facebook tracking image

Connecting...

Banner Default Image

အရေးကြီးတဲ့ Career လမ်းကြောင်း အပြောင်းအလဲ

Mobile Default Image

05 Sep 15:00 by Yee Mon Thet

Career Path

လုပ္ငန္းခြင္စဝင္မယ့္ လူငယ္ေတြ (သို႔) လုပ္ငန္းခြင္ထဲမွာ အေတြ႕အႀကံဳရေနေပမယ့္ ကိုယ္လိုခ်င္တဲ့ Career လမ္းေၾကာင္း တစ္ခုကို မေရာက္ေသးသူေတြ အတြက္ အႀကံညဏ္ေလးေပးခ်င္ပါတယ္။ မ်ားေသာအားျဖင့္ လူငယ္ေတြက Career လမ္းေၾကာင္း တစ္ခုေပၚကို ေရာက္ၿပီး ၅ႏွစ္အတြင္း ေအာင္ျမင္ရမယ္ဆိုတဲ႔ ေဆာင္ပုဒ္တစ္ခုကို လက္ကိုင္ထားတတ္ၾကတာကို ေတြ႕ရပါတယ္။ အဲ႔လို အိပ္မက္ေတြ ရည္မွန္းခ်က္ေတြနဲ႔ျပည့္ေနတဲ႔ လူငယ္ေတြအတြက္ အေရးႀကီးတာက ကိုယ္႔ Career လမ္းေၾကာင္း ေပ်ာက္မသြားဖို႔ပါပဲ။ ကိုယ္က အခုပဲဘြဲ႕ရၿပီး ရရာအလုပ္ကိုဝင္လုပ္တာထက္ ကိုယ္သြားခ်င္တယ့္ Career ရယ္ ကိုယ္ေလးႏွစ္ငါးႏွစ္ အခ်ိန္ေပးခဲ့တဲ႔ဘြဲ႕တစ္ခုကို အသံုးခ်တတ္ဖို႔ကအေရးႀကီးပါတယ္။

 

ျမန္မာႏိုင္ငံမွာ လူငယ္ေတာ္ေတာ္မ်ားမ်ားက ကိုယ္လုပ္ခ်င္တာထက္ မိဘကတက္ေစခ်င္တဲ႔ တိုက္တြန္းတဲ႔ တကၠသိုလ္ကို ေရြးခ်ယ္ခဲ့ရတာမ်ိဳးလည္းရွိၾကပါတယ္။ အဲ့ဒီအက်ိဳးဆက္ေတြေၾကာင့္ ရတဲ႔ဘြဲ႕ကိုသက္ေမြးဝမ္းေၾကာင္းအလုပ္အတြက္ အသံုးမခ်ႏိုင္တဲ႔လူငယ္ေတြလည္းမ်ားလာပါတယ္။ ကိုယ္လက္ရွိလုပ္ေနတဲ႔အလုပ္အေပၚ စိတ္မပါဘဲလုပ္ေနရတာထက္ အမွန္တကယ္ စိတ္အားထက္သန္ၿပီး ေအာက္ေျခကေန အဆင့္ဆင့္ႀကိဳးစားေလ႔လာၿပီး ရာထူးအဆင့္ဆင့္တိုးတက္လာသူေတြက ပိုၿပီး ေအာင္ျမင္လာတာကိုေတြ႕ရပါတယ္။ ကိုယ္က စိတ္ဝင္စားတဲ႔နယ္ပယ္ကတစ္ခု၊ လက္ရွိလုပ္ေနတဲ႔နယ္ပယ္က တစ္ခုျဖစ္ၿပီး အခ်ိန္အတိုင္းအတာ တစ္ခုေရာက္မွ Career လမ္းေၾကာင္း ျပန္ေျပာင္းခ်င္ရင္ ထင္သေလာက္ မလြယ္ကူလွပါဘူး။ အဲဒါေၾကာင့္ Career လမ္းေၾကာင္းေျပာင္းၿပီး အလုပ္တစ္ခုစရွာေတာ႔မယ္ဆိုရင္ -

