facebook tracking image
The Advantages of Working with a Skilled Recruiter During Your Job Hunt
Career Advice

The Advantages of Working with a Skilled Recruiter During Your Job Hunt

Recruiter ကောင်းတစ်ယောက်နဲ့ လက်တွဲပြီးအလုပ်ရှာတဲ့အခါ ဘယ်လိုအားသာချက်တွေရှိမလဲ?

ဟုတ်ပါတယ်။ ဒီနေ့ Topic အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေတဲ့ အခါမှာ Recruitment Agencies၊ Recruiters တွေ သုံးပြီးရှာတဲ့အခါ ဘယ်လိုကောင်းတဲ့အချက်တွေရှိမလဲဆိုတာ Highlight လေးလုပ်ပေးချင်ပါတယ်။

Good Recruiters have a Ton of Industry Contacts
Recruiters တွေမှာ Network က အရမ်းကျယ်ပြန့်ပါတယ်။ HR တွေနဲ့ Direct အလုပ်လုပ်နေကြဖြစ်တဲ့ အတွက် Connection ကောင်းကောင်းနဲ့ Market ထဲမှာ ဘယ် Position တွေ Hiring လုပ်နေလဲ၊ ဘယ် Position ကတော့ Hot ဖြစ်နေပြီလဲဆိုတာ အမြဲ Notice ဖြစ်နေရပါတယ်။ အကယ်၍ သင်ဟာ သင်နဲ့သင့်တော်တဲ့ Position တစ်ခုကို အကြောင်းအမျိုးမျိူးကြောင့် Interview Passed မဖြစ်ခဲ့ရင်၊ သင်နဲ့သင့်တော်တဲ့အခြားသော Positions တွေ ခေါ်နေတာနဲ့ Recruiters တွေက သင့်ကို Alert ပြန်လုပ်ပါတယ်။ Market ထဲမှာ စခေါ်နေတဲ့ လတ်လတ်ဆတ်ဆတ် Positions တွေကို လည်း သင့်ကို မိတ်ဆက်ပေးဖို့ အမြဲ Ready ဖြစ်နေကြတာပါ။

Recruiter is a Salesperson
သင် Job Post တစ်ခုတွေ့လို့ Job Requirements တွေက သင်နဲ့ ကိုက်ညီတယ်ဆိုရင် Recruiter ကနေ တစ်ဆင့် အလုပ်လျှောက်ခြင်းက သင့်အတွက် Job Interview ပိုရနိုင်ပါတယ်။ အကြောင်းရင်းကတော့ Recruiter ဆိုတာ Sales Person ပါပဲ။ အလုပ်ခေါ်တဲ့ Position နဲ့ ကိုက်ညီတဲ့ Candidate ကို ကိုယ့်ရဲ့ Client Company ဆီမှာ Interview ရဖို့ အခြားအပြိုင်အဆိုင် Candidates တွေကြားထဲက ဘယ်လို Pitch လုပ်ရမလဲဆိုတာ သူတို့အလုပ်သူတို့ကောင်းကောင်းသိပါတယ်။

A Recruiter can get paid only when you get hired
Recruiter တစ်ယောက်ရဲ့ Target ကတော့ ကိုယ့် Candidate အလုပ် Offer ရဖို့အဓိကပါပဲ။ ဒါကြောင့်လည်း သင်အလုပ်ရဖို့ အတွက် သင်နဲ့ကိုက်တဲ့ Position ပေါ်လာတိုင်း သင့်ကို မိတ်ဆက်နိုင်ဖို့ကြိုးစားကြပါတယ်။ သင့်ကို အလုပ်ရဖို့ သင့်အတွက်လိုအပ်တဲ့ Skills တွေ၊ Information တွေ၊ Interview အောင်ဖို့ ပြင်ဆင်ရမှာတွေကို သင်နဲ့တူတူပြင်ဆင်ပေးပါတယ်။ Company တွေဘက်က ကြည့်ရင် သူတို့လိုချင်တဲ့ Criteria နဲ့ကိုက်တဲ့ Candidate ကို အချိန်တိုအတွင်းရှာပေးရသလို၊ Candidate ဘက်ကကြည့်မယ်ဆိုရင် အလုပ်ဝင်သွားမှသာ Recruiter က တာဝန်ပြီးမြောက်တာပါ။ သင့် CV အပ်ထားပြီး သင်အလုပ်ရအောင် သေချာပေါက်ကြိုးစားကြမှာပါ။

