facebook tracking image

Connecting...

Banner Default Image

Professional ဆန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?

Mobile Default Image

21 Apr 00:00 by Theint Yadanar Oo

​ဘယ်လုပ်ငန်းခွင်မှာမဆို ကိုယ်နဲ့တူတူလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်၊ နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့ Client တွေ Customer အပေါ်ကို Professional ဆန်ဆန် နဲ့ Smart ကျကျဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။ Professional ဆန်တယ်ဆိုတာဘယ်လိုမျိုးလဲ? Professional ကျအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ? ဒီတစ်ပတ်မှာတော့ MyWorld Careers ကနေလူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ Professional ကျအောင်မဖြစ်မနေ သိထားသင့်တဲ့အချက် (6) ချက်ကိုပြောပြေးလိုက်ပါတယ်။

✅ လေးစားသမှုထားပါ။

တကယ်လို့များ ကိုယ့်ရဲ့အထက်အရာရှိက ဘယ်လိုပဲအရည်အချင်းမပြည့်ဝတဲ့သူတစ်ယောက်ဖြစ်နေပါစေ သူနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ထင်မြင်ချက်ကို တခြားဝန်ထမ်းတွေကိုချပြတာ၊ မကောင်းပြောတာ စတဲ့အချက်တွေမလုပ်သင့်ပါဘူး။ ဒီအချက်တွေကကိုယ့်ကို တခြားသူတွေအမြင်မှာ Professional မဆန်တဲ့သူ၊ မနာလိုသူ၊ မရင့်ကျက်သူတစ်ယောက်အဖြစ် ထင်ခံသွားရစေနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အထက်အရာရှိကစလို့ သန့်ရှင်းရေးဝန်ထမ်းတွေအထိ အားလုံးကိုလေးစားသမှုနဲ့သာဆက်ဆံတာက အကောင်းဆုံးပါပဲ။ 

✅ အောင်မြင်တဲ့ဝတ်စားဆင်ယင်မှှု

အလုပ်ခွင်မှာ ကိုယ့်ရဲ့ Professional Image ကိုတည်ဆောက်တဲ့အခါ ဝတ်စားဆင်ယင်မှုအပိုင်းကလည်း အရမ်းအရေးကြီးပါတယ်။ အဝတ်အစားကကိုယ့်ရဲ့စိတ်အခြေအနေကိုပြောင်းလဲစေပါတယ်။ သပ်သပ်ရပ်ရပ် ကျကျနနဝတ်ဆင်သွားတာဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုမြင့်တက်စေပြီးတော့ တစ်နေ့တာလုပ်ငန်းဆောင်တာအခက်အခဲတွေကိုဖြေရှင်းတဲ့အခါမှာလည်း ပိုပြီးလွယ်ကူစေနိုင်မှာပါ။ Professional ဆန်ဆန်ဝတ်စားတယ်ဆိုတဲ့နေရာမှာ ကိုယ့် Company ရဲ့ Dress Code အပေါ်လည်းမူတည်ပါတယ်။ Suit တွေ၊ Coat တွေနဲ့ဖြစ်ရမယ်လို့မဆိုလိုပါဘူး။ အမြဲသပ်သပ်ရပ်ရပ်နဲ့ အများမှာအမြင်ပေါ်လွင်နေလောက်တဲ့ ဝတ်စားမှုမျိုးဆိုရင်ရပါပြီ။ 

✅ အချိန်တိကျပါ။

အလုပ်ကိုအချိန်မှန်ရောက်ခြင်းက ကိုယ့်အလုပ်ပေါ်အလေးထားမှုကိုပြသနိုင်ပြီးတော့ အထက်လူကြီးတွေကလည်း သတိပြုမိလာမှာပါ။ အရေးကြီးတဲ့ Meeting ရှိတယ်ဆိုရင်လည်း အစည်းအဝေးအခန်းထဲကို အနည်းဆုံး၅မိနစ်လောက်ကြိုစောရောက်နိုင်အောင် တွက်ဆတဲ့အကျင့်လေး မွေးမြူကြည့်သင့်ပါတယ်။  

✅ အကောင်းမြင်ပါ။

 ကိုယ့်အလုပ်ကိုဘယ်လောက်ပဲချစ်ချစ် လုပ်ဖော်ကိုင်ဖက်ဆီကနေ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံရတဲ့အခါ၊၊ Negative Feedback တွေပေးခံရတဲ့အခါ အရာအားလုံံးကိုအရှုံးပေးပြီးထွက်သွားချင်တဲ့ရက်မျိုး တစ်နေ့တော့ကြုံလာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့စိတ််ခံစားချက်တွေရှေ့တန်းမတင်ဘဲ အကောင်းမြင်စိိတ်နဲ့ Professional ကျကျရပ်တည်ပါ။ ဒါမှသာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက Career မှာရေရှည်ရပ်တည်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။ 

✅ ယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်ပါစေ။

 ကိုယ့်မှာအရေးကြီးကိစ္စရှိတဲ့အခါ ရုံးမှကိုယ့်အထက်လူကြီးတွေကို  ပွင့်လင်းရိုးသားစွာပြောဆိုတာအကောင်းဆုံးပါ။ အကယ်၍ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ရုံးမလာနိုင်တဲ့အခါ ကျန်းမာရေးကိုအကြောင်းပြတာထက် ့နေ့စဉ်လုပ်ငန်းတူတူလုပ်ဆောင်နေတဲ့ ကိုယ့်ရဲ့မန်နေဂျာကိုသာအမှန်အတိုင်းပြောဆိုပါ။ ဒီလိုပြောဆိုခြင်းကြောင့် ကိုယ့်ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုမယ့်အပြင်၊ ယုံကြည်မှုလည်းအပြန်အလှန်တိုးပွားလာမှာပါ။

✅ သပ်သပ်ရပ်ရပ်နေပါ။

ကိုယ်ကသပ်သပ်ရပ်ရပ်နဲ့ စည်းစနစ်တကျပြောဆိုနေထိုင်တတ်တယ်ဆိုရင်တော့ Professional ကျကျဖြစ်နေအောင် သပ်သပ်အားထုတ်နေစရာမလိုပါဘူး။ စည်းစနစ်ကျလေလေ(သို့) Organizing Skill ရှိလေလေ လူအများကြားမှာထင်ပေါ်လေလေပါပဲ။ 

အလုပ်ခွင်မှာ Professional ကျကျဖြစ်ဖို့ဆိုတာ ကိုယ်တိုင်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားရမှာပါ။ အခုပြောပြပေးလိုက်တဲ့အချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့ကျနေတဲ့ အခြေအနေကနေကင်းဝေးလာပြီး အလုပ်ခွင်မှာအောင်မြင်ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးဆီကနေ Impression တိုးလာမှာပါ။

To Read More Articles -