facebook tracking image
How Engineers Faced Challenges During COVID
Career Advice

How Engineers Faced Challenges During COVID

Covid အတွင်း  Engineer တွေ ဘယ်လို ရင်ဆိုင်မလဲ?

ဒီ COVID-19 Crisis မှာ Engineer အများစု ထိခိုက်သွားစေတာတော့ အမှန်ပါပဲ။ ဘယ်လိုခြေနေရောက်ရောက် အခက်အခဲထဲက ဘယ်လိုအမြတ်ထုတ်မယ်ဆိုတာ ကျွန်တော် Share ပေးချင်ပါတယ်။

ဘယ်လိုပြင်ဆင်မလဲ၊ Plan ဘယ်လိုချမလဲ?
ပုံမှန်ချိန်ဆို အလုပ်ချိန် အများဆုံးက Engineer တွေပဲ။ ဆိုတော့ကာ ခဏအနားယူ မိသားစု အချိန်ပေးတယ်လိုသဘောထားကြမယ်။ နောက်တစ်ချက်က ဒီချိန်မှာလိုအပ်နေတဲ့ Soft Skills နဲ့ လက်မှတ် တွေရဖို့ ပြင်ဆင်ဖို့အကောင်းဆုံးချိန်ပါပဲ။ RSE or RE တွေအတွက် အချိန်ယူဖို့ကောင်းတယ်။ Online က English Class တွေ လေ့လာမယ်။ ဒါဆိုရင် ဒီ Break Time က ဝမ်းစာဖြည့်ဖို့ အကောင်းဆုံးရောက်လာတာလို့ ပြောလို့ရတယ်။

ဒါတွေပြီးရင် ဘာထပ်လုပ်သင့်လဲ?
အသစ်လာမယ့် Investment တွေ Project တွေကို Senior တွေစီကလေ့လာပါ။ သူတို့နဲ့အမြဲ contact လုပ်ပေးရင်မိတ်ဆွေပြန်ဖွဲ့သင့်ပါတယ်။ နောက်တစ်ခုက LinkedIn မှာ အမြဲ ရှာဖွေနေပါ။ တခြားသူတွေနဲ့ Connet လုပ်ရင် Network ချဲ့ပါ။ Social Media က Engineer Discussion Group မှာ See First or Notification Alert လုပ်ထားသင့်ပါတယ်။

လက်ရှိ Project တွေ ဘယ်လို Data Collect လုပ်မလဲ?
လက်ရှိ Project တွေ ကိုယ်တိုင်ကိုယ်ကျလေ့လာပါ။ လိုအပ်ရင် ဖုန်းထဲမှာ Main Contractor, Sub Contractor & Consultant စတာတွေကိုမှတ်ခဲ့ပြီး Research လုပ်ပါ။ Google မှာ ဖြစ်ဖြစ် LinkedIn မှာ ဖြစ်ဖြစ် အရေးကြီးဆုံးက Recruitment Consultant တွေနဲ့တိုင်ပင်ပါ။ ကျွန်တော်တို့အနေနဲ့က အထိရောက်ဆုံးနဲ့ အမြန်ဆုံးဖြစ်အောင်ကူညီနိုင်တာ အမှန်ပါပဲ။ လက်ရှိ MES, CQHP & YCDC တွေကို Stay Home နေရင်း အသစ်ထပ်ထွက်လာမယ့် Law တွေအတွက် များများလေ့လာပေးပါ။

Engineers အားလုံး COVID အလွန်မှာ ကောင်းမွန်ဆုံးအနေထားတစ်ခု နဲ့ လုပ်ငန်းခွင်မှာပြန်လည် ဆုံတွေ့ကြမယ်ဗျာ...