facebook tracking image
CV ရေးနည်း - အင်တာဗျူးခေါ်ခံရအောင် ပြင်သင့်တဲ့ အချက် ၇ ချက်
Career Advice

CV ရေးနည်း - အင်တာဗျူးခေါ်ခံရအောင် ပြင်သင့်တဲ့ အချက် ၇ ချက်

CV ပို့ထားတာ ကြာပြီ၊ ဒါပေမယ့် အင်တာဗျူးခေါ်ခံရတာ မရှိသေးဘူးလား။ အလုပ်အကိုင်တစ်ခုကို လျှောက်ထားတဲ့အခါ ကိုယ့်ရဲ့အရည်အချင်း၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို အလုပ်ရှင်သိရှိနိုင်ဖို့ CV (Curriculum Vitae) က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

CV တစ်စောင်က ကိုယ့်အကြောင်းကို ဖော်ပြပေးတဲ့ စာရွက်စာတမ်းတစ်ခုသာ မဟုတ်ဘဲ လျှောက်ထားတဲ့ရာထူးနဲ့ ကိုယ် ဘယ်လောက်ကိုက်ညီမှုရှိသလဲဆိုတာ ပြသပေးနိုင်ပါတယ်။ ဒါကြောင့် CV ရေးတဲ့အခါ ပြင်ဆင်သင့်တဲ့ အချက် ၇ ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ CV ကို ဖတ်ရလွယ်ကူပြီး အချက်အလက်ပြည့်စုံအောင် ရေးပါ

CV မှာ အချက်အလက်တွေ အများကြီးထည့်ထားတာထက် အရေးကြီးတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ စနစ်တကျ ဖော်ပြထားတာက ပိုကောင်းပါတယ်။ အလုပ်အတွေ့အကြုံနည်းသူတွေက တစ်မျက်နှာခန့်၊ အတွေ့အကြုံများသူတွေက နှစ်မျက်နှာခန့် အသုံးပြုနိုင်ပါတယ်။ မလိုအပ်တဲ့အချက်တွေကို ရှောင်ရှားပြီး အလုပ်နဲ့သက်ဆိုင်တဲ့ အချက်တွေကို ဦးစားပေးပါ။

၂။ ကိုယ့်အကြောင်း အကျဉ်းချုပ် (Professional Summary) ကို ထည့်ပါ

CV ရဲ့ အပေါ်ဆုံးမှာ ကိုယ့်ရဲ့အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ Career Focus ကို ၂-၃ ကြောင်းခန့် အကျဉ်းချုပ်ဖော်ပြပေးပါ။
ဥပမာ - “ဘဏ်လုပ်ငန်းနယ်ပယ်တွင် ၆ နှစ်ကြာ အတွေ့အကြုံရှိပြီး Customer Service နဲ့ Client Relationship Management ပိုင်းများတွင် ကျွမ်းကျင်မှုရှိသူ ဖြစ်ပါသည်။”

၃။ တာဝန်တွေကိုသာမက ရလဒ်တွေကိုပါ ဖော်ပြပါ

ကိုယ့်ရဲ့ Job Responsibilities တွေကိုသာ ရေးသားတာထက် လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကနေ ရရှိခဲ့တဲ့ ရလဒ်တွေကိုပါ ထည့်သွင်းဖော်ပြပါ။
ဥပမာ -

  • ရောင်းချရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
  • သတ်မှတ်ထားသော Sales Target ကို ၆ လဆက်တိုက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ရလဒ်တွေကို အရေအတွက်၊ ရာခိုင်နှုန်း သို့မဟုတ် အချိန်ကာလနဲ့ ဖော်ပြနိုင်ရင် ပိုမိုရှင်းလင်းစေပါတယ်။ ထည့်သွင်းဖော်ပြတဲ့ အချက်အလက်တွေဟာ မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။

၄။ ဘာသာစကားနဲ့ သက်ဆိုင်ရာ Skill တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ

English Language ကို ဖတ်၊ ရေး၊ ပြောဆိုနိုင်မှုအဆင့်နဲ့ Microsoft Office၊ Excel၊ Accounting Software သို့မဟုတ် အလုပ်နဲ့သက်ဆိုင်တဲ့ Software တွေ အသုံးပြုနိုင်မှုကို ဖော်ပြပါ။ သက်ဆိုင်ရာ Certificate၊ Diploma သို့မဟုတ် Training တွေ ရရှိထားပါကလည်း ထည့်သွင်းရေးသားနိုင်ပါတယ်။

