facebook tracking image
How to Secure a Stable and Trustworthy Job During Tough Times
Career Advice

How to Secure a Stable and Trustworthy Job During Tough Times

အကြပ်အတည်းကာလမှာလည်း ကောင်းမွန်စိတ်ချရတဲ့ အလုပ်တစ်ခုရဖို့ ဘာတွေထည့်စဉ်းစားဖို့ လိုအပ်သလဲ?

2020 အတွင်း ကမ္ဘာတဝှမ်းမှာ စတင်ဖြစ်ပွါးခဲ့တဲ့ Covid-19 pandemic ဟာ ကျန်းမာရေး ကပ်ကြီး သက်သက်မဟုတ်တော့ဘဲ နောက်ဆက်တွဲအနေနဲ့ စီးပွါးရေးကပ်ကြီးပါ ကပ်လိုက်လာပါတယ်။ ရလဒ် အနေနဲ့ အမျိုးစုံသောစီးပွါးရေးနယ်ပယ်တွေက အနည်းနဲ့ အများထိခိုက်ဆုံးရှုံးမှုတွေ ရှိလာပြီး လူပေါင်းများစွာ အလုပ်အကိုင်မဲ့ဖြစ်လာသူတွေ၊ လက်ရှိ အလုပ်မှာအဆင်မပြေတော့လို့ အလုပ်သစ်ပြောင်းချင်သူတွေကတော့ အရင်ထက်ပိုများလာပါတယ်။ Open Job Vacancy ထက် Job Seeker ရာခိုင်နှုန်းတွေ ပိုများလာတာကြောင့် အရင်ကထက် အလုပ်ရှာရာမှာ ပို Competitive ဖြစ်လာ ပြီး Pressure တွေ များလာတာလည်း အမှန်ပါပဲ။

အခုလို ကပ်ကာလအတွင်းမှာ ကောင်းမွန်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်တစ်ခုရဖို့က ခက်ခဲသလို အချိန်လည်း ယူရပါတယ်။ ကိုယ်တိုင်ကလည်း ဉာဏ်ရောကိုယ်ပါ အားစိုက်ရတာဖြစ်လို့ အလုပ် စရှာတော့မယ်၊ resume တင်တော့မယ်လို့စဉ်းစားထဲက လမ်းကြောင်းမှန် နည်းလမ်းမှန် နဲ့ စရှာဖို့ အချိန်ပေး ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အဲဒီတော့ ကိုယ်တကယ် စိတ်ဝင်စားပြီး အရည်အချင်းနဲ့လည်း ကိုက်ညီတဲ့ အလုပ်အကိုင်ကောင်းကို အမိအရ ရနိုင်ဖို့ ဦးစားပေးစဉ်းစားထားသင့်တာလေးတွေကို share ပေးလိုက်ပါတယ်။

1. ကိုယ်လျှောက်ထားမဲ့အလုပ်ဟာ ဘေးက Peer Pressure တွေထက် ကိုယ်တကယ် Passion ရှိလို့ လျှောက်တာမျိုး ဖြစ်ရဲ့လား?
ခုလို Crisis အတွင်းမှာ ကိုယ်လုပ် တဲ့ အလုပ်မှာ အမှန်တကယ် စိတ်ဝင်စားပြီး ပျော်နေမှသာပြင်ပ ကလာတဲ့ Stress ဒဏ်ကို လျှော့ချနိုင်ပြီး အလွယ်တကူ ငြီးငွေ့သွားတာမျိုး မဖြစ်မှာပါ။

2. ကိုယ်လျှောက်ထားမဲ့ အလုပ်က Short Term Job မဟုတ်ဘဲ Long term Career investment အထိ အခွင့်အလမ်းရှိနိုင်လား?
ကိုယ် ရွေးချယ်လိုက်တဲ့ အလုပ်၊ နယ်ပယ်ဟာ ကိုယ့်အနာဂတ်တက်လမ်းအတွက် လမ်းပွင့်နေတာမျိုး ရေရှည်အာမခံချက်ရှိတာမျိုးဖြစ်ရပါမယ်။ ရေတိုကိုသာကြည့်ပြီး ရွေးချယ်မိရင်တော့ ကိုယ့်အတွက် တိကျတဲ့ Profit မကျန်ဘဲ Resume မှာ Job hopper လို့ ထင်ရနိုင်တဲ့ မှတ်တမ်းတွေပဲ ကျန်သွားပါလိမ့်မယ်။

3. နောက်တစ်ခုက ကိုယ်စိတ်ဝင်စားရုံတင်မရဘဲ လုပ်ရမယ့် Job Description တွေက ကိုယ်တကယ် ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်နိုင်တဲ့ အရာတွေလို့ ယုံကြည်မှုရှိလား?
အခုလို စီးပွါးရေး ခက်ခဲနေချိန်မှာ ကိုယ်နဲ့ လုံးဝစိမ်းတဲ့ Industry, Job description တွေကို ခြေစုံပစ် ဝင်ပြီး လုပ်မှာထက် Same or Similar industry/ JD တွေကိုဦးစားပေး Try ကြည့်တာက ကိုယ့်အတွက် အလုပ်အသစ်မှာ Risk နည်းပြီး Safe ပိုဖြစ်စေမှာပါ။

4. နောက်ဆုံးအနေနဲ့ ဒီအလုပ်အကိုင်ကို ကိုယ်ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရည်ရွယ်ချက် ကဘာလဲ? ခိုင်လုံမှု ရှိရဲ့လား?
စားဝတ်နေရေး၊ ကြီးပွါးရေးအတွက် ပိုက်ဆံရှာဖွေစုဆောင်းဖို့ဆိုတာလည်း အဓိကအကြောင်းပြချက်ဖြစ်နိုင်ပေမယ့် အခြားအရေးကြီးတဲ့ ရည်မှန်းချက် (ဥပမာ - ကိုယ် တာဝန်ယူရမယ့် Role ရဲ့ တန်ဖိုး နားလည်တာမျိုး ၊ ကိုယ့်အိပ်မက် နဲ့ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းထပ်တူကျတာမျိုး) တွေကိုပါ ရှာတွေ့နိုင်မယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ Career လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောနိုင်ပါလိမ့်မယ်။

ကိုယ်လျှောက်ထားပြီး ရသွားတဲ့အလုပ်တိုင်းကတော့ အပေါ်မှာပြောသွားတဲ့ အချက်တိုင်းအပေါ် မူတည်ပြီး မစဉ်းစားဖြစ်ရင်တောင် နောက်အလုပ်သစ်များအတွက် အချိန်ပေးစဉ်းစားကြည့်ဖို့ တိုက်တွန်းပါတယ်နော်။ ခိုင်လုံတဲ့ အဖြေတွေရှိပြီဆိုရင်တော့ ကိုယ့် Resume ကို ကောင်းကောင်း Polish လုပ်ပြီး Networking Channel တွေဖြစ်တဲ့ LinkedIn, Facebook, Twitter နဲ့ Job Search Engines တွေ ကနေ တစ်ဆင့်ကိုယ်နဲ့ အကိုက်ညီဆုံး အလုပ်အကိုင်များကို အချိန်နဲ့တပြေးညီ ရွေးချယ် လျှောက်ထားပြီး အဆင်ပြေနိုင်ကြပါစေ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020