facebook tracking image
The 5 Most Important Foundations of a Strong Business
Employer Tips

The 5 Most Important Foundations of a Strong Business

စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ အခြေခံအချက် ၅ ချက်

ယနေ့ခေတ်မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်/လူရွယ်များ ကိုယ်ပိုင်လုပ်ငန်းကို စတင်ပြီးလုပ်လာတာကို တော်တော်များများတွေ့ရပါတယ်။ အခုကျွန်တော်ပြောပြပေးသွားမှာကတော့ မိမိရဲ့စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ အခြေခံအချက် ၅ ချက်ပါ။  

  1. Value Creation
  2. Marketing
  3. Sales
  4. Quality, Value Delivery
  5. Finance 

1. Value Creation

ပထမဆုံးအချက်က Value Creation ပါ။ မိမိလုပ်နေသောစီးပွားရေးက လူတွေပိုက်ဆံပေးပြီးဝယ်ချင်သောအရာတွေကိုထုတ်လုပ် ဝန်ဆောင်မှုပေးနေပါသလား? လူတွေရဲ့ ဝယ်လိုစိတ်ကိုတွန်းအားပေးနေတဲ့ အရာ ၂ ခုရှိပါတယ်။ 1. Convenient နဲ့ 2. Fidelity ပါ။ လူတွေက လွယ်လွယ်ကူကူရနိုင်တဲ့အရာတွေကို စိတ်ဝင်စားကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Convenience Store တွေ အမြောက်အများပေါ်လာပါတယ်။ လူတွေဟာလက်ရှိအချိန်အတိုအတွင်း လွယ်လွယ်ကူကူသက်သက်သာသာနဲ့ ဝယ်ယူချင်ကြတဲ့လူတွေကြီးပါပဲ။သင့်ရဲ့ထုတ်ကုန်ကလွယ်လွယ်ကူကူမရနိုင်သောအရာဆိုလျှင် နာမည်ကောင်းနဲ့ တိကျမှန်ကန်မှုအပေါ်လူတွေကစျေးကြီးပေးပြီး ဝယ်ယူလေ့ရှိပါတယ်။ လူတွေက ဇိမ်ခံကားတွေ, iPhone တို့ကိုစျေးကြီးပေးပြီး ဝယ်ယူကြရပါတယ်။ ဘာလို့စျေးကြီးပေးပြီးဝယ်ယူရလဲဆိုတော့ အဆင့်အတန်းရှိမှုနဲ့ တိကျမှန်ကန်မှုဆိုတဲ့ High-Fidelity ဂုဏ်သတ္တိရှိနေလို့ပါ။

2. Marketing

ဒုတိယအရေးကြီးဆုံးက သင့်လုပ်ငန်းရဲ့တန်ဖိုးထားမှုကို အရင်တည်ဆောက်ပါ။တည်ဆောက်ပြီးရင် လူတွေကိုဘာတည်ဆောက်ထားလဲဆိုတာချပြပါ။အားလုံးသိကြတဲ့အတိုင်းပဲ 2006 April တုန်းက Apple ဟာ သူတို့ရဲ့ iPod ကို စကြေငြာခဲ့တဲ့ ဆောင်ပုဒ်လေးကို သိကြမှာပါ “1000 songs fit in your pocks” Marketing လုပ်တဲ့အခါမှာ ဒီဆောင်ပုဒ်လေးနဲ့ လူတွေကိုဆွဲဆောင်စေတာပါ။ အဲ့ဒါဟာ တတိယအဆင့်ကို ဖြစ်တဲ့ ရောင်းအားကိုတိုးတက်စေပါတယ်။