 

၁။ စိတ္ရွည္ပါ။ 

အလုပ္တစ္ခုကို ၿပီးစလြယ္ Join တာမ်ိဳးမဟုတ္ပဲ ကိုယ္လည္းအမွန္တကယ္ဝါသနာပါၿပီး ႐ူးသြပ္တဲ႔ Career တစ္ခုကို ရဖို႔အတြက္ စိတ္ရွည္ဖို႔လိုပါတယ္။

 

၂။ မ်က္စိဖြင့္ နားစြင့္ပါ။

 ကိုယ္ေျပာင္းလဲမယ့္ Career တစ္ခု အတြက္ လိုအပ္တဲ႔အခ်က္အလက္ေတြ၊ လက္ရွိမွာရွိထားတတ္ထားရမယ္႔အခၽက္ေတြကို အခ်ိန္နဲ႔တေျပးညီသိရွိေနေအာင္ သက္ဆိုင္ရာ Website (သို႔) Social Media မွ တစ္ဆင့္ ေလ႔လာပါ။

 

၃။ မိမိကိုယ္ကိုျမွင့္တင္ပါ။ 

ကိုယ္သြားခ်င္တယ့္ နယ္ပယ္နဲ႔သက္ဆိုင္တဲ႔ Skills ေတြ Knowledge ေတြကိုလည္း ျဖစ္ေအာင္ အၿမဲမျပတ္ေလ့လာရင္း မိမိရဲ႕ Career Developement ပိုင္းကိုျမွင့္တင္ပါ။

 

၄။ မနက္ဖန္တိုင္းအတြက္စဥ္းစားပါ။ 

တစ္ေနကုန္ မဟုတ္ရင္ေတာင္ ညပိုင္းေအးေဆးျဖစ္တဲ႔အားလပ္ခၽိန္မၽိဳးမွာ ကိုယ္ျဖစ္ခ်င္တာနဲ႔ ျဖစ္ေနတာေတြကို နွိုင္းယွဥ္ပါ။ ထပ္တူက်တယ့္သူနည္းပါလိမ့္မယ္။ ကိုယ္႔ခၽမွတ္ထားတဲ႔ Goal ေတြနဲ႔ လက္ရွိၾကိဳးစားေနတာေတြက လမ္းေၾကာင္းမွန္ကန္မႈရွိလား?  ဘာေတြထပ္ျဖည္႔စြက္ဖို႔လိုအပ္သလဲ? ၊ ဘယ္လိုလမ္းေၾကာင္းကိုေလၽွာက္လမ္းကိုမွန္မွန္ကန္ကန္ေလၽွာက္လွမ္းသင္လဲ စတာေတြကိုခ်င့္ခ်ိန္ပါ။

 

၅။ လဲက်သြားရင္ ခ်က္ခ်င္းျပန္ထပါ။

 ကိုယ္ႏွစ္သက္ရာ အဆင္ေျပမယ္ထင္တဲ႔ Career တခုကို ႀကိဳးစားၾကည္႔တယ္၊ ေျပာင္းလဲတယ္ဆိုတာ လြယ္ကူတယ့္အလုပ္ေတာ႔မဟုတ္ပါဘူး။ မွန္းထားသလိုျဖစ္မလာဘဲ Fail ျဖစ္သြားတဲ႔အခါမၽိဳးေတြလည္း ႀကံဳေတြ႔ရႏိုင္ပါတယ္။ စိတ္ဓာတ္မကၽပါနဲ႔။ တစ္ခါက်ရံႈးသြားရင္ ေနာက္တစ္ခါျပန္ႀကိဳးစားပါ။ ကိုယ္က ဇြဲရွိေနသ၍ ေအာင္ျမင္ဖို႔ အခြင့္အလမ္းကမ်ားလာေလပါပဲ။


