facebook tracking image
How Recruitment Companies Manage Candidate Applications
Employer Tips

How Recruitment Companies Manage Candidate Applications

အလုပ်လျှောက်တဲ့လူတွေအတွက် Recruitment ကုမ္ပဏီတွေ ဘယ်လိုမျိုးလုပ်ကိုင်ဆောင်ရွက်ပေးနေလဲ? 

​အခုဆိုရင် မြန်မာနိုင်ငံမှာ အရင်ကထက် Recruitment ကုမ္ပဏီတွေ ပိုမိုများပြားလာတဲ့အလျောက် အလုပ်ရှာဖွေတဲ့လူတွေ အနေနဲ့ Recruitment ကုမ္ပဏီတွေမှတစ်ဆင့်ပိုပြီး အလုပ်ရှာလာကြပါတယ်။ တစ်ချိန်ထဲမှာပဲ အလုပ်ရှာဖွေတဲ့လူတွေအနေနဲ့ Recruitment ကုမ္ပဏီတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိရှိထားသင့်ပါတယ်။ ဒီ Blog လေးကတော့ လက်ရှိမြန်မာနိုင်ငံမှာနေပြီး အလုပ်ရှာနေတဲ့လူတွေအတွက်ရော၊ နိုင်ငံခြားကနေပြန်လာပြီး အလုပ်ရှာချင်တဲ့သူတွေအတွက်ရော အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ အကြမ်းဖျင်းအားဖြင့်မျှဝေပေးချင်ပါတယ်။

Application Form

Recruitment ကုမ္ပဏီ တွေဟာများသောအားဖြင့် CV တွေကို ကုမ္ပဏီ Website, LinkedIn, Social Media, Referral, Headhunting အစရှိတဲ့နေရာတွေကနေလက်ခံရရှိပါတယ်။

Candidate Screening

CV ပို့လိုက်တဲ့သူတွေထဲကမှ လက်ရှိရှာနေတဲ့ အလုပ်အကိုင်တွေနဲ့ သင့်တော်တဲ့သူတွေကိုပြန်ပြီးဆက်သွယ်ပါတယ်။ ဒီနေရာမှာနောက်ထပ် အခြေအနေတစ်ခုရှိပါတယ်။ တစ်ချို့သောအလုပ်ရှာတဲ့သူတွေထဲမှာ လက်ရှိရှိနေတဲ့အလုပ်အကိုင်တွေနဲ့ မိတ်ဆက်ပေးဖို့အဆင်မပြေသေးပေမယ့် နောက်ပိုင်းမှာရှိလာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မိတ်ဆက်ပေးဖို့ အလားအလာရှိတဲ့သူတွေကိုလည်း ဆက်သွယ်ပေးပါတယ်။ နောက်ပြီး သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ လက်ရှိလစာ၊ မျှော်မှန်းလစာ (ပုံမှန်အားဖြင့်လက်ရှိလစာထက် ၃၀% ပိုပြီးမျှော်မှန်းနိုင်ပါတယ်)၊ ဦးစားပေးရွေးချယ်လိုတဲ့ အလုပ်အကိုင်များ အစရှိသည်တို့ကို ဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးပါတယ်။ ဒီအချက်အလက်တွေကိုလည်း Database ထဲမှာလုံခြုံစွာသိမ်းဆည်းထားပေးပါတယ်။ ဒါကိုတော့ Candidate Screening လုပ်တယ်လို့ခေါ်ပါတယ်။

Job Introduction

ဒါကတော့ Candidate Screening လုပ်ပြီးပြီးချင်း အလုပ်အကိုင်အခွင့်အလမ်းနဲ့မိတ်ဆက်ပေးတာမျိုးရှိသလို နောက်ပိုင်းကျမှပေါ်လာတဲ့ သင့်တော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မိတ်ဆက်ပေးတာမျိုးလည်းရှိပါတယ်။ မိတ်ဆက်ပေးတဲ့အခါမှာလည်း သိသင့်တဲ့ အချက်အလက်တွေဖြစ်တဲ့ အလုပ်ခေါ်နေတဲ့ကုမ္ပဏီအကြောင်း၊ ခေါ်နေတဲ့ရာထူး၊ လစာနှုန်းထား၊ အလုပ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် အစရှိသည်တို့ကို ပြောပြပြီး အလုပ်လျောက်တဲ့သူဘက်က စိတ်ဝင်စားတယ်ဆိုမှ CVကို အလုပ်ခေါ်နေတဲ့ကုမ္ပဏီဘက်ကိုပို့ပေးတာဖြစ်ပါတယ်။

