facebook tracking image
How to Avoid Distractions While Working from Home
Career Advice

How to Avoid Distractions While Working from Home

Work From Home လုပ်နေချိန်မှာ ပေါ်လာနိုင်တဲ့ Distraction တွေကို ဘယ်လိုရှောင်ရှားကြမလဲ? 

နေ့တိုင်း Daily Task တွေကိုလုပ်တဲ့အခါ Productive ဖြစ်တဲ့ရက်တွေလည်းရှိသလို တစ်နေ့လုံးလုပ်သာလုပ်နေတယ်... Deadline တောင်ကျော်သွားပြီ... ဘာတစ်ခုမှမပြီးသွားဘူး… ဆိုတဲ့ နေ့တွေလည်းရှိကောင်းရှိကြမှာပါ။ အလုပ်လုပ်တဲ့အခါ Efficient ရော၊ Effective ရောဖြစ်ဖို့ဆို Time Management ကောင်းကောင်းလုပ်နိုင်ဖို့ကအရေးကြီးပါတယ်။

အလုပ်တစ်ခုကိုသတ်မှတ်ထားတဲ့အချိန်အတွင်းမပြီးနိုင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ Distraction တွေကြောင့် အာရုံစူးစိုက်မှုလျော့နည်းတာကြောင့်လည်းပါပါတယ်။ Distraction လို့ပြောလိုက်ရင် Internal နဲ့ External ဆိုပြီး နှစ်မျိုးရှိပါတယ်။
Internal ကတော့ ကျွန်မတို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ Emotion တွေ၊ အတွေးတွေ၊ စိတ်ဖိစီးမှုနဲ့ ပူပန်ကြောင့်ကြမှုတွေ၊ Personal Problem တွေပါပဲ။ တစ်ခါတစ်လေ Day Dreaming ဖြစ်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ကိုယ့်ရဲ့စိတ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေဖြစ်လို့ စိတ်ရှင်းရှင်းနဲ့ အလုပ်ကိုအာရုံစိုက်ပြီးလုပ်နိုင်ဖို့ဆို Emotional Control လုပ်နိုင်ဖို့လိုပါမယ်။

အခုမျှဝေပေးသွားမှာကတော့ External Distraction နဲ့ပတ်သက်ပြီးတော့ပါ။ ဒီလိုပြင်ပကလာတဲ့ အနှောက်အယှက် အဟန့်အတားတွေက အလုပ်လုပ်နေတဲ့အချိန်တစ်လျှောက်လုံးမှာ အမျိုးမျိုးပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် အခုလို Work From Home ကာလမှာ ရုံးမှာလိုမဟုတ်ဘဲ အိမ်မှာလုပ်ရတာဆိုတော့ ပိုပြီးတော့တောင် Distraction တွေဝင်လာနိုင်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ဖို့အတွက် အချက်လေးတွေမျှဝေပေးပါမယ်။

👉 External Distraction တွေထဲမှာ အမြဲလိုလိုအနီးကပ်ဆုံးကနေ တွေ့နိုင်တာကတော့ Smart Phone လို့ပြောရမှာပါပဲ။ Gmail, Calendar, Dictionary App တွေသုံးဖို့ဖွင့်ရာကနေ Social Media ပေါ်ရောက်ရောက်သွားတဲ့ အဖြစ်တွေကြုံဖူးကြမယ်ထင်ပါမယ်။ Toilet သွားမယ်... ဖုန်းလေးခဏကြည့်ဦးမယ်… ဆိုတာကနေ 15-20 မိနစ်ကုန်သွားတာတွေဖြစ်ဖူးကြမှာပါ။

