facebook tracking image
Essential Things to Prepare Before a Job Interview
Career Advice

Essential Things to Prepare Before a Job Interview

Interview မဖြေခင် မဖြစ်မနေပြင်ဆင်သွားသင့်တဲ့ အရေးကြီးအချက်များ

အလုပ်တစ်ခုက ကိုယ့် Organization အတွက် လူရွေးတော့မယ်၊ Offer Stage ထိစဉ်းစားတော့မယ်ဆိုရင် Fist Interview မှာ Impression ကောင်းနေဖို့က အရေးကြီးဆုံးထဲမှာပါပါတယ်။ အခုကျွန်မက Interview ဖြေရင် ရှောင်ရန် ဆောင်ရန် Tips လေးလေး မျှဝေပေးလိုက်ပါတယ်။ ​

Introduction

Interview စပီဆိုတာနဲ့ Interviewer တွေတော်တော်များများက Self Introduction နဲ့အရင်စကြတာများပါတယ်။ ဒီအချက်ကလည်း အရေးကြီးဆုံး၊ သတိထားသင့်ဆုံး အချက်ထဲမှာပါဝင်နေပါတယ်။ တချို့က ကိုယ့်ကိုကိုမိတ်ဆက်ပါဆိုရင် ကိုယ့်ကလေးဘဝကနေစပြီး မိသားစုဝင်တွေအကြောင်းအထိ စီကာပတ်ကုံးပြောကြပါလေရော။ အမှန်တော့ အဲ့လောက်ထိပြောစရာမလိုဘဲ အလုပ်နဲ့ကိုယ်နဲ့ ဆက်နွယ်သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ဦးစားပေးပြောသင့်ပါတယ်။ ဥပမာ - ကိုယ်က Marketing နဲ့သက်ဆိုင်တဲ့အလုပ်လျှောက်ထားတယ်ဆိုပါစို့။ အဲ့ဒါနဲ့ပတ်သက်ပြီး ကိုယ့် Educational Background ကိုပြောမယ်ဆိုရင် Marketing နဲ့မသက်ဆိုင်တဲ့ Diploma သို့ Certificate ရထားတာမျိုးဆို ထည့်ပြောဖို့မလိုပါဘူး။ Marketing နဲ့ဆိုင်တဲ့ အကြောင်းအရာတွေပဲ အသားပေးပြောသင့်ပါတယ်။ Marketing အတွက် Interview နေချိန်မှာ Logistics Certificate ရထားတယ် HR Certificate ရထားတယ်ဆိုပြီး အကျယ်တဝင့်ပြောရင် Interviewer ကလည်းစိတ်ဝင်စားမှာမဟုတ်သလို အချိန်ကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ Achievements ဆိုလဲည်း ထိုနည်းအတူပါပဲ။​

Strength And Weakness

Strength အတွက်ကတော့ ထွေထွေထူးထူးမပြောစရာမရှိပါဘူး။ ကိုယ့်အားသာချက်ကို စောင်းပေးပြောရမှာဆိုတော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် Worked Related Strength Points တွေပြောတာကပိုထိရောက်မှုရှိပါတယ်။ ဥပမာ - ကိုယ်က Flexible ဖြစ်တယ်လို့ပြောတာထက် "I am good at team work" ဆိုတာမျိုးက ပိုထိရောက်ပါတယ်။  Weak Point ပြောတဲ့နေရာမှာလည်း ကိုယ့် အားနည်းချက်ကိုတော့ Point Out လုပ်လိုက်တယ်၊ အဲ့အချက်ကိုမပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် စဉ်းစားစရာဖြစ်သွားပါတယ်။ အဲ့တော့ကိုယ်က ကိုယ့်အားနည်းချက်ကိုပြောပြီးပြီဆိုရင် ဒီအားနည်းချက်ကို ဘယ်လိုကြိုးစားပြီးပြင်နေတယ၊ ဘယ်လို Manage လုပ်နေတယ်ဆိုတဲ့အချက်လေးတွေပါ ထည့်ပြောပေးသင့်ပါတယ်။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ Soft Skills Hard Skills လေးတွေကိုလဲ ကြိုစဉ်းစားပြင်ဆင်သွားသင့်ပါတယ်။ ဒါလေးတွေကတော့ Extra ပေါ့နော်။ ​

Motivation And Interest

အရေးအကြီးဆုံးကတော့ ဒီအလုပ်နဲ့ပတ်သက်ပြီး Passion ဘယ်လောက်ရှိကြောင်း Motivation ဘယ်လိုရှိကြောင်း စိတ်ဝင်စားမှု ဘယ်လိုရှိကြောင်း ဖော်ပြသင့်ပါတယ်။ ဥပမာ - ကိုယ်လျှောက်လိုက်တဲ့ ကုမ္ပဏီအကြောင်းအသေးစိတ်လေ့လာသွားတာမျိုး၊ ကိုယ်သာဒီအလုပ်ရခဲ့မယ်ဆို ဘယ်လိုလေးတွေလုပ်ပေးမယ် ဆိုတာမျိုးကို ကြိုပြင်ဆင်သွားသင့်ပါတယ်။  

နောက်တစ်ချက်က Interviewer ကပဲမေးတာဖြေတာထက် ကိုယ့်ဘက်ကနေလည်း မေးခွန်းလေးတွေ ပြန်မေးသင့်ပါတယ်။ ဥပမာ - သူတို့ရဲ့ Organizational Development And Plan မေးတာမျိုးဖြစ်ဖြစ် ဝန်ထမ်းတွေအတွက် Development Plan ကိုမေးတာမျိုးဖြစ်ဖြစ်က Impression ကောင်းစေပါတယ်။ ဒါပေမယ့် Salary Information ကိုတော့ လုံးဝလုံးဝ မပြောသင့်ပါဘူးနော်။ ​

ဒီအချက်လေးတွေကတော့ အရေးကြီးဆုံးလို့ပြောလို့ရသလို မသိမဖြစ်သိထားသင့်တဲ့ အချက်လေးပဲဖြစ်ပါတယ်နော်။ အားလုံးပဲအသုံးဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။ ​​​