facebook tracking image

Connecting...

Banner Default Image

၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပြောင်းလဲလာမယ့် Recruitment Sectorနဲ့ Candidate တွေအတွက် ကြိုတင်ပြင်ဆင်ရမည့်အရာများ

Mobile Default Image

16 Sep 00:00 by May Pwint Phyu

​အားလုံးဘဲ မင်္ဂလာပါရှင့်။

အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေများစွာနဲ့ ၂၀၂၀ - ၂၀၂၁ ကာလကြီးမှာ လူတိုင်းနီးပါး ဝမ်းနည်းဆုံးရှုံးမှုတွေနဲ့တွေ့ကြုံရတဲ့အပြင် အလုပ်အကိုင် ဈေးကွက်အခြေအနေမှာဆိုရင်လည်း အရင်ကထက် ပိုပြီး Challenging ဖြစ်လာတာကိုတွေ့ရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ Sector တိုင်းလိုလို Negative Impact တွေဖြစ်နေတယ်ဆိုပေမယ့် နောက်ပိုင်း ကောင်းလာနိုင်မယ့် Business Sector တွေအတွက် ကိုယ်ဘာတွေ ပြင်ဆင်ထားနိုင်လဲဆိုတာလေးတွေ sharing လုပ်ပေးသွားမယ်နော်။

Language Barrier

အနောက်နိုင်ငံကုမ္ပဏီတော်တော်များများ ထွက်သွားကြတဲ့ သတင်းတွေကြားပြီးတဲ့အခါမှာတော့ ကိုယ့်နိုင်ငံကို ဝင်လာနိုင်ခြေအရှိဆုံးက Southeast Asia က Investment တွေပါပဲ။ အလားအလာအရှိဆုံးက တရုတ်နဲ့ အိန္ဒိယလို့ ခန့်မှန်းမိပါတယ်။ ကိုယ်က Career အရွှေ့အပြောင်းမှာ ဘယ် Language ကို အဓိက Focus ထားရမလဲဆိုရင် English ကတော့ အမြဲတမ်းအတွက် ပထမဦးစားပေးပါ။ ဒါ့အပြင် အခြားဘာသာစကားတစ်ခုခုတတ်ထားမယ်ဆိုရင်လည်း နောက်ပိုင်း ကိုယ့် Career အတွက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။

Flexible Working Culture

ကိုယ့်ရဲ့ Working Nature ကို Flexible ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ အခုဆိုရင် တချို့ MNC တွေက New Normal Lifestyle နဲ့အညီ Remote Working ကို ပိုပြီး focus ထားလာကြပါတယ်။ ဒါကြောင့် အရင်ကလို office မှာအလုပ်လုပ်ရမှ ပိုပြီးအာရုံစိုက်နိုင်သူတွေအနေနဲ့လည်း WFH လုပ်ရင်းနဲ့ ပိုပြီး Productive ဖြစ်အောင်၊ အာရုံစူးစိုက်နိုင်တဲ့သူဖြစ်အောင် ကြိုးစားကြပါနော်။ အထူးသဖြင့် အခုလို အကြပ်အတည်း အမျိုးမျိုးနဲ့ ကာလတွေမှာ အသစ်အသစ်ပြောင်းလဲလာတဲ့ Working Nature နဲ့ လိုက်လျောညီထွေလုပ်နိုင်သူဖြစ်ဖို့ တကယ်ပဲအရေးကြီးပါတယ်။

Booming Business Sector

အခြေအနေတွေက ခက်ခဲနေတယ်ဆိုပေမယ့်လည်း Market ထဲမှာ Hiring လုပ်နေတဲ့ Business Sector တွေလည်း ရှိနေပါတယ်။ အဲ့ဒါတွေကတော့ IT နဲ့ပတ်သက်တဲ့ Position တွေ၊ Engineering နဲ့ပတ်သက်တဲ့ Production ပိုင်းတွေ၊ B2B နဲ့သက်ဆိုင်တဲ့ Agriculture ကုမ္ပဏီတွေ၊ ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ Retail Business Pharmaceutical Companies တွေက လက်ရှိမှာ ဝန်ထမ်းခေါ်နေတဲ့ Business Sector တွေဖြစ်နေပါတယ်။

Potential for Head Position

လက်ရှိ Market အနေအထားအရဆိုရင် ကုမ္ပဏီကြီးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ Expat Level Candidate တွေက အခုလတ်တလောကြုံတွေ့နေရတဲ့ COVID နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အလမ်းနည်းနေကြပါပြီ။ ဒါကြောင့် Corporate တော်တော်များများကလည်း ကိုယ့် Local ဝန်ထမ်းတွေကို Internal Promotion ပေးဖို့ chance များနိုင်တာကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ Senior Management Level အများစုကလည်း နောက်ထပ်ခြေတလှမ်းရှေ့တိုးနိုင်အောင် Position အလိုက် လိုအပ်တဲ့ skillset တွေဖြည့်ထားဖို့လိုပါမယ်။

၂၀၂၁ ဆိုတဲ့ကာလကြီးဟာ အလုပ်အကိုင်ဈေးကွက်ကိုပါ လှိုင်းကြီးကြီးနဲ့ ရိုက်ခတ်လိုက်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချင်းချင်း ဖေးမကူညီရင်း အတူတူကြိုးစားကြရင်းနဲ့ပဲ ဒီအခက်အခဲတွေအားလုံးကို ရှေ့ဆက်တိုးပြီး နေ့ရက်တိုင်းမှာ အဓိပ္ပာယ်ရှိအောင် အားအင်အပြည့်နဲ့ တည်ဆောက်ကြရအောင်နော်။

To Read More Articles -