအလွန်ကောင်းသော Career ဖြစ်ကြောင်း မြင်မိပါသည်။ Mobile Development နှင့်အတူ User Experience တွင် အတွေ့အကြုံရှိသော UI/UX professional များလည်း လုပ်ငန်းတော်တော်များများက အလိုရှိနေသည်။
၎။ အခြား IT Talents
မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ဗဏီများ စတင်ပြီးဝင်ရောက်လာနေပြီဖြစ်တဲ့အတွက်  IT Infrastructure / Network, Cloud Technology ပိုင်း ကျွမ်းကျင်သော Professional များလည်း မြန်မာနိုင်ငံတွင် လိုအပ်ပါသည်။ Software House များနှင့် Own Product Develop လုပ်သော လုပ်ငန်းရှင်များက အတွေ့အကြုံရင့်ကျက်ပြီး အရည်အချင်းရှိသော Project Manager များကို လိုအပ်လျက်ရှိပါသည်။ အထူးသဖြင့် Agile / Scrum methodology အတွေ့အကြုံရှိသောသူများကို ကြိုဆိုလေ့ရှိပါသည်။ ERP Implementation အတွေ့အကြုံရှိသော IT Manager များကိုလည်း အချို့သော ကုမ္ဗဏီများကအလိုရှိပါသည်။
နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် မကြာမီတွင်ကျယ်လာနိုင်သောလုပ်ငန်းများကို သုံးသပ်ကြည့်ရာတွင်
(Unicode Version)
ပြောင်းလဲနေသော ကမ္ဘာလောကကြီးတွင် Information Technology (IT) ၏ တိုုးတက်ပြောင်းလဲမှုသည် အလွန်ပင်အံ့သြစရာကောင်းလှသည်။ Industry တိုုင်းတွင်ရှိသော လုုပ်ငန်းများကလည်း Dynamic and Innovative ဖြစ်သော Technology များကုုိ အသုုံးပြုလာကြသည်။ Technology မပါဘဲ လုုပ်ငန်းကုုိ ဆက်လက်မောင်းနှင်ဖို့မဖြစ်နုုိင်မှန်း အားလုုံးသိထားပြီးသားဖြစ်ပါသည်။
Information Technology သည် အချိန်နှင့်အညီ ပြောင်းလဲတိုုးတက်လာသည်နှင့်အမျှ IT Professional များသည် နေရာတိုုင်းတွင်လိုုအပ်လာပါသည်။ မြန်မာနုုိင်ငံတွင်လည်း မည်သည့် IT Professional မျိုးမဆိုု (ဥပမာ - Infrastructure, Network Engineering, IT Management, Hardware/System Support and Maintenance, Software Development, IT Business Analyst, စသည်ဖြင့်) လုုိအပ်သည်။ ထုုိသုုိ့ အရည်အချင်းပြည့်ဝသာ IT Professional များကုုိလည်း လုုပ်ငန်းရှင်များက အလိုုရှိနေတာပဲ ဖြစ်ပါသည်။ ထုုိကြောင့် နုုိင်ငံခြားတွင် အလုုပ်လုုပ်နေသော မြန်မာနုုိင်ငံသား IT Professional များကုုိလည်း မြန်မာနိုုင်ငံမှ ကြိုဆုုိနေကြောင်း နုုိင်ငံတော်တာဝန်ရှိသောသူများ၏ ပြောကြားချက်များကုုိလည်း ကြားဖူးကြမည်ဖြစ်သည်။
လက်ရှိ မြန်မာနုုိင်ငံတွင် မည်ကဲ့သိုု့သော IT Talents များ သာ၍လိုုအပ်နေသည်ကုုိ ကျွန်တော့်ရဲ့  IT Recruitment Industry တွင် လုုပ်ဆောင်ခဲ့သော အတွေ့အကြုံနှင့် ကိုုယ်ပုုိင်ရှုထောင့်တွေဖြင့် အောက်ပါအတုုိင်း ဖော်ပြလုုိပါသည်။
၁။ Information Security (Cyber Security / Network Security)
Information ကိုု အဓိကထားလုုပ်ဆောင်သော လုုပ်ငန်းများက ဤသုုိ့သော IT Talent ကုုိ သာ၍ လုုိအပ်သည်။ အထူးသဖြင့် ၂၀၁၃ ခုုနှစ်မှစ၍ မြန်မာနုုိင်ငံတွင် Telecom Industry နှင့် Financial Services လုုပ်ငန်းများ ပိုု၍ တွင်ကျယ်လာသည့်အခါ Cyber Security / Network Security ကျွမ်းကျင်သော IT professionals များ ပိုပြီး လိုုအပ်လာပါသည်။ မြန်မာနုုိင်ငံ၏ Financial Service လုုပ်ငန်းကြီးတစ်ခုု၏ Technology ပိုင်း Chief တာဝန်ယူသောသူတစ်ဦးနှင့် တွေ့ဆုုံသည့်အခါတွင်လည်း လက်ရှိ သူတုုိ့၏ အဓိက Challenge ဖြစ်နေသော Talent သည် Cyber Security နှင့်ပတ်သက်သောအရာ ဖြစ်ကြောင်း ပြောခဲ့ဖူးပါသည်။
