facebook tracking image
How to Make Interviews Go Smoothly for Both Sides
Career Advice

How to Make Interviews Go Smoothly for Both Sides

Interview တွေမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့

ကျွန်တော်တို့ Recruitment Consultant တွေအနေနဲ့ Client နဲ့သာမက Candidate နဲ့ပါ နေ့စဉ်နဲ့အမျှ ထိတွေ့ပြောဆိုဆက်ဆံနေရသူတွေဖြစ်တဲ့အလျောက် Interview တစ်ခုပြီးသွားတိုင်း Feedback မျိုးစုံကို နှစ်ဖက်လုံးစီက ရလေ့ရှိပါတယ်။ Interview တွေမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေစေဖို့ ကျွန်တော်တို့သိထားတဲ့ အသုံးတည့်နိုင်မည့် အချက်အလက်လေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်ဗျာ။

၁) အချိန်ကို တန်ဖိုးရှိစွာ အပြန်အလှန်ကုန်လွန်ပါစေ။
ဒီအချက်က အရေးအကြီးဆုံး တစ်ချက်ပါပဲ။ Interview မည့်သူနဲ့ Interview ခံရမည့်သူတို့ဟာ ကိုယ်စီလုပ်ငန်းဆောင်တာတွေကို ခဏရပ်ထားရပြီး တွေ့ဆုံကြရမည့်သူတွေဖြစ်လို့ တစ်ဦးရဲ့အချိန်ကို တစ်ဦးက တန်ဖိုးထားတတ်ဖို့လိုပါတယ်။ Interview လာမည့်သူအနေနဲ့ မိမိ Interview သွားရမည့်နေရာကို ကြိုတင်ရှာဖွေထားသင့်သကဲ့သို့ လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ နောက်တစ်ချက်အနေဖြင့် ကားပိတ်သည့်အခြေအနေကိုပါထည့်ပြီးစဉ်းစားဖို့အရေးကြီးပါတယ်။ Interview မည့်သူအနေနဲ့လည်း မိမိနဲ့တွေ့ရမည့်သူရဲ့ CV ကို ကြိုတင်ဖတ်ရှုထားခြင်း၊ Interview ဝင်ရမည့် အချိန်အတွက် မိမိ၏အချိန်ဇယားကို သီးသန့်ဖယ်ပေးထားခြင်းတို့ဖြင့် အချိန်ကိုထိရောက်စွာအသုံးပြုနိုင်ဖို့ ကြိုတင်စီမံပေးထားနိုင်ပါတယ်။

၂) ကြိုတင်ပြင်ဆင်မှုများဖြင့် အကောင်းဆုံးဖြစ်ပါစေ။
ဒီနေရာကတော့ Interview လာမည့်သူတွေအတွက် အရေးကြီးဆုံးတစ်ချက်ပါ။ နောင်တစ်ချိန်ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူနဲ့ တွေ့ရမှာဖြစ်တဲ့အတွက် Interview မှာ ကိုယ့်ကို မေးလာနိုင်တဲ့မေးခွန်းတွေကို ဘယ်လိုမျိုးပြန်ဖြေရင် အကောင်းဆုံးဖြစ်နိုင်မယ် ဆိုတာမျိုးကို သေချာအချိန်ပေးပြင်ဆင်ထားသင့်ပါတယ်။ ကျွန်တော်တို့ MyWorld အနေနဲ့ကျွန်တော်တို့ရဲ့ Candidate တွေ သက်ဆိုင်ရာ Client တွေဆီမှာ Interview ဝင်ရတော့မယ်ဆိုတိုင်း Interview အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းကို အမြဲတစေပြုလုပ်ပေးလျက်ရှိပါတယ်။

၃) နွေးထွေးသောပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲပါ။
ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာက Interview မှာ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင် ဗဟုသုတရစေမယ့် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ထည့်ပြီးပြောဆိုသင့်ပါတယ်။ အလုပ်အကြောင်းကို အဓိကထားပြီး ပြောရမှာဖြစ်ပေမယ့် ကိုယ်နဲ့ Interview မည့်သူကြားက ယုံကြည်မှုကိုလည်း တည်ဆောက်သင့်တဲ့အချိန်တစ်ခုပါ။ အလုပ်ကိစ္စလည်းပြောပါ။ ယုံကြည်မှုအပြန်အလှန်ရဖို့အတွက်လည်း အကြောင်းအရာတူလောက်တဲ့ စကားစုများကိုလည်း ရှာဖွေပြောဆိုပါ။ ဥပမာဆိုရင်ဖြင့် နေရပ်ချင်းနီးတာမျိုး၊ တက်ခဲ့ဖူးတဲ့ ကျောင်းချင်းတူတာမျိုး၊ ရာသီဥတုအကြောင်း စသဖြင့် လူစိတ်ဝင်စားလောက်မယ့်အကြောင်းအရာမျိူ းပေါ့ဗျာ။