Interview Preparation / Offer Negotiation

အဲ့ဒီလိုပို့ပြီးနောက်ပိုင်း ကုမ္ပဏီဘက်ကလည်းသဘောကျတယ်ဆို လိုအပ်တဲ့အင်တာဗျူးတွေအဆင့်ဆင့် စီစဉ်ပေးရပါတယ်။ ဒီနေရာမှာ MyWorld Careers အနေနဲ့ အင်တာဗျူးဖြေမယ့်သူတွေကို အင်တာဗျူးမတိုင်ခင် လိုအပ်တဲ့ပြင်ဆင်မှုတွေကို လူတွေ့သော်လည်းကောင်း၊ Video Call မှတစ်ဆင့်သော်လည်းကောင်း ပြုလုပ်ပေးပါတယ်။ လိုအပ်တဲ့ အင်တာဗျူးတွေဖြေဆိုပြီးလို့ အဆင်ပြေသွားပြီဆို Offer Negotiation နဲ့ပတ်သက်တာတွေကိုဆောင်ရွက်ပေးပါတယ်။ လစာနဲ့ တခြားအကျိုးခံစားခွင့်တွေအပြင် အလုပ်စဆင်းနိုင်မယ့်နေ့ကိုလည်း တစ်ခါတည်း ညျှိနှိုင်းပေးရပါတယ်။ နောက်ပြီး Official Offer မရခင်မှာ Referee Contact, Pay Slip, Education Certificate အစရှိတဲ့စာရွက်စာတမ်းတွေကို အလုပ်လျောက်တဲ့သူဘက်မှ ပေးဖို့လိုပါတယ်။ ဒါတွေကိုလည်း Candidate Screening အတွက် ဆက်သွယ်ကတည်းက ကြိုပြီးရှင်းပြပေးထားပါတယ်။ Official Offer ရပြီးလို့နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးပြီးပြီဆိုရင်တော့ Placement ဖြစ်သွားပြီလို့ပြောလို့ရပါတယ်။

Candidate Update

နောက်ပိုင်းမှာရှိလာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မိတ်ဆက်ပေးဖို့ အလားအလာရှိတဲ့သူတွေကို ဆက်သွယ်ပြီး Candidate Screening လုပ်တဲ့အကြောင်းအပေါ်မှာရှင်းပြထားပြီးသားဖြစ်ပါတယ်။ အဲ့ဒီသူတွေကို သင့်တော်တဲ့အလုပ်တွေနဲ့မိတ်မဆက်ပေးနိုင်သေးခင်မှာ သူတို့ရဲ့ အပြောင်းအလဲဖြစ်သွားနိုင်တဲ့ ရာထူး၊ လစာ၊ အလုပ် အစရှိသည်တို့ကိုသိရှိနိုင်အောင်ပုံမှန်ဆက်သွယ်ပြီး မေးမြန်းပေးပါတယ်။ ဒီလိုဆက်သွယ်ပြီး အလုပ်ဆက်ရှာဖို့ အစီအစဉ်ရှိတဲ့သူတွေကို ဆက်လက်ရှာပေးပြီးသင့်တော်တဲ့ အလုပ်တွေနဲ့မိတ်ဆက်ပေးပါတယ်။ အလုပ်ဆက်မရှာချင်တော့တာမျိုး၊ အလုပ်အသစ်ရသွားတာမျိုးဆိုရင်တော့ သူတို့ရဲ့ CV တွေကို Database မှာ ပြန်ပိတ်ထားပေးပါတယ်။ နောက်ပိုင်းပြန်ရှာချင်တယ်ဆိုရင်တော့ ပြန်ဖွင့်ပေးပြီး သင့်တော်တဲ့အလုပ်တွေကိုဆက်လက်ရှာဖွေပေးပါတယ်။ ဒါကိုတော့ Candidate Update လုပ်တယ်လို့ခေါ်ပါတယ်။

ဒါတွေကတော့ Recruitment တွေမှာ ပုံမှန်လည်ပတ်နေတဲ့ ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Recruitment ကုမ္ပဏီ တွေအနေနဲ့ အလုပ်လျောက်လာတဲ့ CV တွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဆက်သွယ်ပြီး အလုပ်လုပ်လဲဆိုတာကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်မိပါတယ်။

Share this blog

Behind the scenes of Talent Acquisition
Behind the scenes of Talent Acquisition
Published 21 November 2022
Employers' Mini Guidebook to Myanmar - Part 1
Employers' Mini Guidebook to Myanmar - Part 1
Published 1 October 2015
Employers' Mini Guidebook to Myanmar - Part 2
Employers' Mini Guidebook to Myanmar - Part 2
Published 30 October 2015