facebook tracking image
Can an Introvert Be a Good Salesperson?
Career Advice

Can an Introvert Be a Good Salesperson?

​Introvert တစ်ယောက်သည် Good Salesperson တစ်ယောက်ဖြစ်နိုင်ပါသလား?

ဒီတစ်ပတ်ခေါင်းစဉ်က ကိုယ်က Introvert ဖြစ်လို့ Sales လိုမျိုး Career ကိုရွေးချယ်နိုင်ပါ့မလား၊ Sale Career ကိုရွေးချယ်ထားပြီးသား အလုပ်လုပ်နေတဲ့ Introvert တစ်ယောက်ဆိုရင်ရော Good Sale Person တစ်ယောက်ဖြစ်နိုင်ပါ့မလား ဆိုတဲ့ သူတွေအတွက် အဓိကရည်ရွယ်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်က Introvert တစ်ယောက်လည်းဖြစ်တယ်။ Sales Career ကိုလည်း စိတ်ဝင်စားတယ် သို့သော် ဖြစ်နိုင်ပါ့မလားဆိုတဲ့ သူတွေအတွက် အဖြေကတော့ “Absolutely Yes” ပါ။

လူတော်တော်များများတွေးတာက Sales Person ဆို စကားတွေအများကြီးပြောနိုင်တဲ့သူ တစ်ဖက် Customer or Client ကို အများကြီးရှင်းပြနိုင်တဲ့ Extroverts တွေမှ လုပ်နိုင်မယ်လို ထင်တတိကြပါတယ်။ မှန်ပါတယ် သို့သော် Introvert တွေပိုလုပ်နိုင်တဲ့အချက်တွေလည်း ရှိပါတယ်။ ဒီနေ့ Hightlight လုပ်ချင်တဲ့ ပထမဆုံးတစ်ချက်က -

Introverts are Good Observers
ဒါကတော့ Introverts တွေက လေ့လာမှုကို အချိန်ပေးလေ့ရှိကြပါတယ်။ ထို့ကြောင့် Market Information, Products Detail နဲ့ Clients Information Detail ကို သူတို့က အချိန်အများကြီးပေးပြီး ကြိုတင်လေ့လာပြင်ဆင်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း Introverts တွေက တိကျတဲ့ data information တွေကို ပိုပေးနိုင်ကြပါတယ်။ တခြားသူတွေ သတိမမူမိတတ်တဲ့ တစ်ခါမှမသိဖူးသေးတဲ့ အချက်အလက်များကို ရှာဖွေတွေ့ရှိကြပါတယ်။

Introverts tend to be more Focused
ဒါကတော့ One of the best characteristics of Introvert လို့ပြောလို့ရပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းပါ။ Introvert တွေက စကားနည်းတတ်ကြပါတယ်။ အဲ့ဒါကြောင့် သူတို့က ပိုပြီး အာရုံစူးစိုက်နိုင်ကြပါတယ်။ Sales Career ဟာ အာရုံထွေပြားစရာ အများကြီးရှိတဲ့ Career တစ်ခုပါ။ ဥပမာ ရောင်းအားမပြည့်မှာ ရောင်းအားကျမှာ Clients မရမှာ စတဲ့ ထွေပြားစရာတွေ အများကြီးရှိတဲ့ Career တစ်ခုပါ။ ဒါပေမဲ့ Introvert တွေကတော့ ကိုယ့် clients ရဲ့ needs & wants ကို ပိုမိုနားလည်လေ့ရှိကြပါတယ်။ ကိုယ့် Client ရဲ့ Needed Point တွေကိုပိုသိလေ မိမိတို့ဖက်က Value Added Services ကိုပိုပြီးပေးနိုင်လေပါပဲ။

Introverts are Excellent Listeners
ဟုတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Introvert တွေက မပြောခင်နားထောင်တက်ကြလို့ပါ။ အဲ့လိုပြုမူခြင်းအားဖြင့် Introvert တွေသည် မိမိ Clients တွေလိုချင်တဲ့ အသေးစိတ်အချက်အလက်များကို ပိုပြီးသတိပြုတတ်ကြပါတယ်။ နောက်ထပ်ကတော့ Introverts တွေဟာ Good Sale Person တစ်ယောက်ဖြစ်ချင်တယ်ဆို ပြုမူသင့်တဲ့ အဓိကအချက်လေးတွေကို Highlight လုပ်ချင်ပါတယ်။

Build Social Network - ဒါအရမ်းအရေးကြီးပါတယ်။ Introvert တွေက စကားနည်းတတ်ကြတဲ့အတွက် အကောင်းဆုံးနည်းလမ်းက Social Network တစ်ခု ကောင်းကောင်းတည်ဆောက်ဖို့ပါ။ LinkedIn လိုမျိုး Professional Network Platform တစ်ခုက သင့်ရဲ့ Personal Branding အတွက် စကားအများကြီးပြောတာထက် ပိုထိရောက်မှာပါ။

Be Good Listeners - ဒါကတော့ Introverts တွေရဲ့ အားသာချက်လည်း ဖြစ်ပါတယ်။ သို့သော် သင်ဟာ Introvert ဖြစ်ပေမယ့် Good Listener မဟုတ်သေးဘူးဆိုရင် အခုချိန်ကစပြီး ပိုပြီးနားထောင်တက်ပါစေ။

“ The most effective salespeople known that listening is the most important part of their job”

Research - သင်ဟာ တိကျတဲ့ အသေးစိတ်အချက်အလက်ကို ပေးနိုင်မယ်ဆို clients ရဲ့ယုံကြည်မူကို ပိုရနိုင်ပါတယ်။ အဲ့ဒီအတွက် Research ကို မဖြစ်မနေလုပ်ပါ။

Pratice - ဒါက Build Social Network ကို ပိုပြီး အလေးပေးချင်တာပါ။ ဆိုလိုတာက LinedIn လိုမျိုး Professional Platform တစ်ခုမှာ ကိုယ်က network တည်ဆောက်တဲ့အခါ Active ဖြစ်နေရမှာပါ။ Account Profile တစ်ခု Create လုပ်ထားရုံမဟုတ်ဘဲ တကယ်ကို avtive ဖြစ်ဖြစ်နဲ့ Professionals တွေနဲ့ Discuss လုပ်တာမျိုး၊ မေးခွန်းတွေမေးတာမျိုး၊ Information Sharing လုပ်တာမျိုးတွေ ရှိနေရမှာပါ။

Don't Fake it - ကိုယ့်ရဲ့ Selling Product ကိုပဲ အာရုံစူးစိုက်နေမယ့်အစား Problems Solving ကိုပိုမိုအာရုံစူးစိုက်စေချင်တာပါ။ ကိုယ့်ရဲ့ Products or Services သည် Client ရဲ့ Problem ကို အမှန်တကယ် Solve လုပ်ပေးနိုင်အောင် အရင်ပြင်ဆင်သင့်ပါတယ်။

ဒီ Tips လေးတွေက Introvert Sale Person တွေအတွက် အသုံးဝင်နိုင်မယ်လို့ ယုံကြည့်ပါတယ်။

Ref: 5 Tactics Introverts can Use to Crush It in Sales

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020