facebook tracking image
​​​​Considering a Step Down in Title or Pay? Here’s What You Should Know
Career Advice

​​​​Considering a Step Down in Title or Pay? Here’s What You Should Know

ဒီ Topic လေးဟာ ဒီရက်ပိုင်း LinkedIn မှာ Hot ဖြစ်နေတဲ့ Topic လေးတစ်ခုဖြစ်ပါတယ်။ တော်တော်များများက COVID-19 အတွင်းမှာ အလုပ်ရဖို့အတွက်စိတ်ပူရင်း ရတဲ့ Position Title နဲ့ဝင်လုပ်သင့်လားဆိုပြီး မေးထားကြတာကိုလည်းတွေ့ရပါတယ်။ ဒီ Article လေးမှာတော့  COVID ကာလဖြစ်ဖြစ်၊ ပုံမှန်အချိန်ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆို ထည့်သွင်းစဉ်းစားသင့်တဲ့အချက်လေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်။ ​

1. Organization  

ပထမဆုံးအလုပ်လျှောက်ပြီဆို Company Profile ကိုအမြဲကြည့်သင့်ပါတယ်။ interview သွားခါနီးမှ ဖတ်ပြီး ကိုက်ပါ့မလား စဉ်းစားတာထက်စာရင် မသွားခင်ထဲက ဒီကုမ္ပဏီဘယ်လောက်ကြီးလဲ၊ Working Environment ကောဘယ်လိုရှိလဲ၊ ကိုယ့်ရဲ့ရှေ့ဆက်လျှောက်မယ့် Career အတွက်ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲ ဆိုတဲ့အချက်လေးတွေကိုစဉ်းစားသင့်ပါတယ်။ ​

2.  Learning Opportunity and Responsibilities  

နောက်တစ်ခုကတော့ ကိုယ်ဒီကနေဘာတွေသင်ယူလို့ရမလဲ၊ ကိုယ့် Reporting Line က ဘယ်သူဖြစ်မလဲဆိုတဲ့အချက်တွေကိုစဉ်းစားသင့်ပါတယ်။ တစ်ချို့ Organization တွေဟာ Title ကတော့ လက်ရှိထက်နိမ့်ပေမယ့် Reporting က C level ဆီ Direct သွားရတာမျိုးရှိတတ်ပါတယ်။ ဒီကနေ Career Advancment အတွက်ဘယ်အရာတွေသယ်ယူသွားလို့ရနိုင်လဲ ဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တစ်ချို့က Hierarchy အရတော့ Position Title က နိမ့်နေပေမယ့် လုပ်ပိုင်ခွင့်တွေ၊ Learning Opportunity တွေ၊ Salary Package တွေက ကောင်းနေတတ်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေဆို Position Title ကို Market အနေအထားနဲ့ထောက်ပြနိုင်ရင် ပြန် Negotiate လုပ်ပေးတတ်ပါတယ်။ ​

3. Salary Package  

ဒီနေရာမှာပြောပြပေးချင်တာကတော့ Total Annual Salary Package ကို ကြည့်သင့်ပါတယ်။ Basic Salary က လက်ရှိနဲ့သိပ်မကွာဘူး ဒါပေမယ့် Annual Package အရပိုကောင်းနေတာမျိုးဆိုလည်း Consider လုပ်သင့်ပါတယ်။  ​ဒါတွေကတော့ အလုပ်အပြောင်းရွှေ့လုပ်တဲ့အခါမှာ အဓိကစဉ်းစားသင့်တဲ့အချက်တွေပါ။ လက်ရှိရာထူးထက်နိမ့်တဲ့ Position၊ လစာနည်းတဲ့အလုပ်ကိုလျှောက်သင့်မသင့် ဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020