facebook tracking image
How to Create a Happy and Positive Work Environment for Employees
Workplace Etiquettes

How to Create a Happy and Positive Work Environment for Employees

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေကို ပျော်ရွှင်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်အဖြစ် ဘယ်လိုဖန်တီးပေးမလဲ?

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေကို ပျော်ရွှင်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်အဖြစ် ဘယ်လိုဖန်တီးပေးမလဲ? ဒီနေ့တင်ပြပေးမယ့် အကြောင်းအရာကတော့ လုပ််ငန်းခွင်အတွင်း ဝန်ထမ်းတွေကိုု ပျော်ရွှင်တဲ့လုုပ်ငန်းခွင်ပတ်ဝန်းကျင်လေးအဖြစ် ဖန်တီးပေးမယ့် ခေါင်းစဉ်လေးပါ။ ဒီခေါင်းစဉ်ရဲ့ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေ အလုပ်မှာမြဲပြီး ပျော်ရွှင်စွာတာဝန်ထမ်းဆောင်ဖို့နဲ့ Labor Turn Over ဆိုတဲ့ ဝန်ထမ်းတွေအလုပ်ထွက်နှုန်းကိုု အတော်အသင့်တားဆီးနိုင်စေဖို့ဘဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ နေ့စဉ်စားဝတ်နေရေးအတွက် အလုပ်တွေလုပ်ကြရပါတယ်။ အမျိုးသမီးတွေဆို စီးပွားရေးသာမက မိသားစုအတွက် ချက်ရေးပြုတ်ရေးစသည်ဖြင့် အိမ်တွင်းရေးအလုပ်တွေကိုပါ တာဝန်ယူကြရပါတယ်။ နိစ္စဓူဝလုပ်ငန်းဆောင်တာများဆောင်ရွက်ရင်း အလုပ်ကရတဲ့စိတ်ဖိစီးမှု၊ မိသားစုအရေး၊ လူမှုရေးစသဖြင့်အမျိုးမျိုးသော စိတ်ဖိစီးမှုတွေကို မိမိကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်မှာ တွေ့မြင်ခံစားကြရပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကြားထဲက မိမိလုပ်ငန်းခွင်အတွင်း စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်ရခြင်းက ဝန်ထမ်းတွေအတွက် ဆုလာဘ်တစ်ခုပါပဲ… 

လုပ်ငန်းရှင်တွေအနေဖြင့်လည်း မိမိရဲ့ဝန်ထမ်းတွေကို ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်လေးဖန်တီးပေးခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ တိုးတက်မှုအောင်မြင်မှုတွေအပေါ်မှာ အထိုက်အလျောက်မူတည်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေက လုပ်ငန်းခွင်တစ်ခုရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့အတွက်ကြောင့်ပါ။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မှုဟာ Company ရဲ့တိုးတက်မှု၊ လုပ်ငန်းရဲ့အောင်မြင်မှုတို့အပေါ် သက်ရောက်မှုရှိနေပါတယ်။ ဒီလိုအချက်လေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်လေးအဖြစ် ဖန်တီးလို့ရပါတယ်။ 

စိမ်းစိုတဲ့ပန်းပင်၊ အရွက်စိမ်းစိမ်းရှိတဲ့အပင်မျိုးလေးတွေ စိုက်ထားတဲ့ပန်းအိုးလေးတွေ ရုံးတွင်းမှာထားရှိခြင်းဖြင့် လုပ်ငန်းခွင်လေထုစနစ်ကို ကောင်းမွန်ရုံသာမက Computer နဲ့တစ်နေကုန်အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေအတွက် မျက်စိအေးဖို့ရာ အထောက်အပံ့ပြုပါတယ်။ 

သီချင်းနားထောင်ခွင့်ပေးခြင်းဟာလည်း ဝန်ထမ်းတွေရဲ့စိတ်ကို Refresh ဖြစ်အောင်ပြုလုပ်ပေးရုံသာမက Motivation Level တက်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ 

Bean Bags လိုသက်တောင့်သက်သာအနားယူလို့ရတဲ့ ပစ္စည်းမျိုးတွေလည်း ထားရှိသင့်ပါတယ်။ နေ့လည်ချိန်ခဏနားတဲ့အချိန်မျိုးမှာ ကျောဆန့်ခြေဆန့်အညောင်းအညာပြေပြီး အလုပ်မှာအာရုံစုစည်းမှုပြန်လည်ရရှိစေနိုင်ပါတယ်။ 

စာအုပ်စင်ထားရှိလို့လဲရပါတယ်။ စာဖတ်ဝါသနာပါသူတွေအတွက်တော့ Journal, စာစောင်တွေကနေ ဗဟုသုတရစရာအကြောင်းအရာလေးတွေဖတ်ရင်း လုပ်ငန်းတွင်းသာမက လုပ်ငန်းနှင့်ဆက်စပ်တဲ့အကြောင်းအရာများကိုပါ ဗဟုသုတအတွက် အထောက်အပံ့ပြုနိုင်ပါတယ်။ 

Green Tea (သို့မဟုတ်) Lipton Tea လို Refresh ဖြစ်စေတဲ့ တစ်ခါသောက်အထုပ်လေးတွေ ထားပေးလို့ရပါတယ်။ ဒီလိုမျိုးပြုလုပ်ပေးထားခြင်းဖြင့် ဝန်ထမ်းတွေရဲ့ စိတ်ကိုလန်းဆန်းစေပြီး အလုပ်မှာ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ 

အထက်ပါဖော်ပြပါအချက်လေးတွေဟာ အခြေခံကျပြီး သာယာလှပတဲ့လုပ်ငန်းခွင်ကို ဖန်တီးပေးရုံသာမက ဝန်ထမ်းတွေကို စိတ်ဖိစီးမှုလျှော့ချပေးတဲ့အပြင် Labor Turn Over ဆိုတဲ့ဝန်ထမ်းတွေအလုပ်ထွက်နှုန်းကိုပါ လျှော့ချပေးစေတဲ့ အချက်လေးတွေဖြစ်ပါတယ်။