facebook tracking image

Connecting...

Banner Default Image

SMART WORKING A.K.A New Way of Working in the Future

Mobile Default Image

26 Feb 00:00 by May Wut Hmone Phyo

​ကျွန်ုပ်တို့သည်ကမ္ဘာအနှံ့စီးပွားရေးကျဆင်းမှုမှရုန်းထွက်လာပြီး Talent ပြတ်လပ်မှုဆီသို့ ဦးတည်ရွေ့လျားလာသည်နှင့်အမျှအလုပ်ရှင်များအနေဖြင့်သူတို့၏အလုပ်အပေါ် ချဉ်းကပ်မှုကိုအခြေခံအားဖြင့်ပြန်လည်စဉ်းစားရန်လိုအပ်လိမ့်မည်။

လူများသည်သူတို့၏ Work Life Balance ပေါ်မူတည်ပြီး အလုပ်ပြောင်းရန်ရွေးချယ်နေသည်ဟုသက်သေအထောက်အထားများစွာရှိပြီးသားဖြစ်သည်။ Grand Salary Package တစ်ခုသည် Unique Talent ရှိသော ဝန်ထမ်းများအားကျေနပ်မှုမပေးတော့ပါ။ အဘယ်ကြောင့်ဆိုသော် အချိန်သည်ငွေကဲ့သို့တန်ဖိုးရှိသောအရာတစ်ခုဖြစ်ကြောင်းသူတို့အသိအမှတ်ပြုကြသည်။ ထို့ကြောင့်သူတို့သည် Personal/ Living Development ရှိသည်ဟုမျှော်လင့်ချက်ရှိသောအလုပ်ကိုရွေးချယ်လာကြသည်။

အလုပ်သို့ချဉ်းကပ်နည်းသစ်တွင်အလုပ်ရှင်မှ ဝန်ထမ်းတစ်ယောက်အားထိန်းချုပ်မှုကိုပြောင်းလဲခြင်းပါဝင်သည်။ SMART Working Era တွင် လူတစ်ဦးချင်းသည်သူတို့၏အချိန်ကို ကိုယ်တိုင်ထိန်းချုပ်သည်။ ဘယ်အချိန်မှာဘယ်နေရာမှာဘယ်မှာအလုပ်လုပ်ရမယ်ဆိုတာကိုသူတို့ကိုယ်တိုင်ဆုံးဖြတ်ကြသည်။

ပုံမှန်အားဖြင့်နေ့ခင်းဘက်၌သာ အလုပ်ခွင်၌လုပ်နိုင်သည်ဟုမယူဆပါ။ လူအများစု၊ အထူးသဖြင့်
Innovative သမားများသည် Traditional Working Times များအပြင်ဘက်တွင်အကောင်းဆုံးအလုပ်များကိုလုပ်ကိုင်နိုင်ကြသည်။

လူတွေကိုသူတို့အနည်းဆုံးအကျိုးဖြစ်ထွန်းတဲ့အချိန်တွေမှာအလုပ်လုပ်ဖို့ဘာကြောင့်တားဆီးသင့်သလဲ?
မန်နေဂျာများ၏ အကြီးမားဆုံးအကျပ်အတည်းတစ်ခုမှာ Working Hours များကိုကန့်သက်ခြင်ဖြစ်သည်။ အကယ်၍
အလုပ်အတွက်အသိအမှတ်ပြုခြင်း၏အခြေခံသည် Results And Outcome ဆိုပါက
လုပ်ငန်း၏အချိန်နှင့်နေရာသည်သက်ဆိုင်မှုမရှိသလောက်ဖြစ်သည်။

ဝန်ထမ်းများအား အလုပ်ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်လုပ်ဆောင်နိုင်သည်ဟု ကန့်သတ်ချက်များရှိသောအလုပ်အကိုင်များစွာရှိလိမ့်မည်။ သို့သော် တစ်စုံတစ်ဦးအား အလုပ်မည်သို့လုပ်သည်ကို မိမိတို့ဘာသာဆုံးဖြတ်ရန်ယုံကြည်စိတ်ချပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် Limitations များကိုသိရှိ၍ ယင်းသတ်မှတ်ချက်များအတွင်းတွင်အလုပ်လုပ်လိမ့်မည်။ ထို့ကြောင့် Traditional Working Methods များကို Flexible Or Agile Working Method များဖြင့်အစားထိုးလာကြသည်။

ဒါဟာအလုပ်ယဉ်ကျေးမှုအတွက်တော်လှန်ရေးတစ်ရပ်ဖြစ်သည်။

ရှေးရိုးစွဲအမိန့်နှင့်ထိန်းချုပ်မှုပုံစံမှ လူအများအားစွမ်းအားမြှင့်၍ ယုံကြည်စိတ်ချသော Leadership ပုံစံသို့ပြောင်းလဲလာခြင်းဖြစ်သည်။ ဝန်ထမ်းများသည်အရွယ်ရောက်သူများအဖြစ်ဆက်ဆံခံရခြင်းနှင့်အလုပ်ရှင်၏လိုအပ်ချက်နှင့်အညီ သူတို့၏ ဦးစားပေးမှုများကိုထည့်သွင်းစဉ်းစားသော ဆုံးဖြတ်ချက်များချမှတ်နိုင်သည့်လက္ခဏာဖြစ်သည်။ 

​​

To Read More Articles