facebook tracking image
Is Your Current Role Just a Job or a True Career?
Career Advice

Is Your Current Role Just a Job or a True Career?

အလုပ်တစ်ခုကိုလုပ်ကိုင်တဲ့အခါမှာ အဲ့ဒီအလုပ်ကို အကြောင်းအရာအမျိုးမျိုးကြောင့်လုပ်ကိုင်နေတတ်ကြပါတယ်။ အဲ့ဒီလိုလုပ်ကိုင်ရာမှာ ကိုယ်လုပ်နေတဲ့အလုပ်သည် Job မျှသာဖြစ်နေလား ဒါမှမဟုတ် Career တစ်ခုကိုရွေးချယ်ပြီးလုပ်နေတာလားဆိုတာ စဉ်းစားကြည့်လို့ရအောင် ဖော်ပြပေးချင်ပါတယ်။

၁။ Job နဲ့ Career ဆိုတာဘာလဲ?
Job (ဝင်ငွေရအောင် လုပ်တဲ့အလုပ်) - Job အတွက် ပညာရေးနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းခွင်မှာလုပ်ကိုင်နေရတာတွေရှိသလို ကိုယ်သင်ယူထားတဲ့ပညာရေးနဲ့မဆိုင်ဘဲ လက်ရှိမှာ ပုံမှန်ဝင်ငွေရရုံအတွက်သာ အနာဂတ်အတွက် ရည်မှန်းချက်မရှိပဲ Short Term အနေဖြင့်လုပ်နေခြင်းကိုဆိုလိုပါတယ်။
Career (ဝါသနာကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်) - Career အတွက်လိုအပ်တဲ့ အတတ်ပညာနဲ့ ကျွွမ်းကျင်မှု Skills များပေါင်းစပ်ကာ စိတ်အားထက်သန်မှုဖြင့် အနာဂတ်အတွက် ရည်မှန်းချက်ရှိပြီး Long Term အတွက်လုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်။

၂။ Job နဲ့ Career ဘာတွေကွဲပြားသလဲ?
Job တစ်ခုသည် အနာဂတ်မှာထပ်မံလုပ်ကိုင်ရမယ့် အလုပ်ပုံစံတစ်ခုနဲ့ ဆက်နွယ်မှုမရှိနိုင်တာကြောင့် Job မှရရှိလာမယ့် အတွေ့အကြုံတစ်ခုကို အလုပ်သစ်ထပ်လျှောက်တဲ့အခါ ပြန်ပြီးအသုံးမချနိုင်မှုများ ဖြစ်နေလေ့ရှိပါတယ်။ မိမိစိတ်ဝင်စားမှုနဲ့ဝါသနာမပါဘဲ ဝင်ငွေတစ်ခုအတွက်သာ လုပ်နေရခြင်းကြောင့် ထိုအလုပ်အပေါ်မှာ စိတ်မပါခြင်း၊ စိတ်မရှည်ခြင်း၊ အလုပ်၏စိတ်ဖိစီးမှု ဒဏ်ကိုခံနိုင်ရည်မရှိခြင်း တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို အလွယ်တကူ မဖြေရှင်းနိုင်ခြင်း စတဲ့ဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုမရှိဘဲ စိတ်ပင်ပန်းစွာ လုပ်ကိုင်နေရတတ်ပါတယ်။

Career တစ်ခုကိုရွေးချယ်ပြီးလုပ်မည်ဆိုလျှင် ရရှိလာမယ့်လုပ်ငန်းအတွေ့အကြုံသည် အနာဂတ်မှာထပ်မံလုပ်ကိုင်ရမယ့် အလုပ်ပုံစံများနှင့် ဆက်နွယ်မှုရှိသည့်အတွက် ပိုမိုကောင်းမွန်သော Career လမ်းကြောင်းတစ်ခုတည်ဆောက်နိုင်ပါလိမ့်မယ်။

မိမိ၀ါသနာပါပြီး အမြဲလုပ်ချင်တဲ့ အလုပ်ဖြစ်နေတဲ့အတွက် ထိုအလုပ်အပေါ်မှာ စိတ်အားထက်သန်ခြင်း၊ စိတ်ရှည်သည်ခံခြင်း၊ အလုပ်၏စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ တွေ့ကြုံလာရသည့်အခက်အခဲများကို အလွယ်တကူဖြေရှင်းနိုင်ခြင်းနဲ့ စိတ်ညစ်စရာများရှိလျှင်လည်း အချိန်ခဏအတွင်းသာဖြစ်သည့်အတွက် ထိုအလုပ်ခွင်မှာ ပျော်ရွှင်စွာလုပ်ကိုင်နိုင်ပါလိမ့်မယ်။

ဒါ့ကြောင့် Job နှင့် Career ကွဲပြားခြားနားပုံကို သေချာသိရှိပြီးတော့ မိမိရဲ့ Career ကိုရှာဖွေပြီး ပိုမိုတိုးတက်ကောင်းမွန်သော Career Life ကိုရရှိနိုင်ကြပါစေလေို့ ဆန္ဒပြုလိုက်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020