၅။ လျှောက်ထားမယ့် ရာထူးနဲ့ ကိုက်ညီအောင် CV ကို ပြင်ဆင်ပါ

အလုပ်အကိုင်တစ်ခုချင်းစီမှာ လိုအပ်တဲ့ Skills နဲ့ Experience တွေ မတူညီနိုင်တာကြောင့် CV တစ်စောင်တည်းကို အလုပ်တိုင်းအတွက် အသုံးပြုခြင်းထက် ရာထူးအလိုက် ပြင်ဆင်ပေးတာ ပိုကောင်းပါတယ်။
Job Description ကို သေချာဖတ်ပြီး အလုပ်ရှင်လိုအပ်တဲ့ Skills နဲ့ Responsibilities တွေကို ကိုယ့်အတွေ့အကြုံနဲ့ ချိတ်ဆက်ဖော်ပြပါ။

၆။ Contact Information တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးပါ

CV မှာ အမည်၊ ဖုန်းနံပါတ်နဲ့ Email Address တွေ မှန်ကန်စွာ ဖော်ပြထားဖို့ အရေးကြီးပါတယ်။ Email Address ကိုလည်း Professional ဆန်တဲ့ ပုံစံမျိုး အသုံးပြုပါ။ ဓာတ်ပုံထည့်ဖို့ လိုအပ်တဲ့ အလုပ်တွေမှာ သပ်ရပ်ပြီး သင့်လျော်တဲ့ ဓာတ်ပုံကို ရွေးချယ်ပါ။

၇။ CV မပို့ခင် နောက်ဆုံးတစ်ခါ ပြန်စစ်ဆေးပါ

CV ကို မပို့ခင် စာလုံးပေါင်း၊ Grammar၊ Contact Information နဲ့ Format တွေကို ပြန်စစ်ဆေးပါ။ မြန်မာစာအတွက် Unicode ကို အသုံးပြုပြီး PDF Format နဲ့ သိမ်းဆည်းထားပါ။ ဖိုင်နာမည်ကိုလည်း YourName_Position_CV.pdf လို ရှင်းလင်းစွာ ပေးထားပါ။

CV ရေးနည်းနဲ့ ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ (FAQs)

CV ကို မြန်မာလို ရေးရမလား၊ အင်္ဂလိပ်လို ရေးရမလား။

အလုပ်ကြော်ငြာမှာ ဖော်ပြထားတဲ့ လိုအပ်ချက်အတိုင်း CV ကို ရေးသားပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ CV နှစ်မျိုးလုံး ပြင်ဆင်ထားခြင်းက အလုပ်လျှောက်ထားတဲ့အခါ ပိုမိုအဆင်ပြေစေနိုင်ပါတယ်။

အလုပ်အတွေ့အကြုံ မရှိသေးရင် CV မှာ ဘာတွေ ရေးရမလဲ။

Fresh Graduates နဲ့ Entry-level Job Seekers တွေအနေနဲ့ ပညာရေး၊ Internship Experience၊ University Projects၊ Volunteer Activities၊ သင်တန်းများနဲ့ သက်ဆိုင်ရာ Skills တွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလိုက်ပါ

CV ကို သေချာပြင်ဆင်ပြီးပြီဆိုရင် ကိုယ့်ရဲ့အရည်အချင်းနဲ့ အတွေ့အကြုံကို ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေလိုက်ပါ။ https://www.myworld.com.mm/submit-cv 

လက်ရှိ ခေါ်ယူနေတဲ့အလုပ်လစ်လပ်ချက်တွေကိုလည်း https://www.myworld.com.mm/jobs မှာ ကြည့်နိုင်ပါတယ်။

အလုပ်သတင်းတွေ မလွတ်ချင်ရင် Telegram channel ကို Join ထားနိုင်ပါတယ်။

MyWorld Careers မှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေပြီး ကိုယ့်ရဲ့ Career Journey အတွက် နောက်ထပ်ခြေလှမ်းတစ်ခု စတင်လိုက်ပါ။