၄) သင့်လျော်သောကိုယ်နှုတ်အမှုအရာများဖြင့် ဖြတ်သန်းပါ။
တချို့သောလူတွေအနေနဲ့ အကျင့်တစ်ခုလိုပဲ ဆိုရမလား၊ တစ်ဖက်သားရဲ့ စိတ်ဝင်စားမှုကို အလွယ်ဆုံးဖမ်းယူနိုင်မယ်လို့ မှတ်ယူထားလို့လားတော့ မသိဘူးဗျ။ စကားပြောတဲ့အခါမှာ ကိုယ်လက်အမှုအရာကို လိုတာထက် ပိုပြီးသုံးတတ်ကြတာကို တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကိုယ်လက်အမှုအရာကို သင့်လျော်သလိုထည့်သုံးခြင်းအားဖြင့် မိမိအပေါ်တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို အထိုက်အလျောက်တက်လာစေတဲ့အပြင် မိမိရဲ့ တက်ကြွမှုကို ပြသနိုင်တဲ့ နည်းလမ်းတစ်ခုဆိုတာကိုလက်ခံထားပေမယ့် လိုတာထက်ပိုပြီးအသုံးပြုမိမယ်ဆိုရင် တစ်ဖက်သားရဲ့စိတ်ဝင်စားမှုကို မရရှိနိုင်တဲ့အပြင် အာရုံစူးစိုက်မှုကိုတောင် ပျံ့လွင့်စေနိုင်ပါတယ်။

၅) လေးစားမှုကို ပြသပါ။
ဘယ်သူမဆိုကတော့ ကိုယ့်ကို တလေးတစားဆက်ဆံတဲ့သူကို အမြဲလိုလိုမှတ်မိနေတတ်ပါတယ်။ အလုပ်ရှင်ဘက်ကိုလည်း မိမိဆီကို Interview လာဖြေတဲ့သူတွေအပေါ်ကို သင့်လျော်တဲ့လေးစားမှုကို ပြသပေးစေလိုပါတယ်။ Interview လာဖြေတဲ့သူအနေနဲ့ကလည်း မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းအပြင် နောင်တစ်ချိန်အလုပ်ရှင် ဖြစ်လာနိုင်ခြေရှိတဲ့သူအပေါ်ကိုလည်း တလေးတစားပြောဆိုဆက်ဆံပေးမယ်ဆိုရင် ဒီတစ်ခေါက်အတွက် အဆင်မပြေရင်တောင် နောင်အခါ မတူညီတဲ့လုပ်ငန်းခွင်ထဲမှာ မတူညီတဲ့နေရာမျိုးနဲ့ ပြန်တွေ့ရတဲ့ အခါကျရင်လည်း မိတ်ဆွေကောင်းတစ်ယောက်အဖြစ် လွယ်လွယ်ကူကူပြောင်းလဲလိုက်နိုင်မှာ သေချာပါတယ်။

၆) ထိထိမိမိပြောနိုင်ပါစေ။
ကိုယ်ပြောချင်တဲ့အရာကို ကြိုတင်စဉ်းစားထားပါ။ ကျွန်တော်ပြောချင်တာက ကိုယ်လက်ရှိအလုပ်မှာ ဘာတွေလုပ်နေရတယ်၊ ကိုယ်ရခဲ့တဲ့အောင်မြင်မှုတွေကဘာတွေ စသဖြင့် ပြောချင်တဲ့အရာတွေကို Interview မတိုင်ခင် တစ်ရက်အလိုကတည်းက အဓိကကျတဲ့အချက်လေးတွေအဖြစ် ပြုစုထားပါ။ Interview တစ်ခုရဲ့ ပျမ်းမျှကြာချိန်က ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက်အထိပဲ ဖြစ်တဲ့အတွက် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ထိထိမိမိပြောပြ၊ ရှင်းပြနိုင်အောင် ကြိုးစားသင့်ပါတယ်။

၇) ပျော်ရွှင်ဖွယ်ရာတွေ့ဆုံမှုအဖြစ် အဆုံးသတ်နိုင်အောင်ကြိုးစားပါ။
လူတွေအနေနဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ပဲ ထုတ်ပြလေ့ရှိကြပါတယ်။ ဒီနေရာမှာမေးစရာရှိတာက Interview တစ်ခုမှာ ဘယ်လို ပျော်ပျော်နေရမလဲဆိုပြီး ထွက်လာပါလိမ့်မယ်။ အဖြေကတော့ ရိုးရှင်းပါတယ်။ ရိုးသားမှုဖြင့် ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့ပါပဲ။ ဘယ်သူမဆို မိမိစိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်လင်းစွာပြောဆိုခွင့်ရရင် စိတ်သက်သာရာရတတ်ပြီး ပျော်ရွှင်လာတတ်ကြပါတယ်။ စိတ်ပေါ့ပါးလာတဲ့နဲ့အမျှကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ကလည်း လိုက်တက်လာမှာဖြစ်ပါတယ်။

ဒီအချက်လေး (၇) ချက်ကို ဖတ်ပြီးတဲ့နောက် ကိုယ့်အတွက်အကျိုးဖြစ်နိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ရင်း ဒီစာစုကို အဆုံးသတ်ချင်ပါတယ်ဗျ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020