Keep your Confidentiality with Recruiters
အကယ်၍ သင်ဟာ Market ထဲမှာ အလုပ်လည်းရှာချင်တယ်၊ အလုပ်ရှာနေတာကိုလည်း သင့်ရဲ့လက်ရှိ Company ကို ပြန်မသိစေချင်ဘူးဆိုရင် Recruiter တွေကတစ်ဆင့် အလုပ်ရှာဖို့ကို အကြံပေးပါတယ်။ Recruiter တွေက HR တွေနဲ့ Direct အလုပ်လုပ်တဲ့အခါ သင့်ရဲ့အလုပ်ရှာတဲ့ Process ကို နောက်ဆုံး Offer Letter မရမခြင်း Confidentiality ထားပေးဖို့ ဂရုစိုက်ပေးပါတယ်။

Candidate can save Times, get Expert Advice and Great Chance
Market ထဲမှာ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်အခွင့်အလမ်းတွေကို ရှာနေတဲ့ Candidate တစ်ယောက်ဆိုရင် သင့် Resume ကို Recruiter ကို Share ထားခြင်းဟာ ကောင်းကျိုးများပါတယ်။ Recruiter တစ်ယောက်ရဲ့ လက်ထဲမှာ Position တစ်ခုပေါ်လာတာနဲ့ ကိုယ့်ရဲ့Data Base ထဲမှာရှိတဲ့ Candidates တွေကို အမြဲလက်တို့ပေးနေတာပါ။ Candidates တွေ စိတ်ဝင်စားတယ်ဆိုရင် Client Company ဆီမပို့ခင်မှာလည်း လိုအပ်တဲ့ Information တွေပြောပြပေးပါတယ်။

ကိုယ့် Candidate ကိုရွေးချယ်ချင်အောင် Candidate ရဲ့ Strong Point တွေကိုပါ Pitch လုပ်ပေးပါတယ်။ Company နဲ့ Interview တိုက်ရိုက်မဝင်ခင်မှာလည်း Interview Preparation တွေလေ့ကျင့်ပေးပြီး၊ပြင်ဆင်စရာတွေကို လည်း Remind လုပ်ပေးသလို၊ Interview Schedule က အစလည်း ညှိပေးကြတာပါ။ လစာညှိနှိုင်းတဲ့ Process က အစ Recruiter တွေက ကြားထဲက လိုချင်တဲ့အနေအထား ကို ညှိပေးလို့ လစာနဲ့ပတ်သက်ပြီးတော့လည်း Company HR နဲ့ ညှိတဲ့အခါ အားနာစရာမလိုတော့ပါဘူး။

နိဂုံးချုပ်ပြောရမယ်ဆိုရင် အလုပ်ရှာမယ့်သူတစ်ယောက်အနေနဲ့ ကိုယ် တစ်ယောက်တည်းအားနဲ့ ရှာနေတာထက် ၊ အလုပ်အကိုင်ရှာဖွေရေး နယ်ပယ်မှာ Specialists တွေဖြစ်တဲ့ Recruiters အားကိုပါ သုံးတာ သင့်အလုပ်အသစ်ရှာဖွေရေးမှာ အတော်လေး အထောက်အကူပြုပါတယ်။

Share this blog

How to Identify Job Scams and Protect Yourself
How to Identify Job Scams and Protect Yourself
Published 17 November 2025
The Power of Personal Grooming in the Professional Workplace
The Power of Personal Grooming in the Professional Workplace
Published 10 October 2023
What Should You Prepare for After Taking a Career Break?
What Should You Prepare for After Taking a Career Break?
Published 7 July 2022