3. Sales

အရောင်းအဝယ်ပြုလုပ်ရာမှာ အဓိကကတော့ယုံကြည်မှုပါပဲ။ သင့်အနေနဲ့ ကုန်ပစ္စည်းချည်းပဲမရောင်းဘဲ သင့်ရဲ့ Company ရဲ့ Image တွေကိုပါထည့်ရောင်းသင့်ပါတယ်။ သူစိမ်းတစ်ယောက်က သင့်ကိုသူ့မှာရှိတဲ့ ပိုက်ဆံ ၁၀၀၀၀ တန်နဲ့ သင့်ဆီမှာရှိတဲ့ ၁၀၀၀ တန်နဲ့လဲရအောင်လို့လာပြောရင် သင်လဲနိုင်မှာလား? ဒီလူစိတ်မှမှန်သေးရဲ့လား ဒါမှမဟုတ်လူလိမ်လားဆိုပြီး သင်ဟာ အဝေးကိုထွက်ပြေးသွားမှာက အသေအချာပါ။ ဒါပေမယ့် အဲ့သူစိမ်းနေရာမှာ သင့်သူငယ်ချင်းအသိမိတ်ဆွေဆိုရင်တော့ သင်ယုံကြည်တာကြောင့် ပျော်ပျော်ကြီးလဲလိုက်မှာပါ။ထိုနည်းတူစွာသင်တစ်ခုခုလုပ်တော့မယ်ဆို သင့်သူငယ်ချင်းတွေ အသိမိတ်ဆွေတွေကိုမေးလေ့ရှိိမှာပါ။ ဥပမာ - ဘယ်စားသောက်ဆိုင်ကတော့ စားလို့ကာင်းလဲဆိုတာမျိုးပေါ့။ သူငယ်ချင်းက Recommend ပေးတဲ့ဆိုင်မှာသွားစားဖြစ်ကြတာများပါတယ်။ ဒါတွေဟာ လူတွေက အရောင်းအဝယ်ပြုလုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ အရည်အသွေးကိုရဖို့ ယုံကြည်မှုရမှသာ အရောင်းအဝယ်ကိုပြုလုပ်ကြပါတယ်။

4. Quality, Value Delivery

မျှော်လင့်သောအရေအသွေးထက်သာလွန်ပိုကောင်းသော အရည်အသွေးကိုပေးပါ။ မှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့လိုပါတယ်။ Customer ကိုစိတ်ကျေနပ်စေချင်တယ်ဆိုလျှင် သူတို့မျှော်လင့်တာထက်ပိုသော Quality ကိုပေးနိင်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ သင့်ဆီဒုတိယတစ်ခါထပ်လာဖို့ ဝန်မလေးပါဘူး။ ထို့အပြင် သူ့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို ပြန်ပြောပြမှာသေချာပါတယ်။ ဝယ်သူအသစ်ရအောင်လုပ်တာထက် လက်ရှိဝယ်သူကိုထိန်းထားရတာပိုခက်ခဲပါတယ်။ ပြီးတော့အပြိုင်ဆိုင်များတဲ့ယနေ့ခေတ်မှာ Value Delivery က ပိုပြီး အရေးကြီးဆုံးဖြစ်လာပါတယ်။

5. Finance

နောက်ဆုံးအရေးကြီးဆုံးက Company ရဲ့ဘဏ္ဏာရေးပါ။ သင့်လုပ်ငန်းရဲ့ ဝင်ငွေဟာ သူံးငွေထက် ပိုများနေဖို့လိုပါတယ်။ အားလုံးသိကြတဲ့ “MC Donald” ရဲ့ Founder ဖြစ်တဲ့ Richard က ဆိုင်ခွဲတွေကိုဖွင့်ပြီးတဲ့အချိန်မှာ အိမ်နဲ့ခြံကိုအပေါင်ရှုံးသွားပါတယ်။ အောင်မြင်ရဲ့သားနဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲ? ဒါကရှင်းပါတယ်။ ထွက်ငွေက ဝင်ငွေကပို်ိများနေလို့ပါ။ သင့်ရဲ့ ထုတ်ကုန်က ရောင်းအားကောင်းနေပါလျက် နာမည်ကောင်းရနေပါသော်လည်း ကုန်ကျစရိတ်ကို နှုတ်လိုက်ရင် အမြတ်နည်းနည်းဒါမှမဟုတ် အရင်းပဲကျန်လျှင် ကုန်ကျစရိတ်တွေလျှော့မလား?  ဒါမှမဟုတ်တခြားသေချာနည်းလမ်းရှာပြီး ကုန်ကျစရ်တ်တွေကိုလျှော့ချပါ။နောက်ဆုံးကြောင်းအရာအနေနဲ့ ပြောချင်တာကတော့ စီးပွားရေးလုပ်တယ်ဆိုတာက အရာအားလုံးကိုသိနေရမယ်လို့ မဆိုလိုပါဘူး။ လိုအပ်သောအချိန််မှာ လိုအပ်သောမေးခွန်ကိုမေးပြီး ပြန်လည်ပြုပြင်ရတာပါတဲ့...