အဲဒီေတာ့ ကိုယ္လုပ္ခဲ့တဲ႔ဘယ္အရာကိုမွ ေနာင္တမရေစဘဲ သင္ယူခဲ႔သမၽွ၊ တက္ေျမာက္ခဲ့သမၽွေတြဟာ ကိုယ့္ Career အတြက္ ေလွကားတစ္ခုမျဖစ္ရင္ေတာင္ ကိုယ္လိုအပ္တိုင္းျပန္အသံုးခ် ေလ့လာလို႔ရမယ့္အရာတစ္ခုလို ယံုၾကည္ၿပီးေရွ႕ဆက္ပါ။ “You Deserve Everything You Dream Of” ဆိုတယ့္အတိုင္း ဘယ္အရာကိုမွ မေတြေဝဘဲ ကိုယ္စိတ္ပါရာ ယံုၾကည္ရာ Career တစ္ခုကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ႏိုင္ၾကပါေစ။

 

(Unicode Version)

လုပ်ငန်းခွင်စဝင်မယ့် လူငယ်တွေ (သို့) လုပ်ငန်းခွင်ထဲမှာ အတွေ့အကြုံရနေပေမယ့် ကိုယ်လိုချင်တဲ့ Career လမ်းကြောင်း တစ်ခုကို မရောက်သေးသူတွေ အတွက် အကြံညဏ်လေးပေးချင်ပါတယ်။ များသောအားဖြင့် လူငယ်တွေက Career လမ်းကြောင်း တစ်ခုပေါ်ကို ရောက်ပြီး ၅နှစ်အတွင်း အောင်မြင်ရမယ်ဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို လက်ကိုင်ထားတတ်ကြတာကို တွေ့ရပါတယ်။ အဲ့လို အိပ်မက်တွေ ရည်မှန်းချက်တွေနဲ့ပြည့်နေတဲ့ လူငယ်တွေအတွက် အရေးကြီးတာက ကိုယ့် Career လမ်းကြောင်း ပျောက်မသွားဖို့ပါပဲ။ ကိုယ်က အခုပဲဘွဲ့ရပြီး ရရာအလုပ်ကိုဝင်လုပ်တာထက် ကိုယ်သွားချင်တယ့် Career ရယ် ကိုယ်လေးနှစ်ငါးနှစ် အချိန်ပေးခဲ့တဲ့ဘွဲ့တစ်ခုကို အသုံးချတတ်ဖို့ကအရေးကြီးပါတယ်။


မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများက ကိုယ်လုပ်ချင်တာထက် မိဘကတက်စေချင်တဲ့ တိုက်တွန်းတဲ့ တက္ကသိုလ်ကို ရွေးချယ်ခဲ့ရတာမျိုးလည်းရှိကြပါတယ်။ အဲ့ဒီအကျိုးဆက်တွေကြောင့် ရတဲ့ဘွဲ့ကိုသက်မွေးဝမ်းကြောင်းအလုပ်အတွက် အသုံးမချနိုင်တဲ့လူငယ်တွေလည်းများလာပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်အပေါ် စိတ်မပါဘဲလုပ်နေရတာထက် အမှန်တကယ် စိတ်အားထက်သန်ပြီး အောက်ခြေကနေ အဆင့်ဆင့်ကြိုးစားလေ့လာပြီး ရာထူးအဆင့်ဆင့်တိုးတက်လာသူတွေက ပိုပြီး အောင်မြင်လာတာကိုတွေ့ရပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့နယ်ပယ်ကတစ်ခု၊ လက်ရှိလုပ်နေတဲ့နယ်ပယ်က တစ်ခုဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်မှ Career လမ်းကြောင်း ပြန်ပြောင်းချင်ရင် ထင်သလောက် မလွယ်ကူလှပါဘူး။ အဲဒါကြောင့် Career လမ်းကြောင်းပြောင်းပြီး အလုပ်တစ်ခုစရှာတော့မယ်ဆိုရင် -

 

