facebook tracking image
Is It Time for a Career Break? How to Know When You Need One
Career Advice

Is It Time for a Career Break? How to Know When You Need One

Career Break ယူဖို့လိုအပ်လား? ဘယ်အချိန်တွေမှာ Career Break ယူဖို့အသင့်တော်ဆုံးလဲ?

ယနေ့ခေတ် လုပ်ငန်းခွင်ဝင်နေကြတဲ့သူတိုင်း ကြောက်ကြတဲ့အထဲမှာ Career Gap ဖြစ်သွားမှာလည်းပါပါတယ်။ ဘာကြောင့် Career Gap ဖြစ်သွားလဲ မေးတဲ့အခါ သေချာတဲ့ Reasons တွေနဲ့ ပြန်မရှင်းပြနိုင်တဲ့အတွက် Next Career apply လုပ်တဲ့နေရာမှာ အခက်အခဲဖြစ်မယ်လို့တွေးလာကြပါတယ်။ တကယ်တော့ ဒီအတွေးက ၁၀၀ ရာခိုင်နှုန်း မှန်ကန်မှု မရှိပါဘူး။

Career Break ယူဖို့ဆိုတာထက် Career Gap ဖြစ်မှာတွေးပူပြီး 1 month notice တောင်မနားဘဲ အလုပ်ပြောင်းတာတွေ တွေ့လာရပါတယ်။ လုပ်ငန်းရဲ့လိုအပ်ချက်၊ မိမိကိုယ်တိုင်ရဲ့လုပ်နိုင်စွမ်း၊ အနားယူလို့မရနိုင်တဲ့ အကြောင်းများစွာနဲ့ အလုပ်ကိုဆက်တိုက်မနားမနေ လုပ်လာကြပါတယ်။​

Career Break ယူသင့်ပြီလားလို့စတင်စဉ်းစားတော့မယ်ဆိုရင် အောက်ပါအချက်တွေကိုအရင်ဖတ်ပြီး ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ ထပ်တူကျနေလားတွေးပါ။ တကယ်လို့အကြောင်းတစ်ချက်ချက် တိုက်ဆိုင်နေပြီဆို Career Break ယူဖို့အတွက် တိုက်တွန်းပါတယ်။

​၁။ လုပ်ငန်းခွင်ဟာပျော်စရာမကောင်းတော့ဘူးဆိုရင် ဒီနေရာမှာ မပျော်ရွှင်မှုဆိုတာထက် စိတ်ပျက်လာတာမျိုး တကယ် Burnout ဖြစ်လာတယ်၊ အထက်လူကြီးက ကိုယ်ဘာပဲကြိုးစားပြပြ အသိအမှတ်မပြုနေတာ၊ ဒါ့အပြင်မရှိရှိတဲ့ အပြစ်တွေလက်ညိုးထိုးပြနေတာ၊ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ကိုယ့်ကိုမနာလိုတဲ့သူက ကိုယ်မလုပ်တဲ့အပြစ်တွေကို ချောက်တွန်းတာမျိုး၊ မနက်မိုးလင်းလို့ အလုပ်သွားရတော့မယ့်ဆို အရမ်းကိုလေးလံ ကြောက်ရွံလာတဲ့ Feeling တွေရလာတဲ့အခါ အလုပ်အသစ်ကိုမရသေးရင်တောင် အခြေအနေတစ်ခုကိုလက်ခံလိုက်ပါ။ ဒီလို Environment မှာဆက်ပြီး ရပ်တည်ရင် ရှိရင်းစွဲ Confidence တွေကျလာပြီး အန္တရာယ်များပါတယ်။ Career Break ယူလိုက်ပါ၊ သေချာဆန်းစစ်ပါ။ ကိုယ်နဲ့သင့်တော်အဆင်ပြေတဲ့အလုပ်ကို အချိန်ယူပြီး သေချာပြန်ရှာသင့်ပါတယ်။ ​

