facebook tracking image
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Career Advice

3 Stages That Can Lead to Losing Yourself in Your Daily Work and Life

နေ့စဉ်လုပ်ငန်းခွင်နှင့်ဘဝမှာ မိမိကိုယ်ကို ကျဆုံးခြင်းဖြစ်လာစေတဲ့ အဆင့် ၃ ဆင့် 

ပထမဆုံး ဒီ Topic လေးကိုရွေးချယ်ရေးသားရတဲ့အကြောင်းအရင်းကတော့ လုပ်ငန်းခွင်ဟာပုံမှန်အားဖြင့် လူတွေရဲ့အချိန်အများဆုံးကုန်ဆုံးတတ်တဲ့ နေရာတစ်ခုပါ။ ဒါကြောင့် သင်ဟာလုပ်ငန်းခွင်မှာ စိတ်မပါဘူး၊ မပျော်ရွှင်တော့ဘူး၊ သင့်ကိုယ်သင်လမ်းပျောက်နေတယ်လို့ခံစားနေရရင် သင့်ရဲ့ Personal Life မှာပါ အနည်းနဲ့အများ သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် အခုလို Covid-19 ဖြစ်နေတဲ့ကာလမှာဆိုရင် လူအများစုဟာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့လက်ရှိအလုပ်နဲ့နေ့စဉ်လူမှုဘဝမှာ မိမိကိုယ်ကိုစိတ်တိုင်းမကျဘဲ စိတ်ဓာတ်ကျလာတာတွေ ကြုံနေရတယ်ဆိုရင် ကိုယ်ဘာကြောင့် ဒီလိုတွေ ဖြစ်နေရလဲဆိုတာ ဆန်းစစ်ကြည့်လို့ရအောင် ရည်ရွယ်ပါတယ်။

ဖော်ပြပါအကြောင်းအရာများကို James Clear ရဲ့ 3 Stages of Failure in Work and Life ဆိုတဲ့အဆိုကနေ ကောက်နှုတ်တင်ပြထားပါတယ်။

The Three Stages of Failure ကျဆုံးမှုကိုဖြစ်စေတဲ့ အဆင့် ၃ ဆင့်

  • Failure of Tactics
  • Failure of Strategy
  • Failure of Vision

Ref Imange : James Clear

1. Failure of Tactics - How

မိမိရည်မှန်းထားတဲ့အလုပ်ဘယ်လိုပြီးမြောက်အောင်လုပ်မလဲမသိသောကြောင့်ကျဆုံးခြင်း

အလုပ်သေးသေးဖြစ်စေ၊ ကြီးကြီးဖြစ်စေ ပန်းတိုင်တစ်ခုထားသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီရောက်အောင် ကိုယ်ဘယ်လိုနည်းလမ်းနဲ့ကြိုးစားသင့်လဲ၊ ကိုယ့်ရဲ့အောင်မြင်မှုကို ကိုယ်ဘယ်လိုတိုင်းတာမလဲ ဆိုတာမျိုးမသိချိန်မှာ ကျဆုံးပါတယ်။ အဓိက ကတော့ ကိုယ်လိုချင်တဲ့အရာရအောင် ဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်မလဲဆိုတာသိဖို့လိုအပ်ပါတယ်။

2. Failure of Strategy - What

နည်းလမ်းမှားရွေးချယ်ခြင်းကြောင့်ကျဆုံးခြင်း

အလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ အဲ့လိုအများကြီးထဲကမှ ကိုယ်ရွေးချယ်လိုက်တဲ့နည်းလမ်းကမှားယွင်းနေမယ်ဆို အဲ့နည်းလမ်းတစ်ခုကိုပဲ အောင်မြင်အောင် အစွဲကြီးပြီးကြိုးစားနေတာဟာ စိတ်ပင်ပန်း၊လူပင်ပန်းလာစေပါတယ်။ အဲ့လိုမဖြစ်ရအောင် ကိုယ်ရဲ့အဓိက ရည်ရွယ်ချက်ကဘာလဲ၊ ကိုယ်လိုချင်တဲ့ရလဒ်ရအောင် နည်းမှန်လမ်းမှန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

3. Failure of Vision - Why

မိမိဘာကြောင့်ကျဆုံးလဲဆိုတာမသိသောကြောင့် ကျဆုံးခြင်း

နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ ဘာကြောင့်ကိုယ်လုပ်နေတဲ့အလုပ်ကိုလုပ်နေရတာလဲ ဆိုတာကို ကိုကိုယ်တိုင်သိဖို့လိုအပ်ပါတယ်။ကိုယ်တကယ်လိုချင်နေတာ ကိုယ်မသိရင် ကိုယ့်တစ်နေ့တာလုပ်ငန်းစဉ်က ဦးတည်ချက် မရှိဘဲ အချိန်ကြာလာရင် ကိုယ့်ကိုယ်ကိုလည်းအလိုမကျတာတွေ၊ နေ့စဉ်အလုပ်ကို ငြီးငွေ့လာတာ၊ Motivation ကျလာတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုမြင်အောင်ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဒီစာစုလေးကိုဖတ်ပြီး အားလုံးမိမိရဲ့ နေ့စဉ်လူနေမှုဘဝမှာရော၊ လုပ်ငန်းခွင်မှာပါ သယဇာတဖြစ်အောင်၊ ဦးတည်ချက်တွေရှိနေအောင်၊ Motivation မကျအောင် မိမိကိုယ်ကို ဘယ်လိုတိုင်းတာကြည့်ကြမလဲဆိုတာ အကြမ်းဖျဉ်း လေ့လာနိုင်ကြပါစေ။

Ref Link : https://medium.com/the-mission/the-3-stages-of-failure-in-life-and-work-and-how-to-fix-them-5d69196e0b38

Share this blog

How to Identify Job Scams and Protect Yourself
How to Identify Job Scams and Protect Yourself
Published 17 November 2025
The Power of Personal Grooming in the Professional Workplace
The Power of Personal Grooming in the Professional Workplace
Published 10 October 2023
What Should You Prepare for After Taking a Career Break?
What Should You Prepare for After Taking a Career Break?
Published 7 July 2022