facebook tracking image
How to Choose a Job That Suits You Best
Career Advice

How to Choose a Job That Suits You Best

ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ဘယ်လိုရွေးမလဲ?

ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်လုပ်ချင်တာနဲ့ တစ်ထပ်တည်းကျရဲ့လားလို့ လူတော်တော်များများ စဉ်းစားဖူးကြမှာပါ။ ဒါ့အပြင် နောက်ငါးနှစ်နေရင် ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးဖူးတဲ့သူလည်း ရှိကောင်းရှိပါလိမ့်မယ်။ သေချာတာတော့ တစ်ယောက်နဲ့တစ်ယောက် အဖြေတူလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေကို အခက်အခဲမရှိပဲ စဉ်းစားနိုင်ဖို့အတွက် နည်းလမ်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။ 

၁။ ကိုယ့်ပတ်ဝန်းကျင်ကို မေးပါ။ 
ကိုယ်နဲ့အရင်းနှီးဆုံးသူတွေ အထူးသဖြင့် မိသားစုကို မေးကြည့်ပါ။ တစ်ခါတစ်လေ ကိုယ်တိုင် သတိမထားမိပေမယ့် ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကိုယ်ကိုထက် ပိုသိနေတတ်ပါတယ်။ ဥပမာအနေနဲ့ အမေက သူများတွေနဲ့ စကားပြောတဲ့အခါ ‘သား/သမီးက စာဖတ်တာ တော်တော်ဝါသနာပါတယ်။ သူ့ကိုကြည့်လိုက်ရင် ငယ်ငယ်တည်းက အမြဲတမ်းစာအုပ်တစ်အုပ်နဲ့ ငြိမ်နေတာများတယ်။ ငယ်ငယ်ကဆို စာရေးဆရာ လုပ်မယ်ဆိုပြီး ပြောတတ်တယ်’ စသဖြင့်ပေါ့။ ဒီလိုလူမျိုးဆိုရင် စာရေးဆရာလုပ်ကိုလုပ်သင့်တယ်လို့ မဆိုလိုပေမယ့် Entertainment ဒါမှမဟုတ် Media Field ကို သူ့ရဲ့Career အတွက် ထည့်စဉ်းစားသင့်တယ်။ ဒါကအကြမ်းဖျင်းဥပမာယေဘုယျအကြံပေးချက် ဖြစ်ပါတယ်။ 

၂။ Online ကနေ Test တွေ ဖြေကြည့်ပါ။ 
Online မှာ ကိုယ်ဘယ်လိုလူစားမျိုးလည်းဆိုတာ သိစေနိုင်မယ့် Personality Test တွေ၊ Career ရွေးချယ်တဲ့နေရာမှာ ကူညီပေးနိုင်တဲ့ Test တွေ အများကြီးရှိပါတယ်။ What career is right for me? ဆိုပြီး Google မှာရှာလိုက်ရင် တော်တော်လေးကို အဆင့်မြင့်တဲ့ Test တွေရှိပါတယ်။ ကြိုးစားပြီးဖြေကြည့်ပါ။ ပုံမှန်အားဖြင့် ၆၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်ထိမှန်လေ့ရှိပါတယ်။ အချိန်ရတယ်ဆိုရင် ဖြေကြည့်စေချင်ပါတယ်။ 

၃။ Success Stories တွေကို စာရင်းပြုစုပါ။ 
အချိန်ရတယ်ဆိုရင် အထက်တန်းကျောင်းတက်တုန်းကရခဲ့ဖူးတဲ့ထူးချွန်ဆုတွေ၊ University မှာတုန်းက Popular ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ၊ အရင်အလုပ်မှာတုန်းက ကိုယ်ရခဲ့ဖူးတဲ့ Award တွေကို ပြန်ပြီး ချရေးကြည့်ပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကိုယ်က ကျောင်းတုန်းက သချာင်္ဘာသာရပ်မှာ အမြဲအမှတ်များတယ်၊ အတန်းမှန်မှန်တက်တယ်၊ လူတွေနဲ့ စကားများများပြောရတာ မကြိုက်ဘဲ အေးအေးငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုရင် Accounting & Finance ပိုင်းကို ကိုယ်များစိတ်ဝင်စားနေမလားလို့ ထည့်စဉ်းစားသင့်ပါတယ်။ 

၄။ ကိုယ့်ထက် အသက်အရွယ်၊ အတွေ့အကြုံများတဲ့သူတွေနဲ့ စကားပြောကြည့်ပါ။ 
အနီးစပ်ဆုံးအနေနဲ့ ကိုယ့်ရဲ့ Boss နဲ့ဖြစ်စေ၊ အသိအကျွမ်းတွေထဲက Senior တွေနဲ့ဖြစ်စေ တိုင်ပင်ကြည့်ပါ။ ဒါက လက်တွေ့အကျဆုံးနဲ့ အမှန်ဆုံးဖြစ်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Strong Point နဲ့ Weak Point ကို အားမနာတမ်းပြောဖို့တိုက်တွန်းပါ။ ဒါက အပေါ်ဆုံးက နံပါတ် (၁) အချက်နဲ့ဆင်ပေမယ့် ရလဒ်ကတော့တူမှာမဟုတ်ပါဘူး။ သူတို့ဆီကနေ ပိုပြီး Strategic ဖြစ်တဲ့ အဖြေမျိုးရလာပါလိမ့်မယ်။ 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ဆို ကိုယ့်ရဲ့ Career Path ကို အနီးစပ်ဆုံးပုံဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုကနေစ နောက်ငါးနှစ်နေလို့ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာဖို့ဆိုရင်တော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကလည်း ၁၀၀ ရာခိုင်နှုန်းလိုအပ်ပါတယ်။ အောင်မြင်မှုက ဟင်းတစ်ခွက်ဆိုရင် Career ကို ရွေးချယ်တတ်ခြင်းက Recipe (ဟင်းချက်နည်း) တစ်ခုသာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဟင်းတစ်ခွက်ရဖို့ဆိုရင် ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ဖို့လိုအပ်ပါသေးတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020