၂။ Software Development Management
Innovative ဖြစ်ပြီး Software Development Team ကိုု ဦးဆောင်နုုိင်သော ခေါင်းဆောင်မှုအရည်အချင်း ပြည့်မီသည့် IT talent များကုုိလည်း မြန်မာနုုိင်ငံမှ လိုုအပ်လျက်ရှိနေပါသည်။ အောင်မြင်နေသော စီးပွားရေးလုုပ်ငန်း တစ်ခုု၏ MD တစ်ဦးနှင့် စကားပြောသည့်အခါ ထုုိကဲ့သုုိ့ IT talent ရှားပါးသောကြောင့် နုုိင်ငံခြားသား (Expatriate) များကုုိပင်ခေါ်ရန် စဉ်းစားနေကြောင်း ပြောခဲ့ဖူးပါသည်။ အရည်အချင်းရှိသော Software Development Manager များရှိသော်လည်း ဤကဲ့သုုိ့သော IT Professionals များလည်း မြန်မာနုုိင်ငံတွင် သာ၍များစွာလုုိအပ်နေသေးသည်။
၃။ Mobile Development
Mobile Developers ဟုုဆုုိရာတွင် iOS နှင့် Android နှစ်မျိုးစလုုံးကုုိ ဆုုိလုုိခြင်း၏ဖြစ်ပါသည်။ လက်ရှိတွင် ထိုုကဲ့သုုိ့သော Talent နည်းနေပါသည်။ ထုုိ့ကြောင့် အချို့သောကုုမ္ဗဏီများက နိုင်ငံခြားသား (Expatriate) များကုုိ ခေါ်နေကြောင်း သိရသည်။ Mobile Development ကုုိ စိတ်ပါဝင်စားသော လူငယ်များအတွက် ဤလမ်းကြောင်းသည်လည်း အလားအလာအလွန်ကောင်းသော Career ဖြစ်ကြောင်း မြင်မိပါသည်။ Mobile Development နှင့်အတူ User Experience တွင် အတွေ့အကြုံရှိသော UI/UX professional များလည်း လုုပ်ငန်းတော်တော်များများက အလုုိရှိနေသည်။
၄။ အခြား IT Talents
မြန်မာနုုိင်ငံတွင် နုုိ်င်ငံခြားကုုမ္ဗဏီများ စတင်ပြီးဝင်ရောက်လာနေပြီဖြစ်တဲ့အတွက်  IT Infrastructure / Network, Cloud Technology ပုုိင်း ကျွမ်းကျင်သော Professional များလည်း မြန်မာနုုိင်ငံတွင် လုုိအပ်ပါသည်။ Software House များနှင့် Own Product Develop လုုပ်သော လုုပ်ငန်းရှင်များက အတွေ့အကြုံရင့်ကျက်ပြီး အရည်အချင်းရှိသော Project Manager များကုုိ လုုိအပ်လျက်ရှိပါသည်။ အထူးသဖြင့် Agile / Scrum methodology အတွေ့အကြုံရှိသောသူများကုုိ ကြိုဆုုိလေ့ရှိပါသည်။ ERP Implementation အတွေ့အကြုံရှိသော IT Manager များကုုိလည်း အချို့သော ကုုမ္ဗဏီများကအလုုိရှိပါသည်။
နောက်ဆုုံးအနေဖြင့် မြန်မာနုုိင်ငံတွင် မကြာမီတွင်ကျယ်လာနုုိင်သောလုုပ်ငန်းများကုုိ သုုံးသပ်ကြည့်ရာတွင် Artificial Intelligence, IoT (Internet of Things), Progressive Web Applications, Gaming Technology, Augmented Reality စသည့်အရာများသည် မြန်မာနုုိ်င်ငံရှိ IT Career သွားလိုုသော လူငယ်များအနေဖြင့် လေ့လာသင်ယူ သင့်သော Technology များဖြစ်ကြောင်း အကြံပြုလိုုပါသည်။့ အပေါ်မှာဖောပြသွားတဲ့ အချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ Career Development ပိုင်းအတွက် လိုအပ်နေတာတွေကို ဖြည့်နိုင်အောင် မျှဝေပးလိုက်ရခြင်းဖြစ်ပါတယ်။ အောင်မြင်သော IT Professionals များ ဖြစ်နိုုင်ကြပါစေ။