၁။ စိတ်ရှည်ပါ။ 

အလုပ်တစ်ခုကို ပြီးစလွယ် Join တာမျိုးမဟုတ်ပဲ ကိုယ်လည်းအမှန်တကယ်ဝါသနာပါပြီး ရူးသွပ်တဲ့ Career တစ်ခုကို ရဖို့အတွက် စိတ်ရှည်ဖို့လိုပါတယ်။

 

၂။ မျက်စိဖွင့် နားစွင့်ပါ။

ကိုယ်ပြောင်းလဲမယ့် Career တစ်ခု အတွက် လိုအပ်တဲ့အချက်အလက်တွေ၊ လက်ရှိမှာရှိထားတတ်ထားရမယ့်အချက်တွေကို အချိန်နဲ့တပြေးညီသိရှိနေအောင် သက်ဆိုင်ရာ Website (သို့) Social Media မှ တစ်ဆင့် လေ့လာပါ။

 

၃။ မိမိကိုယ်ကိုမြှင့်တင်ပါ။ 

ကိုယ်သွားချင်တယ့် နယ်ပယ်နဲ့သက်ဆိုင်တဲ့ Skills တွေ Knowledge တွေကိုလည်း ဖြစ်အောင် အမြဲမပြတ်လေ့လာရင်း မိမိရဲ့ Career Developement ပိုင်းကိုမြှင့်တင်ပါ။

 

၄။ မနက်ဖန်တိုင်းအတွက်စဉ်းစားပါ။ 

တစ်နေကုန် မဟုတ်ရင်တောင် ညပိုင်းအေးဆေးဖြစ်တဲ့အားလပ်ချိန်မျိုးမှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေကို နှိုင်းယှဉ်ပါ။ ထပ်တူကျတယ့်သူနည်းပါလိမ့်မယ်။ ကိုယ့်ချမှတ်ထားတဲ့ Goal တွေနဲ့ လက်ရှိကြိုးစားနေတာတွေက လမ်းကြောင်းမှန်ကန်မှုရှိလား?  ဘာတွေထပ်ဖြည့်စွက်ဖို့လိုအပ်သလဲ? ၊ ဘယ်လိုလမ်းကြောင်းကိုလျှောက်လမ်းကိုမှန်မှန်ကန်ကန်လျှောက်လှမ်းသင်လဲ စတာတွေကိုချင့်ချိန်ပါ။

 

၅။ လဲကျသွားရင် ချက်ချင်းပြန်ထပါ။

ကိုယ်နှစ်သက်ရာ အဆင်ပြေမယ်ထင်တဲ့ Career တခုကို ကြိုးစားကြည့်တယ်၊ ပြောင်းလဲတယ်ဆိုတာ

လွယ်ကူတယ့်အလုပ်တော့မဟုတ်ပါဘူး။ မှန်းထားသလိုဖြစ်မလာဘဲ Fail ဖြစ်သွားတဲ့အခါမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တစ်ခါကျရှုံးသွားရင် နောက်တစ်ခါပြန်ကြိုးစားပါ။ ကိုယ်က ဇွဲရှိနေသ၍ အောင်မြင်ဖို့ အခွင့်အလမ်းကများလာလေပါပဲ။

 

 

အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ဘယ်အရာကိုမှ နောင်တမရစေဘဲ သင်ယူခဲ့သမျှ၊ တက်မြောက်ခဲ့သမျှတွေဟာ ကိုယ့် Career အတွက် လှေကားတစ်ခုမဖြစ်ရင်တောင် ကိုယ်လိုအပ်တိုင်းပြန်အသုံးချ လေ့လာလို့ရမယ့်အရာတစ်ခုလို ယုံကြည်ပြီးရှေ့ဆက်ပါ။ “You Deserve Everything You Dream Of” ဆိုတယ့်အတိုင်း ဘယ်အရာကိုမှ မတွေဝေဘဲ ကိုယ်စိတ်ပါရာ ယုံကြည်ရာ Career တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေ။