facebook tracking image
How to Perfectly Tailor Your CV to Land an Interview?
Career Advice

How to Perfectly Tailor Your CV to Land an Interview?

Interview ရအောင် CVကို ဘယ်လိုအကောင်းဆုံး ပြင်ဆင်ကြမလဲ 

Interview ရအောင် CV ဘယ်လိုပြင်ဆင်ရမလဲ ဆိုတဲ့ မေးခွန်းကို ဒီရက်ပိုင်းတွေမှာ ခဏခဏ ကြားလာရပါတယ်။ ပုံမှန်အားဖြင့် Junior သို့ Mid level Candidates တွေဆီက အမေးများတဲ့ မေးခွန်းမျိုးလည်းဖြစ်ပါတယ်။ဒီအတွက် Blog တော်တော်များများမှာလည်း Recruitment Specialists တွေက ကောင်းမွန်တဲ့ Idea တွေ Solution တွေပေးထားတာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်ထိ လိုအပ်ချက်တွေ ရှိနေတဲ့ CV တွေကို တွေ့နေရပါသေးတယ်။ Candidates တွေအနေနဲ့ မိမိအလုပ်လျှောက်ဖို့ စဉ်းစားနေပြီဆို ပထမဆုံးအရေးကြီးဆုံးက မိမိရဲ့ CV ဖြစ်ပါတယ်။ မိမိအကြောင်းအကောင်းဆုံး ဖော်ပြပေးနိုင်တဲ့ CV ကိုသေချာမပြင်ဆင်ဘူးဆိုရင်တော့ Recruiter သို့ HR တွေဆီကနေ Good Impression ရဖို့အလှမ်းဝေးသွားပါလိမ့်မယ်။

မိမိရဲ့ CV ထဲမှာ ဘယ်လို အကြောင်းအရာတွေကို ဖော်ပြပေးဖို့လိုလည်းဆိုရင် ပထမဆုံးအနေနဲ့ Personal Details ပါ။ ဒီအချက်ကိုတော့ 99% Candidates တွေသေချာဖော်ပြကြပါတယ်။ တစ်ချို့တလေရဲ့အမှားကတော့ Email Address မပါလာတာမျိုး သို့မဟုတ် Email Address မှားနေတာမျိုးနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ် မဖော်ပြထားတာမျိုး ဖြစ်ပါတယ်။ Job Portal ကနေရလာတဲ့ အဲ့လို CV တွေ Recruitment Specialist တွေအတွက် အခက်ခဲဖြစ်စေပါတယ်။ အရင်ဆက်သွယ်လို့ရတဲ့သူကို ဦးစားပေးလိုက်တာမျိုးတွေကြောင့် Interview ရဖို့ Chance နည်းသွားနိုင်ပါတယ်။

ဒုတိယအချက်ကတော့ Working Summary ကို Briefly ဖော်ပြပေးဖို့လိုအပ်ပါတယ်။ CV တစ်စောင်လုံးမဖတ်ခင် Summary ကိုဖတ်ကြည့်ပြီး Impression ကောင်းကို ဖန်တီးယူရပါမယ်။ မိမိအနေနဲ့ Years of Working Experience နဲ့အတူ ဘယ်လို Industry မျိူးမှာ ဘယ်လို Title တွေနဲ့ အလုပ်လုပ်ခဲ့တယ်၊ မိမိ အလုပ်နဲ့ ပတ်သတ်ပြီး Strength အဖြစ်ဆုံးက ဘာတွေလဲ ဥပမာ Project Management Skills လိုမျိုး Business Development လို Skills တွေဖော်ပြပေးရမှာဖြစ်ပါတယ်။

ပြီးတဲ့နောက် Highlight လုပ်စေချင်တာကတော့ Achievement ပါ။ End-to-End Project တစ်ခုလုံးကို Handel လုပ်ပြီး Successfully Launch လုပ်နိုင်ခဲ့တာမျိုးတွေဆို ဖော်ပြသင့်ပါတယ်။ Achievement လိုပြောတဲ့ ဒီနေရာမှာ Title Promote ဖြစ်တာမျိုးတွေနဲ့ Employee of the month လိုဟာတွေ ထည့်သွင်းဖော်ပြတာမျိုးလည်း ရနိုင်ပေမယ့် မိမိလျှောက်မယ့် အလုပ်နဲ့ ပိုပြီး Link ဖြစ်မယ့် Achievement မျိုးကိုဖော်ပြပေးသင့်ပါတယ်။

Management Role လိုမျိုး Apply လုပ်မယ့်မယ့်သူတွေအနေနဲ့ မဖြစ်မနေ ဖော်ပြပေးသင့်တာကတော့ လက်ရှိ Manage သို့ Supervise လုပ်ဖြစ်နေတဲ့ Team Size ဖြစ်ပါတယ်။ အဲ့အပြင် 3rd Party တို့ Vendor Management လုပ်ဖူးတာမျိုးတွေကိုလည်း ဖော်ပြပေးသင့်ပါတယ်။

တတိယအချက်အနေနဲ့ Education Certificates တွေကို သေသေချာချာ ဖော်ပြပေးသင့်ပါတယ်။ တစ်ချို့သော အလုပ်တွေရဲ့ Requirements တွေမှာ လိုအပ်တဲ့ Certificate ကို တောင်းထားတာမျိုးရှိပါတယ်။ ဒီအတွက် Recruiter သတိထားမိအောင် မိမိဟာ လိုအပ်တဲ့အရည်ချင်းနဲ့ ပြည့်စုံတဲ့သူဖြစ်ပါတယ်ဆိုတာ Education Certificate တွေကတစ်ဆင့်လည်း ဖော်ပြပေးဖို့လိုပါတယ်။

နောက်တစ်ချက်ကတော့ အရမ်းကို အရေးပါတဲ့ Employment History ပါ။ Company နာမည်လေးရေးပြီး လုပ်ခဲ့ဖူးတဲ့ Title လေးပဲ ဖော်ပြထားတဲ့ CV မျိုးက လုံးဝကို First Impression မှာ အဆင်မပြေစေပါဘူး။ Company ဘယ်တစ်ခုချင်းစီ အလိုက် ဘယ်အချိန်ကနေ ဘယ်ချိန်ထိ အလုပ်လုပ်ခဲ့တယ် အနည်းဆုံး လ နှင့် ခုနှစ် လောက်တော့ ဖော်ပြပေးသင့်ပါတယ်။ ဘယ်လို Title နဲ့ Responsibility Detail ရေးကိုရေးပေးရမှာဖြစ်ပါတယ်။

Freelance Projects တွေလုပ်ခဲ့ဖူးတဲ့သူအနေနဲ့ကတော့ CV မှာ Projects ဆိုတဲ့ Part ကိုသပ်သပ် ရေးပြီးဖော်ပြပေးလို့ရနိုင်ပါတယ်။

ပြည့်စုံကောင်းမွန်တဲ့ CV တစ်စောင်ကသာ တကယ်ကို သေချာတဲ့ Job Opportunity ကိုရစေမှာဖြစ်တဲ့အတွက် အလုပ်အသစ်ကိုလျှောက်ထားချင်သူတွေအနေနဲ့ ကောင်းမွန်တဲ့ Idea တွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020