👉 နောက်တစ်ခုက ဒီဖုန်းကပဲလာတဲ့ Notification တွေပါ။ Notification တွေစစ်ရင်းနဲ့ပဲ ပထမပြောထားသလို တခြားနေရာစီ attention ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Computer မှာသုံးလို့ရနိုင်တဲ့ အလုပ်နဲ့ဆိုင်တဲ့ Software မျိုးဆိုရင် အလုပ်ချိန်အတွင်းမှာ ဖုန်းနဲ့မသုံးဖို့ အကြံပေးပါရစေ။ ဖုန်းကို ကိုယ့်ရဲ့အလုပ်စားပွဲမှာပဲ Screen မှောက်ထားပြီး Vibrate Mode ထားထားတာအကောင်းဆုံးပါ။ အလုပ်ကြီးပဲလုပ်ရမယ် ဖုန်းလုံးဝမသုံးရဘူးဆိုတာမျိုးမဟုတ်ပါဘူး။ Social Snacking Time တစ်ခုထားပြီး သတ်သတ်မှတ်မှတ်သုံးရင်ပိုကောင်းပါတယ်။ နောက်အချက်တွေမှာ Breaktime ခွဲတာနဲ့ပတ်သက်ပြီး ဆက်ပြောပါဦးမယ်။

👉 နောက်တစ်ချက်က ကိုယ်အလုပ်လုပ်မယ့်နေရာပါ။ ကိုယ့်ရဲ့ Workspace ကသက်တောင့်သက်သာနဲ့ အလင်းရောင်ကောင်းကောင်းဝင်တဲ့နေရမျိုး၊ Temperature အသင့်အတင့်ရှိတဲ့နေရာမျိုးဖြစ်ဖို့လိုပါတယ်။ (ရာသီဥတုအရမ်းပူတာ၊ Air Con တအားအေးတာမျိုးဆိုရင်လည်း အလုပ်ကောင်းကောင်းလုပ်လို့ရမှာမဟုတ်ဘူးလေနော်)။ Work Desk ပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့ Tool တွေလွဲပြီး တခြားပစ္စည်းတွေရှင်းထားဖို့လည်း လိုပါတယ်။ WFH လုပ်နေတယ်ဆိုရင် အိမ်သားတွေ၊ ပတ်ဝန်းကျင်ကအသံတွေမကြားနိုင်တဲ့နေရာ ကိုယ့်အခန်းထဲမှာ ဒါမှမဟုတ် Solitary Space တစ်နေရာရာမှာလုပ်ရင် အလုပ်ကိုပိုအာရုံစိုက်နိုင်မှာပါ။

👉 Music လေးနဲ့မှ အလုပ်လုပ်လို့ကောင်းတာဆိုတဲ့ သိမ့်လိုလူတွေရှိလား?
ဒါက အလုပ်မှာ Concentration လုပ်ထားနိုင်ရင်ကောင်းပေမယ့် တစ်ခါတစ်လေမှာ သီချင်းထဲစိတ်ရောက်သွားပြီးတာ့ Working Speed နှေးပြီး ကြန့်ကြာတာတွေဖြစ်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ Focus လုပ်နိုင်တယ်ဆိုရင်လည်း သီချင်းရွေးတဲ့နေရာမှာ ကြာတာမျိုးမဖြစ်အောင် နားထောင်နေကြသီချင်းတွေကို Playlist တစ်ခုလုပ်ထားတာမျိုးဆို အလုပ်ရှုပ်သက်သာစေပါတယ်။ နောက်ပြီး Concentration ပိုကောင်းစေတဲ့ Music မျိုးကြိုက်တတ်တယ်ဆိုရင် Deep Focus playlist တွေ၊ Concentration Music တွေနားထောင်ကြည့်ဖို့လည်း Recommend လုပ်ပါတယ်။

👉 နောက်တစ်ခုက Multi-Tasking အများကြီးလုပ်တာကိုလျှော့ကြည့်ပါ။ ကိုယ်လုပ်နိုင်တဲ့ နှစ်ခု သုံးခုလောက်ကိုပဲ အများဆုံး တစ်ပြိုင်တည်းလုပ်တာကောင်းပါတယ်။ အလုပ်စပြီဆိုတာနဲ့ To-do-list ချမှတ်တဲ့အကျင့်ကိုလည်း မဖြစ်မနေလုပ်ထားသင့်ပါတယ်။ ဒါမှဘယ်တစ်ခုကတော့ ပိုအရေးကြီးတယ်၊ Priority ထားရမယ်ဆိုပြီး အရေးကြီးတဲ့ Task၊ အရေးမကြီးတဲ့ Task တွေခွဲနိုင်မှာပါ။ To-do-list လုပ်တဲ့အခါ Note Book ထဲမှာမှတ်လည်းရသလို Task List Sheet တွေလည်းသုံးလို့ရပါတယ်။ ဘာပိုကောင်းသွားလဲဆိုတော့ ကိုယ့်ရဲ့ Task တွေကို Count လုပ်လို့ရမယ်၊ Priority အဆင့်ခွဲလို့ရမယ်၊ ပြီးသွားတဲ့ Task တိုင်းကို Percentage နဲ့ပြတာဆိုတော့ တစ်နေ့လုံးမှာ ကိုယ့် Performance ကဘယ်လောက်ရှိလဲဆိုတာ Track လုပ်လို့ရတော့ Sheet ဒါမှမဟုတ် Tracking Software နဲ့လုပ်တာကိုပိုအားပေးပါတယ်။ ဟိုဟိုဒီဒီပြန့်ကျဲပြီးလုပ်တာထက် Organize ပိုဖြစ်တယ်လို့လည်းမြင်ပါတယ်။