၂။ ဒုတိယအချက်အနေနဲ့ကတော့ တော်တော်များများ အလုပ်အပြောင်းရွှေ့လုပ်ကြတဲ့အချက်နဲ့ ကိုယ်ညီမယ်လို့ ထင်ပါတယ်။ Salary Under Paid ဖြစ်နေတာပါ။ ဒါကိုလည်းကိုယ်တိုင်က သိဖို့လိုအပ်ပါတယ်။ Organization တစ်ခုတည်းမှာ နှစ်ရှည်လများအလုပ်လုပ်ပြီး Market Knowledge လုံးဝမရှိနေတာ၊ ကိုယ်တိုင်က under paid ဖြစ်လို့ဖြစ်မှန်းမသိဘဲ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအတွက် အမြဲ Market ထဲမှာ ကိုယ့် Education Level နဲ့ Working Experience အရ Salary Range ဘယ်လောက်ရှိနေပြီဆိုတာကို Yearly Salary Survey တွေကိုလေ့လာတာမျိုး၊ မှန်ကန်တဲ့ Information တွေပေးနိုင်တဲ့ Recruitment Consultant တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နှစ်စဉ်နှစ်တိုင်း Individual Employee KPI တွေ၊ Company ရဲ့ Revenue တွေပေါ်မူတည်ပြီး ဝန်ထမ်းရဲ့အရည်ချင်းကိုအသိမှတ်ပြုတဲ့အနေနဲ့ salary တိုးပေးတာမျိုး လုံးဝမလုပ်ဘဲ မသိချင်ယောင်ဆောင်နေတတ်တဲ့ Company မျိုးမှာ အလုပ်လုပ်နေမိတယ်လို့ခံစားရရင် New Job တစ်ခုကိုစတင်ရှာဖွေသင့်ပါပြီ။

​၃။ လက်ရှိလုပ်ငန်းခွင်ကမပေးနိုင်တဲ့ ကိုယ့်ဘဝတိုးတက်မှုအတွက် လိုအပ်တဲ့ပညာရပ်အသစ်တစ်ခုကိုလေ့လာတော့မယ် အချိန်အားဖြင့် ၆ လတန်သည် တစ်နှစ် တန်သည် အချိန်ပြည့်ပေးရတော့မယ်ဆို Career Break ယူသင့်ပါတယ်။ ဘဝမှာလေ့လာသင်ယူစရာတွေ မကုန်နိုင်ပါဘူး။ တကယ်ကို Next Career မှာကြီးမားတဲ့အထောက်အပံ့ရနိုင်မယ်ဆို Time Investment လုပ်ပြီး ကြိုးစားလေ့လာသင်ယူခြင်းက အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးနိုင်မှာပါ။ ​

၄။ နောက်ဆုံးအချက်အနေနဲ့ လက်ရှိသွားနေတဲ့ Career ကနေ လုံးဝ ပြောင်းလဲဖို့ စိတ်အားထက်သန်နေတာမျိုးဆိုရင် ကိုယ်တိုင်ကလည်း New Career အတွက် Ready ဖစ်နေတာမျိုးဆိုရင် လက်ရှိအလုပ်ကနေ Career Break လုပ်ပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စတင်ရွေးချယ် လျှောက်သင့်ပါတယ်။ ဒါကလည်းတကယ်ကိုယ်သေချာတဲ့ Profession ဖြစ်ဖို့လိုအပ်ပါတယ်။ ​

၅။ မိမိအနေနဲ့ Career Break ယူမယ်ဆို အချိန်ကာလအားဖြင့် ဘယ်လောက်ထိကြာနိုင်မယ်၊ Career Break ယူထားတဲ့အတောအတွင်း ဘာတွေလုပ်မယ်လို့ Plan ထားတဲ့အတိုင်း သေချာကိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Career Break ယူပြီးတဲ့နောက် Next Career ကိုပြန်စတင်ဖို့အတွက် www.myworld.com.mm မှာ မိမိနဲ့ အသင့်တော်ဆုံး အလုပ်တွေကိုလာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020