👉 နောက်ဆုံးတစ်ချက်ကတော့ စောနကပြောတဲ့ Breaktime ခွဲတာပါ။ Lunch Time ဖယ်ပြီး တစ်နေ့အလုပ်ချိန် ၈ နာရီမှာ အချိန်ဘယ်လောက်ကို Breaktime ယူကြမလဲ? သိမ့်သုံးတဲ့နည်းကိုအခြေခံပြီးပြောပြပေးပါမယ်။ ကိုယ်တိုင်လုပ်ရတဲ့အလုပ်က Idea Brainstorming လုပ်ရတာများတာမို့လို့ Idea မရတဲ့အချိန်ဆို သဲကြီးမဲကြီးစဉ်းစားနေတာနဲ့ Time Consuming တော်တော်ဖြစ်ပါတယ်။ Idea ရသွားရင်လည်း ထိုင်ရာကထမရဘဲ တခြား Task တွေပါ မပြီးလိုက်တာမျိုးဖြစ်ဖူးပါတယ်။ Pomodoro Technique ဆိုတာကို သိကြမလားမသိဘူး။ တချို့ကတော့သိပြီးသားဖြစ်မှာပါ။

သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ 25 မိနစ်ဆက်တိုက်အလုပ်လုပ်ပြီးရင် 5 မိနစ်စာ Break တစ်ခုရပါတယ်။ ဒါကို Pomo တစ်ခုလို့တွက်ပါတယ်။ ဒါမျိုး ၄ ကျော့ (4 Pomos) ပြီးသွားတိုင်း Long Break တစ်ခုရပါတယ်။ ကျောင်းသားစာကျက်တာဆိုရင် မိနစ် ၂၀ ၃၀ စသဖြင့်ယူလို့ရပါတယ်။ သိမ့်ကတော့ 15 မိနစ် Long Break ယူပါတယ်။ အချိန်တစ်ခုသတ်မှတ်ပြီးလုပ်တော့ အဲ့ဒီအတောအတွင်းမှာ အလုပ်တော်တော်လေးပြီးပါတယ်။ Social Snacking Time ကိုလည်း ဒီ Breaktime တွေမှာယူလို့ရပါတယ်။ အချိန်ပိုမသုံးမိအောင် ကိုယ့်ဘက်ကစိတ်ခိုင်ဖို့လိုတာပေါ့နော်။

Pomodoro Time Management အတွက် Software တွေရှိတဲ့ထဲကမှ Admin ကတော့ Focus Keeper ဆိုတဲ့ App ကိုသုံးပါတယ်။ သုံးရလွယ်ပြီးတော့ နာရီလည်းခဏခဏမကြည့်ရတော့ အဆင်ပြေပါတယ်။

ဒါကတော့ သိမ့်ကိုယ်တိုင်လုပ်နေတဲ့အချက်တွေကိုမူတည်ပြီး ပြောပေးသွားတာပါ။ တခြားပိုပြီး Effective ဖြစ်မယ့်နည်းတွေလည်းရှိဦးမှာပါ။ အခုပြောသွားတဲ့အချက်တွေကြောင့် Distraction တွေကိုရှောင်နိုင်ပြီး Time Management Idea အတွက် အထောက်အကူဖြစ်မယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။ အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020